လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, April 13, 2012

ဆိတ်ကွယ်ရာ (၄)


NT1  မှ ၂၀၁၂ ခုနှစ် ဧပြီလ ၃ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဟန်ဆောင်ကောင်းသူ ဇတ်လမ်းအားသင့်လျော်အောင် ဘာသာပြန်ပါတယ်။

          South Carolina က အသက် ၁၇ နှစ်အရွယ် ၁၀ တန်းကျောင်းသူ Crystal တစ်ယောက် 1991 နှစ် November လ စနေနေ့ တစ်ညနေ့မှာ သူငယ်ချင်းများနှင့် ပွဲကအပြန်
အိမ်နားက Supermarket မှာ စားစရာ ၀ယ်ရန် ဆင်းနေခဲ့ပါတယ်။ ဖခင် ဖြစ်သူ ငယ်စဉ်ကပင် သေဆုံးသွားသဖြင့် မိခင်မုဆိုးမနှင့် အတူနေထိုင်ကြပါတယ်။

          Crystal ထိုညကပြန်မရောက်တဲ့အတွက် မနက်မှာ မိခင်ဖြစ်သူက Crystal ၏ အရင်နှီးဆုံး ငယ်သူငယ်ချင်း Ken ထံဖုန်းဆက်မေးပါတယ်။ Ken က ယနေ့တစ်နေ့လုံး Crystal နှင့်မတွေ့ဟုပြောပါတယ်။ Crystal နှင့် Ken တို့အလွန်ခင်မင်ကြပြီး နေ့စဉ်လိုလို
ဖုန်းဆက် စကားပြောလေ့ရှိပါတယ်။ Crystal ၏သူငယ်ချင်းများထံ ဖုန်းဆက်မေးသော်လည်း
မည်သည့် သူငယ်ချင်းထံမှ သတင်း မရသဖြင့် ပုလိပ်ဌာန အားအကြောင်းကြားလိုက်ပါတယ်။
Crystal ပျောက် ပြီးနောက်နေ့နံနက်တွင် ရဲ့ကားကို ကျောင်းတွင်ရပ်ထားသည်ကို တွေ့ကြ ရပါတယ်။ ကားထဲမှာ Crystal ရဲ့ ကားမောင်း လိုင်စင်နှင့် အိပ်တွေ့ပါတယ်။

ထိုညနေပိုင်းတွင် အိမ်နားက ကားလမ်းဘေးတွင် အ၀တ်များတစ်ဝက်တစ်ပျက် ကျွတ် နေပြီး ဓါးဒါဏ်ရာများနှင့် အလောင်းတစ်လောင်းတွေ့ကြပါတယ်။ အလောင်းမှာ Crystal ရဲ့ နံမည်ထိုးထားသော လက်စွပ်ဝတ်ထားပါတယ်။ Crystal အမေကလည်း Crystal ဖြစ်ကြောင်း
ထွက်ဆိုပါတယ်။

          အလောင်းကိုစစ်ဆေးရာ လက်ဝဲဘက်ခေါင်းတွင် အရိုးကိုဖေါက်ပြီးဥဏှောက်အထိဝင် နေသော ဓါးဒါဏ်ရာနှင့် လက်ဝဲဘက် လက်တွင်ဓါးဒါဏ်ရာပေါင်း ၃၁ ချက်တွေ့ကြပါတယ်။ ဒီအချက်က Crystal ဟာမသေခင်အထိ သတိ ရှိနေပြီး အစွမ်းကုန်ခုခံခဲ့တာကို သက်သေခံ နေပါတယ်။ Crystal ဟာ ညာသန် ဖြစ်ပါတယ်။ ဘာကြောင့်လက်ဝဲ လက်နှင့်ခုခံ ရသလဲ ? ဥဏှောက်ကိုထိသွားတဲ့ ပထမ ဓါးဒါဏ်ရာကြောင့် ညာဘက်တစ်ခြမ်း သေသွားတဲ့ အတွက် လှုပ်လို့ရသေးတဲ့ လက်ဝဲလက်နဲ့ ခုခံခဲ့တာဖြစ်ပါတယ်။ Crystal ဟာ မသေခင် လိင်ဆက်ဆံခဲ့ တာကိုလည်းတွေ့ရှိ ရပါတယ်။ Crystal ၏ မိန်းမကိုယ်မှ အဖိုမျိုးဥ (sperms) များတွေ့ရှိရ သဖြင့် အကြမ်းဖက်သူ၏ သွေးအမျိုးအစားနှင့် ဒီအန်အေ (DNA) စစ်ရန် ဓါတ်ခွဲခန်းသို့ ပို့ လိုက်ပါတယ်။

