လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, May 31, 2017

လှပခြင်း၏ လျှို့ဝှက်ချက်


ကျွန်မအရင်ကပေါင် 160 ကျော်ပါတယ် ခု 98
ပေါင်ပဲးရှိပါတယ် တစ်နှစ်ကျော်ကျော်အတွင်း
ဘယ်လိုဝိတ်ချခဲ့လဲးဆိုပီးလူတွေအမေးများလို့
လုပ့်နိုင်မယ့်သူတွေရှိရင်လိုက့်လုပ့်နိုင်အောင်
တင်ပေးလိုက့်တာပါ
အရင်ဝိတ်ချနည်းတွေကိုနားမလည်ခဲ့စဉ်က အ
ဆီချဆေးမျိုးစုံနဲ့ အားကစားပေါင်းစုံလုပ့်ခဲ့ဖူးပါ
တယ် အဆီအစိမ့်တွေနဲ့အချိုကိုလည်းသိပ့်ကြို
က့်ခဲ့တယ် ဝက့်သားဆိုသိပ့်ကြိုက့်တော့ဝက့်သ
ားမပါပဲထမင်းစားတဲ့နေ့ရယ်လို့မရှိဖူး ဝက့်သား
ကို အကြော် အကင် အချက့် တနေ့တမျိုးမရိုးနို
င်အောင် အမြဲးလုပ့်စားတယ် ဝိတ်ချတဲ့နေရာမှ
ာဝက့်သားကိုစားနေသရွေ့ ဝိတ်ဘယ်လိုချချမ
ကျဖူး ကော်ဖီလည်းအဓိကပဲး ကဖိန်းဓာတ်က
လူကိုဝစေတယ်
ကျွန်မအတွက့်ဝိတ်ချဖို့ကအတော်ကိုခက့်ခဲးတဲ့
အလုပ့်တခုဖြစ်နေတော့ ဝိတ်ချမယ်စဉ်းစားတို
င်းအစားမလျော့နိုင် ဝက့်သား ကော်ဖီမဖြတ်နို
င်တော့ အမြဲးစိတ်ဓာတ်ကျအားငယ်ခဲ့ရတယ်
ခုတော့ကျွန်မလုပ့်နိုင်ခဲ့ပါပီး အစပိုင်းမှာမဖြစ်ခဲ့
ပေမယ့် နည်းနည်းနဲ့အကျင့်လုပ့်ယူပီးသဘာဝ
နည်းနဲ့ဝိတ်ချလာတာ တစ်နှစ်ကျော်ခဲ့ပါပီး
အစပိုင်းမှာတော့ကိုယ်စားချင်တာမစားရမသေ
ာက့်ရနဲ့ ဘယ်ဘဝကဝဋ်ကြွေးတွေလဲးလို့တွေး
ပီးငိုခဲ့ရတယ် သူများတွေစာနေသောက့်နေတဲ့
အခါ ကိုယ်ကရေတဘူးနဲ့ သိပ့်ကိုခက့်ခဲးပင်ပန်
းခဲ့ရတယ် ဒီလိုပဲးရလဒ်ကောင်းလိုချင်ရင်ဘယ်
တော့မှလွယ်လွယ်မရနိုင်ဖူးဆိုတာမှတ်ထားပေးပါ ဝတာနဲ့ပတ်သတ်တဲ့နာကျည်းချက့်သာရှိ
ရင်လုပ့်နိုင်လာလိမ့်မယ်
ကျွန်မအတွက့်ရေကပိန်ဆေးလိုအသုံးပြုခဲ့တာ
ပါ အရင်ကအဆီချဆေးတွေအမျိုးစုံအောင်ေ
သာက့်ဖူးခဲ့ပေမယ့် ပိန်လည်းခနပဲးဆေးဖြတ်
တာနဲ့နှစ်ဆပြန်တတ့်ခဲ့တယ် ခုတော့သဘာဝ
နည်းနဲ့ဝိတ်ချခဲ့တာ တကယ်ပိန်ကျခဲ့ပီး အသား
အရည်ပါလှခဲ့တယ် ရေးပေးမယ် ကျွန်မလိုကြိုး
စားနိုင်မယ့်သူတွေတကယ်ပိန်ချင်သူတွေလိုက့်လုပ့်စေချင်လို့ပါ
ရေတလီတာဘူးနဲ့ရေသုံးဘူးဖြည့်ပီး ကိုယ်နာ
မည်တပ့်ပီးထားတယ် အိမ်သားတွေကိုလည်း
ပြေားထားတယ် ဒါကိုယ်သောက့်ဖို့ပေါ့လေ
မနက့်အိပ့်ယာထတာနဲ့ ရေတလီတာဘူးတဘူး
ထဲးကရေကိုဘူးတဝက့်ကျိုးအောင်သောက့်ပေးတယ် ညကတည်းကအိပ့်ယာဘေးထားအိပ့်
နိုးလို့ထပီးဆိုတာနဲ့သောက့်ချ
မနက့်စာကိုကြက့်ဥပြုတ်တလုံးအမြဲးစားတယ်
ကိုယ်ကြိုက့်တဲ့မနက့်စာနဲ့ရေားစားတယ်
(ကြက့်ဥကိုမနက့်ပိုင်းစားပေးရင် ဝိတ်ကိုကျစေပီးအဆာလည်းအရမ်းခံပါတယ်
လူတို့အတွက့်အာဟာရလည်းပြည့်စေပါတယ်)
နေ့လည်စာမစားခင် 15မိနစ်အလိုမှာမနက့်က
ရေတဝက့်ကျန်တာကို သောက့်ပီးမှနေ့လည်
စာစားတယ် ဗိုက့်တင်းအောင်စားတယ် ထမင်း
စားနေစဉ်မှာ ရေနွေးပူပူတခွက့်ထဲးသံပုရာညစ်
ပီးသောက့်တယ်
2နာရီကိုသရေစာတခုခုစားချင်တဲ့နေ့စားပေးတယ် မစားတဲ့နေ့လည်းမစားဖူး
3နာရီကျော်တာနဲ့စပီး ကျန်ရေနှစ်ဘူးကိုတခွ
က့်ပီးတခွက့်သောက့်တယ် တခြားဘာမှကိုမ
စားမသောက့်တော့ဖူး ရေသောက့်ရင်နည်းန
ည်းစီမသောက့်နဲ့ တထိုင်တည်းခွက့်အပြည့်ငှဲ့
ပီးသောက့်ချပေး ညနေ 3နာရီနောက့်ပိုင်းဆို
ရေကလွှဲးပီးကျန်တာမစားမသောက့်တာခုချိန်
ထိပဲး အသီးအနှံကိုတခါတလေစားတယ်
ဟင်းသီးဟင်းရွက့်ပြုတ်တွေစားတယ်
ကိုယ်အရမ်းကြိုက့်တဲ့အစားအသောက့်ကအဆီအစိမ့်များနေရင်လုံးဝဖြတ်လိုက့်စရာမလို
ဖူး တပတ်တကြိမ် ကိုယ်ကြိုက့်တာကို မနက့်ပို
င်းမှာ တဝစားပေးတယ် အဲ့ရက့်ကိုသတ်မှတ်
ထားပေး ဥပမာ စနေတို့ တနင်္ဂနွေတို့ဆိုပီး
စားမယ့်ရက့်ကိုသတ်မှတ်ပီးစား
မဖြစ်မနေအပြင်ထွက့်ရပီးစားသောက့်ဆိုင်ထို
င်ပီးဆိုတာနဲ့ရိုးရိုးရေတဘူးသာမှာပီးတခွက့်ပီး
တခွက့်ရေပဲးသောက့်တယ် အချိုရည်သောက့်
ချင်ပီးဆို မုန်လာဥနီ လိမ္မော် ပန်းသီးစိမ်း စတဲ့အသီးဖျော်ရည်စစ်စစ်တွေကိုဘာမှမရေား
ပဲး အဲ့အသီးရည်ပဲးမှာသောက့်တယ်
ရေချိုးခါနီးအားကစားတခုခုလုပ့်တယ် ပြေးတာ
ခုန်နေတာ ကနေတာမျိုးတခုခုပေါ့ နာရီဝက့်လု
ပ့်တယ်
တပတ်တကြိမ် အူရှင်းပေးတယ် တနေကုန်
အသီးတွေချည်းပဲးစားတာမျိုးလေ အဲ့ရက့်ကို
လည်းသတ်မှတ်ထားတယ်
အဲ့နည်းလေးကျင့်သုံးပီး သုံးလအကြာမှာ ဗိုက့်
ခေါက့်ထူပီးပူနေတဲ့ဗိုက့်ကချပ့်ရပ့်ပီးတော့ အင်းကျီတွေချောင်နေတာကိုသတိပြုမိလာတ
ယ် အဲ့အချိန်ပျော်တဲ့အပျော်ကဘာနဲ့မှမလဲးနိုင်
ပါဖူး အရင်ကဝတ်မရတော့လိုသိမ်းခဲ့တဲ့အင်း
ကျီလေးတွေကိုထုတ်ဝတ်ခဲ့ရတာလည်းပီတိတ
မျိုးပါပဲး အဲ့ချိန်မှာ ပေါင် 20 ကျနေပါပီး ပေါင်က
ကျပေမယ့် ဗိုက့်ပဲးချပ့်ပီး ကိုယ်လုံးကသိပ့်မကျ
ခဲ့လိုစိတ်ဓာတ်တွေကျခဲ့ဖူးတယ် ဒါမဲ့ကျွန်မကို
ဝလိုကဲ့ရဲ့ခံခဲ့ရတာကိုပြန်တွေးပီး အားတင်းပီး
ပြန်ဆက့်လုပ့်တာ ငါးလအတွင်းမှကိုယ်လုံးေ
လးစပီးကျခဲ့တယ် လက့်မောင်းတွေသေးသွား
ပီးတော့ ခြေထောက့်လေးတွေသေးသွယ်လာ
ခဲ့တယ် နောက့်ပိုင်းတစ်နှစ်ကျော်သွားတော့
လုံးဝကို 160 ကနေ 98 ထိ 62ပေါင်ကျော်ကျ
ဆင်းခဲ့ပါတယ် အဲ့တော့ဒီနည်းကအစားမလျေ
ာ့နိုင်တဲ့သူတွေအတွက့်လည်းသင့်တော့မယ်ထ
င်ပါတယ် အရာရာကိုစိတ်တခုသာပြင်းပြင်းထ
န်ထန်ကြိုးစားနိုင်ရင်ဖြစ်လာမှာပါ
ကဲးရေရှည်ဝိတ်ချချင်သူတွေကြိုးစားကြည့်ကြ
ပါဦးနော်း
#HannaYuyiKoe **** {^_^}

Tuesday, May 23, 2017

အစားမတော်တစ်လုတ်

Yuzana Myint shared Thanphyo Naing's post.
11 hrs
Thanphyo Naing
18 hrs
အစားမတော်တစ်လုတ်
============(ဒူးရင်းသီးပေါ်ချိန်မို့ ဖတ်ထားသင့်တဲ့ပိုစ့်ပါ==
အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်’ ဆိုတဲ့စကားပုံဟာ အစားအသောက် စားသုံးရာမှာ အခန့်မသင့်ရင်ဒုက္ခရောက်တတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ ရာသီစာဖြစ်တဲ့ ဒူရင်းသီးဟာ အစားမတတ်ရင်ဘေးဖြစ်တတ်ပါတယ်။ ဒူရင်းသီးဆိုတာက အသီးတကာတို့ရဲ့ဘုရင်လို့တင်စားရလောက်အောင် အနံ့အရသာ ပြည့်စုံရုံမျှမက အားအင်ဖြစ်စေနိုင်သော သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဒူရင်းသီးဟာ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ တို့မှနေပြီးအများဆုံးထွက်ရှိကာ လူကြိုက်များသော သစ်သီးလည်းဖြစ်ပါတယ်။
.
ဒူရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလို မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလို့လည်းပြောလို့ရပါတယ်။
-----------------------------------------------------------------------
ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်သော နိုင်ငံခြားသားတစ်ဦး ဒူရင်းသီးအစားမတတ်တာကြောင့် အသက်ဆုံးရှူံးသွားရသော ဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာရှိသေးပြီး ဒူရင်းသီးကိုကြိုက်နှစ်သက် တာကြောင့် အများကြီးစားသုံးခဲ့ကာ နွားနို့ နှင့် ကော်ဖီကိုလည်း သောက်သုံးခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒူရင်းသီးနှင့် နွားနို့ပေါင်းစပ်လိုက် ပါကသွေးပေါင်ချိန်အလွန်တက်သွားပြီး ရှော့ခ်ဖြစ်ကာသေဆုံးရခြင်းဖြစ်တယ်လို့ ဆေးစစ်ချက်များအရသိရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ဒူရင်းသီးကို စားသုံးပြီး ၈-နာရီအတွင်း နို့ထွက်အစားအသောက်များကို မစားသုံးဖို့ တိုက်တွန်းထားပါတယ်။
ထို့အပြင် ဒူရင်းသီးနှင့်အတူ တွဲဖက်မစားသင့်တဲ့ အစားအသောက်များကတော့ အရက်၊ ကိုကာကိုလာ နှင့် လိုင်ချီးသီးများဖြစ်ပြီး စားသုံးမိပါက အသက်အန္တရာယ်ဖြစ်စေနိုင်တယ် လို့ဆိုပါတယ်။
ဘာကြောင့်ဒီလိုဖြစ်ရတာလဲ?
ဗဟုသုတ ရအောင်ဖော်ပြပေးလိုက်ပါတယ်။
.
၁။ ဒူရင်းသီးနှင့်အရက်တွဲဖက်မစားသုံးသင့်ပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်ခုစလုံး အပူစာတွေဖြစ်တာကြောင့် သာမန်လူများသာမက သွေးတိုးနှင့် ဆီးချိုရှိသူများဆိုရင် ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်း၊ သွေးကြောများရုတ်တရက် ပေါက်ခြင်း နှင့် လေဖြတ်နိုင်ခြင်းတို့ကြောင့် တွဲဖက်စားသုံးခြင်း မပြုဖို့တိုက်တွန်း လိုပါတယ်။
.
၂။ အပူများတဲ့ခန္ဓာကိုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာချောင်းဆိုးသူများ၊ ဖျားနာသူများ၊ လေပြွန်ရောင်ရောဂါရှိသူများအနေဖြင့် ဒူရင်းသီးစားသုံးပါက ရောဂါ အခြေအနေ ပိုမိုဆိုးရွားတတ်တာကြောင့် မစားသုံးသင့်ပါဘူး။
.
၃။ ဒူရင်းသီးစားသုံးခြင်းဟာ အပူများတတ်ခြင်းကြောင့် ဒူရင်းသီးစားပြီးပါက ပဲစိမ်းသာကူကျိုကို ၀မ်းအေးစေရေန်သောက်သုံးပေးသင့်ပါတယ်။
.
၎။ ဒူရင်းသီးမှာ အပူဓာတ်နှင့် သကြားဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အ၀လွန်ရောဂါရှိသူများ နှင့် ကိုယ်အလေးချိန်များသူများ စားသုံးရန်မသင့်ပါဘူး။
.
၅။ ပိုတက်စီယမ်ဓာတ်အလွန်မြင့်မားစွာပါဝင်တာကြောင့် နာတာရှည် ကျောက်ကပ် မကောင်းသူများ နှင့် နှလုံးရောဂါရှိသူများအတွက် မသင့်လျော်ပါဘူး။
.
၆။ ဒူရင်းသီးကိုတစ်ကြိမ်စားတိုင်း အများအပြားမစားသုံးသင့်သည့်အပြင် ဒူရင်းသီးအနံ့မှာ အရက်နံ့ထွက်နေပြီဆိုရင်လည်း စားသုံးဖို့မသင့်တော့ပါဘူး။
.
၇။ ဒူရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန်မသင့်သည့်အပြင် အနံ့လည်း ပြောင်းလဲတော့မှာဖြစ်တာကြောင့် မ၀ယ်ယူသင့်ပါဘူး။
.
၈။ ဒူရင်းသီး စားသုံးပြီးချိန်မှာ ရေအမြောက်အများသောက်သုံးပေးသင့်ပါတယ်။
.
ဒူရင်းသီးအတွင်း အာဟာရဓာတ်အလွန်ကြွယ်ဝစွာပါဝင်တာကြောင့် အမြောက်အများ စားသုံးခြင်းဟာ ခန္ဓာကိုယ်ကိုဒုက္ခဖြစ်စေရုံသာမက ၀မ်းချုပ်နိုင်တာကြောင့် ထိန်းသိမ်း စားသုံးသင့်ပါတယ်။ ဒူရင်းသီးအမြောက်အများစားသုံးမိပါက မင်းကွတ်သီးစားသုံးပေး ခြင်းဖြင့် အပူဓာတ်ကိုလျော့ချပေးနိုင်ပါတယ်။
.
ဒါကြောင့် ဒုရင်းသီး ကြိုက်နှစ်သက်ကြသော MI ပရိသတ်ကြီးအနေနဲ့ ဆင်ခြင်စားသောက်နိုင်ဖို့ အန္တရာယ်ကင်းစေခြင်းအက်ျိုးငှာ တင်ဆက်ပေးလိုက်ပါတယ်။
---------------------------------------
Credit ..via Soe Khaing

