လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, September 19, 2012

ခြင် (mosquito) မျိုးပြုတ်အောင်တိုက်ကြည့်ခဲ့တယ်။



စက်တင်ဘာလ ၁၆ ရက် ၂၀၁၂ ရက်နေ့မှာ ပါဏာတိပါတကံဟာသဘာဝကိုဆန့်ကျင် နေတာ လားဆိုတဲ့ခေါင်းစဉ်နဲ့ အရှင်ကောမလ(ခ)ဆန်နီနေမင်းဆိုဒ်မှာ  ခြင်လို ပိုးမွား မျိုးကို မသတ်ပဲ လွှတ်ပေး လိုက်ရင် ခြင်တွေဟာ ပေါက်ပွားရှင်သန်မှုများမယ် လူတွေ အသတ်ပါဆုံးရှုံးနိုင်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတွေများပြီး အဲလို ဘယ်သတ္တဝါမှ မသတ်ပဲ ရောဂါဖြစ်နိုင်တဲ့ သတ္တဝါတွေ များလာမယ်ဆိုရင် လူတွေ သေကြေနိုင်တယ်လို့ဘာသာခြားတွေကပြောကြောင်း။ အဲဒီတော့ ဗုဒ္ဓဘာသာတွေဟာ သတ္တဝါတွေကို မသတ်ပဲရှောင်တယ်။ ဒါပေမယ့် လူအချင်းချင်းပြန်သတ်နေတာနဲ့တူတူပါပဲတဲ့။

ဖြေ။ ။ ပိုးမွှားတွေသတ်မှ ရောဂါကင်းမယ်လို့ တစ်ထစ်ချ သတ်မှတ်လို့မရပါဘူး။ တောရွာတွေမှာနေတဲ့လူတွေ ဘယ်ပိုးမွှားမှ မသတ်ပါဘူး။ သူတို့တွေ အသက်ရှင်ကျန်းမာ လျက်ရှိကြပါတယ် လို့ဦးဇင်းကအချက်ကျကျပြန်ဖြေထားပါတယ်။
တပည့်တော်ကဦးဇင်းဖြေထားတာကိုထောက်ခံထားတဲ့ကမ္ဘာသက်သေကို စုဆောင်းဖေါ်ပြလိုက်ပါတယ်။


၁၈၇၄ မှာ DDT (dichlorodiphenyltrichloroethane)  ဆိုတဲ့ ပိုးသတ်ဆေး တစ်မျိုးကို တည်ထွင် အောင်မြင်ခဲ့ပါတယ်။ ၁၉၃၉ ခုမှာ ဒီဆေးဟာ ငှက်ဖျားပိုးသယ်ဆောင်တဲ့ ခြင်နဲ့ တိုက်ဖက်ပိုး သယ်ဆောင် တဲ့သန်းတွေကိုအောင်မြင်စွာသတ်နိုင်ကြောင်းကို Swiss chemist Paul Hermann Müller က ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း မှာတွေ့ရှိခဲ့တဲ့အတွက်  ၁၉၄၈ ခုနှစ်မှာ ဆေးပညာဆိုင်ရာနိုဘယ် ဆုကိုရရှိခဲ့ပါတယ်။  DDT ဆေးရဲ့ အစွမ်းသတ္တိကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာနဲ့အ၀ှမ်း ငှက်ဖျားရောဂါ အမြစ်ဖြတ် တိုက်ဖျက်ရေး အစီအစဉ် (Giobal Malaria Eradication ၁၉၅၅-၁၉၆၉ ) ကိုရေးဆွဲပြီး ငှက်ဖျားပိုးသယ်ဆောင်တဲ့ခြင်များကိုအမျိုးဖြုတ်သတ်ခြင်းဖြင့်ငှက်ဖျားရောဂါပပျောက်အောင်လုပ်ဖို့ (WHO) အဖွဲ့ဝင်နိုင်ငံ အားလုံးမှာ ငှက်ဖျားရောဂါ အမြစ်ဖြတ်တိုက်ဖျက်ရေးလုပ်ဆောင်ကြပါတယ်။  အထိမ်းအမှတ် တံဆိပ်ခေါင်း များလည်းထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ WHO စစ်တန်းအရ ၂၀၁၀ မှာ  ၂၁၆ သန်း ငှက်ဖျားဖြစ်ပွါးခဲ့ပြီး ၆၅၅ သိန်း သေဆုံးခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ၁၉၆၃ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွါးသူ တစ်နှစ်ကို   ၃ သန်းဖြစ်ပွါးရာက ၁၉၆၄ ခုနှစ် DDT ဆေးဖြန်းပြီးနောက် ငှက်ဖျားဖြစ်ပွါးသူ ၁၈ ယောက် အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၈ ခုမှာ ငှက်ဖျားလူနာ ၆သိန်းအထိထိုးတက်ခဲ့ပါတယ်။ ငှက်ဖျားပိုးသယ်ဆောင်တဲ့ခြင်တွေ DDT ဆေးကို မကြောက်ကြတော့လို့ပါပဲ။