ဓါတ်ခွဲခန်း စစ်ချက်က သွေးအမျိုးအစားမှာ O pgm ဖြစ်ပါကြောင်း။ ၎င်းသွေးမျိုးမှာ ရှားပါးသောမျိုးဖြစ်ပြီး လူဖြူ တစ်သန်းမှာ တစ်ယောက်သာရှိတတ်ပြီး၊ လူမည်းများတွင် လူ နှစ်သောင်းငါးထောင်မှာ တစ်ယောက်ရှိတတ်ပါတယ်။

Crystal ၏မှတ်စုများတွင်ရှာဖွေရာ Danti ဆိုသော နံမည် ရေးမှတ်ထားတာ တွေ့ကြ ပါတယ်။ Danti ဟာ အသက် ၃၉ နှစ်ရှိပြီး Crystal ရဲ့မိတ်ဆွေ တစ်ယောက်ကြောင့် သိကျွမ်း ခဲ့ကြတယ်လို့ Crystal ရဲ့ရင်နှီးတဲ့သူငယ်ချင်းတွေက ပြောပါ တယ်။ Danti ဟာ အမျိုးသမီး တစ်ဦးအား မတရားကျင့်မှုဖြင့် တရားဆွဲ ဆိုခံနေရသူ လည်း ဖြစ်ပါတယ်။ Danti ဟာ Crystal ကိုမတရားကျင့်ပြီးသတ်ခဲ့တဲ့ တရားခံဖြစ်ဖို့များတာကြောင့် ၏ သွေးအမျိုးအစားနှင့် ဒီအန်အေ (DNA) ကိုစစ်ဆေးရာ Crystal အလောင်းမှတွေ့သော သွေး၊ DNA တို့နှင့် လုံးဝ မတူ သဖြင့် Danti မဟုတ် ဟူသောအဖြေ ထွက်လာပါတယ်။

          Crystal အသုဘတွင် တစ်မြို့လုံးနီးပါး လူသောင်းနှင့်ချီပြီ လိုက်ပို့ကြပါတယ်။ Crystal
အခေါင်းကို Ken အပါအ၀င် ရင်နှီးသူ သူငယ်ချင်းများကသယ်ဆောင်ကြပါတယ်။ စုံထောက် အဖွဲ့မှ လာရောက် ကြသောလူအုပ်ကြီးအား အမှုပေါ်ပေါက်ရန် ကူညီကြပါရန် မေတ္တာရပ်ခံ ခဲ့ ပါတယ်။

အသုဘချပြီး နောက်တစ်နေ့တွင်မျက်မြင်သက်သေတစ်ဦးက Crystal ၏ကား အနီး တွင် စနေနေ့ညက အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကိုတွေ့ရှိသည်ဟု အကြောင်း ကြားလာပါတယ်။ ၏ထွက်ဆိုချက်များက Crystal ၏မိခင်နှင့် မိခင်၏ ချစ်သူတို့ဖြစ်နေ ပါတယ်။ Crystal မိခင်က သမီးကို မိမိအလွန်ချစ်ကြောင်း ဖြစ်နိုင်လျှင် မိမိအစားပင် သေပေး မည်ဖြစ်ကြောင်းပြောဆိုပါတယ်။ နောက်မှ မျက်မြင်သက်သေက အရက်သောက် ထား သဖြင့် နေ့မှားပြောမိကြောင်း စနေနေ့ည မဟုတ်ဘဲ တနင်္ဂနွေနေ့ည ဖြစ် ကြောင်း ပြင်ဆင် ထွက်ဆိုပါတယ်။ ၎င်းနေ့တွင် Crystal ကားကိုရှာတွေ့၍ Crystal မိခင်နှင့် ၎င်း၏ချစ်သူတို့ ကားကို ဖေါ်ထုတ်ရန် ( identify) သွားခဲ့ခြင်းဖြစ်ပါတယ်။

