လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, September 30, 2016

တရားကို စမ်းပြီး ထိုင်ဘူးကြည့်ချင်သူများအတွက် တရားရှုမှတ်နည်း

ခန္ဓာ-၅ပါး တစ်ဦး
တရားကို စမ်းပြီး ထိုင်ဘူးကြည့်ချင်သူများအတွက် တရားရှုမှတ်နည်း
•••••••••••••••••••••••••••••••••
ယခု မျက်မှောက်ကာလမှာတော့ ဝိပဿနာ အားထုတ်ကြသူ များပြ...ားလာသည့်အလျောက်၊ တစ်ချို့ တစ်ချို့ သော ပုဂ္ဂိုလ်များက လည်း မိမိတို့ နဲ့ နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း တွေ က ဝါတွင်းမှာ ဥပုဒ် သီလစောင့်တည်ကြတာတွေ၊ တရားတွေ အားထုတ်လာကြတာတွေ ရှိလာကြတော့ တရားနဲ့ ဝေးကွာနေသူမဟုတ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူများတွေလို တရားအားမထုတ်ဖြစ်ဘဲ.. အသက်ကလေးကရလာလို့ ၊ ကျန်းမာရေးလေးက ချို့ ယွင်းစပြုလာလို့ စတဲ့ ခုလိုအချိန်ကျမှ မိမိရဲ့ စိတ်သဏ္ဌန်မှာ သူတို့ တွေလို တရားထိုင်ချင်စိတ်၊ တရားကို စမ်းပြီး အားထုတ်ချင်စိတ်တွေ ဖြစ်လာပါတယ်။ ဖြစ်လာတဲ့ သူတွေလည်းရှိပါတယ်။
အဲဒီလို ပုဂ္ဂိုလ်တွေဟာ တရားဘယ်လို အားထုတ်ရတယ် ဆိုတာ တစ်ခြားသူကို မေးမြန်ဖို့ အကြောင်းတစ်စုံတစ်ခုကြောင့် မေးဖို့ အခက်ခဲရှိတဲ့ ပုဂ္ဂိုလ်တွေ လည်း ရှိကောင်းရှိနိုင်ပါတယ်။
ဘယ်လိုလဲ ဖြစ်စေ၊ဖြစ်စေ..ခဏ ဘဲ တရားထိုင်ထိုင်၊ စမ်းသပ်ကြည့်ယုံလောက် သဘောနဲ့ ဘဲ ထိုင်ထိုင်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်က တော့ ဖြင့် တရားအားမထုတ်တဲ့ သူ ထက်သာတဲ့အတွက် ဝမ်းမြောက်စရာပေါ့နော် ။
အဲဒီလို စမ်းပြီး တရားထိုင်ချင်သူ ဓမ္မမိတ်ဆွေတို့ အတွက် မိမိတို့ အားထုတ်မှု အချိန်ကို မလစ်ဟင်းစေဖို့ အတွက် ဘယ်လို ရှုမှတ်ရင်း အကောင်းဆုံး အသင့်တော်ဆုံး ဆိုတာ ကို ရေးသားပြီး ဓမ္မဒါနပြုလိုက်ပါတယ်။

◆ တရားထိုင်တယ် ဆိုတာဟာ အလွယ်ဆုံး ပြောရရင် စိတ်ကို တည်ငြိမ်စေအောင် လုပ်တာပါ.. လို့ ဘဲ လောလောဆယ်မှတ်ထားလိုက်ပါ။
အရင်ဆုံး သိထားရမှာက အဲဒီလို "ငြိမ်သက်နေတာ" က စိတ်ရဲ့ သဘာဝရဲ့ အခြေခံ ပုံစံ ဆိုတာပါပဲ။ အချိန်ကြာကြာ နဲ့ အလေ့အကျင့် များများ တရားထိုင်လေလေ၊ စိတ်ကို အားမစိုက်ရပဲ ငြိမ်ငြိမ်သက်သက် ဖြစ်အောင် လုပ်နိုင်လာလေလေပါပဲ။
အခုမျက်မှောက်ခေတ်ကာလ အနေ နဲ့ ကတော့ တရားထိုင်တော့မယ်ဆိုရင် နေရာလေးဟာ သေးသေးလေးပဲ ဖြစ်ပါစေ၊ စိတ်အားတက်ကြွစေပြီး တန်ဖိုးထားစရာ နေရာလေးလို ဖြစ်ရင်ဘဲ ရပါပြီ။ အသံဆူဆူညံညံ မရှိဘူး၊ နှောင့်ယှက်သူ မရှိတဲ့နေရာလေးဆိုရင်တော့ ပိုကောင်းတာပေါ့နော်။
ဒီတော့
ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ "့ငါ ( ၁၅ ) မိနစ် စထိုင်မယ်"ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါ။
ထိုင်လိုက်ပြီ ဆိုတာနဲ့...
"ငါ ဒီနေရာကို တရားထိုင်ဖို့ ရောက်နေတယ်"..
ဆိုပြီး သတိကပ်ထားပါ။ တခြားအာရုံတွေ ဝင်မလာပါစေနဲ့။ တရား မထိုင်ခင်မှာ အဲဒီလို စိတ်ထားမျိုးနဲ့ စိတ်ကို အာဟာရ အားဖြည့်ပေးထားရပါမယ်။
ထိုင်တဲ့ ပုံစံ အနေနဲ့ ..
ဓမ္မမိတ်ဆွေဟာ တရားကို စမ်းပြီးထိုင်ကြည့်မှာဆိုတော့ ကိုယ်နဲ့ သင့်တော်သလို သက်တောင့် သက်သာဖြစ်ရင်ဘဲ ရပါပြီ။
ဒါပေမဲ့ ကိုယ်က တရားထိုင်ဖို့  ဆုံးဖြတ်ထားတဲ့ အလျောက်..
တရားအလုပ် လုပ်တာကို တရားတဲ့ နည်းနဲ့ သွားတာ သင့်တော်တယ်လို့ တော့ အကြံပြုပါရစေ။
တချို့ က ဘောင်းဘီ နဲ့  တရားထိုင်ကြတယ်။ ဒီထက်ဆိုးတာက ဘောင်းဘီအတို နဲ့ တရားထိုင်ကြတာတွေ မကြာမကြာ တွေ့ နေရပါတယ်..( မြန်မာပြည်မှာတော့ မဟုတ်ပါဘူး၊ အင်တာနက်စာမျက်နှာတွေမှာတွေ့ ရတဲ့ နိုင်ငံရပ်ခြားက တရားစခန်းတစ်ချို့ မှာပါ ) ဘောင်းဘီအတို နဲ့ တရားမထိုင်ရဘူးရယ်လို့ တော့ ပညတ်ချက် မရှိပါဘူး။ သို့ သော် အကြည့်ရဆိုးတာပေါ့နော်။ အမြင့်မြတ်ဆုံးအလုပ်လို့ ခံယူထားတဲ့ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ် ကိုယ်ဖာသာကိုယ် မလေးစားရာ ရောက်ပါတယ်။ဘေးလူအမြင်မှာလည်း အထင်သေးစရာပေါ့နော်..။
တရားမှာလည်း သူ့ အိနြေ္ဒ နဲ့ သူ ရှိပါတယ်။တကယ်တန်း ကျင့်ကြံအားထုတ်လာကြတဲ့ ပုဂ္ဂိုလ်ဆိုယင် နားလည်ပါလိမ့်မယ်။ဒါကြောင့်မို့  လုံချည်ဝတ်ပြီး နဲ့ တရားအားထုတ်ဖို့ တော့ တိုက်တွန်းပါတယ်။
◆ ဦးစွာ တင်ပလ္လင်ခွေ ထိုင်ပြီး ခါးကို ၉၀ ဒီကရီ မတ်မတ်ထားပါ၊ ခါးကို မတ်မတ်ထားခြင်းက တရားအားထုတ်ခါစ ပုဂ္ဂိုလ်ဟာ အလေ့အကျင့်မရှိတော့ မကြာခင် သူများတွေထက်စောပြီး နာကျင်တဲ့ဝေဒနာကို အရင်ဆုံးခံစားရမှာပါ။ အဲဒီလို ခါးကို မတ်မတ်ထားခြင်းဟာ ဝေဒနာပေါ်လာမှုကို နှောက်နှေးစေပါတယ်။ ဝေဒနာ မရှိသေးတဲ့အချိန် မှတ်ရှုရတဲ့အခါ မှ သမာဓိ အားကောင်းပြီး စိတ်တည်ငြိမ်မှု ကို အချိန်ကြာမြင့်စွာရစေပါတယ်။ ဒါ့ကြောင့် ခါးကို မတ်နေအောင် ထားပါလို့ အကြံပြုတာပါ။
လက်ဝါး နှစ်ဖက်ကို ပေါင်ပေါ်မှာ ဘယ်လက်ဝါး ပေါ်၊ ညာလက်ဝါး က ယှက်တင်ထားပြီး လက်မထိပ်ခြင်းကို ထိထားပါ။ ဘာကြောင့်လက်မထိပ်နှစ်ခု ထိ ခိုင်းထားရသလဲ ဆိုရင် ဓမ္မမိတ်ဆွေဟာ ဆက်လက်အားထုတ်လာချင်စိတ်ဖြစ်လာရင် နောက်ပိုင်း အားထုတ်တဲ့ အခါမှာ လက်မခြင်း ထိနေတဲ့ နေရာကို ရှုမှတ်ရတဲ့ ကမ္မဌာန်းတွေနဲ့ ကြုံလာတဲ့အခါ အဆင်သင့်ဖြစ်နေအောင်လို့ ပါဘဲ။
ထိုင်တာအဆင်သင့် ဖြစ်ပြီဆိုရင်...
◆ ပထမဆုံး မိမိရဲ့ ခန္ဓာကိုယ်ကို အရင်ဆုံး စိတ်ထဲကနေ စိုက်ပြီး ကြည့်လိုက်ပါ။
ပြီးရင် ဘာလုပ်ရမလဲဆိုတော့..နှာခါင်းထိပ်ဝ ကို စိတ်ကို ညွှတ်လိုက်ပါ။
အဲဒီနောက်....
ဖြည်းဖြည်းခြင်း လေရှုသွင်းလိုက်ပါ။ အဲဒီ လေ ရှု သွင်းလိုက်တဲ့ "လေ"အတန်းလိုက် လေးက မိမိရဲ့ နှာခေါင်းကနေပြီး " ဝင်သွားတာကို တောက်ရှောက် သတိထားမိမယ် ထင်ပါတယ်။ နောက်ပြီး ခုန ဝင်သွား တဲ့ လေလေးကို ဖြည်းဖြည်းခြင်း ပြန်ရှုထုတ်ပါ၊အဲဒီမှာလဲ ခုန ဝင်သွားတဲ့ လေ လေး ပြန်ထွက်လာပါလား ဆိုတာကို ပြန်သိနေလိုက်ပါ။"
အဲဒီလို သိနေလိုက်ပြီဆိုရင် ဓမ္မမိတ်ဆွေ ရဲ့ စိတ်ကလေး ခုန လေ အဝင်ထွက်ကို သိနေတဲ့ အချိန်မှာ စိတ်ကဘယ်မှ မပြေးတော့ပါဘူး.. အဲဒီနေရာမှာဘဲ စိတ်က ရှိနေတာ အသေခြာပါဘဲ...။ ဘယ်လောက်ကောင်းလဲ။
အဲဒီလို သိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် အချိန်ကျတော့...
"ထွက်တိုင်းသိ ဝင်တိုင်းသိ "
ဒီသိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် ဓမ္မမိတ်ဆွေ ထိန်းထားပေးပါ။
ဝိပဿနာအစ...
"ခန္ဓာကိုယ်ဝင်၊ထွက်သိတာက"
လို့ မှတ်လိုက်ပါ။
"ဝိပဿနာအစ ခန္ဓာကိုယ် ဝင်တဲ့ လေလေး၊ ထွက်တဲ့လေလေး သိတာက စတာပါ " ဘဲ..။
◆ ကောင်းပါပြီ။ အဲဒီလို သိနေပြီးလို့ ၅မိနစ်၊ ၁၀မိနစ်တိုင်တိုင် မိမိစိတ်ကလေးဟာ ဘယ်မှမပြေးတော့ဘူးလို့.....
ဒီလို "ကိုယ့်ဟာကိုယ် စိတ်ကလေးဟာ ထိန်းလို့ဖြင့်ရပြီဟ"လို့ ဆိုရင်တော့..
အဲဒီလို စိတ်ကို ထိန်းနေရင်း နဲ့ ခန္ဓာကိုယ်ထဲကနေပြီး ဟိုကအောင့်သလိုလို၊ ဒီက နာသလိုလို ပေါ်လာပါလိမ့်မယ်။
ဟိုနေရာက ယားသလိုလို၊ ဒီနေရာမှာ ပိုးကောင်လေး သွားနေသလိုလို ပေါ်လာပါလိမ့်မယ်။
ပြီးတော့..
ဟိုနေရာကလည်း စိတ် ကလေးတစ်မျိုး သော်လည်းကောင်း၊ ကြားတဲ့ စိတ်ကလေးလို လည်း ပေါ်လာလိမ့်မယ်။
အဲဒီလိုပေါ်လာတဲ့အခါ...
" ထွက်သိ၊ ဝင်သိ မှတ်နေတဲ့ စိတ်ကလေးကို ဖြုတ်ပစ်လိုက်ပါ။ခုန.. အောင့်နေတဲ့နေရာ၊ ယားတဲ့ နေရာကို စိတ်ကို ပို့ လိုက် ပါ "...။
အဲဒီ အောင့်တဲ့ ယားတဲ့ နေရာကို ဓမ္မမိတ်ဆွေ တို့ တွေ့ လိုက်တော့..
ဒီအောင့် တာလေးကလည်း နဂိုကအောင့်တာ မဟုတ်ပါဘူး။ အခုမှ ဖောက်ပြန် ပျက်စီးပြီး ပေါ်လာတာဖြစ်ပါတယ်...နဂိုတုန်းကမရှိဘူး..အခုမှဖြစ်လာတာပါ။ အခုမှ ဖောက်ပြန်လာတာပါ။ အဲဒီလို ဖောက်ပြန်တာကို သေသေခြာခြာ ဥာဏ်နဲ့ ကြည့်လိုက်ပါ။ အဲဒီဖေါက်ပြန်တာကြီးကလည်း ကြာကြာမမြဲဘူး ပြန်ပြီးပျက်စီးသွားတာ တွေ့ ရလိမ့်မယ်။
ဉာဏ်မပါဘဲ နဲ့ ရိုးရိုးပြောမယ် ဆိုရင်.. " ခုန နာနေတာက သက်သာပြီး ပျောက်သွားတယ်" ပေါ့။
အဲဒီလို တွေ့ လိုက်တဲ့အခါကျတော့....
ပါဋ္ဌိလို သုံးနှုံးရရင်-
ဖောက်ပြန် ပျက်စီးတာက ဒုက္ခသစ္စာ
ဖောက်ပြန် ပျက်စီးမှုကို သိတာလေးက လောကီ မဂ္ဂသစ္စာ..တဲ့။
◆ အဲဒီလို ဖောက်ပြန် ပျက်စီးတဲ့ စိတ်ကလေးကို ဟိုနေရာပေါ်ရင် ဟိုနေရာလိုက်။ လက်မောင်းပေါ် လက်မောင်း၊ စိတ်ပေါ် စိတ်၊ ကိုယ်ပေါ် ကိုယ်လိုက်။ ဟဒယ ဝတ္ထုပေါ် ဟဒယ ဝတ္ထုလိုက်။ နားထဲပေါ် နားထဲလိုက်။ မျက်လုံးထဲက မြင်စိတ်ကလေးပေါ်လည်း မြင်စိတ်ကလေးက ခုမှ ပေါ်လာတာ၊ ဖြစ်ပြီး ပျက်တာပဲ။
" ဖောက်ပြန် ပျက်စီးတဲ့ ဓမ္မလေး ပဲလို့ ဆိုပြီး အသိ လိုက်နေပါ"
◆ အဲဒီလို လိုက်မှတ်နေလို့ လိုက်မှတ် စရာ မရှိတော့ ၊ ဘယ်နေရာမှ မပေါ်လာဘူးလို့ ဆိုလို့ ရှိရင်တော့ ခုနတုန်းက စိတ်ကလေးကို ထွက်တဲ့ဝင်တဲ့ စိတ်နဲ့တွဲနေတဲ့ ဥာဏ်ကလေးကို ဟဒယဝတ္ထုဆိုတဲ့ ဝမ်းထဲ လှည့်လိုက်ပါ။ ဝမ်းထဲ လှည့်လိုက်တဲ့ အခါကျတော့ ဝမ်းထဲမှာရှိတဲ့...
"လေကို ထွက်အောင် အားထုတ်တဲ့ စိတ်၊ လေကို အတွင်းပြန်ကို ပြန်ဆွဲယူတဲ့ စိတ်ကလေး နှစ်ခု လှည့်ရှုနေပါ။
ဒါလေးတွေလည်း ဖောက်ပြန် ပျက်စီးတာပဲ၊ ဖောက်ပြန် ပျက်စီးတာပဲလို့ ဓမ္မမိတ်ဆွေဟာ ဥာဏ်နဲ့ လိုက်ပြီးသိနေပေးပါ"
◆ လိုက်မှတ်နေရင်း နဲ့ ဟိုနေရာက ယားတယ်၊ ဒီနေရာက အောင့်တယ်၊ ဒီနေရာက ကျင်တယ်လို့ ပေါ်လာပြန်လို့ ရှိရင်လည်း အဲဒီနေရာတွေကို လှည့်လိုက်။ ဝမ်းထဲက ရှုနေတာလေးဟာ မရှိလည်း..
မရှိတဲ့ အတွက်ကြောင့် ရှုမနေဘဲနဲ့ ပေါ်ရာပြန်လိုက်ပါ။
အဲဒီလို ပေါ်ရာ လိုက်နိုင်ပြီ ဆိုရင်တော့ ဓမ္မမိတ်ဆွေတို့ ဟာ "ဖြစ် ပျက်" နဲ့ "ရှုတဲ့ မဂ်" ဟာ တစ်သားတည်း ဖြစ်နေပါပြီ။ ခွဲလို့ မရတော့ပါဘူး။ဝိပဿနာ ဉာဏ်တွေ ဖြစ်နေပါပြီ။
ဒီလိုဆိုရင် ဓမ္မမိတ်ဆွေရဲ့- စိတ်ဟာ....
" ဖြစ် - ပျက် နောက်က မဂ် အစဉ်လိုက်နေပြီ" ဆိုပြီး ဝမ်းသာလိုက်ပါတော့...လို့ ရေးသားယင်း ကျင့်ကြံအားထုတ်နိုင်သော ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်တွေ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား-မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားသော ဝိပဿနာတရားအားထုတ်ပုံ တရားတော်ထဲမှ ကောက်နှုတ်၍ ရေးသားဖေါ်ပြပါသည်။

