လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, March 28, 2018

လူဘယ်လိုဖြစ် ?


ဆေးသိပ္ပံပညာရဲ့တွေ့ရှိချက် အရ

၁။ အမျိုးသားရဲ့မျိုးဥ (sperm) နဲ့ အမျိုးသမီးရဲ့ မျိုးဥ (ovum) တို့ပေါင်းစပ်လို့ လူတစ်ဦးအဖြစ်ကြီးထွားလာပါတယ်။
၂။ အမျိုးသားရဲ့မျိုးဥ (sperm) များဟာ လူပျိုဖော်ဝင်သည်မှ အသက် တော်တော် ကြီးသည်အထိ အမြဲ ထုပ်လုပ်ပါသည်။ Sperm များ နဲ့ Ovum များကို liquid nitrogen တွင် ( -200 'C) တွင်သိမ်းဆည်းနိုင်ပါသည်။
၃။ အမျိုးသမီးရဲ့ မျိုးဥ (ovum) တိုကို အပျိဖော်ဝင်သည်မှ လစဉ် ဓမ္မတာ လာပြီး ပတမတစ်ပတ်အတွင်း
တစ်ဥ သာ ဥပါသည်၊ ဓမ္မတာဆုံးသည်နှင့် အမျိုးသမီးရဲ့ မျိုးဥ (ovum) များ မထွက်တော့ပါ။
၎။ အမျိုးသားရဲ့မျိုးဥ (sperm) နဲ့ အမျိုးသမီးရဲ့ မျိုးဥ (ovum) တို့ သဘာဝနည်းဖြင့် ပေါင်းစပ် နိုင်သလို
ဓါတ်ခွဲခန်းတွင်လဲပေါင်းစပ်နိုင်ပါတယ်။
၅။ ပေါင်းစပ်ပြီးသော မျိုးဥကြီး (Zygote) သည် အမျိုးသမီးတစ်ဦးဦး၏ သားအိမ်အတွင်း သဘာသအတိုင်း (၀ါ) ထိုးသွင်းပေးခြင်း ဖြင့် မွေးဖွါးသည်အထိ ကြီးထွားပါသည်။ မိခင်အရင်းမဟုတ်သော အမျိုးသမီး၏ သားအိမ်တွင်းထဲ့သွင်းပါက ထိုအမျိုးသမီးအားအငှါးအမေ ဟုခေါ်ဆိုပါသည်။
၆။ (Zygote) သည် ဓါတ်ခွဲခန်းအတွင်းတွင် ကြီးထွာရန်လိုအပ်သောအစားအစာနဲ့အခြေအနေများဖန်းထီးပေးထားပါငလည်း  မွေးဖွါးသည့်အရွယ်အထိ ကြီးထွားပါသည်။ (Test tube baby)။

အထက်ပါ ဆေးသိပ္ပံပညာ၏တွေ့ရှိချက်များကြောင့် ကေါင်းကျိုးများအနေနဲ့
၁။ Sperm မထွက်သော အမျိုးသား ကြောင့် သားသမီးမရသော အိမ်ထောင်စုတွင် သိမ်းဆီးထားသော
အလှူရှင် အမျိုးသားရဲ့မျိုးဥ (sperm) များအား သားသမီးလိုချင်သော အိမ်ထောင်ရှင်အမျိုးသမီး၏သာဒအိမ်အထွင်းသို့ ငှင်း၏ ခင်ပွန်းခွင့်ပြုချက်ဖြင့် ovumကြွေမည့် အချိန်တွင် ထိုးသွင်းပေးခြင်း (artificial insemination) ဖြင့် သားသမီးရအောင်ပြုလုပ်ပေးနိုင်ပါသည်။
၂။ သားအိမ် မကောင်းသော အိမ်ထောင်ရှင်အမျိုးသမီးအထွက် အငှါးအမေ ၏ သားအိမ်အတွင်းသို့ အိမထောင်ရှင် အမျိုးသားအမျိုးသမီးထို့၏ ဋ္ဌါတ်ခွဲခန်းတွင်ပေါင်းဟပ်ထားသော (Zygote) ကို သားအိမ်အတွင်း
ထိုးသွင်းပေးခြင်းဖြင့် သားသမီးရစေနိုင်ပါတယ်။
ဒီ တွ့ရှိချက်များဟာ အံမခန်းလောက်အောင် ကောင်းမွန်ပြီး လူသားများကိုများစွာအကျိုးပြုထယ်လို့
 ပြောမယ်ဆိုပြောနိုင်ပါတယ်။

