လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, August 30, 2014

နာမ်ရုပ်



သိတာကနာမ် မသိတာကရုပ်
သိတဲ့နာမ်မှာလေးမျိုးထုတ်
ယောက်ျားမိန်းမ မပာုတ်...
အဲဒါဒိဌိပြုတ်။

လူမရှိ နတ်မရှိ
ရှိတာနာမ်ရုပ်ပေ
မရှိတာ အသာနေ
ရှိတာရှာဖွေ
နာမ်ဣနြေ္ဒ ငြိမ်ငြိမ်နေ
အဲဒါမှဒုက္ခအရှိန်သေ။
လူပာုမယူ နာမ်ရုပ်ယူ
ထိုသူဥပါဒါန်ကင်းသတည်း။
ဥပါဒါန်ကင်း ကံတွေကင်း
ဇာတိ စသည်ပါကင်းသတည်း။
(ပခုက္ကူဆရာတော်ကြီး
ဘဒ္ဒန္တဣန္ဒောဘာသ---
အနိစ္စဆရာတော်)

Monday, August 18, 2014

ကံကောင်းအောင် မိမိကိုယ်တိုင် စီမံပြုလုပ်နည်း။

         ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြပါသည်။ ကံသာအမိ
ကံသာအဖဟုပင် သိထားကြပါသည်။ မိမိပြုသောကံသည် မိမိကို ပဋိသန္ဓေစိတ်ရင်းကပင် ကွဲပြား
အောင် ပြုရုံသာမက ရုပ်အဆင်း ကွဲပြားအောင်၊ အမျိုးအဆွေ ကွဲပြားအောင်၊ ချမ်းသာဆင်းရဲ ကွဲ
ပြားအောင်လည်း မိမိကံကပင် မိမိကို စီမံလိုက်ပါသည်။
         ဥပမာ==လူတစ်ယောက်သည် ကုသိုလ်ကံကို ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန်ပြု
၏။ လူတစ်ယောက်ကား ကုသိုလ်ကို မပြု။ ပြုသော်လည်း ထက်ထက်သန်သန် မဟုတ်။ ထိုသူ နှစ်
ယောက်တို့ လူ့ပဋိသန္ဓေနေကြရလျှင် ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန်ပြုသော ကုသိုလ် 
ရှင်က ချမ်းသာသော အမိဝမ်း၌ ပဋိသန္ဓေနေရ၏။ မိခင်သည် လိမ္မာနားလည် သိရှိသူဖြစ်လျက်
ကိုယ်ဝန်ကလေး မဆင်းရဲလေအောင် အစစ အရာရာ သတိထား၏။ အနေအထိုင် မကြမ်းတမ်း၊ 
ပူလွန်း စပ်လွန်း အေးလွန်းသောအစာ ရှောင်ကြဉ်၏။
         ကုသိုလ်နည်းပါးသောသူကား ဆင်းရဲသူမ၀မ်း၌ သန္ဓေတည်ရ၏။ ထိုဆင်းရဲသူမသည် အ
ရာရာဝယ် တတ်သိနားလည်သူ မဟုတ်ချေ။ နားလည်ပြန်လျှင်လည်း ရှောင်ကြည်ဖွယ် ရာဟူသမျှ
ကို ရှောင်ဖို့ရာ ဥစ္စာဓန မရှိသောကြောင့် အပူအစပ်၊ အေးလွန်းသော အစာများကိုလည်း မရှောင်
နိုင်ရာ။ ကိုယ်ဝန်သူငယ်မှာ အမိက အလွန်ပူစပ်သော အစာကိုစားလိုက်လျှင် ငရဲကျသလို ပူလောင်
ရှာ၏။ အလွန်အေးသော အစာကို စားလိုက်လျှင် လောကန္တရိက် ငရဲကျသလို အေးရရှာတော့၏။
ရုတ်တရက် (ကဗျာကယာ) ထိုင်လိုက်၊ ထလိုက်လျှင်လည်း ဆွဲ၍ဆောင့်သလို ပင်ပန်းရှာ၏။
         ထိုကဲ့သို့ အမိဝမ်း၌ အောင်းနေစဉ်ကပင် ဆင်းရဲချမ်းသာသည် ခြားနားလေပြီ။ ထို့နောက်
ဖွားချိန်သို့ ရောက်လျှင် ကုသိုလ်ရှင်မှာ လက်သည်ကောင်းတို့ဖြင့် သက်သာနိုင်သလောက် သက်
သာအောင် ဖွားမြင်၍ အပြင်ရောက်သောအခါ နုနယ်သောအထည် စသည်တို့ဖြင့် ကျကျနန ပြုစု
ကြသောကြောင့် သက်သာခွင့်ရ၏။
         ကုသိုလ်နည်းသူကား လက်သည်ကောင်း မရသဖြင့် ကျဉ်းမြောင်းသောကြွက်တွင်းမှ ကြွက်
ကလေးတိုး၍ ထွက်ရသလို အလွန်ပင်ပန်းစွာ ထွက်လာခဲ့ရသည့်အပြင် ဖွားမြင်ပြီးသော အခါတွင်
လည်း အပြုအစု ကောင်းကောင်းမရ၊ အ၀တ်ကြမ်းတို့ဖြင့် ကိုင်ယူကြသောကြောင့် အနာကို ကြက်
တောင်နှင့်ဆွသလို မချိမဆံ့ ခံရလေတော့သည်။
         ဤကဲ့သို့ ချမ်းသာဆင်းရဲ ကွဲပြားရုံနဲ့ မပြီးသေး။ ကုသိုလ်ရှင်သူငယ်မှာ အမိနို့ရည်ကောင်း
ကို လုံလုံလောက်လောက် ရသည့်အပြင် အခြားသော နို့မှုန့်နှင့် ကျန်းမာရေးအတွက် ဆေးကောင်း
ဆရာကောင်းတို့က စောင့်ရှောက်ကြသဖြင့် ကျန်းကျန်းမာမာ ရှိရုံသာမက အဘိုး၊ အဘွား၊ အဒေါ်
အရီး၊ ကြီးကြီး၊ ငယ်ငယ် စသည်တို့က ချော့ကြ၊ မြှူကြ ယုယကြသဖြင့် ချမ်းသာချင်တိုင်း ချမ်း
သာခွင့်ရတော့၏။
         ကုသိုလ်နည်းပါးသော သူငယ်ကား မိခင်၏ နို့ရည်ကောင်းကိုလည်းမရ။ ဆေးကောင်းဝါး
ကောင်း ဆရာကောင်းကို မဆိုထားနှင့်။ အဘိုး အဘွား စသည်တို့ကပင် ခင်ခင်မင်မင် မယုယလို
ကြ။ မိခင်လုပ်သူမှာ ကလေးအနားက မခွာလိုပါသော်လည်း ကလေးကို အဆာပြေရုံသာ နို့တိုက်
ပြီးနောက် စားရေးသောက်ရေးအတွက် ပင်ပန်းစွာ အလုပ် လုပ်ရသဖြင့် လူမမယ်ကလေးမှာ ပစ်
စလက်ခတ် နေရရှာတော့သည်။
         ဤကဲ့သို့ ကလေးအရွယ် လူမမယ်ဘ၀ ဉာဏ်ဝီရိယကူလျက် ဥစ္စာမရှာနိုင်သေးခင် ရှေးကံ
ချင်း ခြားနားသည့်အတွက် ဆင်းရဲချမ်းသာ ကွဲပြားပုံကို စုံစုံလင်လင် သိထား၍ “ မျက်နှာကြီးရာ
ဟင်းဖတ်ပါတတ်သလော ” ဤလောကကြီးတွင် မျက်နှာကြီးသူတို့၌ ဟင်းဖတ်ပါနေသည်ကို အ
ပြစ်မြင်၍ မနေသင့်ပေ။ ရှေးရှေးဘ၀၌ ကံပြုစဉ်ကာလ မိမိကိုယ်တိုင် အသိဉာဏ်ကင်းလျက် ညံ့
ဖျင်းစွာ ပြုခဲ့မိပုံကိုသာ အသိမြင်၍ မိမိကိုယ်တိုင် မျက်နှာကြီး သူတော်စင်ဖြစ်အောင် ကြိုးစားကြ
ဖို့ လိုအပ်ပါသည်။
         ထိုကဲ့သို့ ကိုယ်တိုင်တော့မကျင့်ပါဘဲ သူတစ်ပါးမျက်နှာကြီးကို မနာလိုကြပါလျှင် နောင်ဘ
ဝအဆက်ဆက်၌ သာ၍သာ၍ ဒုက္ခတွင်းနက်ဖို့သာရှိပါသည်။ ထို့ကြောင့် ကံကောင်းလိုလျှင် ကံ
ကောင်းအောင် မိမိကိုယ်တိုင် စီမံပြုလုပ်နိုင်ကြောင်း အထက်ဖေါ်ပြပါ အချက်ကို ကြည့်ခြင်းအား
ဖြင့်  နားလည်သဘောပေါက်ကြပြီး ကျင့်ကြံအားထုတ်နိုင်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါ
စေ ကုန်သတည်း။
 {အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
     အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
ကြည့်နှုန်း= 1