ကမ္ဘာမှာ ယနေ့အထိရှာဖွေတွေ့ရှိထားတဲ့ခြင်အမျိုးပေါင်း ၃၅၀၀ ကျော်ရှိပါတယ်။ အဲ့ဒီခြင်တွေထဲမှာ Anopheles ဆိုတဲ့ခြင်မျိုးတစ်မျိုးပါပါတယ်။ Anopheles ခြင်မျိုးမှာမှ အမျိုးပေါင်း ၄၆၀ ထပ်ရှိပါတယ်။ အဲ့ဒီ ၄၆၀ ထဲက လူကိုငှက်ဖျားရောဂါဖြစ်စေနိုင်တဲ့ Anopheles ခြင်မျိုးက ၃၀-၄၀ သာ ရှိပါတယ်။ အဲ့ဒီ အနည်း ငယ်မျှသော ခြင်မျိုးကို ကမ္ဘာ ပေါ်မှာရှိတဲ့လူတွေအား လုံး တက်တက်ကြွကြွ  တက်ညီလက်ညီ   တိုက်ခဲ့တာတောင်မအောင်မြင်ခဲ့ပါဘူး။ 

 
                                                  မြန်မာနိင်ငံ
 
Brunai
 
 
 
 
England
 
 
 
Germany
 

ကျမ်းကိုး

၁။http://www.who.int/bulletin/volumes/86/2/07-050633/en/
၂။ http://en.wikipedia.org/wiki/Malaria

Friday, September 14, 2012

ရှင့်လည်းလျှောက်သာပျားလည်းဆွဲသာ မဲ့နည်း။


 
World of wisdom ပို့စ်မှာ ယခုနှစ်မေ ၂၅ ရက်မှာ ဒကာမတစ်ဦးက မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးများ နောက်ဆက်တွဲ အနေနဲ့ ကိုယ်ဝန်ဆောင်ရခြင်းဒုက္ခ၊ ဖခင်မပေါ်တဲ့ ကလေးကို မွေးဖွားခြင်းကြောင့် လူ့အသိုင်းအ၀ိုင်းထဲမှာ မျက်နှာ မပြ နိုင်ပဲ၊ လူမှု့ရေး ဒုက္ခများကိုပါခံစားကြရကြောင်း၊ အဲဒီလို အနှိပ်စက်ခံ မိခင်လောင်း အမျိုးသမီးလေးတွေကိုကူညီပေး မိပါက၊ ပါဏာတိပါတကံထိုက် ပါသလားလို့မေးထား ပါ တယ်။

ဆရာတော်မှ- ဘုရားဟော တရားတော်တွေကို ထောက်ဆဖြေပေးရရင်ဖြင့် ပါဏာတိပါတကံ ထိုက်တယ် လို့ မှတ်ရ မယ်ဖြစ်ကြောင်း ပါဏာတိပါတအကုသိုလ်ကံမှာ လူသားကို ဖြစ်စေ တိရိစ္ဆာန်တွေကို ဖြစ်စေ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် သေစေတဲ့ အင်္ဂါ ချက် စုံရင် ကံမြောက်ကြောင်းဖြေဆိုထားပါတယ်၊