          အမှုမှာ အစပျောက်နေသဖြင့် Profiler ခေါ်သော အမှုဖြစ်ပျက်ပေါ်မူတည်၍ တရားခံ ၏ ရုပ်ရည်နှင့် စိတ်နေစိတ်ထားကို ဖေါ်ထုတ်နိုင်သော ကျွမ်းကျင်သူအား အမှုဖြစ်ပွါးပုံ အသေး စိတ်ကိုပြောပြပြီး တရားခံ၏ရုပ်ရည်နှင့် စိတ်နေစိတ်ထားကိုဖေါ်ထုတ်စေပါတယ်။  Profiler အနေနှင့် တရားခံဟာ ဘယ်လိုလူမျိုး (လူဖြူ၊လူမည်း)၊ အသက်အရွယ်၊ ပညာ အရည်အချင်း၊ ကြိုက်နှစ်သက်သည့်အရာများ၊ယုံကြည်ကိုးကွယ်မှု စသည်တို့ကိုပြောဆိုနိုင် ပါသည်။ ယခု အမှုတွင် Profiler ၏တွက်ချက်များက တရားခံဟာ အသက် ၂၀ အရွယ်၊ကျန်းမာသန်စွမ်းသူ၊ Crystal အိမ်အနီးအနားတွင်နေထိုင်သူ၊ စိတ်တိုတတ်သူ၊ တရားခံလို့မထင်ရတဲ့ သူ၊ တစ်ခါမှ ဒီလိုမှုခင်းမျိုး မကျူးလွန်ဖူးသူဖြစ်ရမည်ဟု ဆိုပါတယ်။

ထိုအချက်များကြောင့် တရားခံဟာ Crystal ရဲ့သူငယ်ချင်းများထဲက ဖြစ်နိုင်တာမို့
Crystal ရဲ့မိတ်ဆွေ၊ သူငယ်ချင်းအားလုံးအား သွေးစစ်ခွင့်ပေးပါရန်တောင်းဆိုရာ သူငယ်ချင်း၊ မိတ်ဆွေအားလုံး၊ စုစုပေါင်း ၅၂ ဦးသွေးစစ်ရန်လက်ခံကြပါတယ်။ ၅၂ ဦးထဲက နံပတ် ၄၄ ရဲ့ သွေးအမျိုးအစားနှင့် DNA ဟာတရားခံရဲ့ သွေးအမျိုးအစားနှင့် DNA တို့နှင့်တူနေပါတယ်။ နံပတ် ၄၄ ကတော့ Crystal ရဲ့ငယ်သူငယ်ချင်း Ken ဖြစ်နေပါတယ်။ Ken ကိုစစ်ဆေးရာ အခင်းဖြစ်ပွါးချိန်က ၎င်း၏ ချစ်သူနှင့်အတူ ၎င်းအိမ်တွင်ရှိနေကြောင်းထွက်ဆိုပါတယ်။ Ken ၏မိခင်ကလည်း မှန်ကန်ကြောင်းထောက်ခံပါတယ်။ သက်သေ ၂ဦးဖြစ်နေတဲ့ အတွက် သက်သေခိုင်လုံနေပါတယ်။

          Crystal ၏မိခင်အား ထပ်မံစစ်ဆေးရာ Crystal မသေခင် တစ်ပတ်က ရင်ဖွင့်ခဲ့ ဖူးကြောင်း Ken ဟာသူနှင့် အပျော်နေဖို့သာ အစီအစဉ်ရှိကြောင်း သူမအား တကယ်မေတ္တာ မရှိဟု ဆိုပါတယ်။

          Ken အကြောင်းထပ်မံစစ်ဆေးရာ အမှုမဖြစ်ခင် တစ်လခန့်က Ken ကားမောင်းလာစဉ်လမ်းမ သိ၍ မေးသော ၁၇ နှစ်နှင့် ၁၈နှစ်အရွယ်မိန်းမပျိုနှစ်ဦးအား Ken က ၎င်း၏ အင်္ဂါကိုပြခဲ့ သဖြင့် (exhibitionist) အဖြစ်တိုင်းတန်းခဲ့တယ်လို့သိရပါတယ်။ လွန်ခဲ့သည့် ၅ နှစ်ကလည်း အမျိုးသမီးတစ်ဦးအား ဖုန်းဆက်၍ မည်သို့ မတရားကျင့်မည်၊မည်သို့သတ်မည်ဟုခြိန်း ခြောက် ခဲ့ပါတယ်။ ဒီကြောင်းတွေကို Crystal တို့ သားအမိ မသိခဲ့ကြပါဘူး။