ဆေးသိပ္ပံပညာရဲ့ အဓိကတွေ့ရှိချက်တွေက အဖိုမျိုးဖြစ်တဲ့ (sperm)နဲ့ အမမျိုး (ovum) တို့ပေါင်းရင် လူ ဖြစ်တယ်။ သူတို့ပြောတာမှန်ကြောင်းကိုလည်း လက်တွေ့ အဖိုမျိုးနဲ့ အမမျိုးပေါင်းပြနိုင်ခဲ့တယ်။ ပေါင်း ထားတဲ့ သန္ဓေသားကိုတောင် လူအဖြစ်ကြီးလာအောင် အမျိုးသမီးတွေရဲ့ သားအိမ်မှာဖြစ်ဖြစ် သန္ဓေသားလိုအပ် တာတွေဖြည့်ဆည်းပေးနိုင်တဲ့ ဓါတ်ခွဲခန်းက ဖန်ပေါင်းချောင်မှာ တောင် မွေးပြနိုင်ခဲ့တယ်။ ဒါကြောင့် လည်း အစွမ်းထက်ပြီး လက်တွေ့လုပ်ပြနိုင်တဲ့ သိပ္ပံပညာကို ပညာ ရပ်တစ်ခုလို့တောင်မမြင်ပဲ ယခုခေတ်မှာ sciencetology ဆိုပြီး ဘာသာတရား တစ်ခုလို ကိုးကွယ်လာကြတာကို အံ့သြစွာသိရပါတယ်။

ဗုဒ္ဓမြတ်စွာကတော့ လူဖြစ်ဖို့အတွက် -
၁။ မိဘနှစ်ပါးတို့သံဝါသပြုကြ၏။
၂။ မိခင်မှာလည်းဥတုပန်းပွင့်၏။
၃။လူဖြစ်မယ့်သူကလည်းအသင့်ရှိ၏။ (ဘ၀ဟောင်းမှစုတေလာခြင်း)။

အဖိုမျိုးနဲ့ အမမျိုးပေါင်းလို့ လူဖြစ်လာတာမဟုတ်ဘူး။ လူဖြစ်ရ တာ လူဖြစ် အောင်လုပ်ခဲ့တဲ့ ကုသိုလ်ကံသာဖြစ်တယ် လို့တိတိကျကျဟောခဲ့ပါတယ်။ ဒီအကြောင်းကို သစ်ပင်ဥပမာနဲ့ ရှင်းပြတော်မူပါတယ်။ သစ်ပင်ပေါက်ဖို့ မျိုးစေ့ကအဓိကပဲ။ မျိုးစေ့မရှိပဲ ဘာအပင်မှ မပေါက်နိုင်ဘူး။ ဒါပေမဲ့ မျိုးစေ့ တစ်ခုတည်းနဲ့ အပင်မပေါက်နိုင်ဘူး။ သူမှီတွဲဖို့ မြေလိုအပ်တယ်။ ဒီဥပမာမှာ ကံတရားက မျိုးစေ့နဲ့ တူပြီး၊ အဖိုမျိုးနဲ့ အမမျိုးပေါင်းလို့ ရလာတဲ့ ကာလလရေကြည် (zygote) ဆိုတာ မျိုးစေ့လေး အပင်ပေါက် အောင်လုပ်ပေးတဲ့ မြေကြီးနဲ့တူတယ်။ လူဖြစ်ဖို့အတွက် အဖိုမျိုးနဲ့ အမမျိုးပေါင်းရုံမက လူဖြစ်မဲ့ကံတရားက ဘ၀ တစ်ခုကနေစုတေလာဖို့လဲလိုတယ်လို့ ဟောတော်မူပါတယ်။ ဘုရားဟောမှန်မမှန် စဉ်စားကြည့် ကြ ရအောင်။