ပါဏာတိပါတ အင်္ဂါ -ပါး
(
) ပါဏ- သက်ရှိထင်ရှား သတ္တ၀ါဖြစ်ခြင်း၊
(
) ပါဏသညိတ- သက်ရှိသတ္တ၀ါဟု သိနေခြင်း၊
(
) ဃာတ စိတ္တ- သတ်လို သေစေလိုသောစိတ်ရှိခြင်း၊
(
) ဥပက္ကမ- သေအောင် ပါးစပ်ဖြင့်လည်းကောင်း၊ ကိုယ်တိုင်အားထုတ်၍လည်းကောင်း လုလ္လပြု ခြင်း၊
(
) မရဏ- ကိုယ့်ပယောဂကြောင့် တဖက်သား သေသွားခြင်း။

ရှောင်လွှဲနိုင်တဲ့ နည်းကတော့ နစ်ဦးသား စပ်ယှက်ပြီးချိန်မှနောက် () ရက်ကျော်လွန်လျင် ကလလရေကြည် တည်တယ်၊ အဲဒီအချိန်မှာ ကိုယ်ဝန်သန္ဓေသား အသက် ၀ိဥာဉ် ရှိနေပြီ လို့ မြတ်စွာ ဘုရားရှင် ဟောတော်မူထားတာကြောင့် အဲဒီ ရက်အတွင်း ဆေးစား ဆေးထိုးလုပ်ရင်ဖြင့် ပါဏာတိပါတကံ ကို ရှောင်နိုင်ပါမယ်။ လို့ဖြေဆိုထားပါတယ်။

ယခုခေတ်မှာ အရေးပေါ်သန္ဓေတားဆေးတွေပေါ်ပေါက်လာပါတယ်။ ဒီအရေးပေါ် သန္ဓေတားဆေး ဆိုတာက လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာ ဆေးသောက်ရင် သန္ဓေမတည်နိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဆေးက ယောက်ျား မျိုးဥ (sperm) ကိုသတ်ပြစ်လို့ပါ။ မြန်မာပြည်မှာ Cipla ကုမ္မဏီက ထုတ် တဲ့ Pill 72 ကို Vimal Company က တင်သွင်း လို့ ၀ယ်ယူရရှိနိုင်တယ်လို့ဆိုပါတယ်။ အဲ့ဒီဆေးက ဆေးလုံးနှစ်လုံးပါပြီး၊ ပထမဆေးတစ်လုံးသောက်ပြီး ၁၂ နာရီကြာ ရင်နောက် တစ်လုံးသောက်ရမယ်လို့ဆိုပါတယ်။ ဆေးသောက်ပြီး ပျို့အံနေခဲ့ရင်ပြန်သောက်ရပါမယ်။ ဆေးလုံး တစ်လုံး သာသောက်ရတဲ့ အရေးပေါ်သန္ဓေတားဆေးတွေလည်းထပ်ပေါ်လာပြီးလို့သိရပါတယ်။


 
ယောက်ျားမျိုးဥ (sperm) တွေဟာအခြားသောဆဲလ်တွေလိုပဲ အမမျိုးဥ (ovum) နဲ့မပေါင်းရင် သန္ဓေသားလည်း မဖြစ်နိုင်၊ အသက် ၀ိဥာဉ်လည်းမရှိတာမို့ ပါဏာတိပါတ အကုသိုလ်ကံလည်း ထိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မုဒိန်းမှုလို အမှု မျိုးမှာအရေးကြီးတဲ့ကိစ္စတွေလုပ်ဖို့ရှိပါတယ်-

၁။ ပထမအနေနဲ့ မုဒိန်းမှုကျူးလွန်ခံရတာကိုအရေးယူဖို့အတွက်ဆေးရုံကိုသွားရောက်ဆေးစစ်ခံဖို့လိုပါ တယ်။ ဆေးရုံမှာ ဆေးစစ်ခြင်းအားဖြင့် ဒါဏ်ရာအခြေအနေကိုသိနိုင်၊ကာကွယ်ကုသနိုင်တဲ့အပြင်၊ရုံတော် မှာသက်သေပြနိုင်ပါတယ်။ ယခု ခေတ်မှာ မိန်းမကိုယ်မှာကျန်ခဲ့တဲ့မုဒိန်းသမားရဲ့ ယောက်ျားမျိုးဥ (sperm) တွေ ကနေမုဒိန်းသမားကိုရှာဖွေနိုင်ပါတယ်။