Wednesday, September 28, 2016

ဝမ်းမနည်းပါနဲ့။

Shwe Tun with Thin Thin Aye and 36 others.
ဝမ်းမနည်းပါနဲ့။
မိတ်ဆွေ တစ်ယောက်ကပြောတယ်။
သေခြင်းတရားအကြောင်းတွေ မတင်ပါနဲ့တဲ့။
ဝမ်းနည်းတတ် စိတ်မကောင်းဖြစ်ရလို့ပါတဲ့။
...
တကယ်တမ်းကျတော့...
မွေးလာကတည်းက အိုမယ်၊ နာမယ်၊ သေမယ်
သဘာဝတရားက ရှောင်လွှဲလို့မှ မရတာ။
မြတ်စွာဘုရားကိုယ်တိုင်က
သေခြင်းတရားကို မပြတ်ဆင်ခြင်ဖို့ ....
မိန့်ကြားတော်မူခဲ့တာပါ။
သေခြင်းတရား ကြားရတယ်ဆိုတာ
အမင်္ဂလာလို့ အထင်မှားကြတာများပါတယ်။
သေခြင်းတရားကို ကြားရတာ..
မင်္ဂလာအစစ်ဖြစ်ပါတယ်။
သေမယ်ဆိုတာ ဆင်ခြင်နှလုံးသွင်းထားရင်
အကုသိုလ်တွေ ပြုဖြစ်ဖို့ အခွင့်နည်းပါတယ်။
သူတစ်ပါးအပေါ်လည်း ဣသာ မစ္ဆရိယစိတ်
လျော့ပါးသွားမှာလည်း ဖြစ်ပါတယ်။
ကောင်းတဲ့ ကာယကံ ဝစီကံ မနောကံတွေပဲ
ပြုဖြစ် ပြောဖြစ် တွေးဖြစ်တော့မှာပါ။
သင့်မသင့် အမြဲ ဉာဏ်နဲ့ ယှဉ်ပြီးမှ
ပြုမယ် ပြောမယ် တွေးမယ်ပေါ့။
သေရမှာမကြောက်တာ..
တရားရပြီး မှ မကြောက်တာလို့
ပြောလာသူလည်း ရှိပါသေးတယ်။
ဒါကလည်း မိမိတို့ အယူအဆအလျောက်
လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။
သားသမီးအတွက် အသက်စွန့်ကြတဲ့မိခင်တွေ
လူတောင်မဟုတ်သေးဘူး၊ တိရစ္ဆာန်ဘဝမှာပဲ
အထင်အရှားတွေ့မြင်ကြရမှာဖြစ်ပါတယ်။
တိုင်းပြည်အတွက် အသက်ပေးခဲ့ကြတဲ့
အာဇာနည်တွေ သူတို့ သေမှာသိသိနဲ့..
အသက်ပေးခဲ့ကြတာလည်း အထင်အရှားပါ။
မြတ်စွာဘုရား မျောက်မင်းဘဝမှာ.
ကိုယ့်မျောက်မျိုးတွေအတွက် သေမှာမကြောက်ဘဲ
အသက်ပေးပြီး ပါရမီ ဖြည့်ခဲ့ပါတယ်။
တစ်ခြားပါရမီဖြည့်ခဲ့တာလည်း အများကြီးပါ။
ဒါလောက်ဆို သေမှာ မကြောက်တာ
တရားရပြီးလို့ဆိုတာ မပြောနိုင်ဘူးလို့ ထင်ပါတယ်။
လောကဓံကို ရဲရဲရင်ဆိုင်ပြီး မိသားစုအတွက်
ကိုယ့်အဖွဲ့အစည်းတွေအတွက် ဦးဆောင်သူ
တစ်ယောက်အနေနဲ့ နမူနာကောင်းပြရပါမယ်။
လောလောဆယ်ဆယ်
ဖြစ်လာတဲ့ ရောဂါကို တတ်နိုင်သလောက်
ကုသမှု ခံယူပါမယ်။ အတတ်နိုင်ဆုံး
နောက်ဆုံးထွက်သက်ထိ သက်သောင့်သက်သာ
တရားနှလုံးသွင်းရင်း နေသွားနိုင်ရင်
ကျေနပ်စရာ ဖြစ်မှာပါ။
ဘဝကို ကိုယ်လည်းခင်တွယ်တာပေါ့။
အနာဂါမ်တွေတောင် ဘဝတဏှာရှိသေးတာပါ။
ဒါပေမယ့် ကံ ကံ၏ အကျိုးကိုတော့ လက်ခံရမယ်။
ဘုရားသော်မှ ရှောင်မရ တို့ကဘာမို့လဲ..
ဆိုတာလိုပေါ့။
ဒါနကုသိုလ် သီလကုသိုလ်
သမထကုသိုလ် ဝိပဿနာ ကုသိုလ်တွေ
ပြုနိုင်သမျှ ပြုခဲ့ပြီးပါပြီ။ ဆက်လည်းပြုနေမှာပါ။
နောက်ဆုံးအချိန်ထိပေါ့။
လူမှုပရဟိတမှ ဓမ္မပရဟိတအထိလည်း
ပြုခဲ့ပြီးပါပြီ။ ဆက်လည်းပြုနေမှာပါ။
နောက်ဆုံးအချိန်ထိပေါ့။
ကဲ ဝမ်းမနည်းပါနဲ့။
ချမ်းမြေ့သာယာရှိကြပါစေ။
မေတ္တာဖြင့်
Shwe Tun.

Tuesday, September 27, 2016

မေထုန်ငယ် (၇) ပါး

Ashin Nandãdhipati Mahadhammãcariya to ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော် ၏တရားဒေသနာကြိုက်နှစ်သက်သူများ
မေထုန်ငယ် (၇) ပါး
••••••••••••••••
မေထုနဓမ္မဆိုတာက ယောက်ျားမိန်းမ ဆက်ဆံမှုလောက်ကိုသာ
ဆိုလိုတာ မဟုတ်သေးဘူး။ တခြားတခြား မေထုန်ငယ်
(၇)ပါးဆိုတာကိုလည်း ထည့်သွင်းပြီးြ...မတ်စွာဘုရားက ရည်ညွှန်းထားပါတယ်။
တစ်ချိန်မှာ ဆိုကြစို့ ... ဇာနုသောဏိ ပုဏ္ဏားကြီးက မြတ်စွာဘုရား-
ထံတော်သို့ ချဉ်းကပ်ပြီးတော့ မြတ်စွာဘုရား ... မြတ်စွာဘုရားသည်
ဗြဟ္မစာရီ = မြတ်သော အကျင့်ကို ကျင့်နေတဲ့ သူတော်ကောင်းအဖြစ်နဲ့
ဝန်ခံပါသလားဆိုပြီး ဒီမေးခွန်းကို မေးတယ်။ မေးလိုက်တဲ့ အချိန်အခါမှာ
" ဒကာတော်ပုဏ္ဏား... ငါဘုရားသည် မကျိုးမပေါက် မပြောက်မကျားတဲ့
ပြည့်စုံတဲ့ ထက်ဝန်းကျင် ဖြူစင်နေတဲ့ ဗြဟ္မစရိယအကျင့်ကို ကျင့်နေတဲ့
ပုဂ္ဂိုလ်သာဖြစ်ပါတယ်။ မကျိုးမပေါက် မပြောက်မကျားအောင် ပြည့်ပြည့်စုံစုံ
စင်စင်ကြယ်ကြယ်ဖြင့် ဗြဟ္မစရိယအကျင့်ကို ကျင့်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်ပုဂ
္ဂိုလ်လဲလို့ မေးခဲ့လျှင် ငါဘုရားကိုသာ ရည်ညွှန်းပြီး ပြောဆိုရမှာ ဖြစ်ပါတယ
" ဆိုပြီးတော့ အမိန့်ရှိတော်မူလိုက်တယ်။
ဒီခါမှာ ပုဏ္ဏားကြီးက နည်းနည်း မကျေနပ်ဘူး။ မကျေနပ်တဲ့အတွက်
" အရှင်ဘုရား ...မကျိုးဘူး, မပေါက်ဘူး, မပြောက်ဘူး, မကျားဘူး ဆိုတာက
ဘာကို ပြောဆိုလိုတာလဲ?" ဒီလို သူက ပြန်ပြီးတော့ မေးခွန်းတစ်ခုကို မေးမြန်း
လျှောက်ထားတော်မူတယ်။ ဒီအပိုင်းကလေးကို ဘုန်းကြီး ပြောချင်ပါသေး
တယ်။ အဲဒီလို မေးမြန်းတဲ့အခါမှာ မေထုန်ငယ် (၇)ပါးကို မြတ်စွာဘုရားက
ဟောကြားပေးတော်မူပါတယ်။
မေထုန်ငယ် (၇) ပါး အရေအတွက်-
ယောက်ျားမိန်းမ ဆက်ဆံတာတော့ မပြုလုပ်ဘူး။ ဒါပေမဲ့လို့ သူတို့က
ဘာဖြစ်နေကြသလဲ? အခုခေတ် အဘိုးကြီးတွေ အဘွားကြီးတွေ ဆိုကြစို့။
ဒီက ဒကာကြီးတွေ ဒကာမကြီးတွေကိုတော့ မပြောလိုပါဘူး။ ဘုန်းကြီး
မနှစ်က အမေရိကLA ဆိုတဲ့ လော့စ်အိန်ဂျယ်လိစ်မြို့ရောက်တော့ ဒကာမ
ကြီးတစ်ယောက်က လျှောက်တယ်၊ အရှင်ဘုရား... ဒီမှာ အဘိုးကြီးတွေ
အဘွားကြီးတွေကို သနားလို့ သူဌေးတစ်ယောက်ကနေပြီးတော့ သူတို့အတွက်
အခန်းကလေးတွေ လုပ်ပေးထားတယ်တဲ့။
အဲဒီအခန်းမှာနေတဲ့ အဘိုးကြီး တစ်ယောက်နဲ့ အဘွားကြီးတစ်ယောက် ဘယ်လိုဖြစ်သွားလဲဆိုတော့ အဘွား
ကြီးမှာလည်း အဘိုးကြီးက သေသွားတယ်၊ အဘိုးကြီးမှာလည်း အဘွားကြီးက
သေသွားတယ်။ အသက်ရှစ်ဆယ်ကျော်ကြပြီတဲ့။ အဲဒါ ခု လက်ထပ်မယ်လို့
သူတို့ပြင်ဆင်နေတယ်တဲ့။ အဲဒါပဲ။ ဒီတော့ မေထုနဓမ္မ တစ်ယောက်နဲ့တစ်ယေ
ာက် ဆက်ဆံမှုတွင် မကပါဘူး။ ဘုရားရှင် ဆိုလိုတော်မူတာကမေထုန်ငယ် (၇)ပါး ဖြစ်ကြတယ်။
ဒီမေထုန်ငယ် (၇)ပါးက--
နံပါတ် (၁) မေထုန်ငယ်က ဘာလဲလို့မေးတော့၊ ဥစ္ဆာဒန = နံ့သာရည်ဖြင့်
လိမ်းပေးတယ်။ ပရိမဒ္ဒန = ဆီလေးနဲ့ လိမ်းပေးတယ် နှိပ်နယ်ပေးတယ်။
နှာပန = ရေချိုးပေးတယ်။ သမ္ဗာဟန = ပွတ်သပ်ပေးတယ်။ အဲဒါကို
သဘောကျတယ်။ ဒါလည်း မေထုန်တစ်ခုပဲ။ ဘုရားရှင်ဟာ ဒါမျိုး ဘယ်တော့မှ
မပြုလုပ်ဘူး။ ဒါက တစ်ခု။
နံပါတ် (၂)ကျတော့ သဉ္ဇဂ္ဃတိ သံကီဠတိ သံကေလာယတိ = တစ်ယေ
ာက်နဲ့တစ်ယောက် ပြောလိုက်ဆိုလိုက် ရယ်လိုက်မောလိုက် နောက်လိုက်
ပြောင်လိုက် နေတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ထိုင်ပြီး စကားပြောနေကြတယ်။
အဲဒါကို သဘောကျတယ်။ အဲဒါလည်း မေထုန်ငယ်တစ်ခုပဲ။
နောက် နံပါတ် (၃)ကတော့ စက္ခုနာ စက္ခုံ ဥပနိဇ္ဈာယတိ ပေက္ခတိ =
သူ့မျက်စိနဲ့ ကိုယ့်မျက်စိ တည့်တည့်လေး ကြည့်ပေးတယ်။ မကြည့်ရလျှင်
မမြင်ရလျှင် မနေနိုင်ဘူး။ ဘာမှတော့ မလုပ်ပါဘူး။ တစ်ယောက်နဲ့တစ်ယေ
ာက် ကြည့်နေရလျှင် ကျေနပ်နေတယ်။ ဒါလည်း မေထုန်ငယ်တစ်ခုပဲ။
နောက်တစ်ခု နံပါတ် (၄)က တစ်ယောက်နဲ့ တစ်ယောက်တော့ မမြင်ဘူး
ပေါ့။ ဒါပေမဲ့ အသံလေးကြားရလျှင် သဘောကျနေတယ်။ သူငိုတဲ့
အသံပဲဖြစ်စေ၊ သီချင်းဆိုတဲ့ အသံပဲဖြစ်စေ၊ ပြောဆိုနေတဲ့ အသံပဲဖြစ်စေ၊
ရယ်မောနေတဲ့ အသံပဲဖြစ်စေ ကြားနေရလို့ရှိလျှင် သဘောကျတယ်။ ယခုကာလ
ရေဒီယိုတို့ ဘာတို့ နားထောင်တဲ့အခါ ကြားတဲ့ပုံစံမျိုးပေါ့။ ဒါလည်း
မေထုန်ငယ်တစ်ခုပဲ။
နောက်တစ်ခု နံပါတ် (၅)က ဘာလဲ၊ မြင်လည်း မမြင်ရဘူး။ ကြားလည်း
မကြားရဘူး။ ဒါပေမဲ့လို့ တစ်ချိန်တုန်းက တစ်ယောက်နဲ့တစ်ယောက်
ပြောဖူးတယ်, ဆိုဖူးတယ်, ပြောင်ဖူးတယ်, နောက်ဖူးတယ်။ အဲဒါကလေးတွေကို,
ပျော်ပါးခဲ့ဖူးတာကလေးတွေကို အမှတ်ရပြီးတော့ ပြန်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့
သဘောကျနေကြတယ်။ ဒါလည်း မေထုန်ငယ်တစ်ခုပဲ။
နောက် နံပါတ် (၆)ကတော့ အဲဒါမျိုးတွေ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့လို့
ကိုယ့်မှာ ဘာမှတော့ မရှိဘူး။ မရှိတဲ့အခါကျတော့ သူတစ်ပါးတွေ အိုးနဲ့အိမ်နဲ့
တိုက်နဲ့တာနဲ့ ကာမဂုဏ်တွေ ခံစားပြီး ပျော်ပျော်ပါးပါး နေတာကို သွားမြင်လိုက်တာကိုလည်း
သဘောကျတယ်။ သူတို့လို နေချင်တဲ့ စိတ်ထားလေးတွေ
ပေါ်လာပြန်တယ်။ ဒါလည်း မေထုန်ငယ်တစ်ခုပဲ။
နောက် နံပါတ် (၇)ကတော့ အဲဒီလို ပြောခဲ့တဲ့သဘောတရားတွေလည်း
မဖြစ်ပြန်ဘူး။ ဒါပေမဲ့ ဘာဖြစ်နေသလဲ? နတ်ပြည်နတ်လောက တစ်ခုခုကို
ရည်မျှော်ပြီးတော့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို
ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေပြန်တယ်။ ရရှိမည့် ကာမဂုဏ်တွေကို လှမ်းမျှော်ပြီး သဘောကျနေတယ်။ အဲဒါလည်း
မေထုန်ငယ်တစ်ခုပဲ။
ဒီမေထုန်ငယ် (၇)မျိုး တစ်မျိုးမျိုးနဲ့ မွေ့လျော်နေတဲ့ ပုဂ္ဂိုလ်ဟာလည်း
အိုနာသေရေး ဒုက္ခဘေးမှ ဘယ်နည်းနဲ့မှ မလွတ်မြောက်နိုင်ဘူးလို့ ဘုရား
ရှင်က ဟောကြားထားတော်မူပါတယ်။
#မူရင်းပူဇော်သူကိုCreditပေးပါတယ်