ရှာရဖွေရခက်ခဲလေ့ရှိသော စကားလုံးအချို့

Practical Dreams
18 April
ရှာရဖွေရခက်ခဲလေ့ရှိသော စကားလုံးအချို့
ရဟန္တာ = Arhat
သောတာပန် = stream-enterer
သကဒါဂမ် = Once-returner 
အနာဂါမ် = Non-returner
တောရကျောင်း = Cloister
ဈာန်ပျံ = levitation
ဝက်ခြံ = pimple
ကြွက်နို့ = wart
ဘောက် = dandruff
ငရုတ်ဆုံ = mortor
ငရုတ်ကျည်ပွေ့ = pestle
မန္ဒာလီ = muscovy duck
ဖွတ်= iguana
စာခြောက်ရုပ်= scarecrow
လောက်စာလုံး= pellet
သိကြားမင်း = indra
နတ်သုဒ္ဓါ = nectar
စက္ကူပန်း = bougainvillea
နားပူနားဆာလုပ်=badger
ပတ်ချွဲနပ်ချွဲ=wheedle
ဘီလူး= ogre
ဘီလူးမ= ogress
ဂဠုန်= garuda or gruna
ကျို့ထိုးတာ= hiccups
လေချဉ်တက်= belch
လေလည်= fart or break wind
ကွမ်းသီး = areca
လေးညှင်းပွင့် = clove
နွယ်ချို= liquorice
စမုံစပါး = dill seed
တောက်တဲ့ = gecko
လူ့ ခွစာ = codger
သူငယ်ပြန်နေသူ = dotard
လင်ကွင်း = cymbal
နှဲ = oboe
နှဲဆရာ = oboist
နတ်ကတော် = mediator
ကြပ်ခိုး = soot
အိုးမဲ = lamp black
တံတွေး = saliva
ထွေးခံ = spittoon
ရုက္ခစိုးနတ် = dryad
အသင်္ချေ = eon or aeon
ဓူဝံကြယ် = polestar
ဘူကောင် ဂျိုကောင် = hoodoo
အပျိုကြီးမမ = spinster
အယုတ္တ-အနတ္တ = raunch
အရူုးပ်ခံရသူ = pasty
ဆွေမျိုးကို ဦးစားပေးသောစနစ် = nepotism
ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက် = logrolling
အရိုးပြာ = cremains
တရားဟောပလ္လင် = pulpit
ရောင်ခြည်စက်ဝိုင်း = nimbus
မြင်းဟီသည် = neigh
စကားချီး = proem
စကားချပ် = parenthesis
အရက်ပုန်း=moonshine
ကျုံး = moat
ချဉ်ဖက်= pickle
အချုပ်ကား = patrol wagon
ကျေးဇူးကန်းသူ = ingrate
ဘယ်သန် = southpaw
ဓါးသွေးကျောက် = whetstone
ပလုတ်တုတ် = timpani
တောသား = yokel
ထုံပေပေလူ = thicko
ကုလားမခြေထောက်= stilt
ငယ်နာမည် = moniker
ဂုံးကျော်တံတား = flyover
Credit to ငြိမ်းလဲ့။
ref.taryarminwai

Monday, May 22, 2017

” စွန်းလွန်းဆရာတော်ဘုရားကြီး( ရဟန္တာ)အား မီးရှို့သတ်ကြခြင်း “

စွန်းလွန်းဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်အခါက လူဆိုးလူမိုက်ကြီး ဦးမြမောင်ဆိုသောသူသည် သတိသံဝေဂရကာ ဆရာတော်ကြီးထံရဟန်းအဖြစ် ခံယူလျှက် ၀ိပဿနာတရားများ ရှုပွားရာ (၇)ရက်မျှဖြင့် ရဟန်းကိစ္စပြီးတော်မူသည်။

တနေ့.. ည(၁၁)နာရီခွဲခန့် ကုဋီသို့သွားတော်မူသောအခါ အသင့်စောင့်နေသော လူဆိုးများက ဦးမဏိသာရအား ဖမ်းဆီးဆီးပြီး ဂူအတွင်းသို့ ယူဆောင်သွား၏။ပါးစပ်အတွင်း အ၀တ်များပိတ်ဆို့ကာ ကြိုးများတုတ်လျက် အရှင်လတ်လတ် မီးရှို့ကြ၏။
ပါးစပ်အတွင်း အ၀တ်များပိတ်ဆို့ထားသဖြင့် နှုတ်ဖြင့် အကူအညီတောင်း၍ မရသဖြင့် စွန်းလွန်းဆရာတော်ကြီးအား မနောဖြင့်လျောက်ထားကာ သမာပတ်ဝင်စား၍ နေတော်မူ၏။
ထိုအကြောင်းကို ဆရာတော်ကြီးသိတော်မူသဖြင့် စည်များ တုံးမောင်းများ ကုလားတက်များ တီးခိုင်းတော်မူရာ ဂူအတွင်း တရားထိုင်နေကြသော ယောဂီများ အထိတ်တလန့် ဖြစ်ကုန်ကြ၏။
ဂူအပြင်သို့ ထွက်ကြည့်ရာ ရဟန်းတပါး တရားဝင်နေသော ဂူအတွင်း မီးများတောက်လောင်နေသည်ကို တွေ့မြင်ရဖြင့် ၀ိုင်းဝန်းကာ
မီးငြိမ်းသတ်လိုက်ရ၏။

ဦးမဏိသာရကား မီးရှို့ခံရစဉ် သမာပတ်ဝင်စားနေသဖြင့် မီးအပူရှိန် အဟပ်ခံရသည်မှအပ မည်သည့်ဒဏ်ရာမျှမဖြစ်။
ဤကား ပထမအကြိမ် ၀ဋ်ကြွေး ပေးဆပ်ရခြင်းဖြစ်၏။
ဒုတိယအကြိမ်တွင်ကား မနာလို ၀န်တိုသူများက ဖမ်းဆီးပြီး ဓားနှင့်ဝိုင်းခုတ်ခြင်း ခံရပြန်၏။
သည်းခံပြီး သမာပတ်ဝင်စားနေသဖြင့် ကြီးကျယ်သောဒဏ်ရာများမရဘဲ မဖြစ်စလောက် မြက်ရှရာမျှသာ ဒဏ်ရာရ၏။
တတိယအကြိမ်တွင်ကား မြင်းခြံနယ် ဆီမီးကန်ရွာမှာ ၀ါဆိုဝါကပ်စဉ် လူဆိုးများ၏ ဂူပိတ်မီးရှို့ခြင်း ခံရပြန်၏။အသက်မသေ လွတ်မြောက်ခဲ့ပြန်၏။
စွန်းလွန်းဆရာတော်ကြီးက.. “ ဦးပဉ္စင်း..သူ့အကြွေးရှိရင်ဆပ်လိုက်ပါ၊ကိုယ်ကလုပ်ခဲ့မိပြီကိုး”ဟုသာ မိန့်တော်မူ၏။ ဦးမဏိသာရကား မိမိဝဋ်ကြွေးအကြောင်းကို မိမိကိုယ်တိုင်ဆင်ခြင်၍ သိပြီးဖြစ်သဖြင့် အထူးမတုန်လှုပ်။ဓမ္မသံဝေဂယူကာ တရားနှလုံးသွင်းတော်မူ၏။
ဦးမဏိသာရကား ၀ဋ်ကြွေးကြီးသလောက် သမာဓိ အား ကောင်းတော်မူသော အံ့ဘွယ် ရဟန္တာ တဆူဖြစ်တော်မူ၏။
ထို ဦးမဏိသာရအလောင်း ဦးမြမောင် ကား လူ့ဘ၀ က အလွန်ဆိုးပေသောသူ ဖြစ်ခဲ့၏။
ဇနီးမယား ခုနှစ်ယောက်ယူ၏။
ဇနီး များအားလည်း နှိပ်စက်လေ့ရှိသည့်အပြင် မိမိ ဇနီး များနှင့်သင်္ကာမကင်းသူများကိုလည်း
ချမ်းသာမပေး၊သတ်ဖြတ်လေ့ရှိ၏။
ဦးမြမောင်သည် လူ့ဘ၀က လှည်းအငှါးလိုက်စားပြီး အသက်မွေး၏။
နွားများကိုလည်း အလွန်နှိပ်စက်ခဲ့၏။လှည်းတိုက်ရာတွင် ၀န်နှင့်အားမမျှ၍ ကုန်းအတက်တွင်နွားများမရုန်းနိုင်ဘဲ လဲကျ၏။
ဦးမြမောင်ကား သနားခြင်းကရုဏာကင်းမဲ့စွာဖြင့် ဆဲဆိုကြီးမောင်းလျက် နွားများအား
တုတ်နှင့်တအားရိုက်၏။ ၀န်အလေးချိန်ကြောင့် နွားများမထနိုင်သည်ရှိသော် ကောက်ရိုးများကို နွားအပေါ်စုပုံပြီး မီးဖြင့်တိုက်ခဲ့၏။
ယခုနောက်ဆုံးဘ၀တွင် မိမိ ၀ဋ်ကြွေး များခံရသည်မှာ မိမိပြုလုပ်ခဲ့သော ထိုအကုသိုလ်ကံများကြောင့် သာဖြစ်ကြောင်းကိုယ်တိုင်လည်းသိရှိတော်၏။
စွန်းလွန်းဆရာတော်ကြီးကလည်း သိရှိတော်မူ၍ အထက်ပါအတိုင်း မိန့်တော်မူခြင်းဖြစ်၏။
အလားတူ စွန်းလွန်းဆရာတော်ကြီးလည်း မီးရှို့ခံရဘူး၏။
ည ခုနှစ်နာရီအချိန်လောက်တွင် ရွာနီးကျောင်း ဘုန်းကြီးတပါး လာပင့်သဖြင့် လိုက်ပါသွားရ၏။
အတော်ဝေးသော လယ်ကွင်းတနေရာသို့ ရောက်သောအခါ..
“ကိုယ်တော် ရဟန္တာ ဟုတ် မဟုတ် သိရောပေါ့”ဟု ပင့်လာသော ဘုန်းကြီးကပြော၏။
ဒကာတဦးက ရေနံဆီပုန်းကိုဖွင့်သဖြင့် ရေနံဆီအနံ့ရသောအခါ မိမိအား မီးရှို့တော့မည်ကိုသိသဖြင့်
“တနာရီအတွင်း ငါ၏ခန္ဓာကိုယ် မပျက်စီးပါစေသတည်း” ဟု အဓိဌာန်ပြီး နိရောဓသမာပတ်
ဝင်စားတော်မူ၏။
ရေနံဆီလောင်း၍ မီးရှို့ခံရသော်လည်း ဆရာတော်ကြီး ကား ဘာမှမဖြစ်။
ပကတိအတိုင်းသာရှိ၏။
ဝဋ်ကြွေးရှိ၍ ခံကြရခြင်းသာဖြစ်၏။မည်သူ့ကိုမျှ အပြစ်ဆိုဘွယ်ရာမရှိ။
ကိုယ်ပြုခဲ့သမျှ ကိုယ်ခံရသည်သာ။
ဘုရား၊ရဟန္တာများတောင်မှ ၀ဋ်ကြွေး ရှိက ကျေးအောင်
ဆပ်ကြရပါ၏။
အကုသိုလ် ၀ဋ်ကြွေး ဟူသည် ရှောင်မလွတ်၊ပြေးမလွတ်။
မဆပ်ဘဲမနေရ၊ တနေ့တချိန်မှာ အတိုးရော အရင်းပါ ဆပ်ကြရသည်သာဖြစ်၏။
မှီငြမ်း=ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ(ဓမ္မာစရိယဦးဌေးလှိုင်)

Friday, May 19, 2017

"အာပုံ (Appam) – ၇ ခု"