သိပ္ပံပညာအလိုအရ အဖိုမျိုးနဲ့ အမမျိုးပေါင်းလို့ဖြစ်တာ ဆိုတဲ့အကြောင်း တစ်ခုထဲ ကြောင့်ဆိုရင် အဖိုမျိုးနဲ့ အမမျိုးပေါင်းတိုင်းလူဖြစ်ရမှာပေါ့။ သဘာဝမှာ အဖိုမျိုးနဲ့ အမမျိုးပေါင်း တိုင်းလူဖြစ်သလား။ အိမ်ထောင်သယ်တော်တော်များများ အဖိုမျိုးနဲ့အမမျိုးပေါင်းတဲ့ အလုပ် တွေ နေ့ရှိသရွေ့လုပ်နေကြတာ လူတွေနေ့ရှိသရွေ့ဖြစ်နေရမှာပေါ့။ ဖြစ်လို့လား။ တစ်ချို့ အိမ် ထောင်ဆို သားသမီးတစ်ယောက်မှတောင် မထွန်းကားဘူး။ ဘာဖြစ်လို့လဲ။ သူတို့ ကိုယ်ထဲမှာ သားသမီး မထွန်းကားနိုင်တဲ့ ရောဂါတွေကြောင့်လို့ စောဒကတက်နိုင်ပါတယ်။ ဒါဆိုရင် ဘာ ရောဂါမှ မဖြစ်နိုင်တဲ့ အစစအရာရာ လူဖြစ်အောင်လုပ်ပေးနိုင်တဲ့ ဓါတ်ခွဲခန်းထဲမှာ အဖိုမျိုးနဲ့ အမမျိုးပေါင်းပေးလိုက်တိုင်း လူဖြစ်သလားဆိုတော့ လူမဖြစ်ဘူး။ လူမပြောနဲ့ ကုသိုလ်ကံ နည်းတဲ့ ဒုဂ္ဂတိဘုံသားဖြစ်တဲ့ ကြောင်တွေ၊ ခွေးတွေဖြစ်အောင် လုပ်တာတောင် အကြိမ် ၃၀၀ ပေါင်းမှ တစ်ကောင်ဖြစ်တယ်တဲ့။ ဓါတ်ခွဲခန်းတွင် ကြောင် (၀ါ) ခွေးတစ်ကောင်ဖြစ်အောင် အမေရကန်ဒေါ်လာ တစ်သန်းကုန်သည်ဟုသိရပါသည်။ ကုသိုလ်ကံကြောင့်ဖြစ်ရတဲ့ လူ့ဘ၀ဆိုတာ အလွန်ရခဲတယ် လို့ ဘုရား ဟောတဲ့အတိုင်း လူဖြစ်အောင်လုပ်ရတာ  အလွန့်အလွန်ခက်တယ်ဆိုတာကို သိပ္ပံ ပညာက သက်သေပြ နေ ပါတယ်။ 

လူဖြစ်ဖို့အတွက် လုံလောက်တဲ့ကုသိုလ်ကံကသာ လူဖြစ်အောင်လုပ်ပေးနိုင်တာပါ။ လူတစ်ဦးဆီရဲ့ ကိုယ်တည်ဆောက်ပုံနဲ့ စိတ်နေသဘောထားတွေဟာ သူလုပ်ခဲ့တဲ့ကံ အတိုင်း ဖြစ်ရတာ။ ဒါပေမဲ့ တစ်ချို့ ဆိုသူတို့ မိဘတွေနဲ့တော်တော်တူတယ် ဘာကြောင့်လဲ။ မြန်မာ စကားပုံရှိတယ်။ ကံတူ အကျိုးပေးတဲ့။ ကံချင်းတူလို့ ဒီအဖေ ဒီမေဆီမှာ လူလာဖြစ်တာ။ ရတနာရှိရာ ရတနာစုသလို။ သံလိုက်က သံကို သူ့ဆီဆွဲသလိုပါပဲ။

          မြတ်ဘုရားကသတ္တ၀ါဖြစ်ပုံ လေးမျိုးဟောထားပါတယ်။ တစ်မျိုးက နတ်တွေ၊ဗြဟ္မာ တွေနဲ့  အချို့ပြိတ္တာတွေလို ပဋိသေန္ဓေယူစရာ မိဘမလိုပဲ ကိုယ့်ဘာသာ ဘွားကနဲ ပေါ်လာ တာမျိုးပါ။ ဒီလို ပဋိသေန္ဓေမျိုးမှာတော့ အဖိုမျိုးနဲ့ အမမျိုးပေါင်းလို့ဖြစ်တာဆိုတဲ့ အယူမှား တောင် ၀င်စရာမရှိတော့ပါဘူး။