၂။ လိင်ဆက်ဆံမှုကြောင့်ကူးဆက်တတ်တဲ့ ဆိုးဝါးသောလိင်ရောဂါတွေ ဥပမာ AIDS ရောဂါ၊ စစ်ဖလစ် ရောဂါ၊ ဂနိုရောဂါ စတာတွေ မကူးဆက်အောင်၊ နဲ့ကူစက်မိသွားရင်အမြန်ဆုံးကုသနိုင်ဖို့ ဆရာဝန်နဲ့ဆက်လက်ဆေးစစ်ဆေး မှုများပြုလုပ်ဖို့ လည်းလိုအပ်ပါတယ်။

မုဒိန်းကျင့်ခံရသူနဲ့ မိသားစုရဲ့စိတ်ဓါတ်ပြောင်းဖို့လိုပါတယ်။ မုဒိန်းကျင့်ခံရတာကိုယ့်အပြစ်မဟုတ်ပါဘူး၊ ပတ်ဝန်ကျင်က နားမလည်လည်းကိစ္စမရှိပါဘူး။ အကုသိုလ်လုပ်တာမဟုတ်တဲ့ အတွက်ရှက်စရာ မဟုတ်ပါ ဘူး။ ဆေးစစ်ခံခြင်း၊ တရားရုံတွင် သက်သေခံခြင်းဖြင့် နောင်အမျိုးသမီးများ မုဒိန်းကျင့်ခံရခြင်းမှ ကာကွယ် နိုင်မှာဖြစ်တာကြောင့် ကုသိုလ်ပြုရာရောက် လို့ဂုဏ်ယူရမှာပါ။

၎။ သတိထားရမဲ့အချက်က ဘယ်သန္ဓေတားဆေးမှ ၁၀၀ % မကာကွယ်ပေးနိုင်ဘူးဆိုတာပါပဲ။  များသော အားဖြင့် ၉၀ ရာခိုင်နှုန်းကျော်တော့ စိတ်ချရပါတယ်။ ဒါကြောင့်သန္ဓေတားဆေးသောက်ထား တယ်ဆိုပြီး မေ့မေ့ လျော့လျော့ မနေ သင့်ပါဘူး။


တိုက်ဆိုင်လာလို့ဗဟုသုတအနေနဲ့ အခြားသောသန္ဓေတားနည်းများနဲ့ ၎င်းတို့ရဲ့ အကျိုးကျေးဇူး များကို ဖေါ်ပြလိုက်ပါတယ်။ သန္ဓေတားနည်းများကို contraception လို့ခေါ်သလို Birth control, fertility control, family planning, safe sex  လို့လဲခေါ်ပါတယ်။

၁။ ယောက်ျားမျိုးဥ (sperm) နဲ့ အမျိုးသမီးမျိုးဥ (ovum) မပေါင်းမိစေရန်အတွက် ယောက်ျားလိင်အင်္ဂါတွင် (condom-အဖေါ်) ခေါ် အစွပ် စွပ်ထားခြင်း။ ဤနည်းဖြင့် AIDS ရောဂါ၊အပါအ၀င် လိင်ဆက်ဆံခြင်း ကြောင့် ကူးဆက်သောရောဂါ (sexually transmitted disease STD) တော်တော်များများ ကို ကာကွယ် နိုင်ပါတယ်။ ဒီနည်းက အစားအစာရောင်းသူများ လက်မှရောဂါများအစားများသို့မကူရန် လက်အိပ်စွပ် ကိုင်တွယ်တာနဲ့အလားတူပါတယ်။

ယောက်ျားလိင်အင်္ဂါအတွက် (condom-အဖေါ်)။

 
 


