လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Sunday, April 29, 2012

ဦးအေး (où est) = ဘယ်မှာလဲ။








 မြန်မာများအတွက် အလွန်အသုံးဝင် ပြီးမှတ်ရလွယ်တဲ့ ပြင်သစ်စကား (၁၄) ခွန်း။

၁။ ဦးအေး (où est)  = ဘယ်မှာလဲ။
ဥပမာ Eiffel Tower ဘယ်မှာလည်းဆိုရင် ဦးအေး Eiffel Tower ?  လွယ်တယ်နော်။

၂။ excuse me = excusez-moi. excuse စေ မွါး။ လို့ပြောရုံပါပဲ။

၃။ pardon  = pardon  အဓိပ္ပါယ်ရော်၊ စာလုံးပေါင်းရော်တူပါတယ်။ ဒါပေမဲ့ ပြင်သစ်လို
ပါတုံး လို့ အသံထွက်ပါတယ်။

၎။ မဲဆီ (merci) ။ အမဲဆီကိုမှတ်ထားရုံပါပဲ။ ဒါပေမဲ့ ဖြုတ်ဖို့တော့မမေ့ပါနဲ့။ မဲဆီ ဆိုတာ ကျေးဇူးတင်ပါတယ်တဲ့။

၅။ ဆီဘူးပေး။ ကိုမှတ်ထားပြီး ဆီဗူးပလေး (S`il vous plait) အတိုကောက်အနေနဲ့ SVP လို့ရေးပါတယ်) လို့ပြောရင် Please ကျေးဇူးပြုပြီးလို့ အဓိပ္ပါယ်ရပါတယ်။

၆။ Bon jour = good day ဘုံးဂျုး လို့ အသံထွက်ပါတယ်။ တစ်နေ့လုံး သုံးပါတယ်။ စားသောက်ဆိုင်ဖြစ်ဖြစ်၊ အလုပ်ဌာနဖြစ်ဖြစ်သွားရင်၊ ဒါမှမဟုတ် လမ်းမှာလမ်းမေးချင်ရင် ဘုန်ဂျုး လို့အရင်ပြောပြီးမှ ကိုယ် လိုတာပြောရပါတယ်။ နို့မို့ဆိုရင် ရိုင်းတယ်လို့ ယူဆပြီး၊ ပြန်မဖြေတာ၊ မရောင်းတာ၊မျက်နှထားနဲ့ ဘုန်ဂျုး  လို့ပြန်ပြောတာခံရပါတယ်။

၇။ Je voudrais = I would like to၊ ဂျဲဗူးဒဲ လို့ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကသူငယ်ချင်း
တစ်ယောက် ပြင်သစ် sponsor နဲ့ရောက်လာပါတယ်။ သူမ လိုချင်တာတွေ ဂျဲဗူးဒဲ ပြော ပြော ပြီးတောင်းတာ နောက်ဆုံး သူမရဲ့ ပြင်သစ် ပရောဖက်ဆာက နင့်ရဲ့ ဂျဲဗူးဒဲ ကိုငါကြောက်လာပြီး လို့ပြောပါတယ်။

၈။ combine = How much. ကုံးဗျမ်း

၉။ price = prix ပရီ  လို့ပြောပါတယ်။

၁၀။ base un peau= ဘေစေ အန်ပူ။ ဈေးနည်းနည်းလျော့ပါ။

၁၁။ ဓါးရန် ( de rien = you are welcome) = ကိစ္စမရှိပါဘူး။
၁၂။ ပါ ထဲ ပရော်ဘလန် pas de problème = no problem. ပြဿနာမရှိပါဘူး။

၁၃။ ကုံးမွန် တာလေ ဗူး။ Comment allez vous ? = How do you do?
 
၁၄။ ဗာ (ça va ) = ok ပါတယ်။


4 comments:

  1. အန်တီစိုးရှင့်

    ပဲရစ်မှာ ၁ရက်လောက်ဝင်နားရမဲ့ခရီးအတွက် ပြင်သစ်စကားလုံးအချို့ သိချင်လို့ ပါ
    ၁.ဘစ်ကားဂိတ်
    ၂.တက်ဆီကားဂိတ်
    ၃.အိမ်သာ
    ၄.စားသောက်ဆိုင်
    စသည်ဖြင့် အန်တီအဆင်ပြေရင်ဒီဆောင်းပါးကို ဆက်ရေးပါအုန်း
    ကျေးဇူးတင်စွာဖြင့်
    ခင်ခင်

    ReplyDelete
  2. ဘစ်ကားဂိတ် = bus arrete (bus အာရက်)
    တက်ဆီကားဂိတ် = တက်ဆီ arrete ( တက်ဆီ အာရက်)
    အိမ်သာ = toilette
    စားသောက်ဆိုင်= restaurant.

    ReplyDelete
  3. ကျေးဇူးပါ အစ်မရေ.. ပြင်သစ်ကို အခုမှ ရောက်ပြီး အင်္ဂလိပ်စကားသိပ်မပြောတဲ့ ပြင်သစ်တွေကြားမှာ အလုပ်လုပ်ရတာ အူကြောင်ကြောင်ဖြစ်နေတုန်း အစ်မရဲ့  ဒီပို့စ်လေးတွေ့ လိုက်တာ နည်းနည်းအဆင်ပြေသွားတယ်.. အချိန်ရရင် ဆက်ရေးပါဦးနော်..

    ReplyDelete
  4. Where are you now ? I am in Paris. If you want we can meet.

    ReplyDelete