(ကျွန်မရဲ့ စတုတ္ထစာအုပ် (အပြာရောင်) မှာပါပြီးသားလေးပါ။)
မြန်မာအခေါ် အာပုံ၊ အိန္ဒိယအခေါ် appam ဆိုတဲ့မုန့်လေးက ဆန်ကို တစ်ညအိပ်ရေစိမ်၊ ကြေညက်အောင်ကြိတ်ပြီး လုပ်တဲ့ မုန့်လေးဖြစ်ပါတယ်။ ကျွန်မကတော့ ထုံးစံအတိုင်း ထိုင်းကလာတဲ့ ဆန်မှုန့်ကို သုံးပြီးလုပ်ထားပါတယ်။
အသုံးပြုရသည့် ဒယ်အိုး အမျိုးအစားကလည်း မုန့်အရည်လောင်းထည့်ကာ အိုးကိုဝေ့ဝှိုက်ပြီးနောက် အိုးအလယ်မှာ အရည်အတော်များများ ကျန်စေရန် အထက်ပါပုံအတိုင်း အိုး အောက်ခြေက ဖြတ်ထားသော ဘောလုံးကဲ့သို့ ဖြစ်နေရပါမယ်။ ကျွန်မကတော့ အဲ့ဒီလိုအိုးမရှိတာနဲ့ မုန့်မစားရဘူးမဖြစ်ရအောင် အိမ်မှာ အလွယ်တကူရှိနိုင်သည့် ဇောက်ရှိပေမယ့် အောက်ခြေပြားသော ဒယ်အိုးကို သုံးပြီး လုပ်ထားပါတယ်။
အုန်းနို့ အနှစ် လုပ်ရန် လိုအပ်တာလေးတွေ…
အုန်းနို့ (creamy coconut) – 200 ml
ဆန်အစိမ်းမှုန့် (rice flour) – ထမင်းစားဇွန်း ၁ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၅ ပုံ ၁ ပုံခန့်
အုန်းနို့၊ ဆန်မှုန့် နှင့် ဆားကို အိုးထဲထည့်ကာ ဆန်မှုန့်များကြေသွားအောင် သေသေချာချာ မွှေရောပေးပါ။
ထို့နောက် low heat ဖြင့် ၄ မိနစ်ခန့် (သို့) အောက်ပုံပါအတိုင်း အုန်းနို့ပျစ်လာအောင် မွှေကျိုပြီးလျှင် အာပုံမုန့်ဖြင့် တွဲဖက်စားရန် အသင့်ဖြစ်ပါပြီ။
***... အာပုံ လုပ်ရန် လိုအပ်တာလေးတွေ…
1. နွေးသည်ဆိုရုံလေး နွေးသော ရေကြက်သီးနွေး (lukewarm water) – 1/2 cup (125 ml)
2. dry yeast (တဆေး) – လက်ဖက်ရည်ဇွန်း တစ်ဝက်
3. သကြား – ထမင်းစားဇွန်း ၁ ဇွန်း
4. ထမင်းကြမ်း – 1/2 cup (125 ml)
5. အုန်းသီးဖတ် အစို (shredded coconut, grated coconut) – 1/2 cup (125 ml)
6. ရေ – 1/4 cup (60 ml)
7. ဆန်အစိမ်းမှုန့် (rice flour)- 1 cup (250 ml)
8. သကြားရည် – ရေ 1/2 cup (125 ml) နှင့် သကြား (ထမင်းစားဇွန်း ၃ ဇွန်း) ရောကာ သကြားပျော်အောင် ဖျော်ထားပါ။
ရေကြက်သီးနွေး ထဲ dry yeast နှင့် သကြား (ထမင်းစားဇွန်း ၁ ဇွန်း) ထည့်ဖျော်ကာ အောက်ပုံပါအတိုင်း အမြှုပ်များ ဖြစ်လာအောင် ၁၀ မိနစ်ခန့် အဖုံး ဖုံးထားပါ။
ထမင်းကြမ်း၊ အုန်းသီးဖတ် နှင့် ရေ – 1/4 cup တို့ကို ရောကာ အဖတ်များ ကြေညက်သွားအောင် ကြိတ်ပေးပါ။ ( အဖတ်များ ကြေညက်စေရန် ရေကို တစ်ခါတည်း မထည့်ပဲ ၃ ခါခန့် ခွဲထည့်ကြိတ်ပေးပါ။)
အဖတ်များကြေညက်သွားလျှင် ဆန်မှုန့် နှင့် yeast အရည် – 1/2 cup ထည့်ကာ အားလုံးရောနှောသွားအောင် ကြိတ်ပေးပါ။ (သေသေချာချာ ရောနှောသွားစေရန် yeast အရည်ကို တစ်ခါတည်း မထည့်ပဲ ၃ ခါခန့် ခွဲထည့်ကြိတ်ပေးပါ။)
အဖတ် နှင့် အရည်များ သေသေချာချာ ရောနှောသွားလျှင် ဇလုံကြီးကြီးထဲ ထည့်ကာ လေလုံအောင် ဖုံးပါ။
ပြီးနောက် မြန်မြန်ပွလာစေရန် ရေနွေးဇလုံ (ရေပူမဟုတ်)ထဲ ထည့်ကာ အိမ်၏အနွေးဆုံး နေရာ (ဥပမာ – ထမင်း၊ဟင်းချက်နေသော မီးဖိုအနီး)တွင် ထားပါ။
၂ နာရီခန့်ကြာလျှင် (သို့) အောက်ပုံပါအတိုင်း ၂ ဆခန့်ပွကာ အမြှုပ်များဖြစ်လာလျှင်… (ရာသီဥတု အပူအအေးပေါ်မူတည်ပြီး အချိန် အတိုး အလျော့ ကွာခြားမှု ရှိပါသည်။)
သကြားရည်ထည့်ပြီး ဇွန်းဖြင့် နှံ့သွားအောင် မွှေရောပေးပါ။ (အရည်က အတော်လေးကျဲရပါမယ်။)
လက်ကိုင် ပါသည့် မကပ်နိုင်သည့် ဒယ်အိုးထဲ ဆီ (လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်) ထည့်ကာ တစ်အိုးလုံး နှံ့သွားစေရန် paper towel ဖြင့် သုတ်ပြီး over medium heat ဖြင့် အပူပေးထားပါ။
မိနစ်အနည်းငယ်အပူပေးပြီးနောက် လက်ကိုရေအနည်းငယ်စွတ်ကာ ဒယ်အိုးထဲ ဖြန်းထည့်ကြည့်ပါ။
ဖျစ်ဖျစ်မြည်ပြီး ရေစက်လေးများ စက္ကန့်ပိုင်းအတွင်း ပျောက်သွားပါက အိုးအပူရှိန်မှန်ပြီ ဖြစ်သောကြောင့် မုန့်နှစ်ရည် 1/4 cup(60 ml)ခန့် မွှေပြီးခပ်ကာ အိုးအလည်ထဲ လောင်းထည့်ပါ။
(လောင်းထည့်လိုက်သည်နှင့် အိုးပူနေသောကြောင့် မုန့်ရည်အချို့ အပေါက်လေးများဖြစ်ကာ ကျက်သွားပါမယ်။)
ပြီးသည်နှင့် မကျက်သေးသည့် မုန့်ရည်များ ခွက်ခွက်ကလေး ပြန့်သွားစေရန် အိုးကို မီးဖိုမှ ချက်ချင်းမကာ ဝေ့ဝှိုက်ပေးပြီး မီးဖိုပေါ် ပြန်တင်ထားပါ။ အောက်ခြေလုံးသည့်အိုးကို မသုံးထားသောကြောင့် အိုးအလယ်တွင် မုန့်ရည်များ မစု၍ မုန့်သားမထူပါ။
အလယ်မုန့်သားထူထူဖြစ်လိုပါက နောက်ထပ်မုန့်ရည်အနည်းငယ်ကို မုန့်အလယ်ထဲ စုပြီးလောင်းထည့်ပေးပါ။ (ဒီအဆင့်ကို မလုပ်လည်းရပါတယ်။)
ပြီးနောက် အိုးအဖုံး ဖုံးပြီး ၂ မိနစ်ခန့်ထားပါ။
အိုးအဖုံးဖွင့်ကာ ၂ မိနစ်ခန့် ထပ်ထားပြီး မုန့်နံဘေးသားများ အညိုရောင်ပြောင်းကာ ကွာထွက်လာလျှင် လက်ဖြင့် အသာဆွဲမကာ သုံးဆောင်မည့်ပန်းကန်ထဲ ထည့်ပါ။
နောက်တစ်ခုထပ် လုပ်မည်ဆိုပါက အိုးကို ဆီစွတ်ထားသော paper towel ဖြင့် သုတ်ပါ၊ ရေစက်အနည်းငယ်ဖြင့် အိုးအပူရှိန်ကို စမ်းပါ၊…….. အစရှိသော အထက်ပါ နည်းများအတိုင်း ထပ်လုပ်ပေးရပါမယ်။
မုန့်သားတွင် အုန်းသီးဖတ်များ နှင့် သကြားထည့်လုပ်ထားသောကြောင့် သူ့ချည်းသက်သက်စားနိုင်သလို၊ အုန်းနို့အနှစ်ကို မုန့်ပေါ်တွင်ဖြန့်ပြီးသုတ်ကာ သကြားအနည်းငယ်ဖြူး၍လည်း အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
DSC01982

Thursday, May 18, 2017

လင်မယားကွာရှင်းခွင့်တောင်းဖို့လိုတဲ့အချက်အလက်များ (အကျဉ်းချူ ပ်)

လင်မယားကွာရှင်းခွင့်တောင်းဖို့လိုတဲ့အချက်အလက်များ
(အကျဉ်းချူ ပ်)
(အရပ်ထဲက စကားတွေနားမယောင်ပါနဲ့)
အရပ်ထဲမှာပြောပြောနေတဲ့…လင်မယား ၆လ/၁နှစ်/၃နှစ်
မပေါင်းပဲနေရင်လင်ခန်းမယားခန်းပြတ်တယ်ဆိုတာယုံပြီး
တရားဝင်မပြတ်သေးပဲ…နောက်အိမ်ထောင်မပြု ကြပါနဲ့…
တလင်တမယားဥပဒေနဲ့ အာမခံတောင် မရပါဘူး…
နောက်တချက်က…တချို့ တရားဝင်တော့ပြတ်စဲတယ်…ဒါပေ
မဲ့ လူသိရှင်ကြားပြန်ပေါင်းတယ်…နောက်လင်မယားပြန်ကွဲ
တယ်…ဒါကို…တရားဝင်ထပ်ကွာရှင်းရမှာမသိပဲ…အရင်စာချူ ပ်
ရှိနေတာ မလိုပါဘူးလို့နေပြီး လင်(သို့)မယားကနောက်အိမ်
ထောင်ပြု ရင်…တလင်တမယားဥပဒေနဲ့ငြိပြန်ပါတယ်…
(ကွာရှင်းပြီး အထင်အရှားပြန်ပေါင်းသင်းရင် စာချူ ပ်အလိုလို
ပျက်ပြယ်လို့ပါ)…
#############################
(ဘယ်လိုအခြေအနေဆိုရင် ကွာရှင်းခွင့်တောင်းနိုင်လဲ)…
(အကျဉ်းချူ ပ်ပါ)
လုံလောက်သောအကြောင်းပြချက်မရှိပဲ လင်ဖြစ်သူက နေအိမ်
မှထွက်ခွာပြီး…(၃)နှစ်တိုင် ငွေကြေးမထောက်ပံ့/ပြန်ပေါင်းဖို့
အဆက်အသွယ်မလုပ်/မကြိုးစားခြင်း…ဒဏ်ရာရစေလောက်
အောင် ရက်စက်မှု့ကျူးလွန်ခြင်း…(ဒါက…မယားဖြစ်သှူမှ ကွာရှင်းခွင့်တောင်းနိုင်တဲ့အချက်တွေပါ)…
မယားလုပ်သူမှ လုံလောက်သောအကြောင်းပြချက်မရှိပဲ…နေ
အိမ်မှထွက်ခွာခြင်း/ထွက်ခွာပြီးတနှစ်အတွင်း လင်နဲ့ပြန်ပေါင်း
ရန်မဆက်သွယ်ခြင်း/မကြိုးစားခြင်း(ယောက်က္ခမနဲ့စိတ်ဆိုးလို့
ယောင်းမနဲ့ရန်ဖြစ်လို့ )စတာတွေက လုံလောက်တဲ့အကြောင်း
ပြချက်မဟုတ်တာသတိထားပါ(ဒါက…လင်ဖြစ်သူမှ ကွာရှင်းခွင့်
တောင်းနိုင်တဲ့အချက်တွေပါ)…
အိမ်ထောင်သည်အမျိုးသမီးတွေသတိထားပေါ့(ထစ်ခနဲရှိ အိမ်
ကဆင်းမယ်…ကလေးသံယောဇဉ်နဲ့ ငါ့ပြန်လာခေါ်မှာပါလို့မ
ထင်ပါနဲ့…လာမခေါ်ပဲ တနှစ်ပြည့်ရင်သူကကွာရှင်းခွင့်တောင်း
ရင် အလကားနေ…တခုလပ်ဘဝရောက်ရမှာပါဗျာ)…
#############################
မြန်မာနိုင်ငံအတွင်း/ပြင်ပတွင်နေထိုင်သော…မြန်မာနိုင်ငံသား
(ဧည့်/ပြု နိုင်ငံသားအပါအဝင်) များသည်…ကိုကွယ်ရာဘာသာ
အရသော်၎င်း ဓလေ့ထုံးတမ်းအရသော်၎င်းလက်ရှိအိမ်ထောင်
တည်မြဲနေစဉ်…အခြားသူတစ်ဦးနှင့် ထိမ်မြားခြင်း/တရားမဝင်
လင်မယားကဲ့သို့ပေါင်းသင်းနေထိုင်ခြင်း မပြု ရ…
(အရင်လို…ကိုးကွယ်ရာဘာသာအရ…ဓလေ့ထုံးတမ်းအရခွင့်
ပြု ထားလို့ယူတာပါလို့ မရဘူးနော်)…
(ဒါကြောင့်)
မုဆိုးဖို/မုဆိုးမ/တခုလပ်/တလင်ကွာ/လူပျို /အပျို မှလွဲ၍…လက်ရှိအိမ်ထောင်ရှိသူမှန်သမျှ…ဆန့်ကျင်ဖက်လိင်နှင့် တရား
မဝင်ပေါင်းသင်းနေထိုင်ပါက…ဤဥပဒေပုဒ်မ(၁၃)အရ ထောင်
ဒဏ်(၇)နှစ်အထိကျခံစေ…(လူသတ်မှု့လောက်ရှိတယ်နော်)…
အိမ်ထောင်ရှိလျက်နဲ့ လူလွတ်ဟုလိမ်ညာပြောဆို လက်ထပ်ပါ
က ဤဥပဒေ ပုဒ်မ(၁၇)အရ ထောင်ဒဏ်(၁၀)နှစ်ထိကျခံစေ…
နစ်နာသူမှ နစ်နာကြေးတောင်းခံစေ…(ထောင်ကျခံရမဲ့အပြင်
လျော်ကြေးပါပေးရမှာဗျ)…
ဤဥပဒေပါ ပုဒ်မ(၁၄)(၁၅)တို့အရ…အပြစ်မရှိသူမှ အပြစ်ရှိ
သူအား တရားဝင်ကွာရှင်းခွင့်တောင်းခံစေ…လက်ထပ်ပွားနှစ်
ဦးပိုင်ပစ္စည်းများအား အပြစ်မရှိသူက အကုန်ယူစေ(သေပြီလေ
ထောင်ကလဲထွက်ရော လူလဲလမ်းဘေးရောက်ရော)…
အိမ်ထောင်သည်ယေက်ကျာင်္းနှင့်…အပျို ဆိုပါက…အိမ်ထောင်
သည်ယောက်ကျာင်္း သာလျင်ပြစ်ဒဏ်ကျခံစေ…(အပျို တွေ ကဲ
လို့ရပါတယ်တဲ့)…
အိမ်ထောင်သည်မိန်းမနှင့်လူပျို ဆိုပါက…အိမ်ထောင်သည်မိန်း
မသည် ပုဒ်မ(၁၃)အရကျခံစေ…အိမ်ထောင်သည်မိန်းမ၏လင်
မကျေနပ်ပါက လူပျို အား ရာဇသတ်ဥပဒေပုဒ်မ(၄၉၇)အရ
အရေးယူစေ…(ကြာကူလီမှု့ပေါ့နော် ရှက်စရာကြီး)…
နှစ်ယောက်လုံးအိမ်ထောင်သည်ဖြစ်ပါက…နှစ်ယောက်စလုံး
ပြစ်ဒဏ်ခံစေ…(လွတ်လာမှ အတိအလင်းယူပေတော့)…
ဤဥပဒေသည်(၃၁-၈-၂၀၁၅)မှစ၍ အာဏာတည်စေ…မည်သူ
မဆို ဤဥပဒေချိုးဖောက်သူများအား တိုင်တန်းခွင့်ရှိစေ……
(ကိုယ့်ကိုမလိုတဲ့သူက သွားတိုင်လို့ရတာသတိထားပါ…
မာဆတ်သွားရင် ကြည့်သွားပေါ့)…
ဤဥပဒေအရ…ကျေအေး/ရုပ်သိမ်းခွင့်မရှိစေရ…(ကျမလင်
ထောင်ကျရင် ကလေးတွေနဲ့ကျမဒုက္ခရောက်မှာမို့…အမှု့ကို
ပြန်ရုပ်သိမ်းချင်ပါတယ်ရှင်လို့ တောင်းပန်လို့မရဘူးနော်…
မတိုင်ခင် စဉ်းစား) စဖမ်းထဲက အာမခံပေးမှာမဟုတ်ဖူး…
#############################
အပေါ်ကအချက်အလက်တွေကတော့…မိမိလေ့လာမှတ်သား
ထားသမျှတွေကို…ဥပဒေ အကိုးအကား/စကားရပ်တွေမပါ
ပဲ သာမာန်ပြည်သူတွေ…ရှင်းလင်းလွယ်ကူစွာသိအောင်လို့
တင်ပြထားတာပါ…
မှားယွင်းတာ/လိုအပ်တာတွေရှိလဲ…ဥပဒေပညာရှင်များမှ…
ပြင်ဆင်/ဖြည့်စွက်သင်ကြားပေးပါရန်…မေတ္တာရပ်ခံပါတယ်
ခင်ဗျား…
Credit U Soe Min Naing
(လေးစားစွာဖြင့်)