၂။ ယောက်ျားလိင်အင်္ဂါတွင်အစွပ်စွပ်သကဲ့သို့ မိန်းမကိုယ်တွင်စွပ်သောအမျိုးသမီး (condom) လည်း အသုံးပြုနိုင်ပါတယ်။ ဤနည်းဖြင့်လည်း STD ရောဂါတော်တော်များများကို ကာကွယ်နိုင် ပါတယ်။ ဒီနည်း ကိုဆေးဗဟုသုတရှိသောအနောက်နိုင်ငံမှ လိင်ကိစ္စဖြင့်အသက်မွေးသောသူများ (sex worker) အသုံးပြု လေ့ရှိပါတယ်။ ဒီနည်းကအမှိုက်ပုံများမပေရန် ပလပ်စတစ်အိပ်စွပ်ထားသည်နဲ့တူပါတယ်။ ဆိုဒ် (size) အမျိုးမျိုးရှိပါတယ်။ မိန်းမကိုယ်အပြင်၊ကျင်ကြီးပေါက်တွင်လည်းအသုံးပြုနိုင်သည်။

အမျိုးသမီး (condom)


 

၃။ လိင်ဟောမုန်းများသောက်ခြင်း၊ကိုယ်တွင်ကပ်ခြင်း၊ထိုးခြင်း။ ဒီနည်းများက ရောဂါကူးဆက်ခြင်းကို မကာကွယ်နိုင် ပါဘူး။ နောက်ပြီး နေ့စဉ်ဆေးသောက်ရတဲ့ဆေးမျိုးမှာ မေ့ပြီးမသောက်မိရင်ကိုယ်ဝန် ရှိနိုင်ပါတယ်။ အမြဲဆွဲသောက်ရင် အချို့ဆေးများက ကိုယ်အလေးချိန်တိုးခြင်း၊ သွေးတွင်း အဆီများခြင်း နှင့် ၎င်းကြောင့်ဖြစ်သော သွေးတိုးရောဂါနှင့် နှလုံးရောဂါများဖြစ်နိုင်ပါတယ်။ အချို့အမျိုးသမီးများမှာ ဆေးရပ်သော်လည်းခလေးမရတော့ခြင်းစသည်များဖြစ်တတ်ပါတယ်။




၎။ ဆရာဝန်များနှင့်သားအိမ်အတွင်း၌ ပစ္စည်းငယ်လေးများ (intrauterine devices (IUDs)) ထဲ့ထားခြင်း။ ဒီနည်းမှာ ထဲ့ထားသော IUDs များသားအိမ်အတွင်းရှိနေတယ်ဆိုတာ သေခြာဖို့လိုပါတယ်။ အချို့အမျိုး သမီးများမှာထဲ့ထားသော IUDs များထွက်ကျသွားတဲ့အတွက်ကိုယ်ဝန်ရသွားတတ်ပါတယ်။ ဒီနည်း ကလည်း လိင်ရောဂါများကိုမကာကွယ်နိုင်ပါဘူး။







၅။ သားကျော်ဖြတ်ခြင်း။ အမျိုးသား (၀ါ) အမျိုးသမီး သားကျော်များကိုခွဲစိပ်၍ဖြတ်ထားနိုင်ပါတယ်။ ဒီနည်းကလည်း လိင်ရောဂါများကိုမကာကွယ်နိုင်ပါဘူး။ ဒီနည်းကို များသောအားဖြင့် မိသားစုပြည့်စုံ နေသော အိမ်ထောင်သည်များတွင် ပြုလုပ်လေ့ရှိပါတယ်။ ရှားရှားပါးပါး တစ်ခါတစ်ရံဖြတ်ထား သော သားကျော်သူ့အလိုလိုပြန်ဆက်ပြီး ခလေးရရှိတာ မျိုး မှတ်တမ်းများရှိပါတယ်။


၆။ အမျိုးသမီးရဲ့မိန်းမကိုယ်မဟုတ်ပဲ ပါးစပ်ပေါက်၊ကျင်ကြီးပေါက်များဖြင့်လိင်ဆက်ဆံခြင်း။ STD ရောဂါများ ကူးဆက် မှုနည်းတယ်လို့ဆိုပါတယ်။