          Ken အားစစ်ဆေးနေစဉ် Ken ၏မိခင်က Ken အားစာတစ်ဆောင်ပေးလိုက်ပါတယ်။
စာထဲမှာ (ဘာမှ မပြောနဲ့ မင်းမပြောသမျှ ဘာမှမဖြစ်ဘူးလို့ ရေးထားပါတယ်)။ ဒါပေမဲ့ စစ်ဆေးနေတဲ့ စုံထောက်က စာကို Ken အားမပေးပဲ၊ Ken အား မင်းအမေက ဖြစ်ခဲ့တဲ့ အကြောင်းတွေ အားလုံးဖွင့်ပြော လိုက်တော့လို့ ရေးထားတယ်လို့ ပြောလိုက်တဲ့ အခါမှာတော့ Ken ဟန်မဆောင်ပဲ ဖြောင့်ချက်ပေးပါ တယ်။ (အမှု စစ်ဆေးနေစဉ် စုံထောက်အနေနဲ့ ညာပြောခွင့် ရှိတယ်လို့ဆိုပါတယ်)။

          အမှုဖြစ်တဲ့ညက Ken ကားမောင်းလာစဉ် ညသန်းခေါင်းခန့်တွင် Crystal ကို အိမ် အပြန် လမ်းမှာ တွေ့ခဲတယ်လို့ပြောပါတယ်။ Crystal ကိုကားနှင့်ခေါ်လာပြီးလမ်းတွင် နှစ်ဦး သဘောတူ ဆက်ဆံကြ တယ် လို့ပြောပါတယ်။ (စုံထောက်ကတော့ Crystal က သဘောတူခဲ့ တယ်ဆိုတာကို သိပ်မယုံကြည်ပါဘူး)။ ဆက်ဆံပြီးနောက် Ken က condom မသုံးပဲ ဆက်ဆံ ခဲ့တာ သိသွားတဲ့ အတွက် Ken ကိုဆဲဆိုပြီး သူမကိုယ်ဝန်ရှိသွားလျှင် Ken က မတရားကျင့်ခဲ့ တယ်လို့ တိုင်မယ်လို့ပြောတဲ့အတွက် စိတ်ဆိုးပြီး သတ်ခဲ့ တယ်လိုပြောပါတယ်။

          Ken ဟာသူသတ်ခဲ့တာသိရက်နဲ့ ဘာလို့ သွေးစစ်ဖို့ပေးခဲ့တာလဲ။ ၁၉၉၁ ခုနှစ်လောက် က DNA နည်းပညာစပေါ်ခါစဖြစ်ပြီး မှုခင်းတွေမှာ ကျယ်ကျယ်ပြန့်သုံးတာ မရှိသေးပါဘူး။ ဒီပြည်နယ်မှာ ဒီအမှုမှာ စတင်အသုံးပြုတာဖြစ်ပါတယ်။ ဒါကြောင့် Ken အပါအ၀င် လူထု အနေနဲ့ ဒီနည်းရဲ့ အရာရောက်မှုကို သိပ် မသိကြပါဘူး။ သွေးကနေ သွေးအမျိုးအစားပဲ စစ်လို့ ရမည်လို့သာ သိနေကြတဲ့ အချိန်ဖြစ်ပါတယ်။ သွေးအမျိုးအစားက အေ၊ဘီ၊အို၊နှင့် Rh အမျိုး အစား နဲ့သူ့အောက်က (subtypes) တွေလောက်သာရှိတဲ့ အတွက် သွေးအမျိုးအစားတူသူ တွေရှိနိုင်ပါတယ်။ ဒါကြောင့် သွေးအမျိုးအစားတူရုံနဲ့ တရားခံလို့ အတတ် မပြောနိုင်ပါဘူး။ အမျိုး မတူရင်သာ မဟုတ်ဘူးလို့ငြင်းနိုင်တာပါ။ လူတစ်ယောက်မှာ DNA ပေါင်း ၃ ဘီလယံ ကျော် ရှိပါတယ်။ လူတစ်ယောက်ရဲ့ DNA ဟာသူ့ရဲ့ ကိုယ်ပိုင် တခြားသူတွေနဲ့ မတူတဲ့ အမှတ် အသား ပါ။ ဒါကြောင့် DNA တူရင်တော့ တရားခံလို့ ပိုင်ပိုင်နိုင်နိုင်ပြောနိုင်ပါတယ်။


No comments:

Post a Comment