ဆရာတော်ကြီး သတိပေးလေပြီ By Lwin Pyin -May 18, 20176129 0 Share on Facebook Tweet on Twitter Image may contain: one or more people and people sitting မြန်မာပြည် ကဒီကံတွေကျူးလွန်အားများလို့ဒီအပြစ်တွေအတွက်ကံနိမ့်တဲ့ဒေသတွေရယ်အနှံ့အပြားခပ်များများမှာ ဘေးဒဏ်သင့်နေကြ၏လို့ထင်မိပါသည်


တောင်ပြို ကမ်းပြို
ရေကြီး
မီးကြီးလောင်
ငလျင်လှုပ်ခတ်
မိုးသီးမိုးခဲ(ဂဲ)မှန်
လေပြင်းမုန်တိုင်းကျ … စသည် ..စသည် ..
ဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်။ အရိယာပုဂ္ဂိုလ်မှန်းသိသည် ဖြစ်စေ .. မသိသည်ဖြစ်စေ ယုတ်မာ သော စိတ်ထားဖြင့်စွပ်စွဲ ကဲ့ရဲ့ခြင်း ကိုခေါ်ပါတယ်။
ခုအခြေအနေဟာ ရဟန်း တွေကို ဘာသာခြားတွေတင်မကဗုဒ္ဓ ဘာသာ ဝင်တွေ ကိုယ်တိုင်ပုတ်ခတ် စော်ကားပြောနေကြပါတယ်။ ဘာသာခြား တွေကိုတော့ မပြောလိုတော့ပါဘူး ဗုဒ္ဓဘာသာဝင် တွေ အတွက် ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာဝင် တွေရဲ့ ပန်းတိုင် ဟာနိဗ္ဗာန် မဂ်ဖိုလ် ရဖို့ပါ။
ရောက်အောင် လည်းကြိုးစားအားထုတ်နေတဲ့ သူတွေရှိပါတယ်။ မိမိ ကိုယ်တိုင် မဂ်ဖိုလ်ရောက် ကြောင်း တရားကျင့်နေပြီဆိုရင်တော့ ဒီကံမထိုက်အောင် ကိုယ့်နှုတ်ကို ထိန်းကြပါ။
ဒီကံထိုက်သွားရင်တော့ တရားအားမထုတ်နဲ့တော့မရတော့ပါဘူး။ လူ အရိယာ ရဟန်း အရိယာ ကို သူတို့မှာ တရား မရှိဘူး။ ရဟန်းကိုလည်း ရဟန်းမဟုတ်ဘူး။ ရဟန်းတရားမရှိဘူးလို့ သိသိမသိသိ စွပ်စွဲပြောရင် အရိယူပဝါဒန္တရာယ် ထိုက်ပါတယ် ။ ဒီကံ ဟာ သိပ်ကြောက်စရာကောင်းပါတယ်။
ဒါကြောင့်သူများဆိုရင် အပြစ်မပြောတာ အကောင်းဆုံးပါ။ ကိုယ်အပြစ်ပြောလိုက်တဲ့သူဟာ အရိယာမဟုတ်သည့်တိုင် ကောင်းကောင်းမွန်မွန်နေပြီး သီလစောင့်တဲ့ပုဂ္ဂိုလ်ဖြစ်နေရင်လည်း အရိယူပဝါဒကံနီးပါး အပြစ်ကြီးတယ်လို့ဆိုပါတယ်။
တစ်ခုသတိထားဖို့က လူတွေအနေနဲ့ ဝိနည်း ဆိုတာ တကယ်နားမလည်ကြပဲကြားဖူးနားဝ ရှိရုံလေးနဲ့ ဘုန်းကြီးတစ်ပါး ညစာစားတာမြင်တယ်။ ပွဲကြည့်နေတာမြင်ပြီး လွှတ်ကနဲ (ညစာစား – ပွဲကြည့်နေတာ ဘယ်ဘုန်းကြီးဟုတ်မလဲ) မပြောမိပါစေနဲ့ ညစာစား ပွဲကြည့် အရက်သောက်သောက် ဘုန်းကြီးဟာဘုန်းကြီးပါပဲ။
🔴 ဘုန်းကြီး မဟုတ်ဘူးလို့ သွားမပြောမိစေနဲ့ (#မကောင်းတဲ့_ဘုန်းကြီးတော့_ဟုတ်တယ်ပေါ့ )
ဘုန်းကြီး မဟုတ်ဘူးဆိုတာ ပါရာဇိကကျမှ(မေထုန်မှီဝဲ သူများပစ္စည်း ခိုး လူသတ် ကိုယ့်မှာ မရှိတဲ့ ဈာန်မဂ်ဖိုလ် ရှိတယ် လိမ်ပြော) ဘုန်းကြီးမဟုတ်တာပါ။ တခြားသိက္ခာပုဒ် ကျူးလွန်ထားရင် ရဟန်းတော့ ရဟန်းပါပဲ တခြားကျူးလွန်ထားတာတွေကို ကုစားရင် ရပါတယ်။
ဒေသနာကြားတယ် ဒဏ်ထမ်းတယ်ခေါ်တယ် လိမ်ပြောရင်တောင် ပါစိတ်အာပတ် သင့်ပြီး အာပတ်ဖြေရင်ရပါတယ်။ ရဟန်းကို ရဟန်းမဟုတ်ဘူးလို့ပြောတာဟာ ဒီကံနီးပါးအပြစ်ကြီးတယ်။ အရိယာ ဖြစ်နေရင်တော့ ပိုဆိုးတာပေါ့လေ။
လူတွေအနေနဲ့ အလွန်ဆုံးဆောက်တည်နိုင်ရင် (၁၀)ပါးသီလ။ ဒီထက်အောက်(၈)ပါး (၅)ပါး။ (၅)ပါးသီလတောင် အခုခါမှာ အနိုင်နိုင်ထိန်းကြရတယ်။
ရဟန်းဆိုတာ သိက္ခာပုဒ်တွေ ကျူးလွန်နေဦးတော့ သူ့မှာအများကြီး ကျန်သေးတယ်။ ကိုယ့်ထက်တော့ များသေးတယ်ပေါ့။ လူကနေ ဘုန်းကြီး တင်မဟုတ်ဘူး ဘုန်းကြီး အချင်းချင်းလည်း မပြောမိပါစေနဲ့။ အချင်းချင်းဆိုတော့ အပြစ်မရှိဘူး ထင်တတ်ကြတယ်။ ဟိုရဟန်းက ဈန်မဂ်ဖိုလ် ရပြီးသားဆို ဘယ့်နှယ့်လုပ်မလဲနော်။ ဒါကြောင့် အရိယူပဝါဒန္တရာယ်ဆိုတာ အလွန်ကြောက်စရာ ကောင်းတာကြောင့် သတိထားကြပါ။
Credit (#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)
(ပါမောက္ခချုပ်ဆရာတော်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်) ၏အဘိဓမ္မာသင်တန်းပို့ ချချက်များဒုတိယတွဲ မှကောက်နှုတ်၍ရေးသားပါသည်။
(နိဗ္ဗာနပစ္စယောဟောတု)
#သဗ္ဗဒါနံ_ဓမ္မဒါနံ_ဇိနာတိ

Wednesday, May 17, 2017

သရမှာ ကြောက်စရာလား



မိမိရဲ့ဆရာဝန်သက်တန်းတစ်လျှောက်မှာ လူနာများစွာ၊ ရောဂါပြင်းထန်သူများစွာ၊ သေတဲ့သူ များစွာနဲ့ လုပ်ငန်း သဘာဝအရ ရင်းနှီးစွာ ဆုံခဲ့ရဘူးပါတယ်။

အများစုကတော့ ပုထုဇဉ်ပီပီ သေရမှာကြောက်တဲ့ သူတွေသာများပါတယ်။ တချို့ဆိုဘာမဟုတ်တဲ့ အနာရောဂါလေးဖြစ်တာ ခေါင်းကိုက်တာ တုတ်ကွေးဖျားလေး ဖျားတာလောက်ကိုပဲ မျက်စိမျက်နှာတွေ ပျက်ပြီး တခွေခွေနဲ့ အိပ်ရာထဲ လဲနေလောက်အောင် စိတ်ဆင်းရဲနေကြပါတယ်။

ဦးနှောက်သွေကြောပြတ်ပြီး သေသွားသူတွေ အကြောင်းကို ကြားဘူးနားဝနဲ့ သာမာန် ခေါင်းမူးတာလေးကိုပဲ ဦးနှောက်သွေးကြောပြတ်ပြီး သူ့ကိုယ်သူ သေတော့မှာပဲဆိုပြီး ငိုကာယိုကာ ထိမ်းမနိုင် သိမ်းမရ သေမှာကြောက်နေတဲ့ သူတွေကိုလည်း မကြာခဏ ဆေးကုပေးခဲ့ရ ပါတယ်။ 
နေမကောင်းတာနဲ့ အိပ်ရာထဲက မထတော့ပဲ မျက်နှာငယ်ကလေးနဲ့ တငြီးငြီး တငြူငြူလုပ်နေတဲ့ တရားသမား အရင့်အမာကြီးတွေကိုတောင် တွေ့ဘူးပါတယ်။

ကျန်းမာရေးကောင်းနေတဲ့အခါမှာတော့ သေရမှာ မကြောက်ဘူးလို့ ပြောတတ်တဲ့ သူတွေလည်း ရှိပါတယ်။

အများစုကတော့ အခုလောလောဆယ်တော့ ကိုယ်ကိုယ်ကို မသေနိုင်လောက်သေးဘူး ဆိုတဲ့ အထင်နဲ့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေရင်း ဟန်ဆောင်ကြွားဝါပြီး မကြောက်ဘူး ပြောနေ ကြတာများပါတယ်။

တကယ့်အရေးမှာကျတော့ လူအများစုဟာ သေရမှာကို သေမတတ် ကြောက်ကြပါတယ်။

တစ်ချို့လူတွေလည်း သေလောက်တဲ့ရောဂါတွေ ဖြစ်နေပြီလို့ သိကာစမှာ ကြောက်တဲ့စိတ်နဲ့ ငိုကာရီကာတွေ ဖြစ်တတ်ပေမဲ့ တကယ်တမ်း ကြိုးစားကုသရင်း ဘယ်လိုမှ ကုသလို့ မရနိုင် တာကိုသိပြီး တကယ်သေရတော့မှာကို နားလည်သွားတဲ့ အခါမှာတော့ စိတ်လျှော့ပြီး လက်ခံနိုင် လိုက်တာမျိုးလည်း ရှိပါတယ်။

အဲဒီလို သေချာပေါက် သေရတော့မယ်ဆိုတာကို သိသွားတဲ့ အချိန်မှာ စိတ်လျှော့လက်လျှော့နဲ့ သေခြင်းတရားကို ကျေကျေနပ်နပ် လက်ခံ လိုက်တာတောင်မှ အလွန် အကျိုးများပါတယ်။

အဲဒီလို လက်ခံနိုင်လိုက်တဲ့စိတ် ထားနိုင်တဲ့ သူတွေဟာ ငြင်းဆန်နေတဲ့သူတွေစာရင် သူတို့ရဲ့ နောက်ဆုံးခရီးဟာ ပိုပြီး သက်တောင့်သက်သာနဲ့ ငြင်ငြင်သာသာ ရှိတတ်ပါတယ်။

နိုင်ငံခြားက ရောဂါပြင်းထန်လို့ သေခါနီးတဲ့ လူနာတွေကို သီးသန့် ပြုစုစောင့်ရှောက်ပေးတဲ့ ဋ္ဌာနတွေက မှတ်တမ်းတွေမှာ
အဲဒီလို သေလောက်တဲ့ရောဂါတွေနဲ့သေဖို့စောင့် နေကြတဲ့ လူနာတွေထဲမှာ သေမှာကို ကျေကျေ နပ်နပ် လက်ခံလိုက်တဲ့ သူတွေဟာ နာကျင်မှုတွေ ကို ဆိုးဝါးစွာ မခံစားရပဲ တည်ငြိမ်အေးဆေးစွာ သေခြင်းတရားကို ရင်ဆိုင်သွားကြတဲ့ အကြောင်း သုတေသန လုပ်ထားတာတွေနဲ့ အထင်အရှား သက်သေပြထားပါတယ်။ 
သေမှာကို ကျေနပ်စွာ လက်ခံလိုက်တဲ့စိတ်ကလေး ထားနိုင် လိုက်တာနဲ့ သေခြင်းတရားကို ရင်ဆိုင်တဲ့ နေရာမှာ များစွာလွယ်ကူ သက်သာသွားစေ ပါတယ်။

တကယ်သေရမှာမကြောက်ပဲ သေခြင်းတရားကို စိတ်အေး လက်အေးနဲ့ ရင်ဆိုင်သွားတဲ့ သူတွေလည်း ရှိပါတယ်။
အဲဒီအထဲက မှတ်မှတ်ရရ ဖြစ်ခဲ့ရတဲ့ သေရမှာ မကြောက်တဲ့သူ ( ၂ )ယောက်အကြောင်းကို ဥပမာပေးပြီး ပြောပြချင်ပါတယ်။