Sunday, August 10, 2014

မေတ္တာ သုတ် ပါဋ္ဌိ အနက် နှင့် အင်္ဂလိပ်စာ အသုံးအနှုန်း။

copy from FB


ပန်းရနံ့ ခတ္တာတို့ ချပ်ဝတ်လွှာ အစုံစုံ လှပသော လဝါခေါင် မေတ္တာနေ့ကို မကြာခင်
ရောက်လာတော့မည့်မို့ အစဉ်လာကောင်းတဲ့ မြတ်ဗုဒ္ဓ၏ ရင်ခွင်မှာ မွေးဖွာကြသော
သူတော်စင်တွေအတွက်... (Discourse on Loving-kindness) မေတ္တာသုတ်လာ
တရားအကြောင်းလေး ကို ရေးစပ်မိပါတယ်။

ယနေ့ သာသနာတော်နှစ် ၂၅၅၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ ခရစ်နှစ်
၂၀၁၄ ခုနှစ်၊ (The full moon day of Wagaung) ဝါခေါင်လပြည့်နေ့ဟာ
ခတ္တာငုံ-ချပ်လွှာမှုန် ရနံ့သင်းပါ လို့ ဝါခေါင်မိုးစက်တွေကို သယ်ဆောင်ပြီးကာ စိုပြေ
လန်းဆန်းစွာ ရောက်ရှိလာသည့် အချိန်အခါပင် ဖြစ်သည်။

Loving-kindness or compassionate love purifies the mind and the mind
becomes a very energetic force to radiate for the well-being of others.
Loving-kindness is the basic of morality, concentration and wisdom as
to the way of meditation. When practiced together with wisdom and insight,
loving-kindness or metta will indeed become a powerful healing force which
will transform us into a more compassionate and caring community, as well
as transmuting all negative energies and entities into light, love and harmony.
ဟု အင်္ဂလိပ် လို အဓိပ္ပာယ် အနည်းငယ် ဖွင့်ဆိုလိုက်ပါတယ်။

ထို့အပြင် *ဝါဆိုပန်း မင်းလွင်ပုန်းညက်နွမ်းရက် အလွန်ကြွေ ပြီ မို့ သိဟ်ရာသီ ဝါခေါင်
မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာ ရေ* လို့ ဆိုကြတာလည်း ကြားဖူး ကြမည်သာ ဖြစ်သည်။

ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ (Loving-kindness Day) လို့
ခေါ်ရတာက ပါဠိ အဋ္ဌကထာ ဋီကာ (According to Pali Canon, Commentaries,
Sub-Commentaries) အသွားအလာ အဆိုအမိန့်တို့ကိုကြည့်ရှု ရှေ့နောက်ထောက်
ထား၍ (Loving-kindness Sutra or Discourse) ဆိုတဲ့ မေတ္တာသုတ်တော်ကို
ဒီနေ့မှာ (သို့မဟုတ်) ၀ါခေါင်လမပြည့်မီလေးမှာ ၁-ရက်၊ ၂-ရက်
အလိုမှာ ဟောတော်မူခဲ့တာပဲလို့ တွက်ချက် ယူဆပြီး မေတ္တာအခါတော်နေ့
(Loving-kindness Day) လို့ ဆိုခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မှုစဉ် မြတ်စွာဘုရား ကောသလတိုင်း
သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းမှာ ကိန်းအောင်း စံပျော်တော်မူသော ကာလ၊
တခုသော ၀ါဆိုဦးမှာ သံဃာတော် (၅၀၀) တို့ ဘုရားထံမှာ (Meditation method or
how to practice meditation) ဆိုသော ကမ္မဋ္ဌာန်းနည်း တောင်းခံပြီး
တောအုပ်တစ်ခုသို့ဝင်၍ ၀ါကပ်ကာ တရားအားထုတ်နေကြပါတယ်။
သံဃာတော်တို့၏ (Observing Sila or Moralities) သီလအရှိန်ကို တောအုပ်ထဲတွင်
ရှိနေကြသော နတ်များက လွန်စွာလေးစား ရိုသေကြသောကြောင့် မိမိတို့ နေရာ
များမှ ဖယ်ရှားပေးကြလို့ ရှောင်နေကြပါတယ်။

ဥပမာ ပြောပြရရင် မိမိအိမ်ကို လေးစားထိုက်သော သူတို့လာလျှင် နေရာဖယ်ပေးရ
သလို လူသားတို့၏ (Method of Association) တစ်ခု လည်း ဖြစ်ပါတယ်။ သို့သော်
အနေကြာလာသောအခါ အိမ်ရှင်တို့မှာ နေထိုင်ရတာ ကြပ်တည်းသလို
ဖြစ်ကြရပါတယ်။