ပဋိသန္ဓေတည်ပုံလေးမျိုး။
၁။ ဥပပတ်။ ပဋိသန္ဓေစိတ်နှင့်တပါတည်းပင် တကိုယ်လုံးရုပ်တွေအပြည့်အစုံ တပြိုင်နက် ဖြစ်ပေါ်ကြ၏။ တနေရာမှကျလာသကဲ့သို့ဘွားကနဲဖြစ်ပေါ်လာသည်။ ၎င်းမှာ မည်သည့် အရာကိုမျှ မမှီဘဲ ကံသက်သက် ကြောင့်ဖြစ်ပေါ်လာပေသည်။ နတ်၊ဗြဟ္မာတို့၏ ပဋိသန္ဓေမျိုးပေတည်း။ ၎င်းနတ်၊ဗြဟ္မာတို့၏ရုပ်သည် လူတို့တွေ့နေရသော လေရုပ်များ ထက်ပင်သိမ် မွေ့ သေး၏။ ထိုကြောင့်၎င်းတို့ကိုလူတို့မျက်စိဖြင့်မမြင်နိုင်။ စမ်းသပ်၍လည်းမတွေ့နိုင်။
၂။ သံသေဒဇ။ ရေညှိ၊အပုပ်အညှိ၊စသည်ကိုဆွဲမှီ၍ဖြစ်၏။ ပိုးလောက်စသည်တို့၏ ပဋိသန္ဓေမျိုး
ပေတည်း။
၃။ အဏ္ဍဇ။ ဥ၌ဖြစ်သောပဋိသန္ဓေ။
၎။ ဇလဗုဇ။ အချင်း၌ဖြစ်သောပဋိသန္ဓေ။
၃ နှင့် ၄ ပဋိသန္ဓေတို့မှာမိဘတို့၏သုတ်သွေးကိုအမှီရမှဖြစ်နိုင်၏။




ကျမ်းကိုး။
မဟာစည်ဆရာတော်ဘုရားကြီးဖြေကြားတော်မူသော ဘ၀ပြဿနာ။

တော်လိုက်တဲ့မင်းကြီး

မိလိန္ဒမင်းနဲ့အရှင်နာဂသိန် တို့ရဲ့ အမေးအဖြေ တွေထဲက စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်း တစ်ခုကး

အရှင်ဘုရား တပြည့်တော်တို့ ကုသိုလ်ကောင်းမှူပြုလုပ်ပြီးလျှင် 

တခြားသူတို့အားလည်းကုသိုလ်မျှဝေကြပါသည်ဘုရား၊ ထိုကုသိုလ်

အမျှ အား သာဓုခေါသူများလည်း ကုသိုလ် အမျှ ရကြသည်ဟု သိရပါသည် ဘုရား။ ကုသိုလ်နည်းတူ အကုသိုလ် ပြုလုပ်ပြီးလျှင် ရော အမျှဝေနိုင်ပါသလား အကုသိုလ်ဝေစုရော ရပါသလား တဲ့၊

ဒီလိုမျိုး တခါ မှ ကျမ မတွေးဖူးခဲ့ပါ၊ 

အရှင်နာဂသိန်က မင်းကြီး အကုသိုလ် ကိုဝေရင်ဘယ်သူမှ သာဓု (ကောင်းလိုက်တာလို့ ၀မ်းသာအားရ) ခေါမှာ မဟုတ်ဘူး။ နောက်ြ့ပီး ကုသိုလ်သဘောက စွမ်းအားကောင်းပြီး လက်ရက်တွင်းကရေနဲ့တူတယ်၊ခတ်ယူလိုက်လို့ ခဏတာလျေ့သွားပေမဲ့ မကြာခင်ပြန်ပြည့်

သွားတာမို့ အခြားသူတွေကိုဝေလို့ရတယ်။ အကုသိုလ်ကတော့ အားနည်းပြီးဆုတ်နစ်တဲ့သဘောရှိတယ်။ ဥပမာအားဖြင့် သဲကန္တမှာကျတဲ့

ရေ ပေါက်လိုပဲ ကျရာနေရာမှာပဲ ပျောက်သွားလို့ တခြားသူကိုဝေလို့

မရဘူးတဲ့။ တော်ပါသေးရဲ့ မသူတော်တွေများတဲ့ ခုလိုခေတ်မှာ သူတို့တွေဝေတဲ့ အကုသိုလ်တွေ ပတ်ဝန်ကျင်မှာမရှိနိုင်လို့ ၊


Monday, March 26, 2018

အရိယာပုဂ္ဂိုလ် ဟုတ်/မဟုတ်...