ရ။ အမမျိုးဥကြွေချိန်ကိုရှောင်၍လိင်ဆက်ဆံခြင်း။ အမမျိုးဥကြွေချိန်ကများသောအားဖြင့် မီးရပ်စ လာ သည်မှ ၁၄ ရက် အတွင်းဖြစ်တတ်ခြင်း(အမျိုးသမီးတစ်ဦးနှင့်တစ်ဦးကွာခြားခြင်း၊တစ်ဦးတည်းမှာ ပင် တစ်လနှင့်တစ်လ ၈-၂၀ရက်အထိ ကွာနိုင်ခြင်း)၊ အမမျိုးဥကြွေချိန်မှာ အမျိုးသမီးရဲ့ကိုယ်အပူချိန် တစ် ဒီဂရီဖါရင်ဟိုက်ကျတာမို့ နေ့စဉ်ကိုယ်အပူချိန် ချိန်ပြီး မျိုးဥကြွေချိန်ကို လေ့လာခြင်း၊ကလေးနို့တိုက် သော မိခင်းများမှာ မျိုးဥမကြွေ တတ်ခြင်း စသော အကြောင်းများ ကြောင့် ဒီနည်းကို အချို့အသုံးပြုကြပါတယ်။ ဒီနည်းက မသေခြာတာကြောင့် ကိုယ်ဝန်တစ်ကယ် မလိုချင် သူများ မသုံးသင့် ပါ ဘူး။

၈။ (Withdrawal or pulling out ) လိင်ဆက်ဆံစဉ်အမျိုးသားမှ၎င်းရဲ့ သုတ်ရည်များ (ejaculation) ကိုမိန်းမကိုယ် အပြင်သို့ ထုတ်ပြစ်ခြင်း။ ဒီနည်းက အမျိုးသားအနေနဲ့ကျွမ်းကျင်စွာ အချိန်မှီမလုပ် တတ် ရင်ဖြစ်ဖြစ်၊ ၄၁% သော အမျိုးသားများတွင် ယောကျာ်းမျိုးဥများ သုတ်ရည်မထွက်ခင်က ရှိနေတတ်တာ ကြောင့် ကိုယ်ဝန်ရဖို့အခွင့် အရေးပို များပါတယ်။ လိင်ရောဂါတွေကိုလည်းမကာကွယ်နိုင်ပါဘူး။

 

ကျမ်းကိုး

၁။http://en.wikipedia.org/

၂။ ဒေါက်တာသက်တန့်ချိုဆိုဒ်မှ သူနဲ့တွေ့မှစိတ်ချရပြီ။

Monday, September 10, 2012

ကမ္ဘာအမွှာနဲ့ ဗုဒ္ဓဘာသာ။


ကမ္ဘာနှင့် သွင်ပြင် လက္ခဏာအပြင် ဖွဲ့ စည်းတည်ရှိမှု ပုံသဏ္ဍန် ပါတူညီသည့် ဂြိုလ်သစ် တစ်လုံးကို အမေရိကန် အမျိုးသား အာကာသသိပ္ပံ (NASA) နက္ခတ်ပညာရှင်များမှ တွေ့ရှိသည်။ ထို ဂြိုလ်ကို ကမ္ဘာ့ အမြွှာပူး ဂြိုလ်ဟု နာဆာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ဆိုတဲ့သတင်း ကိုဖတ်လိုက် ရတော့မြတ်ဗုဒ္ဓရဲ့တရားတော်တွေကို သိပ္ပံပညာတိုးတက်မှုက ထပ်မံထောက်ခံ လိုက်ပြန်ပြီးလို့ဝမ်း မြောက် မိပါတယ်။


မြတ်ဘုရားဟာလွန်ခဲသော နှစ်ပေါင်း ၂၆၀၀၊ သိပ္ပံပညာ မထွန်းကားခင်ကပင် စကြာဝဠာအန္တ၊ သတ္တ၀ါ အန္တ ရှိကြောင်းဟောတော်မူခဲ့ပါတယ်။