ဟာ သေမင်း

ဟာ သေမင်း
လာထိုင်....
လက်ဖက်ရည်လေး ဘာလေး သောက်ပါဦး
မင်းက ငါ့ကို သေမင်းမှန်း...
ဘယ်လို သိတုန်း

ဟာ ခများ ဟာ အတော်သိသာနေတာကြီးကို
စာအုပ်ကြီး တစ်အုပ်နဲ့
ဘေးလွယ်အိပ်ကြီး လွယ်လို့ 
လူတွေကို တစ်မေ့တစ်မော လိုက်ကြည့်နေတာ
ခများ လူတစ်ယောက်ကို သေသေချာချာ စူးစိုက်ကြည့်နေတာ တစ်နေ့ ကတွေ့ တယ်၊
ဟော အခု အဲ့လူသေပြီလေ...
အဲ့တော့ ခများသေမင်း လို့  ထင်မိတာနဲ့
စကားလှမ်းပြောကြည့်တာ...
အခုလို ပြန်ပြောတော့ ပိုသေချာသွားတာပေါ့..
သူတစ်ချက်ပြုံးရင်း အနီးနား ဝင်ထိုင်သည်၊
လက်ဖက်ရည် ကျကျလေး တစ်ခွက်ဟေ့..
မင်းက အတော်လာတဲ့ကောင်ပဲ
အချို ဆို ငါ့ကိုပတ်ပြေးလို့ 
အချို့ များ ငါမှန်းသိရင်ကို
အနားမကပ်ခံကြတော့ဘူး
မင်းကျတော့ တစ်မျိုးကြီး..
ဟာ ဘာဆိုင်လဲ သေမင်းရ
ခများက ခများ အလုပ်လုပ်တာပဲ
ပြီးတော့ ခများက
ကျနော်လေးစားတဲ့
ထမင်းချက်ကြီး
ဦးဂွမ်တီ နဲ့ အတော်တူလို့ 
ဟဲဟဲ ဟုတ်တယ်ကောင်လေး
ငါ့ကို လူတွေက မြင်ချင်သလို
မြင်ကြတယ်
မင်းက ဦးဂွမ်တီလို မြင်တော့လည်း
ငါက မင်းကို ကောက်တွဲ လို့ ခေါ်မယ်ကွာ..
ဘာတုန်းဗျ ကောက်တွဲ
ကောက်တွဲဆိုတာ
ကောင်လေးကို တရုတ်မကျ ဗမာမကျ ခေါ်တာကွာ
သူပြုံးရင်း လက်ဖက်ရည် တစ်ကျိုက်မော့ချလိုက်သည်။
နေပါဦးဗျ ကျနော်မေးမလို့ 
ဦးလေး အခုတစ်လော
ဒီဘက်ပိုင်း
အတော်အလုပ်ကျနေတာလား
ဘာလဲ
အတော်သေကြလို့ လား
အင်း
မင်းအသိတွေ ပါလို့ မဟုတ်လား
အင်း
မင်းက မင်းအသိတွေပါမှ
သတိထားမိတာကိုးကွ
ငါကတော့ ငါ့အလုပ်ငါလုပ်နေတာပဲ
လူတွေက ဒီလိုပဲ ကောက်တွဲ
ဌားတုန်းက ဌားပြီး
ပြန်တောင်းတော့ မသိချင်ယောင်ဆောင်
မေ့ချင်ယောင်ဆောင်နေကြတယ်..
ဘာကို ဌားတာတုန်းဗျ။
ခန္ဓာလေ ကောက်တွဲ
မင်းတို့ မှာ ရှိနေတဲ့
ခန္ဓာက ငါဌားထားတာ
အချိန်နည်းနည်းလေးကြာတာနဲ့
မင်းတို့ ကမေ့တော့တာပဲ
ဒါပေမယ့် ငါကတော့
မေ့လို့ မရဘူးကွ
အချိန်အတိအကျ
စေ့ပြီဆိုတာနဲ့
တစ်စက္ကန့် တောင်
နောက်မကျစေဘဲ
ပြန်သိမ်းရတာပဲ
ဒီထဲမှာ အသေအချာ
မှတ်ထားရတာ
စာရင်းစာအုပ်ကြီး ပုတ်ပြရင်း ပြောလေသည်။
ဒါဆို ကျနော်လည်း ပါတာပေါ့..
အေးပါတာပေါ့...
ဘာလဲ အချိန် ဘယ်လောက် ကျန်သေးလဲ
မေးမလို့ လား...
ကောက်တွဲ ငါ့ကို လက်ဖက်ရည် တစ်ခွက်နဲ့
လာအစ်နေတယ်..
အဟီး မဟုတ်ပါဘူး ဦးလေးရယ်
အချိန်ကျန်တော့လည်း
ကျန်သလောက်ပေါ့
မကျန်တော့လည်း အရေးကြီးတာလေး
မြန်မြန် လုပ်ရအောင်...
မရဘူး ကောက်တွဲ..
Side effect သိပ်များတယ်..
အချိန်နည်းရင် မင်းဘာမှ မလုပ်နိုင်
သေမှာကြောက်တဲ့စိတ်တဲ့ နေရမယ်
အချိန်များရင် မင်းပျင်းရိအေးဆေးသွားမယ်..
မရဘူးကောက်တွဲ..
ဒါပေမယ့် မင်းသိဖို့က
အရေးကြီး မကြီးတာတွေက
မင်းဆုံးဖြတ်လို့ လဲမရဘူး...
ငါလည်း မပြောနိုင်ဘူး..
ငါသေချာပေါက်ပြောနိုင်တာက
ငါလာခေါ်တဲ့အချိန်
မင်းအတွက် အရေးကြီးဆုံး
အလုပ်ဖြစ်တဲ့
အသက်ရှူတဲ့ကိစ္စကိုတောင်
ရပ်ပြီး ငါ့နောက်လိုက်ရမှာပဲ..
စဉ်းစားကောက်တွဲ
လောကမှာ အသက်ရှင်သန်ဖို့ 
အသက်ရှူရတာထက်
အရေးကြီးတာ ဘာမှ မရှိဘူး..
အဲ့အလုပ်တောင် ပစ်ချခဲ့ရမှာ...
အင်း ဟုတ်သားဗျ..
ဟုတ်တယ်ကောက်တွဲ၊
မင်း နောက်အပတ်ထဲ ချောင်းသာသွားရမယ်ဆိုပါတော့
မင်းဘာတွေလုပ်မလဲ...
ဟိုတယ် ဘိုကင်ချိတ်တာတို့ 
ကားလက်မှတ်ဝယ်တာတို့ 
အဝတ်အစားရွေးတာ ထည့်တာ
ပစ္စည်းတွေ ဝယ်တာ အာ အများကြီးပေါ့..
ပြင်ရဆင်ရမှာတွေ..
အဲ့တာတောင် နီးနီးနားနား
ချောင်းသာနော်..
ပြင်ရတာတွေ များတယ်မို့ လား..
ဒီနေ့ သွား နောက်နေ့ ရောက်မယ့်
နေရာလေးတောင် ပြင်ရဆင်ရသေးရင်
ဘယ်နေ့ မှ ရောက်မယ်မှန်းမသိတဲ့
တမလွန် ခရီး ကိုကော ဘာတွေပြင်ပြီးပြီလဲ..
ဟိုမှာ ငွေရှိတိုင်း တည်းလို့ ရတဲ့ ဟိုတယ်တွေမရှိဘူး..
ငွေကြေးတွေ သုံးမရဘူး..
ဝိတ်တွေလည်း သုံးမရဘူး..
အဲ့ဒီအတွက်ကော ဘာတွေပြင်ပြီး ပြီလဲ
ကောက်တွဲ..
ဘယ့်နေ့ မှ သွားရမယ်
ဘယ်နေ့ အထိ မသွားရဘူးဆိုပြီး
သေချာနေတဲ့ ဆုံးဖြတ်ချက်တွေ
မင်းတို့မှာ ရှိလို့ လား...
ဟင့်အင်း ။ကျနော်တို့ မေ့နေ ကြတာ..
မဟုတ်ဘူး ကောက်တွဲ
မေ့ထားကြတာ..
စစ်အစိုးရ လက်ထက်က နိုင်ငံရေးသမားတွေဟာ
အိပ်ယာခေါင်းရင်းမှာ
လွယ်အိတ်လေး တစ်လုံး ထားထားပြီး အိပ်တယ်။
အဲ့အိပ်ထဲ လိုတဲ့ တစ်ကိုယ်ရေ တစ်ကာယ
ပစ္စည်းလေးတွေ ထည့်ထည့်ထားတယ်..
ဘယ်အချိန်လာခေါ်ခေါ်
ထောင်ထဲလိုက်ရရင် အဆင်သင့်လေးဖြစ်အောင်ပေါ့..
အဲ့ လိုပဲ ကောက်တွဲ အဲ့ဥပမာလေးလိုပဲ..
မင်းတို့ လည်း ဘယ်တော့ သွားရမယ်မှန်း
မသိပေမဲ့်၊ကြိမ်းသေ သွားရမဲ့ ခရီး တစ်ခုအတွက်
အထုပ်ကလေးတော့ ပြင်ထားသင့်တယ်ထင်တယ်။
ငါ လူတွေသွားခေါ်တဲ့အခါ ပြင်ဆင်မှု မရှိတဲ့ လူတွေဟာ အတော်လေး ဒုက္ခရောက်ကြတာကို မြင်နေရတယ် ကောက်တွဲ..
လမ်းတစ်လျောက် တစ်ငိုငို နဲ့..
အချို့ ကြတော့ အတော်လေး တည်ငြိမ်ကြတယ်
အေးအေးလူလူ ပဲ လိုက်လာတယ်
လမ်းခရီးမှာလည်း အတော်လေး အဆင်ပြေတယ်။
မင်းမြင်အောင် ပြောရရင်
နိုင်ငံခြား သွားသလို ပေါ့ ကောက်တွဲ
မင်းကို အခု ငါ အမေရိကန် လွှတ်လိုက်မယ်။
ခနနေ လေယဉ်ကွင်းဆင်းရမယ်။
အဆင်ပြေပါ့မလား..
ဟာ ဘယ်ပြေမှာတုန်း ..
အေး ပြင်ဆင်ထားတဲ့ လူကတော့
အဆင်ပြေတာပေါ့ကွ။
ဘယ်အချိန်ထသွားသွား အိုကေလေ..
သူတို့ မှာ မမြင်ရတဲ့ ခရီးအတွက် ပြင်ဆင်ထားမှုတွေ သိပ်အားကောင်းတယ် ကောက်တွဲ..
မင်းမြင်အောင် သေချာပြောရရင်
တမလွန် ခရီး ကို မကြောက်တဲ့သူတွေက
သူတို့ အတွက် သေချာပြင်ဆင်ထားကြလို့ ပဲ..
ဒါန သီလ ဘာဝနာပေါ့... ကောက်တွဲ..
အေးဗျာ ကျုပ်လည်း လုပ်ဦးမှပါ...
လုပ်ဦးမှ ဆိုတာ နောက်မှလို့ 
အဓိပ္ပါယ်ရတယ် ကောက်တွဲ....
Will ပဲ ရှိသေးတယ် ကောက်တွဲ
Vbe going to.. အဆင့်မရောက်သေးဘူး..
အတော်လာတဲ့ သေမင်းလို့ 
ထင်နေပြီလားကောက်တွဲ
မင်းတို့ တွေ မသိနိုင်တဲ့ အချက်က
ငါ မင်းတို့ ကို ခန္ဓာ ဌားစဉ်မှာ
Warranty တွေ ထည့်မပေးလိုက်ဘူး
ကောက်တွဲ။ဘယ်နှစ်နှစ် အထိ ကျန်းမာနေပါ့မယ်ဆိုပြီး
ငါ အာမမခံပေးလိုက်ဘူး...
မင်းတို့ ရဲ့ ကောင်းမှု ကုသိုလ် အစဉ်လိုက် ရရှိတဲ့
ခန္ဓာကို ကောက်စွပ်သွားကြတာ..
ဘယ်အချိန်မှာ ဘာဖြစ်မယ် မသိနိုင်ဘူး..
ငါက ပုတ်ပြတ်ဌားလိုက်တာ...
အဲ့တော့ ကျန်းမာစဉ်..
လုပ်နိုင်ကိုင်နိုင်ရှိစဉ် တစ်ခါတည်း လုပ်ထားကောက်တွဲ...
အချိန်တိုင်းမှာ အာမခံမပါဘူး....
ဂျပန်မှာ သေဒါဏ်ကျတဲ့ လူတွေကို
ဘယ်နေ့ မှာ သတ်မယ်လို့  မပြောထားဘူး
ကောက်တွဲ..
မနက်တိုင်း ရဲ နှစ်ယောက်က လာခေါ်ထုတ်တယ်..
သေဒါဏ်ပေးမယ့်အခန်းထဲလား..
ရေချိုးခန်း လားဆိုတာ မသိရဘူး..
လမ်းက တစ်ကြောင်းတည်း...
ရေချိုးခန်းထဲ ရောက်မှပဲ သက်ပြင်းချပြီး..
တစ်ရက်တာ အသက်ရှင်ခွင့်ရတယ်...
နေ့ ရက်တိုင်းက သူတို့ အတွက် နောက်ဆုံးရက်လိုပဲ..
ဟာ သူတို့ နဲ့  ဘာဆိုင်လဲ ဦးလေးရာ..
သူတို့ က ဥပဒေအရ သေဒါဏ်ကျနေတဲ့သူတွေလေ..
မင်းတို့ ကကော ကောက်တွဲ ဘာထူးလည်း...
ငါသေဒါဏ်ချပြီး သားသူတွေလေ..
ကွာတာဆိုလို့ ...
စကားအဖြစ်ကပ်ပြောရရင်..
သူတို့ ကမှ ဒီမနက် မသေရင်
တစ်ရက်တာ အသက်ရှင်ခွင့် ရသေးတယ်..
မင်းတို့ က မနက်မသေပေမယ့်
ညနေ ရှင်ပါ့မယ် ဘယ်သူ မှ အာမမခံနိုင်ဘူး...
ကောက်တွဲ...မင်းစဉ်းစား စရာတွေ သိပ်များသွားပြီလား....
ဟုတ်တယ်ဦးလေး..
အဲ့တာဆို ဘဝကြီးက တစ်မျိုးကြီး ဖြစ်သွားမှာပေါ့
ဦးလေး...ဟာတာတာကြီးလိုလို...ဝမ်းနည်းလာသလိုလို...
ဟဲဟဲ ကောက်တွဲ ... ဘဝကြီးက ဘဝကြီးပဲ
လောကကြီးက လောကကြီးပဲ...
ခန္ဓာရလာတော့ သေမှာပဲ...
မသေခင် ပြင်ချိန်ရတယ်လို့ မှတ်
ရသလောက် ဒါန သီလ ဘာဝနာတွေ ကယ့်ယူ..
ခရီးရှည် တစ်ခု ထွက်ဖို့ ရှိတယ်ဆိုတာ မမေ့နဲ့...
ပြင်ဆင်မှုတွေ အားကောင်းလာလေလေ..
မင်းပျော်ရွှင်လာလေ ဖြစ်လာလိမ့်မယ်...
ခရီးအတွက် စိတ်အေး သွားရင်..
မင်းပေါ့ပါး လန်းဆန်းလာလိမ့်မယ်...
တစ်ခုတော့ ရှိတယ်..
ဒီဘဝ တစ်ခုတည်းနဲ့ ခရီးဆုံးကို ရောက်နိုင်ရင်တော့..
တစ်ခါတည်း ကိစ္စပြတ်တာပေါ့...
ပြတ်လောက်တဲ့ အားထုတ်မှုမျိုး မရနိုင်ဘူးဆိုရင်တော့..
အကောင်းဆုံး ပြင်ဆင်မှုလေးတွေ
လုပ်ထားဖို့ တော့ လိုမယ်...
သွားမယ် ကောက်တွဲ...
လက်ဖက်ရည် တစ်ခွက် အတွက်
မင်းပြန်ရတာတွေ တန်ရောပေါ့.....
ဦးလေးက လုပ်ပြီ..
ဘာတွေ ရဖို့ ဆိုပြီး ကျနော် လက်ဖက်ရည် တိုက်တာ
မှ မဟုတ်တာ..
ဦးလေးကို မြင်တာနဲ့...
ခင်ချင်စဖွယ် လေးစားသဖွယ်ကြီး
ဖြစ်နေလို့ ....
ငါလည်း မင်းကို အဲ့လို မြင်ပါတယ်..
ခင်ပါတယ်...ဒါ့ကြောင့်လည်း
စိတ်လို လက်ရ
ိမင်းအတွက် လိုအပ်တာတွေ
ပြောပြတာပေါ့...
ခင်ရင် မြန်မြန် ခေါ်မှာလား
နှေးနှေး ခေါ်မှာလား....
ဟဲဟဲ...
ဟားဟား တစ်ကယ်လာတဲ့ကောင်
လစ်တာနဲ့ အစ်တာပဲ...
ဒါတော့ မပြောနိုင်ဘူးမောင်..
ဒါပေမယ့် ပြောနိုင်တာ တစ်ခုကတော့..
ငါအခု ပြောသွားတာတွေ..
မင်းသေချာနားလည်မယ်ဆိုရင်..
ငါလာခေါ်တဲ့အခါ..အဆင်သင့်ကောက်လိုက်နိုင်တဲ့
လူတစ်ယောက်ဖြစ်လာမယ်ဆိုတာပဲ...
မင်းကို လာခေါ်တဲ့အခါ..
အပြန်လမ်း တစ်လျောက်
အခုလို အေးအေးလူလူ
လက်ဖက်ရည် ထိုင်သောက်ချင်ပါသေးတယ်...
.........
ပြောပြောဆိုဆို ဖြုတ်ခနဲ အပျောက်
ဘေးဝိုင်းက ဆေးလိပ်မီးခိုးတွေကြား
ရောရောင်ပြီး ပျောက်သွားလေရဲ့.....
ဘဝမှာ တန်ဖိုး အရှိဆုံး မနက်စာကို ပြောပါဆိုရင်တော့
ဘုရားရှင်ကို မဖူးတွေ့ ရခင်အချိန်ထိ..
ဒီ လက်ဖက်ရည် တစ်ခွက် ဖြစ်နေ ပါလိမ့်မယ်
Thanks alot Death..
See u Later...
ခံစားရေးဖွဲ့ သည်
မောင်စီ။