အရိယာပုဂ္ဂိုလ် ဟုတ်/မဟုတ်...
#သေရင် ပုတ်တာ/မပုတ်တာ..
#ပျော့နေတာ/တောင့်နေတာ
#ဘယ်ဘက်/ညာဘက်စောင်းသေတာ...
#ဓာတ်တော်ကျတာ/မကျတာ....
#အရိုးချိတ်ဆက်၊ကွင်းဆက်၊တေ့ဆက်တွေ....နဲ့ဆုံးဖြတ်နေကြတာတွေဟာ...
မှန်/ မမှန်နိုင်... ပါမောက္ခချုပ်ဆရာတော်ကြီးက ရှင်းပြထားပါတယ်....။
==============
"အမြင်နဲ့ ဆုံးဖြတ်သူများ"

ကြားဖူးတယ်မို့လား အရှင်ကောဏ္ဍညကြီးဆိုတာ။
သူက သံဃာ့ပရိသတ်ထဲမှာ မနေဘူး။
တကယ့်ကိုသံဃာတွေရဲ့နောင်တော်ကြီးသဖွယ်
တရားထူး တရားမြတ်ကို ပထမဆုံးရတဲ့ပုဂ္ဂိုလ်ကြီး၊
ဒါ့ကြောင့် အညာသိကောဏ္ဍညော။
အဦးဆုံးသိတဲ့ အရှင်ကောဏ္ဍည ဒီလိုဆိုတာ။
သူကလည်းပဲ အရှင်သာရိပုတ္တရာတို့လို
ထက်မြတ်တဲ့ပုဂ္ဂိုလ်တွေရောက်လာတဲ့အခါ
သူကထေရ်ကြီးဝါကြီးဖြစ်တော့
သူ့ကို အရိုအသေပေးနေရတာတွေ jealousy
မဖြစ်ဘူး ရဟန္တာ-ဆိုတာ။
အခုခေတ်ဆိုလို့ရှိရင် ငါ့နောက်မှလာပြီးတော့
ငါ့အထက်ကရောက်တယ်ဆိုပြီး
jealousy ဖြစ်ချင်ဖြစ်မယ်။
သူ့မှာjealousy မရှိဘူး။အော် သူတို့
(အရှင်သာရိပုတ္တရာနဲ့အရှင်မောဂ္ဂလာန်)
ဒီထူးချွန်ထက်မြတ်မှုဟာ သာမန်နဲ့ရတာမဟုတ်ဘူး
ဘဝါ ဘဝ က ပါရမီတွေဖြည့်ခဲ့ရတယ်
အင်မတန်ထူးချွန်တဲ့ပုဂ္ဂိုလ်တွေ ငါရှိနေရင်
သူတို့အနေအထိုင်ခက်လိမ့်မယ်ဆိုပြီး
သံဃာ့ပရိသတ်ထဲမှာ မနေဘူး။
ဟိမဝန္တာတောင်က ဆဒ္ဒအိုင်ဆိုတဲ့ ရေအိုင်ဘေးမှာ
သွားနေတယ်။တောကျောင်းထဲမှာ သွားနေတယ်။
သံဃာ့ပရိသတ်ထဲကို မလာဘူး။သူ့ကိုပြုစုတာက
လူတွေ မဟုတ်ဘူး တောဆင်ရိုင်းတွေက
သူတို့ကို ပြုစုနေတာ။ဘာဖြစ်လို့လဲဆိုတော့
သူ့မေတ္တာက တအားကောင်းတာကိုး။
ဆင်တွေရဲ့အလုပ်အကြွေးကိုခံပြီးတော့
အဲ့ဒီမှာပဲ ပရိနိဗ္ဗာန်ပြုသွားတယ်။
သို့သော် ပရိနိဗ္ဗာန် စံခါနီးလေးကိုတော့
မြတ်စွာဘုရားကို လာကန်တော့သွားသေးတယ်။
နောက်ဆုံးကန်တော့တဲ့အနေနဲ့
လာဝန်ချကန်တော့သွားတယ်။အဲ့ဒီမှတ်တမ်းတွေကတော့
သံယုတ်ပါဠိတော်မှာ ကောဏ္ဍညသုတ်-ဆိုတာ
အဲ့ဒီမှာ မှတ်တမ်းတွေ ရှိတယ်။
အရှင်ကောဏ္ဍည ပရိနိဗ္ဗာန်စံတော့