အကုသိုလ်လုပ်တဲ့သူတွေ ငရဲမှာခံကြရပြီ၊ အဲဒီအကုသိုလ်တွေထဲမှာမှ နိယျာတ ဒိဋ္ဌိခေါ်တဲ့ ကုသိုလ် ဆိုတာလည်းမရှိဘူး။ အကုသိုလ်ဆိုတာလည်းမရှိဘူးလို့ လွဲမှားစွာ ဆွဲဆွဲလမ်းလမ်း အယူမှားတဲ့ သူများ ဟာ ကမ္ဘာကြီးပျက်သွားရင်တောင်သူတို့တွေ ငရဲကမလွတ်ပဲ နောက်ကမ္ဘာမှာရွှေ့ပြောင်းခံရတယ်လို့လည်း ဟော တော်မူခဲ့ပါတယ်။


ဒါပေမဲ့ မျက်မြင်မှ ယုံတယ်။ သက်သေပြနိုင်မှယုံတယ်။ ရမ်းမယုံနိုင်ဘူး။ တို့က လက်တွေ့သမား ငရဲနဲ့ခြောက်လည်းမကြောက်ဘူး၊နတ်ပြည်နဲ့ဆွဲလည်းမရဘူး ဆိုသူတွေ ယခုခေတ်မှာအလွန်များပါတယ်။ တစ်ချို့ဆို Sciencetology ဆိုပြီး သိပ္ပံပညာကိုပင် ဘာသာ တရားအနေနဲ့ကိုးကွယ်လာကြတဲ့ အထိ ဖြစ် လာ တာတွေ့ရပါတယ်။ သူတို့အထင်ကြီးတဲ့ သိပ္ပံပညာက ပြတဲ့ ဒုတိယကမ္ဘာလုံးကို ဘယ်လိုယူဆမလဲ။ ဒီကမ္ဘာ လုံးက အခုမှပေါ်လာတာမဟုတ်ပါဘူး။ အခုမှတွေ့နိုင်လာတာပါ။


လူတွေရဲ့မျက်စိက အမြင်အား အလွန်နည်းပါတယ်။ ကျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပိုးကောင် လေးတွေ ဥပမာ ကျမတို့သောက်တဲ့ရေထဲမှာရှိတဲ့ ရောဂါဖြစ်စေတဲ့ပိုးတွေကိုတောင်မမြင်နိုင်ပါဘူး။ မြင်ရင်တော့ ဘယ်သူမှ ရေသောက်ချင်မှာ မဟုတ်တော့ပါဘူး။

ကျမတို့ နေ့စဉ် အသက်ဆက်ဖို့အတွက် ရူနေတဲ့ “လေ” ဆိုတာကို လည်းဘယ်သူမှမမြင်နိုင်ပါဘူး။

အသံလှိုင်းရုပ်(waves) များကိုလည်းမမြန်နိုင်ပါဘူး။ နားကတော့ မမြင်ရတဲ့အသံတွေကို ကြား နေတယ်။

ချို၊ချဉ်၊ငံ၊စပ်၊ဖန်၊ခါးဆိုတဲ့ နေ့စဉ်အရသာခံနေတဲ့ အရသာအမျိုးမျိုးကိုလည်းမမြင်နိုင်ပါဘူး။ လျှာကသာ အရသာကိုသိနေတာပါ။

ဒီအတိုင်းပဲ နှခေါင်းကသာ အနံ့အမျိုးမျိုးရှိမှန်းသိနိုင်ပါတယ်။ မျက်စိကတော့ မမြင်နိုင်ပါဘူး။

မျက်စိက အကုန်မမြင်နိုင်သလို၊ မြင်တိုင်းလည်းမမှန်ပါဘူး။ မျက်လှည့်၊ လက်လှည့်ပွဲတွေ မြင်ဖူးကြ ပါလိမ္မယ်။ စက္ကူစုပ်တွေကနေ ပိုက်ဆံတွေ အထပ်လိုက် ပြောင်းပစ်တာ မြင်ဖူးမှာပါ။