Sunday, September 25, 2016

အသက်ရှည်လေ ပိုကောင်းလေ ဖြစ်ဖို့။

Ko Lin to Dhamma friends
11 hrs
【အသက်ရှည်လေ ပိုကောင်းလေ ဖြစ်ဖို့။】
■■ အသိပညာမရှိတဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှည်မှုဟာ
တန်ဖိုးမရှိဘူး။
...
■■ ဘာကြောင့် တန်ဖိုးမရှိတာတုန်း ???
■■ လုပ်သင့်တာနဲ့ မလုပ်သင့်တာ မသိဘူး၊
■■ မသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို
လုပ်သင့်တယ်လို့ ထင်တယ်။
■■ လုပ်သင့်တာကိုကျတော့ မလုပ်သင့်ဘူးလို့
ထင်တယ်။
■■ ထင်ရုံတင် မဟုတ်ဘူး၊ မလုပ်သင့်တာကို
လုပ်သင့်တယ်ထင်ပြီးလုပ်လိုက်တယ်။
■■ လုပ်သင့်တာကျတော့ မလုပ်သင့်ဘူးထင်ပြီးတော့
မလုပ်ဘဲနေတယ်။
ကိုယ်​ကျိုးနည်းတယ်၊ ကောင်းကျိုးချမ်းသာ ရ, ရမှာ
မရဘူး၊
အပြစ်ကင်းရမှာ မကင်းဘူး။ အပြစ်တွေ ရတယ်၊
■■ ဒါကြောင့်မို့ မြတ်​စွာဘုရားက ဟောတာ။
အသက်ရှည်လေ ပိုကောင်းလေဆိုတာ ...
ဘဝမှာ ဆင်ခြင်တုံတရားရှိတဲ့ အသိဥာဏ်ရှိတဲ့
ပုဂ္ဂိုလ်​တွေအတွက်သာ ဖြစ်တယ်။
#ဆင်ခြင်တုံမရှိဘဲနဲ့ အသိဥာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေကျတော့
အသက်ရှည်လေ အပြစ်ကြီးလေ၊
မှားမှားယွင်းယွင်း​တွေ လုပ်မိလေ၊ ပိုပြီးတော့ သံသရာဝဋ်​ထဲမှာ နစ်မြှပ်လေလေ၊
ဆင်းရဲဒုက္ခနွံထဲမှာ နစ်လေလေ၊ ဒီလိုပဲ ဖြစ်မှာပေါ့။
အဲဒီတော့ သူ့အဖို့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတယ်။
အသက်ရှည်သည့်အတွက်ကြောင့် အကုသိုလ်တွေ ပိုတက်လာတယ်။
★ ဘာနဲ့ဥပမာတူတုန်းဆိုရင်​ ကြည့်လေ။
သူများဆီက ကြွေးတွေယူထားတဲ့ပုဂ္ဂိုလ်၊ ကြွေးယူပြီးတော့ အလုပ်မကြိုးစားဘဲနဲ့ နေတဲ့ပုဂ္ဂိုလ်၊ အကြွေးက အတိုး​တွေ တက်နေတယ်။ နောက်ဆုံးကျတော့ မဆပ်နိုင်တဲ့ အနေအထားမျိုးထိ
ရောက်လာတယ်။
★ အဲဒီလို မကောင်းတဲ့ အကြွေးတွေကို အတိုးတက်နေသလိုပဲ
ကိုယ့်သန္တာန်မှာ အကုသိုလ်ကြွေးတွေ ဆပ်လို့မကုန်နိုင်အောင်တိုးတက်နေတယ်။
သံသရာထဲမှာ ဆပ်ပေရောလို့ ဒီလိုဆိုတယ်​။
★ ဒါကြောင့်မို့လို့ ပညာရှိတဲ့ပုဂ္ဂိုလ်က သံသရာကြွေးကိုလည်းပဲရှောင်နိုင်တယ်။
မြတ်စွာဘုရား ဟောကြားဆုံးမတဲ့ အဆုံးအမတွေဟာ
အလွန်ပဲ မှန်ကန်တယ်၊
★ ဘဝခရီး လျှောက်လှမ်းတဲ့အခါမှာ လုပ်သင့်တာနဲ့
မလုပ်သင့်တာသိဖို့လိုတယ်။
★ အပြစ်ရှိတာ မရှိတာ သိဖို့လိုတယ်။
★ ကုသိုလ် အကုသိုလ်​ ခွဲခြားသိဖို့လိုတယ်။
★ အဲဒီလို အသိပညာရှိတဲ့ ပုဂ္ဂိုလ်​တွေရဲ့ အသက်ရှည်မှုက တန်​ဖိုးရှိတဲ့အသက်ရှည်မှု ဖြစ်တယ်။
ပညာရှိရှိနဲ့ ဆင်ခြင်တုံတရားရှိရှိနဲ့ ဘဝမှာ အသက်ရှည်လေပိုကောင်းလေ ဖြစ်ရမယ်လို့ ဒီလိုဆိုတယ်​။
★ မိမိတို့အ​နေနဲ့ အသက်ရှည်အောင် ကြိုးစားဖို့ထက် ဘာကြိုးစားရမလဲ။
ပညာရှိဖို့ ကြိုးစားရမှာဖြစ်​တယ်​။
ပညာရှိပြီဆိုရင်​ အသက်ရှည်မှုက တန်ဖိုးတွေ တက်လာတယ်။
ဒါဖြင့် ပညာရှိလာ​အောင်​ ဘယ်​လိုလုပ်​ရမလဲ၊
တရားပွဲတွေသွားပြီး တရားနာရတယ်​၊
တရားဓမ္မနဲ့ ပတ်သက်ပြီး မှတ်သားကြရတယ်။
အတိုင်းအတာတစ်ခုအရ သင်ယူရတယ်။
စာအုပ်​စာတမ်း​တွေ ဖတ်ရှုရတယ်၊
" သုဿုသာ လဘတေ ပညံ "လို့ ဆိုတဲ့ အတိုင်း သိချင်တတ်ချင်စိတ်ရှိလို့ရှိရင်​ ပညာဆိုတာ ရတယ်ပေါ့။
★ ဒါကြောင့်မို့ တရားပွဲမှာ တရားလာနာ၊ အသိဥာဏ်ရတယ်။
ဖတ်သင့်ဖတ်ထိုက်တဲ့စာအုပ်တွေဖတ်၊ အသိဥာဏ်ရတယ်။
ဆရာတော်ကြီးတွေဆီ ချဉ်းကပ်ပြီးတော့ သိသင့်သိထိုက်တာတွေ
မေး၊ ရဟန်းသံဃာတွေဆီ ချဉ်းကပ်၊ မသိတာလေးတွေ မေး၊
အသိဥာဏ်​ရတယ်။
ဘဝမှာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတာကအစ
အခြေခံ သိရှိနားလည်အောင် မေးရတယ်။
အမှတ်​တမဲ့ မနေနဲ့။ ဆည်းပူးအားထုတ်ကြရမှာ ဖြစ်တယ်။
အဲဒီလို အသိဥာဏ်ရှိပြီး အသက်ရှည်မှ တန်ဖိုးရှိတာမို့
အသက်ရှည်လေ ပိုကောင်းလေ ဖြစ်တယ်။
(#ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)
#Posted_by_Words_of_Buddha.
★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★
★ _/\\_ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ၊ _/\\_ ★
★ _/\\_ သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ _/\\_ ★
#ဓမ္မဒါန