တစ်ယောက်ကအသက် ၉၀ လောက် အမေကြီး တစ်ယောက်ပါ။မိမိသိသလောက်နှစ် ပေါင်းများစွာ ဘယ်သူ့ကိုမှအပြစ်တင်တာမျိုး ဒုက္ခပေးတာမျိုးမရှိပါဘူး။ မသေခင် ၂နှစ် လောက်ကထဲက သူသေရင် လာကြည့်ပြီး သေ မ သေ ဆုံးဖြတ်ပေးဖို့မှာထားပါတယ်။ ပြီးတာနဲ့ ချက်ချင်း အသုဘချဖို့ကြိုမှာထားတာပါ။သူအသည်း အသန်ဖြစ်တော့ မိမိသွားကြည့်ပေးရပါတယ်။

ဘယ်လိုမှအ ခြေအနေမကောင်းတဲ့ ကြားကမိမိကို ခပ်ရဲ့ရဲ့ပြုံးပြရင်း" ဆရာလေး မရတော့ဘူး မဟုတ်လား"လို့မေးလိုက်ပါသေး တယ်။တနာရီ လောက်ကြာတော့ဆုံးသွားပါတယ်။ တချက်မှမငြီးပါဘူး။အေးအေးဆေး ဆေးပါပဲ။သမထ ဝိပဿနာတွေအားထုတ်မထားပေမဲ့ သူဟာနှစ်ပေါင်း များစွာသီလတွေ လုံခဲ့ပါတယ်။စိတ်ကောင်းတွေရှိခဲ့ပါတယ်။ အဲဒီနှစ်ချက်နဲ့သေခြင်းတရားကိုမတုန်မလှုပ် ရင်ဆိုင် သွားနိုင်ခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ နည်းလမ်းမှန်စွာ တရား အားထုတ်ထားတဲ့မိတ်ဆွေတစ်ယောက်ပါ ။ သေခါနီးမှာ " နီးပြီနဲ့တူတယ်" ဆိုတဲ့စကား တစ်ခွန်းသာပြောပြီး တည်ငြိမ်အေးဆေးစွာ တရားနဲ့သေသွားခဲ့တာပါ။ သူတိုနှစ်ယောက်လုံးဘာမှ လူးလှိမ့်ခံစားသွားရတာမျိုး မရှိပါဘူး။

တစ်နေ့က အရေးပေါ်လူနာလိုက်ကြည်ဖို့ လူနာလာပင့် တာနဲ့လိုက်ကြည့်ပေးရပါတယ်။မိမိရောက်သွားတော့ လူနာကပက်လက် ကုလားထိုင် မှာထိုင်နေရက်သား တွေ့ရပါတယ်။အသက်တော့မရှိတော့ပါဘူး။အသက် ၇၈ နှစ် ရှိပါပြီ။အ ထွေအထူးရောဂါမရှိပါဘူး။

နေ့တိုင်းဒီကုလားထိုင် မှာထိုင်ရင်း သားသမီးတွေနဲ့ စကားပြောနေကျပါ။ဆုံးတဲ့နေ့ကသမီး တစ်ယောက်က အနားမှာဆန်ရွေးနေတာပါ။သူ့အ မေနဲ့စကားပြောနေရင်းသူ့ကိုဘာမှပြန်မပြောလို့ အိပ်ပျော်နေတယ်ဘဲထင် နေခဲ့တာ။ သေချာကြည့်ရင်း အသက်ရှုတာမတွေ့တာနဲ့ တခုခုမှားတယ်ထင်ပြီး မိမိကို လာပင့်တာပါ။ ဘာတခုမှမသိသာလိုက် ပါဘူး။ဒီလူနာဘဝကူးသွားပုံဟာ ညင်သာလှပါတယ်။ အကြောင်းသိလူနာတွေမို့ မိမိ သိထားတာတွေ ရှိပါတယ်။သူဟာဘာတရားမှ အားထုတ် ထားခြင်း မရှိပါဘူး။သာမာန်မိရိုးဖလာဗုဒ္ဓဘာသာပါပဲ။

မိမိရဲ့ဆရာဝန်သက်တမ်း ၂၅ နှစ်ကျော်အတွင်းမှာ မြိုခံ ဆရာဝန်ဆိုတော့ အခုလိုဆေးကုစရာ မလိုတဲ့ လူနာတွေ များစွာကို လုပ်ငန်းသဘာဝအရ ကြည့်ခဲ့ရပါတယ်။ တချို့လည်းသေခါနီးဆဲဆဲပါ။ စောစောကလူနာလိုဘဲတချို့တတွေဟာ အလွန်ညင်သာ ပါတယ်။ ခြုံထားတဲ့စောင်ကလေးတောင် မတွန့်ပါဘူး။ တစ်ချို့ကျ တော့ လဲ cancer လိုရောဂါမျိုးနဲ့ ဆိုတော့ မသေခင်မှာ နာကျင်မှုကို တော်တော်ခံစားကြရပါတယ်။

ဘာဘဲပြောပြောလူအများစုဟာသေမှာကို တော်တော် ကြောက်ကြပါတယ်။တချို့အစ အနောက်တောင် မခံနိုင် ပါဘူး။အစမ်းသေကြည့်တာတောင် စိတ်ထဲမှာမခံနိုင် ပါဘူးဆိုတဲ့ သူတွေလည်းအများကြီးရှိနေပါတယ်။ မိမိလေ့လာကြည့်သ လောက်လူတွေဟာ

၁။မ သေခင်သေ လောက်အောင် နာမှာဘဲဆိုပြီး နာမှာကို ကြောက်ကြပါတယ်။

၂။ထားခဲ့ရမဲံ့သက် ရှိသက်မဲ့အရာတွေ အပေါ် မှာစွဲလန်းတဲ့ စိတ်နဲ့လည်းသေမှာကို ကြောက်ကြပါတယ်။ 
၃။နောက်ဆုံးအချက်က သေပြီးရင် အပါယ်ကျမှာစိုး လို့လည်း ဒီဘဝကိုစွန့်ပြီး မသေရဲကြပါဘူး

ဒီအကြောင်းကို နည်းနည်းစဉ်းစားကြည့်စေချင် ပါတယ်။ တကယ်တော့ သေတယ်ဆိုတာဟာ အလွန်ကြောက်စရာ ကောင်းတဲ့အရာကြီးတခု ကိုယ့်ဆီရောက်လာတာ မဟုတ် ပါဘူး။မ နေရတော့တာ တစ်ခုပါပဲ။ နေခွင့်မရှိ တော့တာ၊ နေခွင့်တစ်ခု ကုန်ဆုံးသွားတာဟာသေတာပါပဲ။ ရှေ့ကလူတွေလည်း ဒီလိုဘဲနေခွင့်တွေကုန်ဆုံးသွားခဲ့ ရတာပါ။ သူတို့လည်း ဒီလိုပဲ ရင်ဆိုင်သွားခဲ့ကြတာပါပဲ။ ကိုယ်ကောဘာလို့ကြောက်နေရမှာလဲ။
နေခွင့်မရှိရင် မနေရုံဘဲပေါ့။

စောစောက ပြောခဲ့တဲ့လူနာတွေလိုဘာမှ သိပ်မခံစားရဘဲ သေသွားတဲ့သူတွေမျိုး အားလုံးကြုံဖူးကြမှာပါ။
သေလောက်အောင် ဖေါက်ပြန်လို့သာ သေသွားတယ် ဆိုတာမှန်ပါတယ်။ဒါပေမဲံ့ အဲဒီ ဖေါက်ပြန်တာကို အလွန်နာမှာဘဲလို့တော့ မယူဆ စေချင်ပါဘူး။
Cancer လိုရောဂါမျိုးမို့နာကျင်မှုတွေ ခံစားရမယ်ဆိုရင်လည်း နာစရာရှိတာနာပေါ့။အနာ သက်သာတဲ့ဆေးတွေနဲ့ လည်းကုမှာပေါ့။ 
ဒါပေမဲ့နောက်ဆုံးအချိန် သေခါနီးမှာတော့ မနာတော့ပါဘူး။

သေခါနီးမှာ ကာယပသာဒတွေ အရင်ဆုံး ချုပ်ပါတယ်။ ကျန်တာတွေလည်းတဖြည်းဖြည်းချုပ်သွားရင်းနဲ့ တဖြည်းဖြည်း ဆုပ်သွားလိုက်တာ နောက်ဆုံး မနောဝီဥာဉ် စိတ်ကလေး တစ်ခုသာကျန်ပါတယ်။ 
ကာယပသာဒချုပ်ကထဲက ဘာနာကျင်မှုမှ မရှိတော့ ပါဘူး။ဘာထိတွေ့မှုကိုမှမသိတော့ပါဘူး။ ဒီအကြောင်းတွေကို မြတ်စွာဘုရားဟောတဲ့ ဖက္ခုနသုတ္တန် မှာ အသေးစိတ်ပါပါတယ်။

ဆိုလိုချင်တာက မိမိတို့အများစု ကြောက်နေကြတဲ့နာကျင် မှုတွေလုံးဝမရှိဘဲနဲ့သေခါနီးမှာ တရားနှလုံးသွင်း ဖို့အချိန် ကောင်းစွာရပါတယ်။ကိုယ့်စိတ်ကလေးကို ကြည့်နေရင်းနဲ့ သေရမှာပါ။ ဆရာတော်ဦးဇောတိကလည်းဒီ အကြောင်းတွေကို ဟောခဲ့ဘူးပါတယ်။ သေပြီး အသက်ရှုရပ်ပြီး မိနစ် ၂၀ လောက် ကြာတဲ့အထိ သိတဲ့စိတ်က ဆက်ရှိနေပါတယ်။ အဲဒီအချိန်လေးမှာသာမိမိတို့ အားထုတ်ရင်းသေနိုင် ခဲ့မယ်၊ကုသိုလ်စိတ်တွေနဲ့ သေနိုင်ခဲ့မယ်ဆိုရင် ဘာမှကို ပူစရာ မလိုတာပါ။

သေခါနီးလူတွေအစကဘယ်လောက်ဘဲ နာလို့ အော်ဟစ်ရုန်းကန်နေပေမဲ့ တကယ်သေတော့မဲ့ အချိန်နီးလာရင် ငြိမ်သွားတတ်တာ ဆရာဝန်တွေ တော်တော်များများ သတိထားမိမယ် ထင်ပါတယ်။မိမိအ နေနဲ့ pressure 40/0 နဲ့ ၉ နာရီလောက်မနာကျင် ဘဲနေပြီးမှ အချိန် ကောင်းစွာ ရပြီးဆုံးသွားတဲ့ အစာအိမ် cancer လူနာ တစ်ယောက်ကို တွေ့ခဲ့ ဖူးပါတယ်။ 
မိမိတို့သာသူတော်ကောင်းတရားတွေနဲ့လေ့ကျင်ထားမယ် အားထုတ်ထားမယ် ဆိုရင် အဲဒီအချိန်လေးမှာ ဆက်ပြီး အားထုတ်သွားရုံပါပဲ။ အဲဒီလိုသာအားထုတ်နိုင်ရင် ဒီဘဝမှာ တရားမရရင်တောင် ဒုတိယဘဝမှာရနိုင်တဲ့ အကြောင်းကို ဘုရားရှင် အာမခံ ထားတော်မူခဲ့ပါတယ်။

အဲဒီလို quality ကောင်းတဲ့စိတ်နဲ့သာ သေနိုင်သွားရင် ကျန်ခဲံ့တာတွေ ဘာစွဲစရာ ရှိသေးလို့လဲ။ နောက်ဘဝဘာဖြစ်မယ်ဆိုတာကိုလည်း တွေးပူစရာ မရှိပါဘူး။ အပါယ်ကျဖို့ဆိုတာ ခေါင်းထဲမှာ ထည့်ထား စရာတောင် မလိုတာပါ။

အရေးကြီးတာက မိမိဘက်က အခုလိုကျန်းမာရေး ကောင်းလို့ စွမ်းနိုင်တုံးမှာသီလ၊သမာဓိ၊ ပညာ အကျင့်တွေကို နည်းလမ်းမှန်စွာ ကြိုးစားအားထုတ်ဖို့ပါဘဲ။ 
နေတဲ့အချိန်မှာ ကာယကံ၊ ဝစီကံ၊ မနောကံတွေ ကောင်းသည်ထက်ကောင်းအောင် လေ့ကျင့် ထားမယ် ဆိုရင် သေတဲ့အခါမှာလည်း ဒီအလေ့အကျင့်တွေက သူ့အလုပ်သူ လုပ်ဆောင်သွားပါလိမ့်မယ်။

"ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ" တရားကျင့်သောသူကို တရားက ပြန်စောင့်ရှောက်တယ်ဆိုတဲ့ ဘုရားရှင် ဟောကြားခဲ့တဲ့တရားတော်ကို အကြွင်းမဲ့ယုံစေချင် ပါတယ်။

ကဲ…သေရမှာကြောက်စရာလား။

မေတ္တာဖြင်
(မိမိစာကျန်သွားပါတယ်။သေပြီးမိနစ်၂၀ အစား နှလုံးခုန် ရပ်ပြီး အသက် ရှုရပ် ပြီးမိနစ် ၂၀ လို့ဖြည့် စွက်ဖတ် ရှု ပေးစေလိုပါတယ် ။12.9.13)့ 
(ဒီpost ကိုမိမိကဲ့သို့ တရားအသိဥာဏ်မရ သေးသူများကိုအားပေးလိုတဲ့စေတနာနဲ့ ရေးရပါတယ်)

Dr Pe Thet Tun.