ဘယ်လိုပရိနိဗ္ဗာန်စံတုန်းဆိုတော့
ထိုင်လျှက် သမာပတ်တွေ
ဝင်စားပြီးတော့ ထိုင်လျှက် ပရိနိဗ္ဗာန်စံသွားတယ်။
အခုခေတ်ကတော့ သေတာလိုက်ကြည့်ပြီးတော့
လက်ယာဘက်စောင်းရင် အရိယာတို့
ဘာတို့ လျှောက်ပြောနေတာ။အကုန်လုံး
ပုံသေမမှတ်ရဘူး ဒီကိစ္စတွေက သူစောင်းချင်တဲ့ဘက်
စောင်းမှာပဲ လေးတဲ့ဘက်စောင်းမှာပဲ။
အဲ့ဒါနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတာ။
ဘာဖြစ်လို့လဲဆိုတော့ ရဟန္တာတွေတောင်မှပဲ
မတ်တပ်ရပ်လျှက်ပျံလွန်တော်မူတာ။
ထိုင်လျှက်ပျံလွန်တော်မူတာ ရှိတယ်။
ဘယ်လိုလို့ လက်ယာဘက်စောင်းသွားမှာတုန်း။
တချို့က အဲ့ဒါတွေ လိုက်ပြီးတော့
အော် ဘယ်ဖက်စောင်းသေတာတုန်း ဒီလိုစာထဲလည်း မရှိပါဘူး။
ဘယ်သူကစပြောလဲ မသိဘူးဒါတွေ။
အရပ်ထဲမှာပြောတာတွေ စာထဲမှာမရှိတဲ့
အကြောင်းထည့်ပြောပြတာ။
သူဖြစ်ချင်လည်းဖြစ်မယ်။ မဖြစ်ချင်လည်းမဖြစ်ဘူး။
ဒါတွေက Evidence မဖြစ်သင့်ဘူး။
နောက်ရှိသေးတယ်။
သေသွားပြီးတော့ ပျော့နေတယ်။ဒါ့ကြောင့်မို့လို့
တရားထူးတရားမြတ်ရတယ်။ရဟန္တာပဲ ဒါလည်း
မဖြစ်သင့်ဘူး။ဒီဟာလည်း အဓိကမဟုတ်ဘူး။
ဒါက လူ့ခန္ဓာကိုယ်တည်ဆောက်မှုနဲ့
သက်ဆိုင်တယ်။ပူတိဂတ္တ တိဿမထေရ် -ဆိုတာ
တစ်ကိုယ်လုံးရောဂါဖြစ်ပြီးတော့
ပုပ်ပွပြီးတော့ ပရိနိဗ္ဗာန်စံသွားတာပဲ။
ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာကြီးပဲ။
အဲ့ဒီတော့ ဒီရုပ်နဲ့ပတ်သတ်ပြီးတော့ Evidence ရှာတာ
မမှန်ဘူး- လို့ပဲ ပြောရမယ်။
အကျင့် နှလုံးသွင်းတရားနဲ့ပဲ လိုက်ပြီး
စဉ်းစားရမယ်။ဒီလိုမှ မဟုတ်ရင် မှားမှားယွင်းယွင်းတွေ
အများကြီးဖြစ်နိုင်တယ်။ပေါ်ယံကို မကြည့်သင့်ဘူးလို့ ။
ရုပ်ပိုင်းဆိုင်ရာတွေက အကုန်လုပ်လို့ ရတယ်လေ။
ဓာတ်တော်တွေ ကျအောင်လုပ်လို့ ရတယ်။
Chemical နဲ့ ဓာတ်တော်ကျအောင် လုပ်လို့ရတယ်။
လုပ်နေတဲ့သူတွေလည်း ရှိပုံရတယ်
ကြည့်ရတာ။အဲ့ဒီတော့ ကျသည်ဖြစ်စေ
မကျသည်ဖြစ်စေ ကြည်ညိုထိုက်တဲ့ ပုဂ္ဂိုလ်တွေ ကြည်ညိုလေးစား။