ရန်ကုန်ဆေးရုံကြီးမှာ လူနာစောင့်ကြည့်ရင်း














အရှင် ဣန္ဒက added 4 new photos — with အရှင် ဣန္ဒက at Yangon General Hospital.
23 June
ရန်ကုန်ဆေးရုံကြီးမှာ လူနာစောင့်ကြည့်ရင်း
ညသုံးနာရီလောက်မှာ ဆေးရုံအောက်ထပ်ကိုဆင်းကာ
အရေးပေါ်လူနာပြမည့် အပေါက်ဝရှေ့ဘက်ဆိုင်သို့
အအေးဗူးဝယ်ရန် ဆင်းလာခဲ့ပါတယ်။
...
ကိုယ်ဆင်းပြီးတော့ လျှောက်လာတဲ့လမ်းဟာ
သေဆုံးလူနာများကို ရေခဲတိုက်သို့
ပို့ဆောင်ရာလမ်းဖြစ်နေပါတယ်။
ကိုယ်က အအေးဗူးဆင်းဝယ်ရင်း
ထိုလမ်းပေါ်လျှောက်တဲ့ ခေတ္တခဏလေးမှာတင်
သေဆုံးလူနာ ခုနှစ်ယောက်လောက်ကို
ကုတင်နဲ့သယ်သွားတာ တွေ့မိရသလို
သုံးဘီးကားလေးနဲ့လည်း ရေခဲတိုက်ဘက်ကို
သေဆုံးလူနာတွေကိုသယ်ဆောင်နေကြတာ
တွေ့ခဲ့ရပါတယ်။
ကိုယ့်လူနာကို ဆရာဝန်များက
အရေးတကြီးဆိုသလို
အရေးပေါ်ကယ်ဆယ်ရေးကုသဆောင်ဘက်
ပို့လိုက်ပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးဘက်ရောက်တော့
ဒလဘက်ကမ်းက ဆိုင်ကယ်တိုက်မိလို့
လူတစ်ယောက်ဟာ
ဦးနှောက်တွေ ထွက်ကျနေပြီး
သေတော့မယ့်အခြေအနေဖြစ်လိုဖြစ်။
ကိုယ့်လူနာ ကုတင်နားက
ဒကာမတစ်ယောက်လည်း
ရောက်လို့ နာရဝက်မျှမကြာသေးခင်
အသက်ဆုံးရှုံးသွားပြန်တယ်။
ကိုယ်တွေလည်းတွေးနေမိပါတယ်။
""ရန်ကုန်ဆေးရုံကြီးမှာ
ကိုယ်ခဏလေးနေရတဲ့အခိုက်အတန့်မှာတောင်
ဒီလောက်လူတွေ သေဆုံးနေကြရင်
တစ်ရက်ကို ဒီဆေးရုံကြီးမှာ ဘယ်လောက်တောင်မှ
ဆုံးရှုံးနေကြရမလဲ"
ရန်ကုန်ဆေးရုံကြီးနဲ့တွက်လို့ တစ်ရက်ကို
ခန္ဓာပျက်ကြွေ သေဆုံးသူတွေဟာ
ဘယ်လောက်များလိုက်မလဲ
နိုင်ငံနဲ့တွက်ကြည့်ရင်
ကမ္ဘာနဲ့တွက်ကြည့်ရင်
အား--အများကြီးပါပဲလား""လို့
တွေးနေမိတယ်။
နေ့တစ်နေ့ကို
လူ့လောကကြီးရောက်လာကြသူများသလို
ထွက်ခွာသွားတွေလည်း များမှများပါပေ့။
ကိုယ်တွေလည်း
ခန္ဓာဖြစ်တည်လို့ လူ့လောကကြးထဲရောက်ခဲ့ရပြီ
ခန္ဓာပျက်ကြွေကာ သေဆုံရမယ့်နေ့စွဲစာရင်းထဲ
ဘယ်နေ့ပါလာမည်ဆိုတာ အတိအကျမသိရ။
ဗုဒ္ဓမြတ်စွာကတော့
" သဗ္ဗေ သင်္ခါရာ အနိစ္စာ"
ခပ်သိမ်းသော သင်္ခါရတရားဆိုတာ မမြဲဘူး"လို့
အတိအကျဟောထားခဲ့ပြီးသားပါ။
တကယ်တော့
သတိလက်လွတ် မေ့လျော့နေမိတဲ့အခါ
ဒီခန္ဓာကြီး မြဲတယ်
ပိုင်တယ်ထင်နေမိကြတာလေ။
ငါ့သား ငါ့သမီး ငါ့ဆွေမျိုး
ငါ့ရာထူး ငါ့အလှ ငါ့ဥစ္စာ ငါ့မာနတရားတွေနဲ့
သတိမေ့လျှော့ ပျော်မွေ့နေမိတဲ့အဖြစ်တွေ။
မသေခင်မှာ
အချစ်တွေ အမုန်းတွေ အာဃာတတွေ
ဝမ်းနည်းဝမ်းသာမှုတွေနဲ့
သံသရာလည်နေတဲ့အဖြစ်တွေ။
နောက်ဆုံးတော့---
ဆေးရုံကြီးတွေကို မိသားစုတွေနဲ့လာပြကြ
လာကုသလိုက်ကြ
မကုသနိုင်ကံကုန်တဲ့အဆုံး
သေဆုံးသွားပြီဆိုမှတော့ဖြင့်
ကိုယ့်ကို ရေခဲတိုက်ထံအပ်နှင်းထားခဲ့ကာ
မိသားစုများပြန်သွားကြ။
ရေခဲတိုက်ကို ပို့လိုက်တဲ့အချိန်
ဘာတွေယူလို့ရမှာလဲ။
ကုသိုလ်ဥစ္စာတစ်မျိုးကလွဲ
ဘာဆိုဘာမှမယူနိုင်ကြ
ဘုံဆိုင်အထုပ်တွေအားလုံးထားခဲ့ပေတော့။
ကိုယ်ပိုင်ကုသိုလ်ဥစ္စာဟာ
ဒီနေရာမှာတန်ဖိုး အရှိဆုံးဖြစ်သွားခဲ့လေပြီ။
တကယ်တော့
ကုသိုလ်ဆိုတာ အလိုအပ်ဆုံးအရာသာ
ခန္ဓာပျက်ကြေသေဆုံးရမယ့်
နေ့စွဲစာရင်းဟာ
တစ်နေ့တော့ မဖိတ်ခေါ်ပါပဲရောက်ကိုလာတော့မှာ
မနက်ဖြန်လား ဒီနေ့လားဆိုတာ
သေချာရေရာ ခွဲခြားမသိကြရတဲ့
မမြဲခြင်းဘဝ ပိုင်ဆိုင်ရလူသားတွေပါ။
ကိုယ်ကတော့ တွေးမိနေတယ်
ဗုဒ္ဓမြတ်စွာသာသနာနဲ့လည်းကြုံ
လူဘဝလည်းရလာကြ
သံသရာချမ်းသာကြောင်း
သံသရာလွတ်ကြောင်းတရားကောင်းများ
ဟောပြောနိုင်တဲ့ဆရာကောင်းတွေလည်းရှိနေပါရဲ့
ထောင်နိုင်တဲ့နားမြင်နိုင်တဲ့မျက်လုံး
စဉ်းစားသုံးသပ်နိုင်တဲ့အသိဥာဏ်များပြည့်စုံနေပါလျှက်
အသိလွဲ အမြင်လွဲ အကျင့်တွေလွဲမှား
တစ်ဘဝကောင်းစားရေးလမ်းစဉ်လျှောက်
သေခါနီးကုတင်ပေါ်မှာရောက်မှ
သတိလေးထားပြီး
မိသားစုက
"" ကုသိုလ်အာရုံပြု ကုသိုလ်အာရုံယူနှော်""
လို့ပြောကြတဲ့အခါမှာတော့
ယူရမယ့်ကုသိုလ်အာရုံက
တစ်ခုမှရှိမနေကြဘူးဆိုရင်တော့
ကျိမ်းသေပါတယ်။
လာခြင်ကောင်း၍ ပြန်ခြင်းမချမ်းမြေ့ပါပဲ
လူ့ဘဝကို အလွဲသုံးစားလုပ်ကာ
လူဖြစ်ရှုံးသူများဖြစ်ဖို့ပေါ့။
မိမိတို့လောကလူ့ဘဝကျင်လည်ရာ
သက်တမ်းတစ်လျှောက်မှာ
အလုပ်လုပ်ကြတဲ့အခါ
အရှုံးအမြတ်ဆိုတာ တွက်ချက်ကြပါတယ်။
အရှုံးဆိုတဲ့နေရာမှာ
သေခါနီးအချိန်
ကိုယ်အာရုံယူစရာ
ကုသိုလ်ကောင်းမှုတစ်ခုခုမရှိနေခြင်းဟာ
အရှုံးတကာ့အရှုံးထဲမှာ
အဆိုးဆုံးအရှုံးတစ်ခုပါပဲ။
တည့်တည့်ပြောရရင်တော့
မလိုချင်ဆုံးအရှုံးပါပဲ။
မိမိနှင့်အတူ
မိတ်ဆွေအပေါင်းသူတော်ကောင်းများဟာ
သေခါနီးအချိန်မှာ အာရုံယူစရာ
ကုသိုလ်ကောင်းမှုမြောက်များစွာဖြစ်စေဖို့
ကောင်းမှုတစ်ခု နေ့စဉ်ပြုကြပါလို့သာ
စေတနာဖြင့်တိုက်တွန်ရင်း
လာခြင်းကောင်း၍ ပြန်ခြင်းချမ်းမြေ့သူများ
ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းသာ---။--။
23 - 6 -16

Friday, September 23, 2016

"စိတ်ညစ်ရင်....ဘာလုပ်မလဲ"

Lwin Pyin
19 hrs
"စိတ်ညစ်ရင်....ဘာလုပ်မလဲ"
-----------
စိတ်ညစ်ရင်ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ် ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။
...
တစ်ဆက်တည်းပဲ “မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံးတော်မူပါဘုရား”လို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာ အားနာ နေရင်လည်း ဦးခေါင်းထက်ကိုပင့်လိုက်ပါ။ စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ။
မြတ်စွာဘုရား ကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။စိတ်ဓာတ် အင်အားကို ယူတာပါ။ စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်း ထားရမှာပါ။
အားလုံးပြီးရင် လက်အုပ်ချီ ထားတာလေးချပြီး အရဟံ ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ၀ိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ။ ဒါဆိုရင် စိတ်ချမ်းသာ လာပါ လိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။
စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲလုပ်တာပါ။ ဒါဆို စိတ်ညစ်တာ ပျောက်သွားတာ များပါတယ်။
ကိလေသာ မကင်းသရွေ့တော့ စိတ်တွေက အခါအားလျှော်စွာ ညစ်နေရဦးမှာပါ။ စိတ်ညစ်တာကို ညစ်တဲ့ အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့ နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ။
ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ။ ဂုဏ်တော် မေတ္တာလေး ပွားလိုက် ၊ စိတ်ညစ်လာတာနဲ့ဂုဏ်တော် မေတ္တာလေး ပွားလိုက်” နဲ့ကျင့်ပါများ သွားရင် အထုံ ဖြစ်သွားပါလိမ့်မယ်။
အထုံဖြစ်သွားရင် စွဲသွားတာ များပါတယ်။ ကောင်းတဲ့ အထုံ လေးတွေဆို စွဲနေအောင် လုပ်ထားရပါတယ်။အဲဒီလိုမှ မဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက် အနေနဲ့ အကုသိုလ် မကင်းတဲ့ တခြားတစ်ခုခုကို
သွားလုပ်မယ် ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲသွားတတ် ပါတယ်။
မကောင်းတာ စွဲသွားရင် ဖြတ်ရတာ ခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ် မကင်းတဲ့ အပြုအမူတွေ စွဲသွားတဲ့ သူတွေအများကြီးပါ။ တွေ့ဖူး မြင်ဖူးကြမှာပါ။
တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက် ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက် ပြောတဲ့သူက ကောင်းမြတ်တဲ့ အကြံပေးရင် တော်ပါရဲ့။
“ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက် ပါလား” စသည်ဖြင့် အကုသိုလ် မကင်းတဲ့အကြံတွေ ပေးလိုက်ရင် ကိုယ့်အတွက် အများကြီးနစ်နာ သွားနိုင်ပါတယ်။
ကဲထားပါတော့။ တစ်ယောက်ယောက်ဆီ ဖုန်းဆက် အကြံဉာဏ်တောင်း လို့ ကိုယ် အကြံတောင်းတဲ့ သူက“လာခဲ့၊ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင်၊ လုံးဝ လန်းသွားစေရမယ်”ဆိုပြီး လှမ်းခေါ်ပါပြီတဲ့။
ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့၊ကဲနေတုန်းမှာ လန်းတယ်လို့ ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ် ရဦးမှာပါ။ နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ အဖတ်တင်တာပါ။
စိတ်ညစ်တဲ့အခါ ထွက်ပေါက် မျိုးစုံတော့ ရှိနေကြမှာပါ။ အဲဒီအထဲကမှာ ကောင်းတဲ့ ထွက်ပေါက် လည်းဖြစ်၊ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထား လိုက်ဖို့ပါ။
စိတ်ညစ်ရင် အခြား တစ်ဖက်မှာ ဆိုးကျိုးတွေ ရှိနေတဲ့အတွက် ကောင်းတဲ့ ထွက်ပေါက် လေးတွေကို အထုံတစ်ခု အနေနဲ့ စွဲနေအောင် လေ့ကျင့် ထားနိုင်ရပါမယ်။
တကယ်တော့လည်း တရား သဘောအရ ဘယ်အရာမှ မမြဲပါဘူး။ စိတ်ညစ် တာလည်း အမြဲ တည်မနေနိုင်ပါဘူး။ ကာလတစ်ခုပါပဲ။ ကိုယ်က မမြဲတဲ့ သဘော တရားလေးကို သေချာ သဘောပေါက်ပြီး စိတ်ညစ် တာကို အကြောင်း ပြုပြီး ထွက်ပေါက် အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ။
စိတ်ညစ်နေတဲ့ ကာလတိုလေးမှာ ကုသိုလ်တွေကို လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ပေတေလုပ် နေလိုက်ပါ။ ဘုရား ပန်းအိုးလဲတာ ဘုရား သောက်တော် ရေလဲတာ၊ ကိုယ်ကြိုက်တဲ့ အစားအစာလေး တွေကို မြတ်စွာဘုရားကိုကပ်တာ စသည်ဖြင့် လုပ်လို့လည်း ရပါသေးတယ်။
စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ် အမြတ်ထွက် အောင်လုပ်ပစ် ရမှာပါ။ ကာလ တစ်ခုကြာလို့ စိတ်ညစ်တာလည်း ပျောက်သွားရော၊ ကိုယ့်ရင်ထဲကို ပြန်ကြည့် လိုက်တဲ့ အခါ ကုသိုလ်တွေ တစ်လှေကြီး ဖြစ်နေတော့တာပါ။
ဒီ ကုသိုလ်တွေဟာ နောက်ဘ၀အထိ အထုံဓာတ် တွေအနေနဲ့  ပါသွားတော့ မှာပါ။ အထုံဝါသနာဆိုတာနောက်ဘ၀အထိ လိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်း ကုသိုလ် ပါရမီတွေ ပြုဖြစ် နေဦးမှာပါ။ ဒါဆိုရင် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးသွား တော့မှာပါ။
အဓိကကတော့ ဘယ်လို အာရုံပဲ ကြုံလာကြုံလာ၊ ကြုံလာတဲ့ အာရုံကို အကြောင်းပြုပြီး ကုသိုလ် ဖြစ်သွား ဖို့ပါ။ ဒါကို ကိုယ်က အလေ့အကျင့် ဖြစ်အောင် လေ့ကျင့်၊ လေ့ကျင့် ထားဖို့ပါ။ လေ့ကျင့် ထားရင် စွဲသွား တတ်ပါတယ်။ နောင်ဆိုရင် အထူး ကြောင့်ကြ စိုက်စရာ မလို တော့ပါဘူး။ ဘာပဲပြောပြော ဒါဆိုရင် စိတ်ချမ်းသာ လာပါလိမ့်မယ်။
အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
(အလင်းတန်းဂျာနယ်)
Admin:Thuzar
Credit to orginal uploader

Wednesday, September 21, 2016

"တစ်ယောက်တည်းပါ အမှန်တကယ်တော့"

Dr Shwe Tun
"တစ်ယောက်တည်းပါ အမှန်တကယ်တော့"
***************************
လူ့လောကထဲရောက်ရှိစဉ်ကတည်းက
တစ်ယောက်တည်းပါ ...
တကယ်ကိုတစ်ယောက်တည်းပါပဲ.......

လူ့လောကထဲကနေ ထွက်ခွာမယ်ဆိုလည်း တစ်ယောက်တည်းပါ
တကယ်ကိုတစ်ယောက်တည်းပါ.....
မိမိကုသိုလ်ကပဲ
မိမိကိုကောင်းရာမွန်ရာရောက်စေပြီး...
မိမိအကုသိုလ်ကပဲ
မိမိကိုအပါယ်ပို့တာပါ။
တစ်ယောက်တည်းပါ
တကယ်ကိုတစ်ယောက်တည်းပါ......
မိမိမှားယွင်းမှုအပေါ်
မိဘမောင်ဘွားကခွင့်လွတ်ရင်နေမယ်
ငရဲကတော့မလွတ်ပါဘူး။
တစ်ယောက်တည်းပါ
တကယ်ကိုတစ်ယောက်တည်းပါ.....
မိမိမှန်ကန်မှုအပေါ်
တစ်ဖက်လူတွေက သိချင်မှသိမယ်။
မိမိ၏ကုသိုလ်စိတ်အိတ်နဲ့ထည့်သိမ်းထားလည်း
မရပါ အကျိုးပေးမှာပါ။
တစ်ယောက်တည်းပါ
တကယ်ကိုတစ်ယောက်တည်းပါ.....
မိမိကိုချစ်လွန်းလို့ဆိုပြီး ရောဂါဝေဒနာရလာရင်
မိမိလက်ကိုဆွဲပြီး လောကကြီးထဲ စွန့်ခွာမသွားဘဲ
နေနိုင်တဲ့ မိဘမောင်နှမမိတ်ဆွေ ဆိုတာမရှိပါဘူး
တစ်ယောက်တည်းပါ
တကယ်ကို တစ်ယောက်တည်းပါ........
မိမိကိုမခွဲနိုင်လို့ မစွန့်လွတ်နိုင်လို့ မိမိသေရင်
နောက်ကလိုက်သေမယ့်သူမရှိပါ။
တကယ်ကို တစ်ယောက်တည်းပါ.....
စာမကျက်ဘဲ ကိုယ်တိုင်သင်ယူခြင်းမရှိဘဲ မိမိ
ကိုချစ်လွန်း၍ စာမေးပွဲအောင်အောင် လုပ်ပေး
မယ့်သူမရှိပါ။တကယ်ကို တစ်ယောက်တည်းပါ။
မိမိကိုမုန်း၍ မိမိဦးဏှောက်ထဲမှ အသိဥာဏ်
ပညာကို ခိုးယူခြင်းငှာ မည်သူမှမစွမ်းနိုင်ပါ။
တကယ်ကိုတစ်ယောက်တည်းပါ။
မိမိကိုချစ်လွန်း၍ အစာရေစာခွံ့ကျွေးနိုင်သော်
ငြား မိမိဝမ်းပြည့်တင်းဖို့ရာ ဝါးမြိုချခြင်းငှာ မည်
သူမှ မစွမ်းပါ။တကယ်ကို တစ်ယောက်တည်းပါ။
ရောဂါဝေဒနာခံစားရ၍ ထိုဝေဒနာကို တစ်ဖက်
လူမှ မျှဝေခံစားဖို့ရာ ရောဂါပေးစွမ်းခြင်းငှာ
မည်သူမှ မတတ်နိုင်ပါ။
တကယ်ကို တစ်ယောက်တည်းပါ။
လောကဧည့်သည်ပုထုဇဉ်လူသားတွေချည်းပါ။
ရာထူး ဂုဏ် ဓန ရုပ်ရည် အသက်အိုးအိမ်ကို
ထာဝရဆုပ်ကိုင်နိုင်ဖို့ရာ မည်သူမှမစွမ်းပါ။
တကယ်ကို တစ်ယောက်တည်းပါ.....
မိမိ၏ရင့်ကျက်မှု မိမိ၏အသိဥာဏ်ပညာ
ဆင်ခြင်တုံတရား သံဝေဂတရားတွေကသာ
လောကဓံတွေကို ဖြေရှင်းပေးနိုင်တာပါ။
တကယ်ကိုတစ်ယောက်တည်းပါ.....
စိတ်ကောင်းရှိမှု အသိ သတိ ဝိရိယကောင်းမွန်
မှုထက် သာလွန်ကောင်းမွန်တဲ့အရည်အချင်း
မည်သူ့ထံတွင်မှ မရှိပါ။ဘယ်သူမပြု မိမိမှုပါ။
မိမိ၏ကောင်းခြင်း ဆိုးခြင်း စိတ်ကောင်းရှိခြင်း
ယုတ်မာခြင်းတို့ကိုမိမိမှလွဲ၍ မည်သည့်ပုထုဇဉ်မှ
ပိုမသိပါ။တကယ်ကို တစ်ယောက်တည်းပါ။
မိမိအတွက်အကောင်းဆုံးအဖော်မှာ မိမိ၏
ကုသိုလ်တရားဖြစ်ပြီး မိမိအတွက်အဆိုးဆုံး
ရန်သူကား မိမိပြုလုပ်သည့် အကုသိုလ်သာဖြစ်
ချေတော့၏။
"မိမိ၏ပစ္စုပ္ပန်ဘဝ၊သံသရာတို့အား မိမိသာပုံဖော်ရ၏။"
(မိမိကိုယ်ကိုဆုံးမခြင်း)
Post & Photo by
မဟူရာ နတ်သမီး ။

တံခါးဖွင့်လိုက်ပြီ

ဘကြီးသက်
6 May
သုသာန်မှာရေးထားတဲ့စာလေးပါ။
သံဝေဂရနိုင်အောင်တင်ပေးလိုက်ပါတယ်။

Sunday, September 18, 2016

ဖြစိပျက်မြင်ဖို့အရေးကြီးတယ်နော်..