နံမည်အဆန်းနဲ့အသီး (မျောက်ငိုသီး)


ဆေးပညာရှင်များ လေ့လာစမ်းချက် အရ မျောက်ငိုသီးမှာ သဘာဝ သကြားသုံးမျိုး ရှိတာကို တွေ့ရတယ် ။ သစ်သီးသကြား ၊ ဂလူးကို့စ်၊ ကြံသကာတို့ ဖြစ်ပါတယ်။ မျောက်ငိုသီးမှာ အမျှင်ဓာတ်များ ပါဝင်တာမို့ အားအင်ကို ဖြစ်စေပါတယ် ။
မျောက်ငိုသီးထဲက Tryptophan ဓာတ်ဟာ လူခန္ဓာကိုယ်ထဲရောက်တဲ့အခါ Serotonin အဖြစ်သို့ ပြောင်းလဲသွားသော ကြောင့် စိတ်ကိုပေါ့ပါးစေပြီး စိတ်နေစိတ်ထားကိုပြောင်းလဲပေးတာမို့ စိတ်ဖိအားကိုလျှော့စေနိင်စွ မ်းအားရှိပါတယ် ။
ဗီတာမင် B6 ပါရှိပြီးသွေးချိုကို မျှတအောင်ညှိပေးနိင်တာမို့ စိတ်ကိုပျော်ရွှင်လန်းဆန်းစေ ပါတယ်။  မြင့်မားသော သံဓာတ်ပါရှိတယ် ။မျောက်ငိုသီးရဲ့ နိုးဆွမှုေ ကြာင့်သွေးထဲမှ (Hemoglobin) သွေးနီဥကို ကိုထုတ်လုပ်နိင်တာမို့သွေးအားနည်းတဲ့အခါ အထောက်အကူပြုနိင်ပါတယ် ။
အပူပိုင်းဒေသမှာပေါက်ပြီး ထုးခြားတဲ့မျောက်ငိုသီး မှာ ပိုတက်ဆီယမ် (Potassium) အများဆုံး ပါဝင်ပေမယ့် အငံဓာတ်က နည်းပါးတာမို့ အမေရိကန် စားသောက်ကုန်နှင့်ဆေးဆိုင်ရာဌာနက မျောက်ငိုသီးပာာ သွေးပေါင်ကိုကျစေပြီး လေဖြတ်ခြင်းမှ ကာကွယ်ပေးနိင် ကြောင်း မျောက်ငိုသီးရဲ့စွမ်းအားကို မှတ်တမ်းထားပါတယ် ။ နှလုံးရောဂါ အတွက်လည်း အထောက် အကူပြုပါတယ် ။
နေ့တိုင်း မနက်စာ ၊ နေ့လည်စာ တွင်မျောက်ငိုသီးကို စားရင် ဦးနှောက် အတွက် အထောက်အကူပြုနိင်ပါတယ် ။ ပိုတက်ဆီယမ် များပါတာမို့ အသိဥာဏ် ပိုကောင်းလာခြင်း စိတ်ပျော်၇ွှင်လန်းဆန်းစေပါတ ယ် ။ အမျှင်ဓာတ်များ ပါဝင်တာမို့ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ် ။ မျောက်ငိုသီးနှင့် ပျားရည်တို့ စားခြင်းဖြင့်(အရက်မူး) အမူး ပြေစေပါတယ် ။ မျောက်ငိုသီး နှင့် ပျားရည်က အစာအိမ်ကို အနားယူ စေပြီးသွေးချိုကို ညီမျှအောင် ညှိပေးနိင်စွမ်း ရှိပါတယ် ။
မျောက်ငိုသီးက လူခန္ဓာကိုယ်ထဲကိုရောက်တဲ့ အခါ သဘာဝ ခုခံနိင်သော အက်စစ် ဖြစ်သွားတာမို့ အစာအိမ် မကောင်းသူများ အတွက် မကြာခဏ စားသုံးသင့်ပါတယ် ။ ဝိတ်ကျ နိင်စွန်းအားရှိပါတယ်။ ကိုယ်ဝန်ရှိနေစဉ် မျောက်ငိုသီး စားခြင်းဖြင့် မျောက်ငိုသီးကသွေးချိုကိုညှိပေးနိင်တာမို့ အော့အန်ခြင်းကို ကာကွယ်ပေးနိ င်ပါတယ်။ ခြင်ကိုက်ခံရတဲ့ နေရာကိုမျောက်ငိုသီးလိမ်းပေးခြင်းဖြင့် အရေပြားယားယံ ရောင်နေခြင်းနှင့် နာကျင်မှုကိုလျှော့စေတယ် ။ မျောက်ငိုသီးတွင် ဗီတာမင်ဘီ ဓာတ်များ ပါဝင်တာမို့ အာရုံကြော အတွက် အထောက်အကူပြူ ပါတယ် ။
မျောက်ငိုသီးတွင် Vit B6 , V12 ၊ ပိုတက်ဆီယမ်နှင့် မက်ဂနီဆီယမ် ပါဝင်တာမို့ ကိုယ်ခန္ဓာ ပြန်လည်ကောင်းမွန် အထောက်အကူ ပြုပါတယ် ။ ဆေးလိပ်ဖြတ် ရာတွင် နီကိုတင် (Nicotine) ပျက်စေတယ် ။ “New England Journal of Medicine” လေ့လာချက်အရမျောက်ငိုသီး မကြာခဏ စားတဲ့သူက လေဖြတ်သေဆုံးရခြင်း အန္တရာယ်မှ  ၄၀% ကင်းဝေးစေပါတယ်။ မျောက်ငိုသီးက ပန်းသီးထက် အသားဓာတ် လေးဆ (Protein) ။ ကာဗွန်ပိာုက်ဒိုက် နှစ်ဆ (Carbohydrate) ၊ ဖော့စရပ် သုံးဆ (Phosphorus) ၊ ဗီတာမင် အေ နှင့် သံဓာတ်က ငါးဆ ။ အခြား ဗီတာမင်နှင့် ပိုတက်ဆီယမ်များ ပါဝင်တာမို့ ကျန်းမာရေး အတွက်အသင့်တော်ဆုံး အစားအစာဖြစ်ပါတယ် ။ နေ့တိုင်းမျောက်ငိုသီးစားရင်ဆရာဝန်နဲ့ ကင်းဝေးတယ်လို့ ပြောကြပါတယ် ။ ဒညင်းသီး လို အနံ့ အရသာ တုတယ်လို့ သိရပါတယ် ။ ဒညင်းသီး အစား မျောက်ငိုသီး စားတာက ကျန်းမာရေးနဲ့ပိုသင့်လျှော် ပါတယ် ။
Credit: Jin Li Chao

Sunday, May 14, 2017

သူတစ်ပါး အကြွေး ကို ပြန်မဆပ်ရင် ဘယ် အပြစ် ဖြစ်ပါသလဲ


အရှင်ဘုရား၊ အချို့သော လူ့ဘောင်မှ လူသားများမှာ သူတစ်ပါးထံမှ ချေးယူထားသော ပစ္စည်း (အထူးဖြင့် ငွေကြေး)ကို ပြန်မပေးဘဲ နေတတ်ကြပါသည်။ အဲဒီလို ပုဂ္ဂိုလ်မျိုး တစ်ယောက်နဲ့ လောလောဆယ် ကြုံနေရလို့ စိတ်မချမ်းမသာ ဖြစ်နေရပါသည် ဘုရား။ အချင်းချင်း အကြွေးယူပြီး ပြန်မဆပ်သော ပုဂ္ဂိုလ်များသည် ယခုဘဝ နောင်ဘဝတွင် မည်သို့သော အပြစ် ဖြစ်နိုင်သည်ကို ဟောကြားပေးတော်မူပါ ဘုရား။

ကတိ ဟာ လူ့အရည်အချင်း လူ့တန်ဖိုးရဲ့ သော့ချက်ပဲ။ ကတိကြောင့် လူလေးစားခံရသလို ကတိပျက်ရင် အရည်အချင်း ရှိလျက် အသိအမှတ် မပြုခံရဘဲ ရှိတတ်တယ်။ အချိန်၊ အကြွေး ၊ အလုပ် – စသည်နဲ့ ပတ်သက်ပြီး ကတိ အရေးကြီးတယ် ..
စပ်တူ မလုပ်ဘူး
အရီဇိုးနားကို ရောက်ခါစမှာ ဗမာတရုတ် တစ်ယောက်က သူတွဲနေတဲ့ မိတ်ဆွေရင်းကို ‘ဒီကောင်နဲ့ စီးပွားရေး စပ်တူ လုပ်လို့ မရဘူး’လို့ အတော် ခပ်နှိမ်နှိမ် ပြောတာနဲ့ ‘သူ့ကို မယုံကြည်ဘဲ ဘာကြောင့် အပေါင်းအသင်း လုပ်တာလဲ’လို့ ဘုန်းကြီး ကလည်း မနေနိုင် ဝင်မေးမိတယ်။ ဒီတော့ သူက ‘စီးပွားရေး အတူလုပ်ရင် ကတိတည်မှ’ တဲ့။ သူ့အပြောအရ သူ့မိတ်ဆွေမှာ ကောင်းတာ အချို့ ရှိပေမယ့် အချိန်ကို မလေးစားဘူး။ တစ်နာရီ ချိန်းရင် သုံး နာရီမှ ရောက်လာတာမျိုး အကြိမ်ကြိမ် ကြုံရသတဲ့။ ပြောလည်း မဖြုံဘူးတဲ့။ လိုရင်းကတော့ ကတိမတည် (သူ့ရည်းစားနဲ့သာ အဲဒီလို ဖြစ်ရင် ပြတ်ပြီးသား ဖြစ်နေမှာ)။ မင်းမှာ သစ္စာ လူမှာ ကတိဆို မဟုတ်လား။ အထူးသဖြင့် ဒီဘက်က လူတွေကို အဲဒီလို လုပ်လို့ မရဘူး။ အဲဒီ မိတ်ဆွေ ဆိုသူဟာ ဒီဘက်မှာ နေသူ ဖြစ်ရင် သိသလိုလိုနဲ့ မသိသေးတဲ့ လူမျိုးပါပဲ။
ကိုယ်ချင်းစာ
ရင်းနှီးလို့ ဆိုပြီး ဘာစာရွက် စာတမ်းမျှ မရှိဘဲ ချေးယူသွားသူ အများစုဟာ ချေးလို့ ရပြီးတာနဲ့ မေ့မေ့ ပျောက်ပျောက် နေသွားလေ့ရှိတာကို တွေ့ရတယ်။ (ဒီလိုမဟုတ်တဲ့ လူအနည်းစုလည်း ရှိနိုင်ပါတယ်)။ ပြောတုန်းက နှစ်လအတွင်း။ ကူညီလိုစိတ်နဲ့ ချေးပေးလိုက်သူကတော့ ယူသွားသူ ပြောတဲ့ နှစ်လကို သတိတရနဲ့ မျှော်နေတာပဲ။ ကိုယ့်ပစ္စည်းပဲလေ။ လူတိုင်း ဒီလိုပဲနေမှာ။ ဒါပေမယ့် တစ်ချို့ နှစ်နှစ်မကလည်း ဖြစ်သွားနိုင်ပြီး အချို့ဆို ရာသက်ပန် မပေါ် လာ ဖြစ်သွားတတ်တယ်။ သူတို့ အနည်းငယ် အဆင်ပြေသွားတဲ့ အချိန် ‘အဆင် မပြေတုန်းက ငါတို့ကို ဘယ်သူမှ အရေးမလုပ်ဘူး’ ဆိုတာမျိုးတောင် ပြောတတ်သေးတယ်။ ဒါကြောင့် ပိုက်ဆံ ချေးပေးမယ်ကြံရင် လူအချို့ဟာ အသွင်သဏ္ဌာန် သားနားတိုင်း အတွင်းစိတ် မသားနားဘူး ဆိုတာကို အခုရ ရှိတဲ့ အတွေ့အကြုံနဲ့ ဘဝတစ်လျှောက် ကိုယ့်ကိုယ်ကို သင်္ခန်းစာယူပေါ့။ အဲဒါ ကိုယ့်အတွက် အမြတ်လို့ပဲ နှလုံးသွင်းလိုက်ပါ။
သနားတတ်တာ၊ အားနာတာ၊ ယုံလွယ်တာ အရင်းခံနဲ့ ဘုန်းကြီး တောင် အမေရိကကို ရောက်ပြီးမှ ဇာတ်တူသား စားမိလို့ ‘နိဗ္ဗာနဿ ပစ္စယော ဟောတု’ လုပ် လိုက်ရတာ လေးကြိမ် ကြုံဖူးတယ်။ ဘုန်းကြီး သာ မကပါဘူး။ ဘုန်းကြီး  အတော်များများ ဟို .. ဗမာပြည်မှာ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေး အချို့ ရှက်လို့ မိဘဆွေမျိုးတွေကို ဖွင့်မပြောရဲသလို ကျိတ်ခံနေလိုက်ရတဲ့ ဖြစ်ရပ်တွေ ကြားဖူးပါတယ်။ အဲဒီ အတွေ့အကြုံနဲ့ ကြွေးပြန်မရသူတွေကို ကိုယ်ချင်း စာပါတယ်။
ဘုရားဟော
ဣဏသုတ် (အံ ၂၊ ၃ဝ၉)မှာ ကြွေးယူရသူရဲ့ ဆင်းရဲ ၆-မျိုး ဟောကြားပါတယ်။ ဆင်းရဲတာ၊ ဆင်းရဲလို့ အကြွေးယူရတာ၊ အရင်းကို မပေးနိုင်သေးလျှင် အတိုးပေးပါမယ်လို့ ကတိပေးထားရတာ၊ ကြွေးရှင်က အတိုးကို တောင်းတာ၊ ပြန်မပေးနိုင်လို့ သူ့နောက်ကို ကြွေးရှင် လိုက်ခံရတာ၊ ဖမ်းခံရတာ။ ဒါတွေက အကြွေးယူသူတို့ရဲ့ ပစ္စုပ္ပန်မှာ ကြုံရမယ့် ဆင်းရဲ ဒုက္ခအကြောင်း အမြွက်မျှပေါ့။ တမလွန်မှာလည်း ..
သော ပါပကမ္မော ဒုမ္မေဓော၊ ဇာနံ ဒုက္ကဋ မတ္တနော။
ယောနိ မညတရံ ဂန္တွာ၊ နိရယေ ဝါပိ ဗဇ္ဈတိ။
မကောင်းသဖြင့် ပြုထားသည့် မိမိ၏ အကုသိုလ်ကို တရေးရေး တွေး၍ သိနေသော သဒ္ဓါ ဓနစသည် မဲ့မွဲ ထိုလူဆင်းရဲသည် တိရစ္ဆာန်ဘဝသို့ ရောက်၍ ဖြစ်စေ ငရဲဘဝ၌ ဖြစ်စေ ချုပ်နှောင်ခံရ၏။
ကြုံဖူးမှ သိ
ခပ်ငယ်ငယ်က ပါရာဇိကဏ် ပါဠိတော်မှာ ရဟန်းတစ်ပါးဟာ ယောက်ျား ဘဝကနေ မိန်းမဘဝ ပြောင်းသွားလို့ ဘိက္ခုနီ (ရဟန်းအမျိုးသမီး) ကျောင်းကို ပို့ရတယ်ဆိုတဲ့ ဖော်ပြချက်ကို တွေ့ရတော့ ဒီပုဂ္ဂိုလ်ဟာ ရဟန်း အမျိုးသမီးတွေထဲမှာ ဟန်ကျပါ့မလားလို့ တွေးခဲ့ဖူးတယ်။ အခုတော့ ကမ္ဘာ့သတင်း မီဒီယာတွေမှာ ဆေးပညာနဲ့ အသိအမှတ် ပြုနိုင်တဲ့ အလားတူ ဖြစ်ရပ်မျိုးတွေကို မြင်တွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကို အတော် ကြောင်ခဲ့တာပဲ ဆိုပြီး ပြုံးမိတယ်။ ကြွေးယူသူနဲ့ ပတ်သက်တဲ့ မဟာစည် ဆရာတော် ဘုရားကြီး ကိုယ်တွေ့ အဲဒီလို ထူးဆန်းဖြစ်ရပ် တစ်ခုကို မျှဝေလိုက်ပါတယ် ..
ငညို့အကြွေး
မြန်မာနှစ် ၁၂၇၀-၁၂၈၀ ကာလအတွင်းက တောင်တွင်းကြီး အနောက်မြောက် ၁၀-မိုင်လောက် အဝေးမှာ ရှိတဲ့ ချောင်းရိုး ရွာမှာ ကွမ်းထမ်းပြီး ရောင်းတဲ့ အသက် ၂၀ အရွယ် ငညိုနဲ့ ဘဆိုင်လို့ သူငယ်ချင်း နှစ်ယောက် ရှိတယ်။ တစ်နေ့ ဘဆိုင်ဟာ ဆန်ကုန်နေလို့ ငညို့ဆီက ဆန်တစ်စလယ် ချေးပြီး ချက် စားရတယ်။ အဲဒီနောက် အကြွေး ပြန်မဆပ်ရသေးခင် ဘဆိုင် ပိုးထိ (မြွေကိုက်ခံရ)လို့ သေဆုံးတယ်။ ဘဆိုင်ဟာ ငညို့အိမ်မှာ တိုက်ကြက် လာဖြစ်ပြီး ငညို့ကို သုံးကြိမ်ထိ နိုင်အောင် လုပ်ပေးနိုင်ပေမယ့် ၄-ကြိမ်မြောက်မှာ မနိုင်တဲ့အခါ ငညို သတ်စားတာကို ခံရတယ်။ အဲဒီ အချိန်မှာ ငညိုရဲ့ နွားမကြီးက ကြက်ကလေးကို လာနမ်းသွားသတဲ့။
ကြက်ကလေး သေတော့ အဲဒီ နွားမကြီးဆီမှာ သန္ဓေနေပြီး နွားမလေးအဖြစ် လာမွေးတယ်။ အဲဒီ နွားမလေး အတန်ငယ် ကြီးတဲ့အခါ ငညိုနဲ့ မိတ် ဆွေတွေ အဲဒီ နွားမလေးကို သတ်စားကြတယ်။ အမဲကို လှီးဖျက်နေတုန်း တောင်တွင်းကြီးမြို့က စာရေးကြီးနဲ့ စာရေးကတော် ရောက်လာပြီး စာရေး ကတော်က အလွန် သနားကရုဏာ ဖြစ်သွားပြီး “ငါ့နွားသာဆို သတ်မစားရက်ပါဘူး၊ သေရင်တောင် မြေမြှုပ်ပြီး သင်္ဂြိုဟ်မှာ”လို့ ပြောသတဲ့။ နောက်တော့ စာရေးကတော်မှာ သားလေး တစ်ယောက် မွေးတယ်။ ၇-နှစ်လောက်ထိ စကား မပြောဘူး။
စကားပြောတော့ “ငညို ဆန်တစ်စလယ်”လို့ စပြောသတဲ့။ နောက် ဖခင် က အကြွေးကို ဆပ်ပေးပါ့မယ်ဆိုတော့မှ သားဖြစ်သူက ချောင်းရိုးရွာ ငညို့ဆီ အရောက် ခေါ်သွားပြီး အားလုံးကို ပြောပြသတဲ့။ ငညို (ထိုအချိန် ဦးညို)လည်း သူ့လုပ်ရပ်တွေ အတွက် အလွန် နောင်တ ရသွားသတဲ့။ (ဓမ္မစကြာ တရားတော်ကြီး၊ စာ-၃၀၉ မှာ အသေးစိတ် ရှုပါ)။
Credit:အရှင်ကေလာသ