ပြီးတော့ အဲဒီတောထဲမှာ တရားအားထုတ်နေတဲ့ သံဃာတွေကို ကြည်ညိုလေးစား
သည့် တောစောင့်နတ်များ၊ တောင်စောင့်နတ်များ၊ ရုက္ခစိုး၊ ဘုမ္မစိုးများတွေ အနေကြပ်
ကြတဲ့အတွက် သူတို့နေရာမှာ တရားအားထုတ်နေကြသည့် သံဃာတော်များကို
ခြိမ်းခြောက်ကြ၊ ချောက်လှန့်လာကြပါတယ်။
အဲဒါကြောင့် ပုထုဇဉ်နယ်တွင်းမှာသာ ရှိနေသေးတဲ့ သံဃာတော်များ သမာဓိပျက်ပြီး
ဝါဆိုပြီးစ ၀ါတွင်းကာလ မှာပဲ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မှုသော
ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ရတယ်။
မြတ်စွာဘုရားက တရားအားထုတ်ကြသည့် ရဟန်းတွေကို မေးစစ် ကြည့်တော့
တောချောက်လို့ ပြန်လာခဲ့ရတဲ့ အကြောင်း လျှောက်တင်ကြပါတယ်။

အဲဒီအချိန်မှာ မြတ်ဘုရားက ချစ်သား ရဟန်းတို့ သင်ချစ်သားတို့သည်
အဲဒီတောထဲက နတ်တွေကို မိတ်မဖွဲ့ကြလို့ သူတို့ ချောက်လှန့် တာဖြစ်ပါတယ်။
ချစ်သားရဟန်းတို့ သူတို့နေရာမှာ သူတို့ကို ကောင်းစွာ မိတ်ဖွဲ့ပြီးမှ နေကြမယ်ဆိုလျှင်
ချစ်ခင်မြတ်နိုးနေကြလိမ့်မယ်။ ရဟန်းတို့ မိတ်ဖွဲ့ကြောင်း အကျင့်ကောင်းကို
သင်ယူသွားကြ၊ ဒီနေရာ ဒီတောထဲကိုပဲပြန်သွားကြ၊ တောအုပ်ထဲသို့မ၀င်ခင်
အဲဒီထဲမှာရှိတဲ့ နတ်တွေကို မိတ်ဖွဲ့ကြ၊ မိတ်ဆွေဖွဲ့ကြောင်း အကျင့်ကောင်းကတော့
မေတ္တာတရားပဲ ဟု မိန့်တော်မူကာ မေတ္တာသုတ်ကို ဟောတော်မူပါတယ်။
မေတ္တာသုတ်ကို နာကြားသင်ယူပြီး
ထိုရဟန်း(၅၀၀)တို့ ထိုတောအုပ်ထဲကို ပြန်သွားကြရပါတယ်။
တောမ၀င်ခင် မေတ္တာပွားကြတဲ့အတွက် ယခင် ခြိမ်းခြောက်လွှတ်ခဲ့တဲ့ နတ်များဟာ
ယခုတော့ ကျောင်းသား၊ ကပ္ပိယ၊ တပည့်များကဲ့သို့ တရိုတသေ ခရီးဦးကြိုဆို၍
နေရာပေးကြ၊ ပြုစုလုပ်ကျွေးကြပါတယ်။ မေတ္တာသုတ်တော်ဖြင့် နတ်များကို မိတ်ဖွဲ့ပြီး
နတ်များ အစောင့်အရှောက်ဖြင့် အထက်ပါ ရဟန်း (၅၀၀) တို့ အဲဒီတောထဲမှာပဲ
ဝါဆိုဝါကပ်ပြု၍ တရားအားထုတ်ကြရာ ရဟန်းတော် အားလုံး ၀ါတွင်းမှာပဲ ရဟန္တာ
ဖြစ်ခဲ့ကြပါတယ်။
ရဟန္တာတွေဖြစ်ပြီးနောက်ပိုင်း မကြာခင်တွင် ရဟန်းတော်အားလုံး ဘုရားဖူးဖို့၊
ပြန်လည် အစီရင်ခံဖို့ ဇေတ၀န်သို့ ပြန်ခဲ့ကြပါတယ်။
အထက်ပါ အတ္ထုပ္ပတ္တိအသွားအလာကိုကြည့်လျှင် နတ်များချောက်သဖြင့်
ဇေတ၀န် ပြန်ရောက်တာ ၀ါခေါင်လပြည့် ဒုတိယ၀ါဆိုနေ့ပါပဲ။
(Metta or Loving-kindness Discourse)
မေတ္တာသုတ်ကို ဝါခေါင်လပြည့်နေ့မှာ နာကြားပြီး ထိုတောသို့ပဲပြန်၍ ၀ါကပ်ခဲ့ရတာ
ဖြစ်ပါတယ်။့ ဒါကြောင့် ၀ါခေါင်လပြည့်နေ့ကို မေတ္တာသုတ်တော်နေ့၊
မေတ္တာအခါတော်နေ့ရယ်လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ (Loving-
kindness) မေတ္တာဆိုတာကို (According to Abhidhamma) အဘိဓမ္မာမှာ
(Respective Dhamma) တရားကိုယ်အားဖြင့် (Non-Hatred) အဒေါသ
စေတသိက်လို့ ဆိုပါတယ်။
(Non-Anger) အမျက်မထွက်ခြင်း၊
(Non-Hatred) စိတ်မဆိုးခြင်း၊
(Non-violence) မဖျက်ဆီးခြင်း၊
(Non-Revulsion) မနှောင့်ယှက်ခြင်း၊ ရန်မပြုခြင်း စသည် (Meaning)
အဓိပ္ပာယ်များ ရပါတယ်။

ဒါကြောင့်လည်း (Association or Environment) မှာပဲ ကြည့်ကြည့် မိမိ သူတစ်ပါး
အသိုင်းဝိုင်းထဲမှာ (Hatred) ဒေါသတရားက ရန်ညှိုးရန်သူဖွဲ့တဲ့ (Unwholesome
Dhamma) မကောင်းတရားဖြစ်လို့ (Non-Hatred) အဒေါသတရားက
မိတ်ဆွေဖွဲ့တဲ့တရား၊ ချစ်ခင်သူများပြားအောင် စည်းရုံးတဲ့ (Wholesome Dhamma)
အကောင်းတရား ကုသိုလ်တရားတွေ ဖြစ်သည်။
အဲဒီတော့ (Hatred) ဒေါသသည် (Element of Fire) အပူဓာတ်ဖြစ်လို့
(Association or group) အဖွဲ့အစည်းကို ပျက်ပြယ်စေတတ်ပါတယ်။ (Non-Hatred)
အဒေါသကတော့ (Element of peace) အအေးဓာတ်ဖြစ်တဲ့အတွက် (Association
or group) အဖွဲ့အစည်းကို (Root of Encourage) အားပေး ခိုင်မြဲစေပါတယ်။
ထိုသဘောတရားများသည် မှန်ကန်ပါတယ်။ ဒေါသအားကြီးတဲ့ သတ္တ၀ါများမှာ
ကြမ်းတမ်းတဲ့ သဘောတွေ လွှမ်းမိုးနေတာကြောင့် (Approaching and Association
Method) ချဉ်းကပ်ပေါင်းသင်းဖို့ နည်းလမ်းက အလွန်ခက်ပါတယ်။
အဲဒီလို ဒေါသအားကြီးသော သတ္တဝါများသည် သူတို့မှာ ချစ်ခင်သူမိတ်ဆွေ
ရှားပါးနေတတ်ပါတယ်။