ကျမတို့ရဲ့မျက်စိက သေးငယ်တာလဲမမြင်နိုင်၊ ဒုထယ် (density) မရှိတာလည်း မမြင်နိုင်၊ ဖုံးကွယ် ထားတာကိုလည်း မမြင်နိုင်တဲ့အပြင် အလွန်လျှင်မြန်စွာ ပြောင်းလဲ နေတာ ကိုလည်း မမြင်နိုင်သလို၊ အလွန် နှေးကွေးစွာ ပြောင်းလဲ နေတာတွေကိုလည်း မမြင်နိုင်ပါဘူး။

ယခုရုပ်ရှင်(movie) ဆိုတာ ရုပ်ပုံတွေကို တစ်စက္ကန့်မှာ (၁၆) ပုံပြတဲ့အခါ ကျမတို့ မျက်စိက အဲ့ဒီ လောက်မြန်တာကို တစ်ပုံချင်း ခွဲခြားပြီး မမြင်ပါဘူး။ ဒါကြောင့် လှုပ်ရှားနေတဲ့ အရုပ်တွေအနေနဲ့ မြင်တာပါ။

    ကျမတို့အားလုံး မွေးဖွါးတဲ့အချိန်ကစပြီး စက္ကန့်နဲ့အမျှ ရုပ်ဟောင်းတွေ နေရာမှာ ရုပ်သစ်တွေနဲ့ အစား ထိုးနေပါတယ်။ ဒါပေမဲ့ ရုပ်သစ်တွေက ရုပ်ဟောင်းတွေနဲ့ (၉၉.၉%) ခန့်တူနေတာမို့(ဒါပေမဲ့ တစ်ဖြည်း ဖြည်း ပိုပိုအိုလာတဲ့ဇရာရုပ်) တွေနဲ့အစားထိုးနေတာမို့ ရုပ်တွေတစ်ဖြည်းဖြည်းချင်းအိုသွားတာကို ကျမတို့မျက်စိက မမြင်ပါ ဘူး။ ဒါကြောင့် ဒီရုပ် ဒီရုပ်ပဲလို့ ထင်ကြပါတယ်။ တစ်နှစ်ခြားပြီး ရိုက်ထားတဲ့ ဓါတ်ပုံ နှစ်ခုကို ယှဉ်ကြည့်မှသာ ခြားနားချက်ကို မြင်ပါတယ်။ ကျမတို့ရုပ်တွေ တစ်နှစ်မှ တစ်ခါ ခုန်ကျော်ပြီး ပြောင်း သွားတာမဟုတ်ပါဘူး။

        ဒိဗ္ဗစက္ခုဆိုတဲ့ နတ်မျက်စိလို ဉာဏ်မျက်စိ ရရင်တော့ ရဟန္တာအရှင်မြတ်များရဲ့ ကိုယ်ခန္ဓာက လွဲရင် ဖုံးကွယ်ထားသမျှ ပညတ်ရုပ်တွေအားလုံးကို ဖေါက်ထွင်းပြီးမြင်နိုင်ပါပြီ။

ဒါကြောင့် စွမ်းအားနည်းလှတဲ့ သာမန်လူသားမျက်စိကို “ စံ ” ထားပြီး အမှန်တရား ရှာမယ် ဆိုရင် တော့ အမှားတွေကိုမြင်ပြီး၊ အမှားတွေကို အမှန်တွေလို့ ကောက်ချက်ချကြမယ်၊ ယုံကြမယ်ဆိုတာ မြေကြီး လက်ခတ် လွဲမှာ မဟုတ်ပါဘူးလို့ သတိတရားထားကြစေလိုပါတယ်။

တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး။
ငရဲရှိတယ်၊ တိရစ္ဆာန်ရှိတယ်၊ ပြိတ္တာရှိတယ်။
လူနုံ၊ လူမွဲ၊ လူဆင်းရဲ၊ ရှိတယ်။
သေရဦးမယ်၊ သတိထား။

လူတွေဟာ ကိုယ့်ဉာဏ်ကမမှီလျင်
သူတပါးသိတာတွေကိုလဲ မယုံကြည်ကြ၊
အမှန် မထင်တတ် ကြဘူး၊

အမှန်တရားမြင်နိုင်တဲ့အသိဉာဏ်တွေရကြပါစေ။