ဖြစိပျက်မြင်ဖို့အရေးကြီးတယ်နော်..
ခန္ဓာ-၅ပါး တစ်ဦး
"ဖြစ်ပျက်"
••••••••••
"ဝိပဿနာ" စတင်အားထုတ်ကြမဲ့ ဓမ္မမိတ်ဆွေ များ အနေဖြင့် "ဖြစ်ပျက်" ဆိုတဲ့ စကားလုံးကို တရားနာရင်း သော်လည်းကောင်း၊ ဝိပဿနာ နဲ့ ဆိုင်ရ...ာ တရားစာပေများလေ့လာဖတ်ရှုရင်း သော်လည်းကောင်း အမြဲ" တွေ့ နေ၊သိနေ၊ကြားနေ" ကျ စကားလုံးဖြစ်နေတဲ့အတွက် ဓမ္မမိတ်ဆွေ တို့ အတွက် မစိမ်းပါဘူး။ ဒီ"ဖြစ်ပျက်"ဆိုတဲ့ စကားလုံးကို တွေ့ နေ၊သိနေ၊ကြားနေရုံထက် အဲဒီ "ဖြစ်ပျက်" ဆိုတဲ့ သဘောကို မြင် မှ သာလျှင် သံသရာ မှ လွတ်မြောက်နိုင်တာမို့  အင်မတန်အရေးကြီးလှပါတယ်။
ဆရာတော်ကြီး များဟာ အမြဲဟောလေ့ရှိပါတယ်။ " ဒါန၊သီလ" လောက်နဲ့ တင်းတိမ်မနေကြပါနဲ့ စိတ်မချရသေးပါဘူး၊ သံသရာ ပြတ်ကြောင်း က "ဝိပဿနာ" အပြင် တခြားမရှိဘူး..ဆိုတာ...။
ဒီတော့ " ဝိပဿနာ" ဟာ ဘယ်လောက်အရေးကြီးတယ် ဆိုတာ ပြောဖို့ လိုမယ်မထင်ပါဘူး။ ဒါ့ကြောင် ဓမ္မမိတ်ဆွေ တို့ ခုလို ဝိပဿနာ တရားအားထုတ်တဲ့ အခါ မှာ သတိပဋ္ဌာန်(၄)ပါးဖြစ်တဲ့....
၁။ "ကာယနုပဿနာ သတိပဌာန်"လို့ ခေါ်တဲ့ကိုယ်၊ ကိုယ်၏ လှုပ်ရှားမှုကို ရှုမှတ်ခြင်း။
၂။ "ဝေဒနာနုပဿနာ သတိပဌာန်" လို့ ခေါ်တဲ့ ခံစားမှု ဝေဒနာကို ရှုမှတ်ခြင်း။
၃။ "စိတ္တာနုပဿနာ သတိပဌာန်" လို့ ခေါ်တဲ့ စိတ်ကို ရှုမှတ်ခြင်း။
၎။ "ဓမ္မာနုပဿနာ သတိပဌာန်" လို့ ခေါ်တဲ့ တရားကို ရှုမှတ်ခြင်းတို့ ဖြစ်ပါတယ်။
တရားအားထုတ်ကြတဲ့ ပုဂ္ဂိုလ်တို့ အား အထက်က ဖေါ်ပြထားတဲ့ သတိပဋ္ဌာန် တစ်နည်းနည်း နဲ့ အားထုတ်ကြရပြီး မဂ်ဖိုလ်နိဗ္ဗာန် ရကြ ရတာပါ။ အဲဒီလို အားထုတ်တဲ့ အခါမှ ဘယ် သတိပဋ္ဌာန် ကို ဘဲ ရှုမှတ်၊ရှုမှတ် နောက်ဆုံး " ဖြစ်ပျက်" ကို မြင်မှ နိဗ္ဗာန်ကို မြင်ပါမယ်။ ဒါကြောင့် ဖြစ်ပျက် မြင်အောင်ရှုကြ၊ ဖြစ်ပျက် မြင်မှ "ဝိပဿနာ" ဖြစ်တယ် လို့ ဆိုပါတယ်။
ဒါကြောင့်" ဖြစ်ပျက် " ကို သိဖို့ ထက်၊ မြင်အောင် လုပ်ဖို့ က ဓမ္မမိတ်ဆွေ တို့ ရဲ့ တာဝန် ဖြစ်ပါတယ်။ ဒီ" ဖြစ်ပျက်" ကို မြင်နိုင်ရန်အတွက် လေ့လာဖတ်ရှုထားတဲ့ "ဖြစ်ပျက်သဘောအကြောင်း" ကို ဓမ္မဒါန ပြုလိုက်ပါတယ်။
တချို့ ပုထုဇဉ် တွေ ဟာ တရားကိုတရားမှန်းမသိဘဲ ဟာသ နှောပြီး တရားအပေါ် ခပ်ပေါ့ပေါ့လေးဘဲ ရယ် သွမ်းပြီးပြောကြ ဆိုကြတာတွေရှိပါတယ်။ တချို့ က ရယ်စရာလို့ ထင်တတ်ကြပါတယ်။ တရားသောနည်းနဲ့ သော်လည်ကောင်း။ မတရားတဲ့ နည်းနဲ့ သော်လည်ကောင်း ရရှိထား တဲ့ စည်းစိမ်းချမ်းသာတွေနဲ့ သူတို့ ကိုယ် သူတို့  အဟုတ်ကြီးထင်ပြီး တရားတော်ကိုပါ အထင်သေး အမြင်သေးစိတ်တွေထားတတ်ကြပါတယ်။ ကံအကြွင်းအကျန်လေးကို သုံးဆောင်ပြီး ချမ်းသာ နေကြတာကို အဟုတ်မှတ်ပြီး "တရားဆိုတာ ငွေလောက်တန်ဖိုးမရှိဘူး" လို့  တွေးချင်ကြပါတယ်။
တရားအကြောင်းရေးတာကိုလည်း တစ်ချို့ က ရယ်စရာ တစ်ခုလို့  ထင်မြင်နေတတ်ကြပါတယ်။ တရားနဲ့ ဆက်စပ်ပြီး ပြောဆိုတာကိုလည်း ဟာသ တစ်ခုလို ပြုံးရယ်ပြီး ဥပေက္ခာ ပြုကြတဲ့ သူတွေ လည်း ရှိတတ်ပါတယ်။ဒါကြောင့်လည်း" မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် နဲ့ တကွ အရိယာ သူတော်စင်" တို့ ဟာ "ပုထုဇဉ် အရိုင်း အစိုင်း" တွေကို ဂရုဏာထားလို့  သနားတော်မူကြတာပါပဲ။