ဥပမာ ကျားတွေ၊ ခြင်္သေ့တွေ၊ မြွေပွေး၊ မြွေဟောက်တွေ အနီးအနားသို့ လူတွေ၊
တိရိစ္ဆာန်တွေဟာ ချဉ်းကပ်ဖို့ရန် မ၀ံ့မရဲ ခက်ခဲ နေသလိုပါပဲ။ ဒါကြောင့် လူသားတိုင်း
ရှိသင့်တဲ့ (Loving-kindness meditation or Observing Loving-
kindness) မေတ္တာဘာဝနာ ဆိုတာဟာ ကျား၊ ခြင်္သေ့၊ မြွေပွေး၊
မြွေဟောက်နဲ့တူတဲ့ ဒေါသစိတ်ကို ခေါင်းပါးအောင်၊ ပယ်နှုတ်နိုင်အောင် လေ့ကျင့်တဲ့
ကျင့်စဉ်ပဲ ဖြစ်ပါတယ်။

တကယ်တော့ (Loving-kindness meditation) မေတ္တာဘာဝနာဖြင့်
(Hatred) ဒေါသကို (Reduce) လျော့၍ လျော့၍၊ (burn down) နှိမ်၍ နှိမ်၍၊
(Remove) ပယ်၍ ပယ်၍ လာခဲ့ရာ တဖြည်းဖြည်းချင်း ဒေါသခေါင်းပါးလာသောအခါ
အတ္ထကုသလ၊ သက္က၊ ဥဇု စသော ကောင်းမြတ်သည့် (Respective
qualification) ဂုဏ်အရည်အချင်းများ (Development) တိုးတက်လာမည်
ဖြစ်ပါသည်။ အတ္ထကုသလဆိုတာ (Benefit) အကျိုးစီးပွားရှိသည့် အလုပ်၌
(Skillful)ကျွမ်းကျင်နိုင်နင်းခြင်း ဖြစ်ပါတယ်။ ဒေါသော အတ္ထ န ဇာနာတိ
စသည်ဖြင့် ဟောသောဒေသနာများမှာ ဒေါသသည် (Good Result) ကောင်းကျိုး၊
(Bad Result) ဆိုးကျိုးကို မသိ၊ မမြင်ဟု ဟောတော်မူပါသည်။
အဲဒါကြောင့် ဒေါသကင်းသောစိတ် = အဒေါသစိတ်ကို ပိုင်ဆိုင်သူသည်သာလျှင်
အတ္ထကုသလ = အကျိုးစီးပွား၌ ကျွမ်းကျင်နိုင်နင်းသူ၊ သက္ကော = မိမိ သူတစ်ပါး
အကျိုးများသည့် လုပ်ငန်း၌ စွမ်းနိုင်သူ စသည် ဖြစ်လာပါလိမ့်မည်။
ဒေါသအမှောင်တွင်း၌ ကျရောက်နေသူသည် မိမိနှင့် လူအများ
အကျိုးဖြစ်မည့် လုပ်ငန်းမျိုး၌ ကျွမ်းကျင်မှုနှင့် စွမ်းရည်များမရှိတော့သည့်အပြင်
ပျက်စီးခြင်းသို့ပင် ကျရောက်သွားနိုင်ပါသည်။
ဒေါသစိတ်ကို မေတ္တာဖြင့် ပယ်ရှားနိုင်သူသည်-