ဒယ်အိုးအောက်ခြေမှာ တက်နေတဲ့အိုးမဲတွေ ဘယ်လိုသန့်စင်မလဲ


ပရိသတ်ကြီးတို့ရေ ဒီတစ်ခေါက်တော့ အိမ်ရှင်မတွေ တွေ့ကြုံနေရတဲ့ အခက်အခဲထဲက တစ်ခုဖြစ်တဲ့အသုံးပြုနေတဲ့ ဒယ် အိုးတွေ၊ ထမင်းအိုးတွေ၊ ရေနွေးအိုးတွေရဲ့ အောက်ခြေမှာ တိုက်ချွတ်ရခက်တဲ့အိုးမဲတွေ တက်နေတာပါ။
ဘယ်လိုဆပ်ပြာ၊ ဆပ်ပြာဆီတွေပဲသုံးသုံး တိုက်ချွတ်လို့မရပဲ အင်မတန်မှကို အရုပ်ဆိုးအကျည်းတန်တာကိုတော့ လူတို င်းတွေ့ကြုံနေရတာပါ။ ဒီနေ့တော့ အိမ်ရှင်မများအတွက် ဘယ်လိုနည်းလမ်းနဲ့ လုပ်ရင် ဒယ်အိုးကအိုးမဲတွေပြောင်ပြီး အ သစ်လိုပြောင်လက်သွားမလဲဆိုတာကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
လိုအပ်တဲ့ပစ္စည်းကတော့ ပျော့နေတဲ့ခရမ်းချဉ်သီး သို့မဟုတ် ပုတ်ခါနီးခရမ်းချဉ်သီး (ဈေးထဲမှာ ဆိုရင်အ လကားတောင် တောင်းယူလို့ ရပါတယ်) ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ်ခရမ်းချဉ်သီး ၃-၄လုံးလောက်ကို ပါးပါးလှီးကာအ၀ ကျယ်ဒ ယ်အိုးထဲထည့် ရေသင့်ရုံထည့်ပြီး ဆူပွက်လာတဲ့အထိကျိုလိုက်ပါ။
အိုးမဲချွတ်လိုတဲ့အိုးတွေခွက်တွေကို အဲဒီထဲ ထည့်ပြုတ်လိုက်ပါ။ ၃မိနစ်ကနေ ၅မိနစ်ရှိပြီဆိုရင် ခါတိုင်းသုံးနေတဲ့ ဆပ်ပြာ ဆီနဲ့ဖော့ကိုအသုံးပြုကာ ပွတ်ချလိုက်ပါ။
ဒယ်အိုးအောက်ခြေတွေ အသစ်လို ပြောင်လက်သွားမှာပဲဖြစ်ပါတယ်။ အရမ်းလည်းလွယ်ပြီး ကုန်ကျစရိတ်နည်း ပါးတဲ့ နည်းပါ။
မယုံရင် အခုဘဲ သင် စမ်းကြည့်လိုက်စမ်းပါ။ သင်စိတ်ချမ်းသာစေမယ်လို့ ရဲရဲကြီး အာမခံပါတယ်။
Source : May Soe

လှုဒါန်းသည့် စိတ်အစဉ်

လှုဒါန်းသည့် စိတ်အစဉ်
စိတ်၏ စေ ရာ
ဘုန်းဘုန်းကြီးဘုရား ...
တပည့်တော် ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းချင်
လို့ပါဘုရား ။
အေး - သာဓု သာဓု သာဓု ဗျား ။
ဘာကိုများ ရည်မှန်းပြီး လှူဒါန်းသလဲ ဒကာမကြီး ။
မှန်လှပါ ။
နိဗ္ဗာန်ကို ရည်မှန်းပြီး လှူဒါန်းတာပါဘုရား ။
နိဗ္ဗာန် ရချင် ရောက်ချင်ပါတယ်ဘုရား ။
ကောင်းပါပြီ ဒကာမကြီး ။
ဆုတောင်းတာတော့ဟုတ်ပြီ ။
နိဗ္ဗာန် ဘယ်တော့ရောက်မှာလဲ ။
အဲဒါတော့ မသိပါဘုရား ။
အေး - နိဗ္ဗာန်က နောက်နောက် ဘဝတွေမှ
ရောက်မှာ မဟုတ်ဘူး ။ အခုလှူရင် အခုရောက်နေတာ
ဒကာမကြီး မသိလို့ ။
လှူရင် နိဗ္ဗာန်ရောက်တယ်လို့ ကြားဘူးတယ်မဟုတ်လား ။
ကြားဘူးပါတယ်ဘုရား ။
လှူရင်လှူတဲ့အခိုက်မှာ လှူတဲ့စိတ်ကလေး
နိဗ္ဗာန်ရောက်နေကြတာကို မသိကြတာ ။
မသိလို့ မရောက်တာ ။
သိရင် ရောက်ပါတယ် ။
သိအောင်ကတော့
သိတဲ့သူက ဟောပြော
ညွှန်ပြရင် မသိနိုင်ဘူးလား ။
သိနိုင်ပါတယ်ဘုရား ။
နိဗ္ဗာန် ရတယ် ရောက်တယ်ဆိုတဲ့ နေရာမှာ
နိဗ္ဗာန်ကို အထည်ဒြပ်နဲ့
သူ့အနေ ငါ့အနေနဲ့
ရောက်ရတာမျိုး မဟုတ်ဘူး ။
အေးငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်နဲ့ အေးငြိမ်းတဲ့စိတ်ကလေး
အာရုံ အာရမ္မနိက အားဖြင့်
တွေ့တွေ့နေတာကိုပဲ
နိဗ္ဗာန် ရတယ် ရောက်တယ်လို့
ပြောဆိုသုံးနှုန်းရတာပါ ။
ဒကာမကြီး ဒီဝတ္ထုပစ္စည်းတွေကိုလှူတာ
ဘာကုန်သွားသလဲ ။
ငွေကုန်ပါတယ်ဘုရား ။
ဒကာမကြီး သေသေချာချာ စဉ်းစားနော် ။
ငွေက ကုန်တာမဟုတ်ဘူး ။ နေရာရွှေ့သွားတာ ။
ဒကာမကြီးလက်ထဲကနေ ဘုန်းကြီးလက်ထဲ
ရွှေ့သွားတာ ။
ကုန်သွားတာမဟုတ်ဘူး ။
ကုန်တာက လောဘ ။ လောဘကုန်သွားတာ ။
ဒကာမကြီး - ဒီဝတ္ထုပစ္စည်းတွေရဲ့အပေါ်မှာ
တပ်မက်နေတဲ့ လောဘ ရှိနေရင် ဒကာမကြီး
လှူလို့ ရပါ့မလား ။
မရပါဘူးဘုရား ။
အေး - လောဘစွန့်ထားလို့သာ လှူနိုင်တာနော် ။
လောဘမစွန့်ရင် မလှူနိုင်ဘူး ။
ဒါဖြင့် လောဘတော့မရှိဘူး ။ ဒေါသရှိနေရင်ကော
လှူလို့ရပါ့မလား ။
မရပါဘူးဘုရား ။
ဘုန်းကြီးအပေါ်မှာ ဒေါသဖြစ်နေမယ် ဆိုရင်လည်း
လှူလို့မရဘူး ။
လောဘ ဒေါသကို စွန့်ထားလို့
လှူလို့ရတာ ။
"ဒါနံ စဇနလက္ခဏံ"
ဒါန - အလှူသည်
စဇနလက္ခဏံ - စွန့်လွှတ်ခြင်းလက္ခဏာရှိ၏ တဲ့ ။
ဘာကိုစွန့်တာလဲ ။
ပစ္စည်းစွန့်တာ အားလုံးမြင်တယ်နော် ။
လောဘစွန့်တာကိုကျတော့ မြင်နိုင်ခဲကြတယ် ။
လောဘ မစွန့်ဘဲနဲ့ ပစ္စည်းမစွန့်နိုင်ဘူး ။
ဒါနဆိုတာ ပေးလှူခြင်းလို့ အဓိပ္ပါယ်ရတယ် ။
ဒါနံ - အလှူကို ,
ဒါတဗ္ဘမေဝ - ပေးလှူအပ်သည်သာလျှင်တည်း ။
ဒါနံ - အလှူသည်
်ဘောဂသမ္ဘဒါ - စည်းစိမ်ဥစ္စာ ပြည့်စုံခြင်းကို
အဝါဟတိ - ဆောင်ရွက်တတ်၏ တဲ့ ။
လှူတယ်ဆိုတာ ကုသိုလ်တရား ။
ဒီကုသိုလ်ရဲ့အကျိုးက စည်းစိမ်ဥစ္စာ ပြည့်စုံခြင်း
ဆိုတဲ့ အကျိုးကျေးဇူးရှိတယ် ။ ဒကာမကြီး
တောင်းတောင်း မတောင်းတောင်း ဒီအကျိုး
ကျေးဇူးကတော့ ပေးမှာပဲ ။
ဒီလိုမသိကြတော့
ဒီအလှူကိုလှူတာ ဘယ်သူလဲ ဆိုတော့
ငါ လှူတယ်လို့ ယူလိုက်တယ်။
(ဒိဋ္ဌိ - ငါ) ပေါ့ ။
ဒီအလှူရဲ့အကျိုးကို ငါ ခံစားရလိမ့်မယ်ဆိုတော့
(တဏှာ- ငါ) ပေါ့ ။
ဒီအလှူကို ငါမို့ လှူနိုင်တာဆိုတော့ (မာန - ငါ) ပေါ့ ။
လှူတာဟာ - ငါ ,
ငါ့အလှူရဲ့အကျိုးကို ငါ ခံစားရလိမ့်မယ် ,
ငါ မို့ လှူနိုင်တာ ဆိုတဲ့
အထင်မှား အမြင်မှားတဲ့ - ဒိဋ္ဌိ ငါ - ကြောင့်
နတ်ပြည်ရောက်လိုက်၊
လူ့ချမ်းသာ ခံစားလိုက် ၊
အပါယ် ပြန်ဆွဲချခံရလိုက်နဲ့
ဒုက္ခသံသရာ ထဲက လွတ်မထွက်နိုင်ဘဲ ဖြစ်နေကြတယ် ။
သံသရာဝဋ်ကို လွတ်လွတ်ကျွတ်ကျွတ် ခြေနဲ့ကန် ၊
အလှူခံပုဂ္ဂိုလ်အပေါ်မှာ
ချစ်ခြင်းမေတ္တာ ,
သနားခြင်း ဂရုဏာ ,
ပြည့်စုံပါစေဆိုတဲ့
စေတနာ သန့်သန့်လေးထားပြီး ,
နိဗ္ဗာန်ကို ရည်မှန်းပြီး လှူဒါန်းလိုက်မယ်ဆိုရင်
သံသရာ မရှည်တော့ပါဘူး ။
ဒါနက သံသရာ မရှည်ပါဘူး ။ ဒီဒါနနောက်က
မသိမှု ဆိုတဲ့ အဝိဇ္ဇာကြောင့်
တဏှာပါပြီး ဆုတောင်းလွဲကြလို့
သံသရာ ရှည်တာပါ ။
ဒါကြောင့် -
သံသရာဝဋ်မှ လွတ်ထွက်နိုင်တဲ့
ဒါန ကုသိုလ်ဖြစ်အောင်
ဘုန်းကြီးက ညွှန်ပြပေးရမှာပေါ့ ။
ဒီတော့ 
ဒကာကြီးတို့ရဲ့ စိတ်ကို
ပြန်ကြည့်ရအောင်..။
အခုလှူနေတဲ့ အခိုက်မှာ
လောဘကို စွန့်ထားတဲ့အတွက် လောဘမရှိဘူး။
လောဘမရှိတော့ လောဘတွေက
ခယ ဓမ္မာ ကုန်နေတယ် ၊
ဝယဓမ္မာ ပျောက်နေတယ်၊
နိရောဓ ဓမ္မာ ချုပ်နေတယ်၊
ဝိရာဂဓမ္မာ ကင်းနေတယ်။
ဒီတော့ ဒီစိတ် ဘာနဲ့နေသလဲ…။
လောဘငြိမ်းတဲ့စိတ်က လောဘငြိမ်းရာကြီးနဲ့ တွေ့နေတယ်။
လောဘကုန်တဲ့စိတ်က လောဘကုန်ရာနဲ့
တွေ့နေတယ်။
အဲဒီ လောဘကုန်ရာကို ဘာခေါ်မလဲ…။
(နိဗ္ဗာန်ပါဘုရား)
လောဘက္ခယောတိနိဗ္ဗာနံ ဆိုတဲ ပုဒ်အရ လောဘကုန်ရာ နိဗ္ဗာန်လို့ဆိုထားတယ် ။ လောဘစွန့် ထားတဲ့အချိန်မှာ လောဘကုန်နေ
လို့ တဒင်္ဂအားဖြင့် နိဗ္ဗာန်ရောက်နေတယ်…
အဲဒါကိုမသိကြတာ…။
ဒီတော့လှူရင် နိဗ္ဗာန်ရောက်တယ်ဆိုတာမ
မှန်ဘူးလား။
(မှန်ပါတယ်ဘုရား)
အခု ဒကာမကြီး ဒီဝတ္ထုပစ္စည်းတွေ လှူလိုက်ပြီ ။
လှူတာက ပစ္စည်း ။
စွန့်တာက ဘာကို စွန့်တာလဲ ။
(လောဘပါ ဘုရား)
ရောက်တာက ဘယ်ကိုရောက်တာလဲ ။
(နိဗ္ဗာန်ပါ ဘုရား)
လှူတာကပစ္စည်း ၊
စွန့်တာကလောဘ ၊
ရောက်တာက နိဗ္ဗာန် ။
ဒါဖြင့် လှူတာနဲ့ နိဗ္ဗာန်ရောက်တာ
ဘယ်ဟာက အရင်လဲ…။
(လှူတာက အရင် ပါ ဘုရား)
ဒကာမကြီး
သေသေချာချာ ပြန်စဉ်းစားနော်…
ပစ္စည်းကိုစွန့်တာ ဘယ်အချိန် စွန့်တာလဲ ။
ဘုန်းကြီးလက်ထဲကို ထည့်တဲ့အချိန်ကျမှ ပစ္စည်းကိုစွန့်တာ…။
လောဘကို စွန့်တာကျတော့ ဘယ်အချိန်
ကတည်းက စွန့်ထားတာလည်း။
ဘုန်းကြီးကို မလှူရသေးဘူး ။
အိမ်မှာကတည်းက လောဘက စွန့်ပြီးနေပြီ…။
လှူတာက ဘုန်းကြီး လက်ထဲကို ကပ်တဲ့ အချိန်
ကျမှ လှူတာ ။
ဒီတော့ လှူတာနဲ့ လောဘစွန့်တာ
ဘယ်ဟာက အရင်လဲ…။
(လောဘစွန့်တာက အရင်ပါ ဘုရား)
ဒါဖြင့် နိဗ္ဗာန်ရောက်တာနဲ့ လှူတာ
ဘယ်ဟာက အရင်လဲ ။
(နိဗ္ဗာန်ရောက်တာက အရင်ပါ ဘုရား)
အေး ဟုတ်တယ် ။
လှူမယ်လို့ ကြံရွယ်ပြီး
လောဘကို စွန့်လိုက်ကတည်းက
နိဗ္ဗာန်က ရောက်ပြီးနေပြီ…။
လှူတာကနောက်မှလှူတာ ။
ဒီတော့ လှူလို့နိဗ္ဗာန်ရောက်တာလား ။
နိဗ္ဗာန်ရောက်လို့ လှူတာလား ။
(နိဗ္ဗာန်ရောက်လို့လှူတာပါဘုရား)
အေး - မလှူခင်ကတည်းက
နိဗ္ဗာန် ရောက်နေတာပါလားလို့ သိလိုက်တော့ ဒီအလှူက နိဗ္ဗာန်ကို သိပြီးမှ လှူတဲ့အတွက်
ဝိဇ္ဇာဥာဏ်ဦးစီးတဲ့ အလှူဖြစ်သွားပြီ…။
မသိမှု အဝိဇ္ဇာအမှောင်တွင်းမှ
လွတ်ကင်းသွားပြီ…။
ဝဋ်အတွင်းမှ လွတ်ကင်းတဲ့ အလှူဖြစ်သွားပြီ ။
ကဲ - ဒါလောက်ဆိုရင်တော့
ဒါနတရားနဲ့ပတ်သက်လို့
အယူမဝင်ပဲ
ဖြူဖြူစင်စင်နဲ့
ဒါနပြုနိုင်ကြပါပြီနော် ။
ဘုန်းဘုန်းကြီးလည်း မောပြီ ။
မှန်လှပါဘုရား ။ နားတော်မူပါဦးဘုရား ။
အေး - အလှူရှင် ဒကာမကြီးနဲ့တကွ တရား
နာကြတဲ့ ပရိသတ်အပေါင်း သူတော်ကောင်းတို့ ...
ဒိဋ္ဌိ တဏှာ လက်တွင်းမှ လွတ်ကင်းလို့
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ ။
တဒင်္ဂဝိမုတ္တိ ပတ္တံကာမာဝစရ ကုသလစိတ္တံ ။
ကာမာဝစရ - ကုသိုလ်စိတ်ဖြင့်
တဒင်္ဂနိဗ္ဗာန်မှ ဝိက္ခမဘဏနိဗ္ဗာန်
သမုစ္ဆေဒနိဗ္ဗာန်သို့ ရနိုင်ရောက်နိုင်
ကြပါစေကုန်သတည်း ။
သာဓု သာဓု သာဓု ပါ ဘုရား...
(မန္တလေး တောင်ပြင် ငါးစို့တိုက်
ဓာတ်တော်ကြွင်းတော်မူသော
ငြိမ်းချမ်းရေး ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တနန္ဒိယ မဟာထေရ်မြတ် ဟောကြားတော်မူသည် )
Credit, ထိ သိ သတိ စွန်းလွန်းယောဂီ ။