တရားတော်အပေါ် လေးစား ယုံကြည်သက်ဝင်လာသူတစ်ယောက် ဖက်က ခံစားကြည့်မယ်ဆိုယင်....
"ဖြစ်ပြီးတော့ ပျက်သွားတာပဲ မလား"ဆိုတဲ့ စကားကိုရယ်သွမ်းသွေးပြီး ပြောတာကို ကြားလိုက်ရရင်ဖြင့် " အော် တရားတော် ကို မလေးမစား ပြောလေခြင်း"လို့  အလိုမကျတဲ့စိတ်ဖြစ်မိမှာပါဘဲ။ ဒီထက် ပိုလာတဲ့ အရိယာ တစ်ယောက် အမြင်ကတော့ "တရားမသိတဲ့ အရိုင်းအစိုင်းပါလား"လို့  သနားမိမှာပါဘဲ။ သူ့ ရဲ့ မထင်မှတ်ပဲပြောလိုက်တဲ့စကားဟာ သူ့ အပေါ်မှာ "ဓမ္မ ရဲ့ အန္တရာယ်" ဖြစ်စေတယ် ဆိုတာ သူမသိရှာပါဘူး။
"ဖြစ်ပျက်" ဆိုတာ "ခန္ဓာ" မှာ တကယ်ဖြစ်ပြီး တကယ်ပျက်တာကို တကယ် ဥာဏ်နဲ့ ဆင်ခြင်နိုင်ရင် တန်ဖိုးရှိတဲ့ အသိတရား ဖြစ်ပါတယ်။ပါးစပ်က ပြောရုံနဲ့  ပြောပြီး ခန္ဓာ မှာ ဘယ်ဟာ ဖြစ်လို့  ဘယ်ဟာ ပျက်မှန်းမသိရင် သူသိတဲ့ အသိဟာ အလကားအသိ ပဲ ဖြစ်နေပါတယ်။ ခန္ဓာ မှာ"ဖြစ်တာ ပျက်တာ"ကို သိမှ တန်ဖိုးရှိတဲ့ အသိ ဖြစ်မှာပါ။
ပုထုဇဉ် အရိုင်းအစိုင်းတွေဟာ" ဖြစ်ပျက်" ဆိုတဲ့ အသိကို ငွေနဲ့ လဲ လို့ ရရင် သူများက ငွေပေးရင်တောင် လဲ ပစ်မယ့် သူတွေဖြစ်ပါတယ်။ တစ်ဆယ်ဆိုလည်း လဲမှာပဲ။ တစ်ရာဆိုလည်း လဲမှာပဲ။ တစ်သိန်းဆိုရင် ပိုလို့ တောင် လဲ မယ့်သူတွေပါ။
အရိယာ သူတော်ကောင်းတွေအတွက်ကတော့ ဖြစ်ပျက် ဆိုတဲ့ အသိတရားကို သိန်းတစ်ရာနဲ့ လည်း မလဲပါဘူး။ သိန်းပေါင်း သောင်းဂဏန်းချီပြီးပေးလည်း လဲ မှာ မဟုတ်ပါဘူး။ဘာဖြစ်လို့ လဲ ဆိုတော့ ဖြစ်ပျက်ရဲ့တန်ဖိုးက ငွေနဲ့လဲ လို့ တန်ဖိုးဖြတ်လို့  မရနိုင်အောင် တန်ဖိုးကြီးမားတယ် ဆိုတာ သိရှိသွားကြလို့ ပါဘဲ၊ အရိယာတွေ ပဲ သိကြပါတယ်။
ခန္ဓာ ရဲ့ ဖြစ်ပျက်ကို ဥာဏ်နဲ့ သိဖို့ ရာမှာ ငွေနဲ့ ဝယ်လို့ မရနိုင်ဘူး။ မရေမတွက်နိုင်သော ငွေတွေ ပုံပေးပြီး ၀ယ်လည်း မရနိုင်ပါဘူး။ငွေပေါင်းသိန်းပေါင်းသောင်းချီပြီး မရေမတွက်နိုင်သော...
"ဒါန ကိုပြုထားသူ" နဲ့ "ခန္ဓာ ဖြစ်ပျက်ကိုမြင်ထားတဲ့သူ"ဟာ..
နှိုင်းယှဉ်လို့ မရအောင်ကို တန်ဖိုးခြင်း ကွာခြား သွားပါတယ်။ စားစရာမရှိတဲ့ လူတစ်ယောက်ဖြစ်ပါစေ၊"ဖြစ်ပျက်"တစ်ချက်မြင်တဲ့ ပုဂ္ဂိုလ်ဟာ စကြာဝတေး မင်းထက် ကို မြင့်မြတ်ပါတယ်။
မရေမတွက်နိုင်တဲ့ ကုန်ကျမှုတွေ နဲ့  ကုသိုလ်တွေ ဘယ်လောက်ပဲ လုပ်ထားလုပ်ထား၊ သေခါနီး ကျတဲ့အခါ....
ဝေဒနာ တွေ ခံစားရလို့ " ဒေါသ" ဖြစ်မယ်။
ဝေဒနာက သက်သာချင်လို့ " လောဘ" ဖြစ်မယ်။
ဘယ်လို ဒေနာမှန်းမသိ ခံစားနေရပါလားဆိုပြီး" မောဟ" ဝင်မယ်။
အဲ့ဒီ ကိလေသာတွေ နဲ့  ဇောတွေကပ်ပြီး သေတဲ့အခါ ...
လောဘ နဲ့ သေ ပြိတ္တာပြည်။
ဒေါသ နဲ့ သေ ငရဲ ပြည်။
မောဟနဲ့ သေ တိရိစ္ဆာန်ပြည်...စသဖြင့် ရောက်ရပါလိမ့်မယ်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဟောခဲ့သလို အရိယာသူတော်ကောင်း အပေါင်းတို့ ကလည်း ဟောခဲ့ ပြီးသားဖြစ်ပါတယ်။
"လူ အယောက် တစ်သိန်းသေလို့  လူတစ်ယောက် ပြန်မဖြစ်ဘူး"တဲ့ ...ဘုရားရှင် ကိုယ်တိုင်က ပြောတာကို မယုံဘူးဆိုရင်တော့လည်း ဘာမှ ပြောစရာ မရှိတော့ပါဘူး။
ဘာကြောင့် ဒီလိုပြောရသလဲဆိုတာ အရှင်းကြီးပါ.. သေခါနီး မှာ ဝေဒနာ ခံစားရရင် ဖြစ်ပေါ်လာတဲ့ အဲဒီဝေဒနာကြောင့်" လောဘ၊ ဒေါသ၊ မောဟ" တွေ ဝင်ပြီးသေကြလို့ ပါပဲ။
အရိယာသူတော်ကောင်းတွေ ကတော့ "လောဘ ဝင်ဝင်၊ ဒေါသ ဝင်ဝင် မောဟ ဘဲဝင်ဝင်"
လောဘ ကို လောဘမှန်း သိတယ်။ ငါ သက်သာချင်တယ်လို့ မဖြစ်ဘူး။ သက်သာရင်တော့  ကောင်းမှာပဲ လို့ တွေးတော့တွေးတယ်။ ငါ ဆိုတဲ့ "ဒိဌိ " မပါဘူး။ မသက်သာတဲ့ အတွက်ကြောင့်လည်း "အကြောင်းကြောင့် အကျိုးပဲ" လေ လို့ တွေးတယ်။
ဒီ ဝေဒနာ ဆိုးကြီးကိုခံစားနေရပါလားလို့ တွေးပြီး ငါ့ကျမှ ဖြစ်ရလေခြင်းလို့  မတွေးဘူး။ "ငါ ဆိုတာ မပါဘူး"။ ဒီဝေဒနာ တော်တော်ဆိုးပါလားလို့ တွေးတော့တွေးမယ်။ခန္ဓာ ရှိခြင်းကြောင့် ခန္ဓာ ရဲ့ အိုခြင်းသဘောနာခြင်း သဘောပါပဲလို့ တွေးတယ်။ အတွေးခြင်းကို မတူတာပါ။ ဖြည့်စွက်ပြောရရင်.. တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်ဆို သိပါတယ်။ နာကျင်တဲ့ ဝေဒနာ ခံစားရတဲ့ အခါ ဆို ဒီလိုအတွေးမျိုးပေါ်ဖူးကြပါလိမ့်မယ်။
ရှေ့ ဆက်ရရင်...
ဒေါသ ကို ဒေါသ မှန်း သိတယ်၊ မောဟ ကို မောဟ မှန်း သိတယ်။ ဒါကတော့ အောက်"မဂ်နှစ်ပါး"ကိုရထားပြီး တဲ့..."သောတာပန်နဲ့ သကဒါဂါမ်"အရိယာတွေ မှာ ဖြစ်နိုင်သေးတဲ့ သေခါနီး ကိလေသာတွေ ဖြစ်ပါတယ်။ အရိယာ ဖြစ်လေသော ကြောင့် ငါ ဆိုတဲ့ "ဒိဌိ" ကို ပယ်သတ်ပြီး ဖြစ်တဲ့အတွက် အောက် သံသရာကို လည်ပတ်စရာ မရှိတော့ပါဘူး။
ပုထုဇဉ် တွေ အတွက်ကတော့ သိန်းပေါင်းမြောက်များစွာ မရေမတွက်နိုင်အောင် လှုဒါန်းပေးကမ်းသော်လည်း သေခါနီး ဝေဒနာ ခံစားတဲ့အခါ "ငါ ကတော့ ဒါန တွေ အများကြီးပြုပါရက် နဲ့ ငါ့ ကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ" ဆိုတဲ့အတွေးတွေ ဝင်တတ်ကြပါတယ်။ဝေဒနာ က လွတ်မြောက်ချင်တဲ့ လောဘ၊ ဝေဒနာကိုမခံစားနိုင်တဲ့ ဒေါသ စသဖြင့် ဖြစ်ပေါ်ပြီးတော့ မှ သေပွဲဝင်ပြီး ၊ အပါယ်လေးပါးကို သံသရာ လည်ရပါတော့တယ်။
သေခါနီး ခံစားရတဲ့ ဝေဒနာ ဆိုးကြောင့် လောဘ နဲ့ သေပြီးပြိတ္တာ ဖြစ်သော်လည်း ပြုခဲ့တဲ့ ဒါန အားလေး ကောင်းလွန်းတော့ ပြိတ္တာ ဖြစ်တာတောင် အလွန် တရာချောမောလှပတဲ့ပြိတ္တာ ဖြစ်ရတယ်။ ကာမဂုဏ်အာရုံတွေ ခံစားရတယ်။ ဒါက ကုသိုလ်ရဲ့ အထောက်အပံတွေပေါ့။ တိရိစ္ဆာန် ဖြစ်ရင်လည်း ဆင်ဖြူတော်တို့ လို ရွှေနဂါးတို့ လို အကုသိုလ် မှာ ကုသိုလ်လေးက နှောပြီး သူတစ်ပါးထက်တော့သာလွန်တာပေါ့။
အကယ်၍များ ပုထုဇဉ် ပေမယ့် ခန္ဓာ ငါးပါးအကြောင်းလေး လေ့လာထားပြီး ခန္ဓာ ရဲ့ဖြစ်ခြင်း ပျက်ခြင်းကို ရှုမှတ်ဖူးလို့  အကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုတာလေး ကိုလေ့လာခဲ့ ဖူးပါတယ်ဆိုရင်တော့....
သေခါနီး ဝေဒနာ ခံစားရတဲ့အချိန်မှာ သတိလက်လွတ် နဲ့  လောဘတွေ ဒေါသ တွေ ဘယ်လောက်ပဲ ဝင်နေပါစေ၊ ဖြတ်ခ နဲ့ သတိရပြီး ခန္ဓာ ရဲ့" ဖြစ်ခြင်း ပျက်ခြင်း" လေးပါလားလို့  ဖြစ်ပျက်လေး တစ်ချက်လောက် အသိ ဝင်လိုက်မယ်ဆိုရင်တော့ နောက် ဘဝ ဆိုတာ အပါယ် သံသရာ မဖြစ်ပဲ "သုဂတိဘုံ"မှာ စံရမှာ သေချာပါတယ်။
ဒီ "အသိ တရား" ဟာ ပေါ့ပေါ့ တန်တန် သိထားရမယ့် အသိတရားမဟုတ်ဘူး။ တကယ်လေးလေး နက်နက် သိထားရမယ့် "အသိတရား"တစ်ခုပါ။ ပုထုဇဉ် အတွက် သေခါနီးမှာ အဲ့ဒီ အသိလေး ဝင်ဖို့  သိပ်ကိုအရေးကြီးလှပါတယ်။ ပုထုဇဉ် ဆိုတာ ကိလေသာ တစ်ပါး မှ မပယ်ရသေးသူမှန်သမျှ ဖြစ်တဲ့အတွက်ကြောင့် အရိုင်းအစိုင်းတွေကြီးပါပဲ။ သူ့ မှာ ငါဆိုတဲ့ အားကြီးတဲ့ "သက္ကာယ ဒိဌိ" ကြီးက ကြီးစိုးနေလို့  "အရိုင်းအစိုင်း"ပဲ ဖြစ်နေတာပါ။
ကုသိုလ်တွေ အများကြီး ပြုလုပ်ထားပါလျက်နဲ့ အပါယ်သံသရာ မှာကျင်လည်ရတယ် ဆိုတာ တော်တော်ကို"နစ်နာ"တဲ့ကိစ္စပါ။ ကုသိုလ် လုပ်ပါလျက် နဲ့  ကုသိုလ် အကျိုးပေးကိုမခံစားရတာ "ဒိဌိ" ကြောင့်ပဲဖြစ်ပါတယ်။ လူဖြစ်ရတာ ရှုံးတယ် လို့ ခေါ်ပါတယ်။ ငါ လှူတယ် ဆိုတဲ့ အစွဲဟာ "အကုသိုလ်" ဖြစ်စေပါတယ်။ အဲဒါမျိုးဟာ အကုသိုလ်ဆိုတာ သိပြီး "လှူလိုက်ရတယ်" ဆိုတာကိုပဲ စိတ်က ခံစားမှသာ ကုသိုလ် အပြည့်အဝ ဖြစ်တယ် ဆိုတာကိုသိထားဖို့ အရေးကြီးလှပါတယ်။
ထိုနည်းတူစွာ တရားအားထုတ်တဲ့ အခါမှာလည်း ဖြစ်ပျက် မြင်အောင် ရှုနိုင်မှသာလျှင် ဝိပဿနာ ဖြစ်ပြီး၊ သံသရာလွတ်မှာ မို့ ၊ တရားအားထုတ်သူပုဂ္ဂိုလ်ဟာ ဖြစ်ပျက်မှန်ကန်စွာ မရှုတတ်ရင်လည်းတရားအားထုတ်ပေမဲ့ အချည်နှီးဖြစ်စေတဲ့အတွက်ကြောင့် အချိန်ကုန်၊လူပန်းဖြစ်ရစေပါတယ်။ ဒါကြောင့် တရားပြသူ ဆရာသမား တို့ ထံ ချဉ်းကပ်ပြီး နည်းနာယူကြဖို့ တိုက်တွန်းပါတယ်။
" ဖြစ်ပျက်" ရှုကြတာ၊ "ဖြစ်ပျက်" မြင်ကြတာတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။
ပုဂ္ဂိုလ်တစ်ဦး ရဲ့ သူ ရှုတုန်းက "ဖြစ်ပျက်" အကြောင်းလေး ကို ဘယ်လို ရှုတယ် ဆိုတာ သိထားလို့  ဖေါ်ပြလိုက်ပါ့မယ်။ အထောက်ကူဖြစ်ချင်ဖြစ်မှာပါ။
ဥပမာ....
တရားအားထုတ်နေတဲ့ အခါ...ခန္ဓာကိုယ် နာကျင် ကိုက်ခဲတဲ့ ဝေဒနာ ပေါ်လာတယ် ဆိုကြပါစို့..ဒီပုဂ္ဂိုလ်" ဖြစ်ပျက်" ရှုသွားတဲ့ ပုံက...
ပထမတော့ အဲဒီ နာကျင်ကိုက်ခဲတာ ကို နာလွန်း လို သူ့ ရှု နေတာ..အဲဒီ ဝေဒနာ ကို..တဲ့။ ပျောက်ချင်လွန်းလို့ ဖြစ်နေတဲ့ စိတ်တွေ။ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ.. သူ့ စိတ်ဟာ စဉ်းစားနေတယ်..
" အော်.. နာနေပေမဲ့ ငါ ထိုင်နေတဲ့ ပုံစံပြောင်း လို့ မဖြစ်ဘူး..ပြောင်းလိုက်ရင်.. ငါတရားအားထုတ်နေတယ် ဆိုတာ.. ဘာအဓိပ္ပါယ်ရှိတော့မှာလဲ..ဒီလောက်နာတာလေး ဘာဖြစ်လဲ၊ တရားထိုင်ရင်း သေသွားရင်တောင် မြတ်သေးတယ်၊ ငရဲပြည်မှာ ဆို ပူလောင်ပြီး ဒီထက် ပို ခံစားရမှာ... မပြင်ဘူးကွ ဆိုတဲ့ အတွေးတွေ၊အတွေးတွေ နဲ့ အဲဒီလို ဝီရိယ အားထုတ်ပြီး ရှုရင်း ရှုရင်း အဲဒီ နာကျင်တဲ့ ဝေဒနာ တဖြည်းဖြည်း တဖျဉ်းဖျဉ်း နဲ့  ပျောက်တဲ့ဖက်ကို ကူးလာတာ သိလာရတယ်။( အလုပ်တစ်ခုခုကို ကြာကြာထိုင်ပြီး ပြန်ထတဲ့ အခါ ခြေထောက်ကျဉ် လို့ ခံစားရတဲ့ သဘောမျိုး) ဒါပေမဲ့ အဲဒီ ပုဂ္ဂိုလ် ကတော့ ခြေထောက်ကျဉ်တယ် လို့  မခံစားရဘူး၊ သူမှာ ဝိပဿနာ ဉာဏ်တွေ တက်နေပြီးတော့..နာနေတဲ့ အနာတွေဟာ တဖျဉ်းဖျဉ်း နဲ့ ပျက်နေပါလားဆို တဲ့ ဉာဏ်တွေ ဖြစ်နေတော့တာ။ ရှုနေတုန်းက ဝေဒနာ နုပဿနာ၊ နာလွန်းလို့ ဝေဒနာ ကို ရှုရင်း၊ ရှုရင်း က နေ " ဖြစ်ပျက်" ကို သူမြင်သွားတဲ့ ပုံစံပါဘဲ။အံ့သြစရာကောင်းလှပါတယ်..အဲဒီလို ဖြစ်ပျက် မြင်တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်အရာကို ကြည့်ကြည့် ဖြစ်ပျက်ဘဲ ဆိုတဲ့ အမြင်ဟာ စွဲကပ်နေတဲ့ အတွက် အဲဒီပုဂ္ဂိုလ်မျိုးတွေဟာ လောကမှာ ဘယ်နေရာနေနေ၊ နေတတ်သွားတယ် ဆိုတဲ့ သဘောမျိုး ဖြစ်နေတတ်ကြတယ် လို့  ဆိုပါတယ်။
အထက်က ပြောခဲ့သလို ဘယ် ကမ္မဋ္ဌာန်း ဘဲ ရှုရှု၊ နောက်ဆုံးဖြစ်ပျက် မြင်အောင်ရှုတတ်ဖို့  တိုက်တွန်းပါတယ်။ရှုတတ် အောင် အတွက် ၊ နေ့ စဉ် အားထုတ်နေမှသာ လျှင် ပိုပြီးထိရောက် မြန်ဆန်နိုင်မှာပါ။
"ငယ်ပါသေးတယ်၊ စောပါသေးတယ်" မလုပ်ပါနဲ့ သေချင်းတရားဆိုတာ မမြင်နိုင်တဲ့ အရာပါ၊ ဘယ်ပုံစံနဲ့ လာမလဲသာမသိတာပါ။ သိတော့ မှ "မလုပ်လိုက်ရလေခြင်း"ဆိုတဲ့ နောက်တ လည်း မဖြစ်ပါဘူး.. ဘာလို့ လည်းဆိုတော့ သေပြီးသွားပြီကိုး...။ အဲဒီတော့ သေသွားပြီးတဲ့ လူတွေကို ကြည့်ကာ သံဝေဂ ရကြပြီး ဓမ္မမိတ်ဆွေတို့ အနေနဲ့ ကျင့်ကြံအားထုတ်ကြမယ်ဆိုရင် ကျေနပ်ဝမ်းမြောက်စရာ ဖြစ်မှာပါ။
အဲဒီလို "ဖြစ်ပျက်" ဆိုတဲ့အသိတရားကို ဆင်ခြင်နိုင်ပြီး သိနိုင်ရင် သိန်းပေါင်းမြောက်များစွာ လှူဒါန်းထားတဲ့ သူထက်သာလွန်မြင့်မြတ်တဲ့ အပြင်၊ မိမိတို့  ရည်မှန်းထားရာ ဖြစ်တဲ့ နိဗ္ဗာန် ကို အရောက်လှမ်းနိုင်ကြပါစေ လို့ ဆန္ဒပြုရင်း ဓမ္မဒါနပြုလိုက်ပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။( ခန္ဓာ-၅ပါးတစ်ဦး )
( လေ့လာဖတ်ရှုထားသမျှ ဓမ္မဒါနပြုလုပ်သည်ဖြစ်ပါသောကြောင့် မှားယွင်းမှုများ ရှိခဲ့သော် အစဉ်သနားသော အားဖြင့် သည်းခံခွင့်လွှတ်တော်မူပါ အရှင်သူတော်မြတ်တို့ ဘုရား-( ခန္ဓာ-၅ပါးတစ်ဦး

တေဘုမ္မာ

Click for more
Posted by Kyaw Zay Ya
315 Views
315 Views
Kyaw Zay YaFollow
16 hrs
တေဘုမ္မာ
ရေး -ကျိုက်လတ် ဦးပြုံးချို
ဆို -ရီရီသန့်
တေ-ဘုမ္မာ၊ အနိစ္စာ ဒုက္ခာ အနတ္တာ တရားမရလို့  များလှသံသရာ၊ ကာမောဃာ ဘဝေါဃာ ဒိဋ္ဌောဃာ၊ အ၀ိဇ္ဖောဃာ စိတ်မောဟာ မကင်းတာ အရ...င်းခံ သူတဏှာ၊
ဒိဋ္ဌိဥာဏ် ၀င်စားထင်မှား မြင်ငြားကြတာ၊ လူဘဲ နတ်ဘဲ မှတ်စွဲလို့ သာ၊ မှားချက်အလွန်နာ၊ ငါ့သားငါ့မယား လင်သားဥစ္စာ၊ ငါ့ကိုယ်ငါ့ဟာ အစဉ်မကွာ သက္ကာယကြောင့် မာနတွေ ထောင်ကြတာ၊ ၀ိပဿနာ ထင်ရှား မြင်လျား မြင်ငြားကြပါ၊ ဘာမျှရှာမရ အ,သာရက မှန်စွာ အနတ္တာ ခန္ဓာ၊ ဖြစ်ရင်းတည်ရင်း ပျက်ရင်းချူပ်ကာ၊ ရုပ္ပတိသညာ၊ ဖေါက်ပြန်မဆိတ်ပါ အနိစ္စလက္ခဏာ၊ ရုပ်တရားနာမ်တရားနှစ်ဖြာ၊ အိုနာသေမည် အတည်မကျပါ၊
သင်္ခါရဟာ ဘင်ကာလမကြာ၊
ငါးဖြာဂတိမှာ၊ လေးဘုံ အပါယ်ငရဲစာ၊ (အ၀ိဇ္ဖာ အကြောင်းကြောင့် သင်္ခါရာ ၀ိညာဏ် နာမ်တရား ရုပ်တရားနှစ်ဖြာ)၂ ခြောက်ခုအာရုံ ကာမဂုဏ်ဆန္ဒ- ပဋိစ္စ သမုပ္ပါန် ရှုပ်ပြန်အတွင်းအပတဏှာ။