၁။ မိမိ သူတပါး ကောင်းကျိုးများသည် လုပ်ငန်းများ၌ ကျွမ်းကျင်နိုင်နင်းလာမည်။
(One who can be a skillful in goodness)
၂။ ထိုလုပ်ငန်းမျိုး၌ လုပ်ကိုင်ဆောင်ရွက်နိုင်သော အစွမ်းသတ္တိများ ရှိလာမည်။
(One who can keep on work as skillful power)
၃။ ဒေါသကင်းသည့် ထိုသူသည် ကိုယ်နှုတ်စိတ်သုံးပါး အလွန်ဖြောင့်မတ်လာမည်။
(upright, Straightforward)
၎။ စိတ်ထားနူးညံ့လာသည့်အတွက် ပြောဆိုဆက်ဆံရာမှ အလွန်လွယ်ကူလာမည်။
(gentle in speech)
၅။ အခြေအနေ အရပ်ရပ်မှာ ကျေနပ်နှစ်သိမ့်အောင် နေတတ်သူ ဖြစ်လာမည်။
(Humble and not conceited)
၆။ ဒေါသကင်းသည့် ထိုသူကို ပြုစုလုပ်ကျွေးဖို့ လွယ်ကူချောမွတ်နေမည်။
(Contented and easily satisfied)
၇။ အရာရာကို ကျေနပ်အောင် နှလုံးသွင်းတတ်သည့်အတွက် အမှုကိစ္စ မများတော့ပေ။
(Unburdened with duties and frugal in their ways)
၈။ အပိုကိစ္စ၊ အပိုအလုပ်တွေ နည်းသွားပြီး ကိုယ်နှုတ်စိတ်များ ပေါ့ပါး သွက်လက်
လာမည်။
(Unburdened with duties and softness of mind and matter)
၉။ တည်ငြိမ်သော စိတ်ထား၊ ရင့်ကျက်သော အသိဉာဏ်၊ ယဉ်ကျေးသိမ်မွေ့
ချိုသာသော
စကားရှိသည့် ဂုဏ်သရေရှိ လူကြီးလူကောင်း (Gentleman) တယောက်
ဖြစ်လာလိမ့်မည်။
(Peaceful and calm and wise and skillful)
၁၀။ ဒေါသကင်းသည့် မေတ္တာရှင်သည် မိမိပတ်ဝန်းကျင် လောကနှင့်လူသားတို့
အပေါ်မှာ ဒေါသဖြင့် ရန်ညှိုးဖွဲ့၍လည်း ညိကပ်၍မနေဘဲ ထိုဒေါသဖြင့်ပင်
အမျက်ထွက်၍မောင်းနှင်
မထုတ်ဘဲ တွယ်တာခြင်း (Attachment) နှင့် တွန်းထုတ်ခြင်း (Detachment) တို့မှ
လွတ်မြောက်၍ တနည်းအားဖြင့် (Fire of Craving) ရာဂဖြင့် ညိကပ်ခြင်း၊ (Fire of
Hatred) ဒေါသဖြင့် စက်ဆုတ်ခြင်းတို့မှ လွတ်မြောက်၍ ပတ်ဝန်းကျင်နှင့်
လူသားတို့အပေါ်မှာ ချစ်သူ၊ မုန်းသူ၊ ဝေးသူ နီးသူ၊ ယုတ်သူ မြတ်သူ စသည် မခွဲခြား
တသားတညီတည်း သဘောထား၍ အပိုင်းအခြားမရှိ၊ ခွဲခြားမှုမရှိ အစွန်းနှစ်ဘက်မှ
လွတ်မြောက်လာမည် ဖြစ်သည်။
ထို့ကြောင့် မေတ္တာကို စေတောဝိမုတ္တိဟူ၍ လည်းကောင်း၊ အပရိမာဏ ဟူ၍
လည်းကောင်း ဟောတော်မူပါသည်။
ထို့အပြင် မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် ပေးသော မေတ္တာတရားတော်သည် (According to
Pali) ပါဠိတော်ကို ပြန်ထောက်ကြည့်ပြန်သောအခါ (Loving-kindness) မေတ္တာ၏
(Meanings) အနက် အဓိပ္ပာယ်များသည် (Measureless) အတိုင်းတာ
ပမာဏမရှိအောင် များပြားလှသဖြင့် အနည်းငယ် (Pali and Commentaries)
ပါဠိတော် အဋ္ဌာကထာတို့ကို ထုတ်နုတ်၍ တင်ပြခြင်းပါတယ်။
အချို့သော နေရာတွင် (မဇ္ဇတိ သိနေသတီတိ မေတ္တာ) လို့ အဘိဓာန်ဋီကာ စာမျက်နှာ
(၁၆၁) မှာ လာရှိသည်အတိုင်း ဖော်ပြရလျှင် မေတ္တာ၏ အဓိပ္ပာယ်များသည်
(ချစ်တတ်သော သဘောတရား၊ ချစ်တတ်-အကျိုးစီးပွါးကို အလိုရှိတတ်-သော
ခန္ဓပဗန္ဓ၌ ဖြစ်တတ်သော သဘောတရား၊ ချစ်အပ်သော ပိယပုဂ္ဂိုလ်ဟူသော
အာရုံ၌ ဖြစ် တတ်သော သဘောတရား၊ ထိုသဘောတရားများကို မေတ္တာ)
ဟု ခေါ်ပါတယ်။
ထို့အပြင် (ဧတာသု ဟိ မေတ္တာကရုဏာမုဒိတာဥပေက္ခာသု အတ္ထတော တာဝ
မေဇ္ဇတီတိ မေတ္တာ, သိနိယှတီတိ အတ္ထော။ မိတ္တေ ဝါ ဘဝါ, မိတ္တဿ ဝါ ဧသာ
ပဝတ္တတီပိ မေတ္တာ။ ပရဒုက္ခေ သတိ သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ။
ကိဏာတိ ဝါ ပရဒုက္ခံ ဟိံသတိ ဝိနာသေတီတိ ကရုဏာ။ ကိရီယတိ ဝါ ဒုက္ခိတေသု
ဖရဏဝသေန ပသာရိယတီတိ ကရုဏာ။ မောဒန္တိ တာယ တံသမင်္ဂိနော, သယံ
ဝါ မောဒတိ, မောဒနမတ္တမေဝ ဝါ တန္တိ မုဒိတာ။ ‘အဝေရာ ဟောန္တူ’တိ
အာဒိဗျာပါရပ္ပဟာနေန မဇ္ဈတ္တဘာဝူပဂမနေန စ ဥပေက္ခတီတိ ဥပေက္ခာ။)
(အဘိ၊ ဋ္ဌ၊ ၁၊၂၃၇) မှာလည်း မေတ္တာ၏ အဓိပ္ပာယ်များကို ဖွင့်ဆိုထားပါသည်။

ရှေးဆရာတော်ကြီးများကလည်း အောက်ပြ ကဗျာလေးကို ရေးသွားတာလည်း
တွေ့ရှိနိုင်ပါတယ်။

တနေ့သုံးခါ အိုးတစ်ရာဖြင့်
ချက်ခါထမင်း ကျွေးမွေးခြင်းထက်
မယွင်းစင်စစ် နို့တစ်ညှစ်စာ
ကြိမ်သုံးခါပွား မေတ္တာပွားများ
အကျိုးများသည် ဘုရားမြတ်စွာ မိန့်ခွန်းတည်း.....။
မေတ္တာသုတ္တန်လာ အောက်ပြအတိုင်း ပါဠိတော်နှင့် အနက်အဓိပ္ပာယ်များ
( ၁ ) ဟေ ၊ အိုသူတော်ကောင်းတို့ ။ ယဿပရိတ္တဿ ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။
အနုဘာဝတော၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ၊ နတ်ဘီလူးအများတို့သည်။
ဘီသနံ၊ ကြောက်မက်ဖွယ် အာရုံမျိုးကို။ နေ၀ ဒဿန္တိ၊ မပြနိုင်ကြကုန်။
ယမှိစေ၀၊ အကြင်မေတ္တာသုတ် ပရိတ်တော်၌ သာလျှင်။ ရတ္တိန္ဒိဝံ၊ နေ့ည မပျက်
အခါခပ်သိမ်း။ အတန္ဒိတော၊ ပျင်းရိခြင်းမရှိဘဲ။ အနုယုဉ္ဇန္တော၊ ထပ်တလဲလဲ စွဲမြဲရွတ်ပွား
အားထုတ်သူသည်။

( ၂ ) သုခံ၊ ချမ်းချမ်းသာသာ။ သုပတိ၊ အိပ်စက်ရ၏။ သုတ္တော၊ အိပ်ပျော်သည်ရှိသော်။
ကိဉ္စိ၊ တစ်စုံ တစ်ခုသော။ ပါပံ စ၊ အိပ်မက်ဆိုးကိုလည်း။ နပဿတိ၊ မမြင်မက်ရ။
ဧ၀ါမာဒိဂုဏူပေတံ၊ ဤသို့အစ ရှိသော အကျိုးဂုဏ်အင် အာနိသင်နှင့်ပြည့်စုံသော။
တံပရိတ္တံ၊ ထိုမေတ္တာသုတ် ပရိတ်တော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ ၊ ရွတ်ကြကုန်စို့။

