လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, April 10, 2012

ချစ်လို့ပြောနေတယ်လေ !
တောင်ကြီး အင်းလေးမှာနေတဲ့ အင်းသူအင်းသားတွေ စကားပြောရင် ၀ ဆွဲသံနှင့် ဟထိုးသုံး မပါ ပါဘူး။ ဒါကြောင့် လူနာတွေကို သွေးပေးရမယ်လို့ ပြောရင် သေးနဲ့မှားပြီးပေးတတ် ပါတယ်။ တစ်ခါက အင်းသား တစ်ယောက်ရဲ့ အိမ်သွားလယ်ဖို့ သူ့အိမ်လိပ်စာ  မေးတာ သူက ချစ်လို့ပြောတယ်။ မေးတဲ့သူက ချစ်ခိုင်း တာမဟုတ်ဘူး။ အိမ်လိပ်စာ ဆိုတော့။ ချစ်လို့ပြောနေတယ်လေ တဲ့။ နောက်မှ သိတဲ့ သူတစ်ယောက် က  ၀င်ပြောတယ်  ရှစ် နံပတ်ကို ပြောတာတဲ့။ ကံကောင်းလို့ ပါးရိုက်ခံရတော့ မလို့။

နောက်တစ်ချက်က အင်းသူအင်းသားတွေက စကားပြောရင် သိပ် (demonstrative) သရုပ်ဖေါ်  ကောင်းတယ်။ ခုံဖိနပ်ကို မိုးဆိုစီးတဲ့။ ရုပ်ရှင်ကို- တစ်ဘက်ပြတဲ့။

No comments:

Post a Comment