(ရှက်စရာတွေးတော့ သမုဒယပါ၊ မဂ္ဂဆေးနှင့် ကုရမှာ၊ လက္ခဏာရေးဖြင့် ရှုကြပါ၊ တေ ဘုမ္မာ)
(မြေ-ရေ-လေ-မီး ဓာတ်ကြီးအစုပါ၊ လွန်တရာမမြတ်သော အတ္တဘော ခန္ဓာ၊)၂၊
(မုန်းဖွဲ့ မလွတ်ပါ၊ သုံးဆယ့်နှစ်ကောဋ္ဌာ၊)၂၊
(မိုက်မဲအ၀ိဇ္ဖာ၊ စိတ်တဏှာ အနိဋ္ဌာ- ဣဋ္ဌာရုံထင်မိမှား၊ ကာယအပုပ်ကောင်ဟာ ဟုတ်ယောင်သာ ရုပ်ဆောင်စွာ ချူပ်နှောင်ကာ သူလှည့်စား၊ )၂၊ (တရားကွာ မှားရှာ များသတ္တ၀ါ ဘ၀အနေကာ ဖြစ်ပျက်သံသရာ )၂၊ မီးဆယ့်တစ် ငြိမ်းရာချူပ်ရာ၊ နိဗ္ဗာန်ရောက်နိုင်ရာ မဂ်ဖိုလ်ကြိုးစားရအောင်ရှာ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ သမုစ္ဆေပဟာန် ဧကန်ပါယ်၍ခွာ၊ အထက်တန်း တက်လှမ်းမကြာ ရုပ်နာမ်ခန္ဓာ နှစ်ဝလုံးဟာ၊ အစတုံးကာ ဘ၀ဆုံး အမတာ၊ အဲသို့ မှသာ ဘေးတကာ ရန်တကာ ကင်းဝေးမှာ၊ အရဟတ္တဖိုလ် ပညာကိုသာ၊ အနုသယကိလေ တိခြွေပယ်ဖို့ ရာ၊ အမှန်ဝါယမန် စိတ်သန် သမာဓိ ၀ိပဿနာ့ဥာဏ် ရင့်သန်စေဖို့ ရာ။
ငါးဆူရှင် ပါရမီတော်ရင့်သည်။ ပွင့်တော်မူရာ ဘဒ္ဒဤကမ္ဘာ၊ ဗုဒ္ဓုပ္ပါ ငါးကြိမ်ဆင့်တောင် ကျွတ်ခွင့်မပါ လွဲလျက်မှန်စွာ၊ ရှည်လျား- သုညကမ္ဘာတွေမှာ- ဓမ္မာသွေခွါ အပါယေမှာ ပျော်ဖို့ ၊ တရားမသိလို့ အမြဲမိစ္ဆာ၊ အမှားအတိ အလွဲစိတ်မှာ၊ ငရဲတိရစ္ဆာ တကတဲမဆိတ်စွာ အသဲထိတ်စရာ စည်ပင်ကြတော့မှာ။
(မကောင်းဒုစရိုက်တွေဟာ နည်းအောင်ကျင့်ပါ) ၂၊
(နှစ်လ နေ့ ရက်နာရီတွေဟာ၊ အချိန်အလကား မကုန်စေရာ) ၂။ (ကာမဂုဏ် ရမ္မက်ဆိုးကို ဖျက်ချိုးနိုင်မှသာ၊ ဖြစ်ရာဘ၀သံသရာ၊ ပညာပါရမီ ကြီးရင့်အောင်ဖို့ ပါ)၂








အတီတာ မိုက်စ မိုက်ပင်ပျိုးလို့ မိုက်ဆိုးခဲ့တာ၊ ယခုလဲမိုက်ဆဲမှန်စွာ၊ ရှေ့ ကိုတိုးလို့ တံပိုးမိုက်အုံးမှာ၊ အဆုံးသတ်သင့်တာ။
(ကိုယ့်ကိုယ်ကို သနားပါ များသတ္တ၀ါ)၂၊ (လောဘ ဒေါသ မောဟ လောင်မီးကိလေသာ၊) ၂၊ (တဟုန်းဟုန်းတောက်လို့ သာ၊ တဖြုန်းဖြုန်းမောက်မို့ စွာ)၂
(အကုသိုလ် စရိုက်ဆိုးတွေဟာ ပြုလွယ်ဖြစ်လွယ် စိတ်အားထက်သန်စွာ)၂၊ (နတ်ရွာနိဗ္ဗာန်လမ်းကို လှမ်းဖို့ အမှုဟာ ထဲစိတ်မပါ၊)၂
နေရာဟောင်းကို အလွန်အောင်းမေ့တာ) လေးဘုံပါယ်ရွာ လေးဘုံပါယ်ရွာ ထဲမှာ- နေမြဲသာ၊ များသည်သတ္တ၀ါ။

Friday, September 16, 2016

"အရှင်ဇနကာဘိဝံသ ဟောကြားသော သေခါနီးထိ စိတ်ပြင်ပါ "

Dr Tthaw Thaw
"အရှင်ဇနကာဘိဝံသ ဟောကြားသော သေခါနီးထိ စိတ်ပြင်ပါ "
စိတ်ချမ်းသာပါစေ၊စိတ်မဆင်းရဲပါစေနှင့် ၊
စီးပွားကိုရှာပါ ၊ မပျင်းပါနဲ့ ၊
ပျင်းလို့ စီးပွားမရလို့ရှိရင် စိတ်...ဆင်းရဲရပါလိမ့်မယ် ၊
စိတ်ဆင်းရဲလို့ ရုပ်ကမဖြစ်မနေဘူး ၊
မကောင်းတဲ့ရုပ်တွေ ဖြစ်လိမ့်မယ်။

စိတ်ချမ်းသာလို့ရှိရင် ကောင်းတဲ့စိတ်တ္တဇရုပ်တွေ ဖြစ်ပါတယ် ၊
ဒါကြောင့်စီးပွားဥစ္စာ ရှာရပါတယ် ၊ မှန်မှန်ရှာရပါတယ်။
လောဘအင်မတန် မကြီးရပါဘူး ၊
ဒေါသမထွက်ရပါဘူး ၊ ဒေါသဖြစ်တယ်ဆိုလို့ရှိရင် ဒေါသဖြစ်တဲ့မျက်နှာကို ကြည့်ပါ ၊
ရုပ်မကြည်လင်ပါဘူး ၊ စိတ္တဇရုပ်တွေ မကောင်းဖြစ်နေတာ။
ဒါကြောင့် လောဘမကြီးပါနဲ့ ၊ သင့်တင့်ရုံကလေး လောဘရှိပါစေ ၊
စိတ်ကိုပြင်တော့ ဒေါသ မဖြစ်ပါစေနဲ့ ၊
ဒီဒေါသဟာ သူ့ကြောင့်ဖြစ်တဲ့ စိတ်တွေကဖြစ်နေတာ ၊
မကောင်းစိတ်တွေ မကောင်းရုပ်တွေ ဖြစ်နေမှာ။
ဒါကြောင့်မိုလို့ စိတ်ကိုပြုပြင်ပေးပါ။
ဘယ်လောက်ထိအောင် ပြုပြင်ရမတုန်း ၊
အခုထိလည်း ပြုပြင်နေရမယ် ၊
နောင်ကိုလဲ သေသည်ထိပြုပြင်ကြပါ ၊
စိတ်ဆင်းရဲအောင်တော့ ဘာကိစ္စနဲ့မှ မဖြစ်စေရဘူး။
ကျောင်းသံဃာတွေကို စိတ်မဆင်းရဲအောင် ၊
သူတို့စိတ်ဆင်းရဲရင် ကိုယ်လည်းစိတ်ဆင်းရဲနေရမယ် ၊
သူတို့ကောင်းအောင်စည်းကမ်း တင်းကျပ်သလို
ကျောင်းဒကာဒကာမတွေကိုလဲ
ဘေးအန္တရာယ်မရှိအောင် သတိပေးနေရတယ်။
သူတို့ဖြစ်လို့ရှိရင် ကိုယ့်စိတ်က အရိယာစိတ်မဟုတ်တော့
သူတို့မချမ်းသာလို့ရှိရင် ကိုယ့်စိတ်လည်း မချမ်းသာရှိမှာပဲ ၊
သိပ်လောဘ မကြီးနဲ့ ၊
မတော်တဆ ခြေချော်လက်ချော်ဆိုရင် တအိမ်လုံး စိတ်ဆင်းရဲနေရမယ် ၊
မကောင်းတဲ့ စိတ္တဇရုပ်ဖြစ်ရုံသာမကဘူး ၊
ဘေးပတ်ဝန်းကျင်ရဲ့ အထင်သေးမှု အပြောအဆိုတွေကြောင့်မိုလို့ မကေါင်းတဲ့စိတ်တွေ ထပ်ပြီးတော့ဖြစ်တယ် ၊
အဲဒီအခါ မကောင်းတဲ့ရုပ်တွေဖြစ်တာ သိသာလွန်းလို့ ။
ဘုန်းကြီးစိတ်ကိုပြုပြင်နေတာ ၊
ဘယ်လောက်ထိပြုပြင်နေရလဲဆိုတော့ သေခါနီးထိ ၊
ဘုန်းကြီးက ငါ ဘာရောဂါနဲ့သေမလဲဆိုတာ မသိဘူး။
ဘုန်းကြီးအတွက် စိတ်ကိုသေခါနီးထိ တွေးထားတာ ၊
သေခါနီး မျက်နှာငယ်လေးနဲ့ လာမမေးပါနဲ့ ၊
ကိုယ့်ဘာသာကိုယ်ခံနေမှာ ၊
သူများက မျက်နှာငယ်လေးနဲ့လာပြီးတော့ , အို ဖြစ်မှဖြစ်ရပလေ ဘာညာနဲ့
လူတွေနားလည်းမလည်ဘူး ၊ စကားလဲမပြောတတ်ဘူး ၊ မလာကြနဲ့။
ငါ့ ရောဂါဒဏ်နဲ့ ငါ့ဘာသာငါ ငါ့စိတ်ကို ငါစဉ်းစားနေမယ် ၊
ဗုဒ္ဓမြတ်စွာရင့်မကြီးတောင်မှ ပရိနိဗ္ဗာန် စံတော်မူခါနီး ဝမ်းတော်လားပြီးတော့ စံတော်မူရတယ်။
အကယ်၍များ ဘုန်းကြီး ဒီရောဂါမျိုးဖြစ်ရင် ဘုရားကိုအာရုံပြုနေမှာပါ ၊
ပါရမီရှင်ကြီး မြတ်စွာဘုရား ,
ပါရမီဖြည့်ပြီးသား မြတ်စွာဘုရားတောင် ဒီခန္ဓာကိုယ် ဒီရုပ်ခန္ဓာနဲ့နေသမျှ ဝမ်းတော်
လားရသေးတာ ၊ ငါ ဘာမိုလို့တုန်း ဖြစ်ပေါ့။
ဒီရောဂါ ၊ ဘုန်းကြီးစိတ်ကို အဲဒီထိ တွေးထားတာ ၊
အရှင်သာရိပုတ္တရာ သွေးတော်အန်ပြီးတော့ ပရိနိဗ္ဗာန်စံရတယ် ၊
ဘုန်းကြီး ဒီရောဂါအလားတူနီးနီးစပ်စပ်ဖြစ်ဖြစ် ဒီရုပ်နာမ်ခန္ဓာနဲ့ လာရှိနေသမျှ
အရှင်သာရိပုတ္တရာမှ ဒုက္ခမှမလွတ်ပဲနဲ့ ငါကောဘာမိုလို့တုန်း ၊
ငါ့ပါရမီကဘယ်လောက် ရင့်သေးလို့တုန်း ၊
ဖြစ် ခံပေါ့ ၊ ဒီရောဂါလဲပဲ မြဲတာမဟုတ်ဘူး ၊
ပြီးတော့ ဒီရောဂါလဲပဲ သေသွားတော့ သူ့ဟာသူ ပြီးသွားတာပဲ။
ဒါကြောင့် ဒီအနိစ္စဖြစ်တဲ့ ရောဂါကို အကြောင်းပြုပြီး သူများကလာပြီး မျက်နှာငယ်လေးနဲ့ လာမကြည့်
လာနဲ့ ၊ မလိုချင်ဘူး။
အကယ်၍ သူတစ်ပါးရဲ့ ဒဏ်ရာဒဏ်ချက်ကြောင့် သေလုမြောပါးဖြစ်နေရင် တန်ခိုးအင်မတန်ကြီးတဲ့ အရှင်မဟာမောဂ္ဂလန်ပုဂ္ဂိုလ်ကြီးတောင်မှ ခိုးသားငါးရာလက်ချက်ကြောင့် အရိုးကလေးတွေ
ကြေမွသွားလောက်အောင် အရိုက်အနှက်ခံရသေးတာပဲ။
ငါ့ဘာမိုလို့တုန်း ၊ ဖြစ်ပါစေ ခံပေါ့ ၊
ဟောဒါ ဘုန်းကြီးက သေခါနီးထိ စိတ်ကိုတင်းပြီးတော့ ဒီစိတ်သက်သက်သာသာနဲ့သေဖို့ရန်
စောစောကတည်းကိုက စီစဉ်ထားတယ်လေ ၊
နေရာတိုင်းမှာ စောစောကထဲကကိုက စီစဉ်ထားတယ်။
အခုလူတွေက စိတ်ကိုမပြုပြင်တတ်လို့ ၊
စိတ်သိပ်ငယ်တယ်။
စိတ်သိပ်ငယ်တော့ ရုပ်တွေကညံ့လာတယ် ၊
စိတ္တဇရုပ်တွေညံ့လာတယ် ၊
စိတ္တဇရုပ်တွေညံ့လာတော့ ဘာရောဂါဖြစ်တယ်၊
နှလုံးဘာဖြစ်တယ် ၊ အသည်းဘာဖြစ်တယ် ၊ အဆုတ်ဘာဖြစ်
တယ် ၊ ဝမ်းထဲလျှောက်တော့ စိတ္တဇရုပ်တွေမဟုတ်လား ၊
ဝမ်းထဲမှာလဲပဲ နှလုံးတို့ အသည်းတို့ နာမည်တပ်ထားပေမယ့်
ကံကြောင့်ဖြစ်တဲ့ရုပ်တွေ ,ဥတုကြောင့်ဖြစ်တဲ့ရုပ်တွေ ၊
ဒီရုပ်တွေပေါင်းထားတာ ၊ ဒီရုပ်တွေပေါင်းပြီးတော့ နှလုံးတို့ အဆုပ်တို့ကျောက်ကပ်တို့ ဒီလိုခေါ်နေတာ။
ဒီတော့ ကံကြောင့် စိတ်ကြောင့် ဥတုကြောင့် ပေါင်းထားတဲ့ ဒီနှလုံး အသည်း ကျောက်ကပ်စသည်တွေဟာ စိတ်မကောင်းလို့ရှိရင် ရောဂါဖြစ်ဖို့လွယ်တာပေါ့ ၊ ရောဂါဖြစ်လာလို့ရှိရင် ကုဖို့ခဲယဉ်းပြန်တာပေါ့။
ဒါကြောင့် ဘုန်းကြီးက စိတ်ကောင်းကောင်းထား ၊
ကံကောင်းအောင်လဲ မတော်မတရားတွေမလုပ်ပါနဲ့ ၊
ကောင်းတဲ့ကံနဲ့ ပြုပြင်စရာရှိတာတွေ ပြုပြင်လို့ ၊လှူ သင့်တာကိုလှူလို့ ၊
စိတ်ကိုလည်း ကောင်းကောင်းထားပါ ၊
စိတ်လဲ မငယ်ပါနဲ့ ၊စိတ်အားမငယ်ပါနဲ့ ၊
သေတာထက် ဟိုဘက် ဘာမှမရှိဘူး။
"အများကပြောကြတယ်, ဆိုကြတယ်ဆိုတာတွေဟာ အလကားပါ ၊
ကိုယ့်ကိုယ်ကိုသာ ပဓါနပါ ၊
ကိုယ်နဲ့ ရင်းနှီးလူက ပဓါနပါ ၊ ဂရုစိုက်စရာ မရှိပါဘူး ၊
ကံကို ကောင်းအောင်သာ သတိထားနေပါ။
စိတ်ကို အဲဒီနည်းနဲ့ ပြုပြင်ပါလို့ ဘုန်းကြီးကပြောတယ် ၊
ဘုန်းကြီးကလဲ ဒီနည်းနဲ့ လုပ်နေတာ ………"
………………………………………………………………
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
………………………………………………
Credit Thantgyi Thantgyi.