( ၃ ) သန္တံ၊ ငြိမ်သက်အေးချမ်းသော။ ပဒံ၊ နိဗ္ဗာန်ကို။ အဘိသမေစ္စ၊ အာရုံယူဘိ
ထွင်းဖောက် မြင်သိ၍။ (၀ိဟရိတုကာမေန၊ နေခြင်းငှာ အလိုရှိသော) အတ္ထကုသလေန၊
အကျင့်အမျိုမျိုး အကျိုးစီးပွား၌ လိမ္မာသူသည်။ ယံ ကရဏီယံ၊ ပြုကျင့်ရမည့်သိက္ခာ
သုံးရပ် အကျင့်မြတ်သည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုသိက္ခာသုံးရပ်အကျင့် မြတ်ကို။
ကရဏီယံ၊ ပြုကျင့်ထိုက်ပေ၏။ သက္ကော စ၊ စွမ်းနိုင်သူလည်း။ အဿ၊ ဖြစ်ရာ၏။ ဥဇူ
စ၊ ဖြောင့်မတ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဟုဇူ စ၊ အလွန်ဖြောင့်မတ်သူလည်း။
အဿ၊ ဖြစ်ရာ၏။ သုဝစော စ၊ ဆိုဆုံးမလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။
မုဒု စ၊ နုညံ့ပျော့ပျောင်းသူလည်း။ အဿ၊ ဖြစ်ရာ၏။ အနတိမာနိ စ၊ မာန်ထောင်လွှားခြင်း
မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။

( ၄ ) သန္တုဿကော စ၊ တင်းတိမ်ရောင့်ရဲလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဘရော စ၊
အမွေးအမြူလွယ် သူလည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပကိစ္စော စ၊ နည်းပါးသောကိစ္စရှိသူ
လည်း။ အဿ၊ ဖြစ်ရာ၏။ သလ္လဟုက၀ုတ္တိ စ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း။
အဿ၊ ဖြစ်ရာ၏။ သန္တိန္ဒြိယော စ ၊ ငြိမ်သက်သော ဣနြေ္ဒ ရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
နိပကော စ ၊ ရင့်ကျက်သော ပညာရှိသူလည်း ။ အဿ၊ဖြစ်ရာ၏။
အပ္ပဂဗ္ဘော စ ၊ ကြမ်းတမ်းရိုင်းပြခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ ကုလေသု ၊
အိမ်သူ လူတို့၌။ အနနုဂိဒ္ဓေါ စ ၊ တွယ်တာမက်မောခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။

( ၅ ) ယေန ၊ အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့် ။ ၀ိညူ ၊ ပညာရှိဖြစ်
ကုန်သော။ ပရေ ၊ သူတစ်ပါးတို့သည် ။ ဥပ၀ဒေယျုံ ၊ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏ ။ ခုဒ္ဒံ ၊
ယုတ်ညံ့သော ။ တံ ၊ ထိုဒုစရိုက်မျိုးကို။ ကိဉ္စိ ၊ အနည်းငယ်ကလေး အသေးအဖွဲမျှကိုပင်
န အာစရေ ၊ မပြုကျင့်ရာ ။ သဗ္ဗသတ္တာ ၊ သတ္တ၀ါ မှန်သမျှတို့သည် ။ သုခိနော ၀ါ ၊
ကိုယ်၏ချမ်းသာခြင်းရှိကုန်သည်လည်းကောင်း ။ ခေမိနော ၀ါ ၊
ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်လည်းကောင်း ။ ဟောန္တု ၊
ဖြစ်ကြပါစေကုန်သတည်း။
( ၆/၇ ) အန၀သေသာ ၊ ကြွင်းမဲ့ဥဿုံ အလုံးစုန်ကုန်သော ၊ ယေ တသာ ၀ါ ၊ အကြင်
ထိတ်လန့် တတ်သော ပုထုဇဉ် သေက္ခသည် လည်းကောင်း ။ ယေ ထာဝရာ ၀ါ ၊
အကြင်မထိတ်မလန့် တည်တန့်ခိုင်မြဲသော ရဟန္တာ တို့သည်လည်းကောင်း ။ ယေ
ဒီဃာ ၀ါ ၊ အကြင် ခန္ဓာကိုယ်ရှည်လျှား သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ မဟန္တာ
ဝါ ၊ အကြင်ခန္ဓာကိုယ် ကြီးမားသတ္တ၀ါ များသည်လည်းကောင်း ။ ယေ မဇ္ဈိမ ၀ါ ၊
အကြင်မတိုမရှည် မကြီးမငယ် အရွယ်အလတ်စား သတ္တ၀ါတို့သည်လည်းကောင်း ။
ယေ ရဿကာ ၀ါ ၊ အကြင်ပုကွနိမ့်တို ခန္ဓာကိုယ် ရှိသော သတ္တ၀ါတို့သည်လည်းကောင်း ။
ယေ အဏုမာ ၀ါ ၊ အကြင်သေးငယ်မှုန်မွား သတ္တ၀ါများ တို့သည်လည်းကောင်း ။ ယေ
ထူလာ ၀ါ ၊ အကြင်ဝိုင်းစက်ဆူဖြိုး သတ္တ၀ါမျိုးတို့သည်လည်းကောင်း ။ ယေ ဒိဋ္ဌာ ၀ါ ၊
အကြင်မြင်ဘူးသော သတ္တ၀ါတို့သည်လည်းကောင်း ။
ယေ အဒိဋ္ဌာ ၀ါ ၊ အကြင်မမြင်ဘူးသော သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ ဒူရေ
ဝသန္တိ ၊ အကြင်အဝေးအရပ်၌ နေကြကုန်သော သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ
အ၀ိဒူရေ ၀သန္တိ ၊ အကြင်အနီးအရပ်၌နေကြသောသတ္တ၀ါ တို့သည်လည်းကောင်း ။
ယေ ဘူတာ ၀ါ ၊ အကြင်နောင်မဖြစ်ရ ဖြစ်ပြီးသားဖြစ်ကြသော ရဟန္တာတို့သည်
လည်းကောင်း ။ ယေ သမ္ဘဝေသီ ၀ါ ၊ နောင်ဖြစ်ရမည့်ဘ၀ကိုရှာ အကြင်ပုထုဇဉ် သက္ခ
သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ ကေစိ ၊ အလုံးစုန်ကုန်သော ။ ပါဏဘူတာ ၊
သတ္တ၀ါတို့သည် ။ အတ္ထိ ၊ ရှိကုန်၏ ။ ဣမေပိသဗ္ဗသတ္တာ ၊ ဤအလုံးစုံကုန်သော
သတ္တ၀ါတို့သည်လည်းကောင်း ။ သုခိတတ္တာ ၊ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး
ရှိကြကုန်သည်။ ဘ၀န္တု၊ ဖြစ်ကြပါစေကုန်သတည်း။
( ၈ ) ပရော ၊ တစ်ပါးသူတစ်ယောက်သည်။ ပရံ၊ သူတစ်ပါးအခြားသူတစ်ယောက်ကို။
နနိကုဗ္ဗေထ ၊ စဉ်းလဲသမှု လှည့်ပါတ်ခြင်း မပြုပါစေလင့် ။ ကတ္ထစိ ၊ တစ်စုံတစ်ခုသော
အရပ်၌ (ဘယ်အရပ်မှာမဆို ) ကိဉ္စိ ၊ တစ်စုံတစ်ယောက်သော ။ နံ ၊ ထိုသူတစ်ပါးကို ။
နာတိမညေထ ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့် ။ ဗျာရောသနာယ ၊
ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါးနှိပ်စက်ခြင်းဖြင့် လည်းကောင်း ။
ပဋိဃသညာယ ၊ ဒေါသစိတ်ဖြင့်လည်းကောင်း ။ အညမညဿ ၊ အချင်းချင်း
(တစ်ယောက်သည် တစ်ယောက်) ၏ ။ ဒုက္ခံ ၊ ဆင်းရဲခြင်းကို။ နဣေစၦယ် ၊
အလိုမရှိပါစေလင့်။