ဓာတ်တော်မကျလို့လည်း မပြစ်မှားလေနဲ့။
ဒါ့ကြောင့်မို့လို့ မြတ်စွာဘုရားက ထူးဆန်းအံသြဖွယ်ကို လုပ်မပြရဘူး
လို့ဟောထားတာ ရှိတယ်။ဘာပြုလို့တုန်းဆိုတော့
လောကမှာ မျက်လှည့်အတတ်
တွေအများကြီးရှိတယ်တဲ့။ဘုန်းကြီးတို့ဟောထားတယ်
"အစွမ်းတန်ခိုးများနဲ့သာသနာ"
ဆိုတာ ဒါ သတိထားစရာတွေ ဟောထားတာ။
ဣဒ္ဓိပါဋိဟာရိယ၊ အာဒေသနာပါဋိဟာရိယ၊
အနုသာသနီပါဋိဟာရိယ ဆိုပြီး (၃)မျိုးရှိတဲ့အထဲမယ် တန်ခိုးမပြရဘူး။
ဣဒ္ဓိပါဋိဟာရိယ၊ အာဒေသနာပါဋိဟာရိယ၊ မပြရဘူး။
အနုသာသနီပါဋိဟာရိယ - ဆုံးမ သွန်သင်မှုကိုသာ ပြုရမယ်လို့။
မြတ်စွာဘုရားက ဒီလို ဆုံးမထားတာ။
ဘာဖြစ်လို့လဲဆိုတော့ စိန္တာမဏိ-အတတ်ပညာတွေ
ရှိတယ်တဲ့ သူများစိတ်ကို
သိတဲ့အတတ်တွေ။ တော်ကြာကြတော့
ရဟန္တာဖြစ်ပြီးတော့ တကယ်ရဟန္တာဖြစ်နေတဲ့
ပုဂ္ဂိုလ်က မစဉ်းစားလို့ဖြစ်စေ မဆင်ခြင်လို့ဖြစ်စေ
မသိဘူးဆိုရင် အဲ့ဒီပုဂ္ဂိုလ်ကိုသွားပြစ်မှား
တော့မှာပေါ့။သူများစိတ်ကို သိမှု မသိမှုနဲ့ ရဟန္တာကို သွားတိုင်းတာလို့ရှိရင်
တကယ့်ရဟန္တာကြီးက မသိဘူးဆိုရင် ပြစ်မှားကုန်တော့မှာပေါ့။
ဥပမာ-မယ် တန်ခိုးမရှိတဲ့ ရဟန္တာတို့ သွားပြီး ပြစ်မှားမိတော့မှာပေါ့။
နောက်တစ်ခါအခုခေတ်လူတွေပြောနေသလို
နေထိုင်တဲ့အချိန်လေးကို
ဒီဆရာတော်ကြီးကတော့ အနေအထိုင်ကောင်းတယ်
အကျင့်ကောင်းတယ်
သို့သော် ပျံလွန်မူတဲ့အခါ ညာဘက်မစောင်းပဲ
ဘယ်ဘက်စောင်းသွားတယ်ဆိုပြီး
သွားပြစ်မှားရင်လည်း ဒုက္ခရောက်မှာပဲ။သူစောင်းချင်တဲ့
ဘက်စောင်းမှာပေါ့ဒါကတော့ ။
မြတ်စွာဘုရားတာ ကြိမ်းတဲ့အခါ
ဘယ်ဘက်စောင်းအိပ်တယ်ဆိုတာ အတိအကျရှိတာ။
ကျန်တဲ့ရဟန္တာတွေက ထိုင်လျှက်ပျံလွန်တော်မူတဲ့ကိုယ်တော်ရှိတယ်။
မတ်တပ်ရပ်ပျံတော်မူတဲ့ကိုယ်တော်ရှိတယ်။
ဘယ်လိုလို့စောင်းမှာတုန်း အဲ့ဒီကျတော့။
အရှင်ကောဏ္ဍည-ဆို ထိုင်လျှက် ပရိနိဗ္ဗာန်စံသွားတာလေ။
အရှင်အာနန္ဒာဆို ဘယ်ဘက်စောင်းလို့ရမှာတုန်း
ကောင်းကင်မှာ ပရိနိဗ္ဗာန်စံသွားတာ။