Saturday, May 13, 2017

နှလုံးသွေးကြောကျဉ်းရောဂါအတွက် ဆေးနည်း

အင်္ဂလန်မှ ပါကစ္စတန်သို့ အစည်းအဝေးအတွက် ရောက်ရှိနေသော လူတစ်ဦးသည် ရုတ်တရက် နှလုံးရောဂါကြောင့် ဆေးရုံတက်ခဲ့ရသည်။ နှလုံးခွဲစိပ် ဆရာဝန်ကြီးက ထိုလူနာကိုစမ်းသပ်ပြီး နှလုံးသွေးကြောကျဉ်း
သည့် ရောဂါကြောင့် အသက်အန္တရာယ်ရှိသည့်အတွက် ခွဲစိပ်ရမည်ဖြစ်ကြောင်း၊ မခွဲစိပ်မီ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့ မှာလိုက်ပါသည်။
ထိုလူနာမှာ ဆေးရုံသို့ တစ်လကြိုတင်ငွေ Rs 225,000 ကို ပေးထား၍ ခွဲစိပ်ရက်ရောက်မည့်ရက်ကို စောင့်နေတုန်းမှာပင် သူ့ရောဂါအကြောင်းကို ပါကစ္စတန်မှ တိုင်းရင်းဆေးဆရာကြီး Hazrat Moulana Bashir Saheb ဆိုသူအား ပြောပြလိုက်ပါသည်။
ထိုအခါ ဆရာကြီး Saheb သည် သူကိုယ်တိုင် ဖော်ပေးသောဆေးကို တစ်လတိတိ လိုက်နာသုံးစွဲလျှင် ထိုရောဂါမုချ ပျောက်ကင်းမည်ဖြစ်ကြောင်း ပြောလာသဖြင့် ဆရာကြီး၏ ဆေးကို သောက်သုံးခဲ့ရာ တစ်လပြည့်သောအခါ ခွဲစိပ်ဆရာဝန်ကြီးမှာ သူ့ရောဂါကို စမ်းသပ်ကြည့်ပြီး ခွဲစိပ်စရာမလိုတော့ကြောင်း၊ ပိတ်မိနေသည့် နှလုံးသွေးကြောများလည်း ပြန်ပွင့်နေပြီး နှလုံးမှာလည်း ပုံမှန် ပြန်လည်အလုပ်လုပ်နေပြီဖြစ်ကြောင်း အံ့သြစွာ ပြောပြီး ကြိုတင်ငွေများလည်း ပြန်ပေးခဲ့ပါသည်။
ထို့ကြောင့် ငွေကုန်ကြေးကျများလွန်းလှပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရသည့် နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားနေသူများအတွက် သမားတော်ကြီး Saheb ၏ ရိုးရာဆေးမြီးတိုနည်းကို အများသိအောင် ပြန်လည်မျှဝေပေးလိုက်ပါသည်။
## ဆေးဖော်နည်း
(၁) သံပုယိုသီး (သို့မဟုတ်) ရှောက်သီးအရည် လက်ဖက်ရည်ခွက် ၁ ခွက်
(၂) ဂျင်း(ချင်း)အရည် ၁ ခွက်
(၃) ကြက်သွန်ဖြူ အရည် ၁ ခွက်
(၄) ပန်းသီးရှာလကာရည် (Apple Cider Vinegar) ၁ ခွက် (Apple Vinegar ကို City Mark ကဲ့သို့သောဆိုင်များတွင် ၀ယ်နိုင်သည်)
အထက်ဖော်ပြပါ အမယ်(၄)မျိုးကို ရောစပ်၍ မီးလျှော့ထားပြီး (၁) နာရီခန့်ကြာအောင် (သို့မဟုတ်) ၄ ခွက်တွင် ၃ခွက်ကျန်သည်အထိ ကြိုပါ။
ပြီးလျင် အအေးခံထားပါ။
ပြီးလျှင် ပျားရည်စစ်စစ် လက်ဖက်ရည်ခွက် ၃ခွက်ရော၍ နှံ့အောင်မွှေပြီး ဖန်ပုလင်းတွင် ထည့်ထားကာ သုံးဆောင်နိုင်ပါသည်။
## ဆေးသောက်ရန် အညွန်း နံနက်အိပ်ယာထ အစာမစားမီ ထမင်းစားဇွန်းအပြည့် တစ်ဇွန်းသောက်ပါ။
တစ်နေ့တစ်ကြိမ်ဖြင့် နေ့စဉ် တစ်လတိတိ သုံးစွဲသွားပါက ကျဉ်းနေသော နှလုံးသွေးကြောများ၊ ပိတ်မိနေသော နှလုံးသွေးကြောများလည်း ပြန်ပွင့်သွား၍ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာစေမည်။ ဤဆေးနည်းကို မျှဝေပေးခြင်းဖြင့် တန်ဖိုးရှိလှသော လူ့အသက်ပေါင်းများစွာတို့ကို ကယ်တင်ပေးနိုင်ကြပါသည်။
Credit . အဘမူးလဲ

Friday, May 12, 2017

ထမင်းကောင်းတစ်အိုးရဲ့လျို့ဝှက်ချက်များ

အိမ်ရှင်မများအတွက်
Aung Naing Naychi with KhinMuyar SoeMyint.
ထမင်းကောင်းတစ်အိုးရဲ့လျို့ဝှက်ချက်များ
_______________________________
၁ ။ ရှာလကာရည်
ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်နှစ်စက်ထည့်ပေးရုံဖြင့်အနံ့အရသာကို
ပိုမိုထင်ပေါ်မွှေးပျံ့စေသည့်အပြင်ရာသီဥတုအလွန်ပူပြင်း၍ထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
၂ ။ ဘီယာ
ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာဆန်သစ်လောက်မကောင်းတဲ့ချိန်မှာ
စိတ်ပူစရာမလိုပါဘူး ၊ထမင်းချက်ချိန်မှာဘီယာအနည်းငယ်သာထည့်ပေးလိုက်ပါ
ပေါ်ဆန်းမွှေးကဲ့သို့မွှေးပျံ့တဲ့ထမင်းကိုရရှိမှာဖြစ်ပါတယ်။
၃ ။ မြေပဲဆီ
ထမင်းချက်ရာမှာဆားအနည်းငယ်နဲ့မြေပဲဆီအနည်းငယ်ထည့်ပြီးအသာမွှေပေးလိုက်ပါ
ဆန်ဖွာခြင်းမရှိပဲခံတွင်းတွေ့စေမယ့်ထမင်းကိုရရှိမှာဖြစ်ပါတယ်။
၎ ။ ဆား
လက်ကျန်ထမင်းကိုပြန်နွှေးရာတွင်ဆားအနည်းငယ်ထည့်ပေးခြင်းဖြင့်အနံ့ဆိုးများကို
ပျောက်စေမည့်အပြင်ထမင်းကိုလည်းနူးညံ့စေပါတယ်။
၅ ။ ဆန်အရက် ( အရက်ဖြူ )
ထမင်းကြော်ရာတွင်အရက်သုံးလေးစက်အနည်းငယ်ထည့်ကြော်ပေးပါက
နတ်သုဒ္ဒါပမာထမင်းအရသာကိုရရှိစေမှာဖြစ်ပါတယ်
အကယ်၍ထမင်းကျက်တ၀က်မကျက်တ၀က်အခြေနေမျိုးတွေ့ကြုံနေပါကဆန်အရက်ဇွန်းနှစ်ဇွန်းစာ
ထည့်ပြီးနွှေးပေးခြင်းဖြင့်ထမင်းကိုလုံးဝကျက်စေမှာဖြစ်ပါတယ်။
၆ ။ ရေကျက်အေး
ထမင်းချက်ရာတွင်ရေကျက်အေးဖြင့်ချက်ပေးပါကဆန်မှာပါဝင်တဲ့ဗီတာမင် B1 ဓာတ်ကို
အပြည့်အ၀ရရှိစေမှာဖြစ်ပါတယ်။
၇ ။ ကြက်သွန်မြိတ်
ထမင်းတူးသွားပါကထမင်းကြားထဲကိုကြက်သွန်မြိတ်တစ်ပင်ခဏဖုံးအုပ်ထားလိုက်ပါ
တူးနံ့များယူပစ်သလိုပျောက်သွားစေပါတယ်။
၈ ။ လက်ဖက်ရည် ကြမ်း
ရေနွေးကြမ်းကိုထမင်းချက်ရာမှာထည့်ပြီးသာမာန်အတိုင်းထမင်းရေငှဲ့ချက်လျှင်ရရှိလာတဲ့ထမင်းက
အနံ့အရသာကိုပြည့်စုံစေရုံသာမကအဟာရလည်းအလွန်ဖြစ်စေပါတယ်။
၉ ။ သံလွင်ဆီ
ထမင်းချက်ရာတွင်သံလွင်ဆီအနည်းငယ်ထည့်ပေးပါကဆန်ထဲရှိသကြားဓာတ်တိုးမြှင့်မှုကို
ထိန်းချုပ်နိုင်စေသည့်အပြင်အစာအိမ်ကိုလည်းဥပါဒ်မဖြစ်စေပါဘူး
ဆီးချိုသမားများအတွက်အထူးသင့်လျော်ပါတယ်။
* အိမ်ရှင်မများအရသာပြည့်ဝတဲ့မိသားစုထမင်းဝိုင်းလေးဖန်တီးနိုင်ကြပါစေ *
Credit to Original Writer