( ၉ ) မာတာ ၊ မွေးသည့်မိခင်ကျေးဇူးရှင်သည်။ နိယံပုတ္တံ၊ မိမိရင်နှစ်သားရင်းဖြစ်သော။
ဧကပုတ္တံ ၊ တစ်ဦးတည်းသောသားကို ။ အာယုသာ ၊ မိမိအသက်ဖြင့်သော်ပင် ။
အနုရက္ခေ ယထာ ၊ အစဉ်မကွာကွယ်ကာ စောင့်ရှောက်သကဲ့သို့ ။ ဧ၀မ္ပိ ၊
ဤအတူလည်း ။ သဗ္ဗဘူတေသု ၊ အလုံးစုံသော သတ္တ၀ါတို့၌ ။ အပရိမာဏံ ၊
အတိုင်းအတာပမာဏမရှိသော ။ မာနသံ ၊ မေတ္တာစိတ်ကို ပွားများပါလေ။

( ၁၀ ) ဥဒ္ဓံ ၊ အထက်လောက အရူပဘ၀၌လည်းကောင်း ။ အဓော ၊ အောက်ပြည်
လောက ကာမဘ၀၌ လည်းကောင်း ။ တိရိယံ ၊ အလယ်လောက ရူပဘ၀၌
လည်းကောင်း ။ သဗ္ဗလောကသ္မိံ၊ အလုံးစုံသောလောက၌ ။ အပရိမာဏံ ၊
အတိုင်းအတာ ပမာဏမရှိသော ။ မေတ္တံ ၊ မေတ္တာနှင့်ရှင်သော။ မာနသံ ၊ စိတ်ကို ။
အဝေယံ ၊ ဒေါသဟူဘိအတွင်းရန်လည်းမရှိသည်ကို ။ အသပတ္တံ ၊ နှိပ်စက်ရန်မူ
အပရန်သူလည်း မရှိသည်ကို ။ (ကတွာ ၊ ပြု ၍ ) ဘာဝယေ ၊ ပွားများရာ၏။

(၁၁ ) တိဋ္ဌံ ၀ါ၊ ရပ်လျှက်သော်လည်းကောင်း။ စရံ ၀ါ ၊ သွားလျှက်သော်လည်းကောင်း ။
နိသိန္နော ၀ါ ၊ ထိုင်လျှက်သော်လည်းကောင်း ။ သယာနော ၀ါ ၊ အိပ်လျှက်သော်
လည်းကောင်း ။ ယာဝတာ ၊ အကြင်မျှလောက်။ ၀ိတမိဒ္ဓေါ ၊ ကင်းသောအိပ်ချင်
ငိုက်မည်းခြင်းရှိသည် ။ အဿ ၊ ဖြစ်ရာ၏ ။ အထ ၊ ငိုက်မျဉ်းခြင်းကင်း ထိုအချိန်အတွင်း၌ ။
ဧတံ သတိံ ၊ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို ။ အဓိဋ္ဌေယျ ၊ စွဲမြဲမကွာ ဆောက်
တည်ရာ၏။

ဣဓ ၊ ဤဘုရားသာသနာတော်၌ ။ ဧတံ ၊ မေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို ။ ဗြဟ္မံ ၊
ထူးမြတ်သော။ ၀ိဟာရံ ၊ နေခြင်းမျိုးဟူ၍ ။ အာဟု ၊ မြတ်ဘုရားတို့ဟောကြားတော်
မှုကုန်ပြီ။

( ၁၂ ) သော ၊ ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ။ ဒိဋ္ဌိဉ္စ ၊
အတ္တဒိဋ္ဌိသို့လည်း ။ အနုပဂ္ဂမ္မ ၊ မစွဲမကပ်ရောက်မူ၍ ။ သီလ၀ါ ၊ လောကုတ္တရာ
သီလရှိသူသည် ။ ဒဿနေန ၊ သောတာပတ္တိမဂ်ဥာဏ်နှင့်။ သမ္မန္နော ၊ ပြည့်စုံသူသည် ။
(သမာနော ၊ ဖြစ်လျှက် ) ကာမေသု ၊ ၀တ္ထုအာရုံကာမဂုဏ်တို့၌ ။ ဂေဓံ ၊
ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို ။ ၀ိနေယျ ၊ တစ်စမကြွင်း
အရှင်းပါယ်ရှားပြီးသော် ။ ဇာတု ၊ စစ်စစ်ဧကန်အမှန်ပင် ။ ပုန ၊ နောက်ထပ်တစ်ဖန် ။
ဂဗ္ဘသေယျံ ၊ ပဋိသန္ဓေနေခြင်းသို့ ။ နဧတိ၊ မရောက်ရတော့ပေ။

အထက်ပါ မေတ္တာသုတ် ပါဠိတော်နှင့် အနက်အဓိပ္ပာယ်များကို ကြည့်ရှု၍
မေတ္တာသုတ်တော်၌
(Observing wholesome deed) အကောင်းတွေချည်း ဖြစ်ပါစေဟူ၍ ပို့သောနည်း၊
(Preserving Unwholesome deed) မကောင်းတာတွေ မဖြစ်ပါစေနှင့်ဟူ၍ ပို့သော
(Method and Characteristics) နည်းအားဖြင့် (၂) နည်းဖြင့် ကျင့်သုံးနိုင်ပါသည်။

ပထမနည်း၌ (One who was seeing a visible being in the past)
မြင်ဘူးသော သတ္တ၀ါ၊
(One who was seeing invisible being in the past)
မမြင်ဘူးသော သတ္တ၀ါ၊
(One who can see a visible being)
မြင်နိုင်သော သတ္တ၀ါ၊
One who can see an invisible being)
မမြင်နိုင်သော သတ္တ၀ါ၊
One who has defilement)
ကိလေသာရှိသော သတ္တ၀ါ၊
(One who has not defilement)
ကိလေသာကင်းသော သတ္တ၀ါ၊
(One who is born a being)
ပဋိသန္ဓေနေဆဲ သတ္တ၀ါ၊ ဖွားမြင်ပေါက်မြောက်ပြီးသော သတ္တ၀ါ၊
(One who is in the cycle of Samsara or rebith as a being)
ဘ၀သံသရာ ကျင်လည်နေဆဲ သတ္တ၀ါ၊
(One who was done in the cycle of rebirth as a being)
ဘ၀သံသရာခရီး ပြီးဆုံးပြီးသော သတ္တ၀ါ ဟူ၍ ရှိကြပါတယ်။

ကောင်းသော သတ္တ၀ါအားလုံးတို့အတွက်
၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
May all being be bodily-wealthy.
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
May all being be mentally-wealthy.
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲဒီလိုပို့နိုင်ပါတယ်။
May all being be free from all danger peacefully.

ထို့ပြင် ကိုယ်ခန္ဓာ ရှည်သောသတ္တ၀ါ၊ တိုသောသတ္တ၀ါ၊ မတိုမရှည် အလတ်စားသတ္တ၀ါ၊
ကိုယ်ခန္ဓာ ကြီးသော သတ္တ၀ါ၊ ငယ်သော မကြီး မငယ် အလတ်စား သတ္တ၀ါ၊
ကိုယ်ခန္ဓာဝသော ပိန်သော မပိန်မ၀ အလတ်စား သတ္တ၀ါ အားလုံးတို့သည်-

၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
May all being be bodily-wealthy.
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
May all being be mentally-wealthy.
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲဒီလိုလဲ ပွားများနိုင်ပါတယ်။
May all being be free from all danger peacefully.
မကောင်းတာတွေ မဖြစ်စေဖို့ဆိုတဲ့ ဒုတိယနည်းမှာ-
ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ သတ္တ၀ါအားလုံးတို့သည်-
၁။ အမျက်ထွက်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၂။ လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၃။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၎။ နှောက်ယှက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၅။ နှိပ်စက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၆။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၇။ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။
ဟု နည်းနှစ်ပါးစုံကို ခြုံငုံ၍ ပွားများလေ့ကျင့်နိုင်ပါသည်။

မေတ္တာ၏ အဒေါသလက္ခဏာ ပိုမို၍ ထင်ရှားပေါ်လွင်စေရန် ဤသို့လည်း ဆင်ခြင်အပ်
ပါသည်။ မိမိကိုယ်တိုင် ရင်၌ လွယ်၍ မွေးဖွားလာခဲ့ရသော တဦးတည်းသော
သားရှိသည့် မိခင်သည် ထိုသားငယ်ရင်ခွင်၌နေစဉ် ကျင်ကြီးကျင်ငယ်ကို
စွန့်၍ ခြေလက်တို့ဖြင့် တွန်းထိုး ကန်ကျောက်စေကာမူ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း
အလျဉ်းမရှိဘဲ ထိုတစ်ယောက်တည်းသော သားရင်း ကို မိမိ၏ အသက်ကိုပင်
စွန့်လွှတ်၍ ကာကွယ်စောင့်ရှောက်ပြုစုသလို´ သတ္တ၀ါအားလုံး၏ အပေါ်မှာ
အမျက်ထွက်ခြင်း အလျဉ်းမရှိ၊ မကောင်းဖြစ်စေလိုခြင်း လုံးလုံးကင်း၍
ကောင်းကျိုးချမ်းသာချည်းသာ ဖြစ်စေချင်သော မိခင်စိတ်မျိုး ထားရမည်ဟု
ဟောတော်မူပါသည်။
ထိုတရားမျိုးသည် မိခင်တိုင်း၏ အပရိမာဏ မေတ္တာမျိုးဖြစ်သည့်အတွက် အတိုင်းတာ
ပမာဏမရှိသော အခြားသတ္တဝါတို့အပေါ်တွင် ထားရှိရမည်ဟု ဟောကြားခဲ့ခြင်း
ဖြစ်သည်။ အနန္တစကြာဝဠာ၊ အနန္တ သတ္တ၀ါတို့အပေါ်မှာ ဒေါသဟူသည့်
အတွင်းရန်ကင်းသဖြင့် အပိုင်းအခြား အကန့်အသတ်မရှိ ကျယ်ပြန့်
မွန်မြတ်သည့်စိတ်ကို တိုးပွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နိဂုံးမှာ
အပိုင်းအခြားမရှိသည့် သတ္တ၀ါအားလုံးတို့၏ ကောင်းကျိုး ချမ်းသာ ဖြစ်စေချင်သောစိတ်
မကောင်းတာနှင့် ဆင်းရဲမှန်သမျှ မဖြစ်စေချင်သော ကျယ်ပြန့်သော မွန်မြတ်သော
ဟိတကာမစိတ်ကို နေ့နေ့ ညည မရပ်မနား သွားသွားရပ်ရပ် ထိုင်ထိုင်အိပ်အိပ်
မတိတ်ဆိတ်ဘဲ အဆက်မပြတ် ပွားများ၍သာ နေကြရာ၏။ ဤသို့လျှင် မေတ္တာအသိ
အမြဲရှိသူတို့၏ နေခြင်းကို ဗြဟ္မ၀ိဟာရ (Noble Abiding) = မြတ်သောနေခြင်းဟု ခေါ်
ပါသည်။
သူတော်ကောင်းအပေါင်းတို့ ကိုယ်ကျိုး သူကျိုး ဤနှစ်မျိုးကို သည်ပိုးဆောင်ရွက်
လိုသူတိုင်း ဤမေတ္တာဘာဝနာကို ပွားများကြရပါသည်။ မေတ္တာပြည့်စုံလျှင် ခန္တီပါ
ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ပွားများကြရပါသည်။
မေတ္တာပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် အပရိမာဏမေတ္တာနှင့်
စေတောဝိမုတ္တိဟူသော အကျိုးကို ဤဘ၀မှာပင် ရရှိနိုင်ကြမည် ဖြစ်ပါသည်။
နိဂုံးအနေဖြင့် အားလုံးသော သူတော်ကောင်းတို့သည်လည်း မေတ္တာနေ့မှာ
မေတ္တာတွေ ခြုံလွှမ်း၍ သာယာဖြောင့်ဖြူးသော ဘဝလမ်းကို လျှောက်လှမ်းနိုင်ပြီး
သူတော်ကောင်းတို့ ပျော်စံရာ မြတ်နိဗ္ဗာန်သို့ လွယ်ကူသောအသိဖြင့် ရောက်ရှိနိုင်
ပါစေလို့ ဆုတောင်းလျက် မေတ္တာပို့သအပ်ပါသည်...
......................
အရှင်ပုညဝံသ (ကေလနိယတက္ကသိုလ်)
တက္ကသိုလ်မြတ်မင်း
http://www.venpunnavamsa2.com
10- 08 - 2014 တွင် ပြန်လည် ရေးသားခဲ့ပါသည်...