ကဲဘယ်လိုလို့ လက်ယာဘက်တွေပြောလို့ရမှာတုန်း။
ဒါတွေဟာ မဟုတ်ဘူးဆိုတာတော့
သိထားဖို့ လိုအပ်တယ်။ဒါတွေက Evidence
မဖြစ်သင့်ဘူး။သာဓက မဖြစ်သင့်ဘူး။
တရားထူးတရားမြတ်ရခြင်းရဲ့
သာဓက-မဖြစ်သင့်ဘူး။တရားထူး
တရားမြတ်ရခြင်းရဲ့ သာဓက-က
သူတော် သူမြတ်တို့ရဲ့ နှလုံးအိမ်မှာဘာတွေ
ရှိတယ်ဆိုတာ အဓိက။
တစ်ခါတုန်းက ဘုန်းကြီးတို့နဲ့အလွန်ရင်းနှီးတဲ့
ဒကာကြီးတစ်ယောက်
အိန္ဒိယသွားတဲ့အခါ ဗုဒ္ဓဂါယာမှာ- ဟိုနားက
မြေလေးကောက် ခဲလေးကောက်နဲ့
သယ်လာတာ။ "ဒကာကြီးလို့
ဒါတွေဘာလို့ကောက်နေတာလဲ"
လို့ဆိုတော့
ဟာ ဒီမြေတွေက အင်မတန်ထူးတယ်-တဲ့။
အမလေး ကုလားမစင် စွန့်ထားတဲ့
မြေတွေလို့ ဒီနားက ။ဘုရားဟောတဲ့ တရားပဲ
ကျင့်ပါလို့ ဒီရုပ်ဝတ္ထုတွေကို
မကိုးကွယ်စမ်းပါနဲ့လို့ပြောရတယ်။
တစ်ချို့က အဲ့လိုတွေ ဂင်္ဂါမြစ်ရေဆိုပြီး မှာတဲ့သူကရှိသေးတယ်။
တစ်ခါတုန်းက အဲ့ဒီက ပါဠိပါမောက္ခကြီးတစ်ယောက်ဆုံးတော့ သူက
ဗုဒ္ဓဘာသာ။သူဆုံးတော့ ဘုန်းကြီးကို ညသန်းကောင်ကြီးလာနိုးတယ်။
သွားပြီးတော့ ပရိတ်တွေဘာတွေ သွားရွတ်ပေးရတယ် သူ့ကို။
သွားရွတ်ပေးတော့ မနက်ကျတော့ သူတို့အိမ်ကလည်း ဂင်္ဂါမြစ်ထဲသွားပြီး
မျက်နှာသစ်တယ်။အိုး မျက်နှာသစ်ဖို့
နေနေသာသာ ခြေတောင်မဆေးချင်ဘူး။
မြင်ထားတာက အလောင်းကောင်တွေ
မြစ်ထဲချပြီး မျောချတာက ခနခန တွေ့နေရတာ။
ရေတွေကလည်း နောက်ကျိလို့။အဲ့ဒီတော့
ဒီဂင်္ဂါမြစ်ရေရဲ့ အစွမ်းထက်တယ်တို့ ဘာတို့
ဒီလို ယူဆတာက သူတို့ Brahman တွေရဲ့
အယူအဆသာဖြစ်တယ်ပေါ့။
Holy water ဆိုပြီးတော့
ရုပ်ဝတ္ထုကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်း အများကြီး။
ဗမာပြည်မှာ တစ်ခါတုန်းက စစ်ကိုင်းက ဧရာဝတီမြစ်ရေဟာ
တန်ခိုးကြီးတယ်လို့ဆိုပြီးတော့ ကသည်းစစ်တပ်ကနေ လာတိုက်ဖူးတယ်။
အဲ့ဒီရေကိုရချင်လို့လာတိုက်တာ။လာတိုက်ပြီး ရေယူပြီး ပြန်သွားကြတယ်။
ဘယ်ဧရာဝတီမြစ်ရေ အဲ့ဒီလိုသာ တန်ခိုးကြီးမယ်ဆိုရင် မြစ်ရေကြောင့်
သန့်ရှင်းမယ်ဆိုရင် ရေထဲက ငါးတွေ အကုန်နတ်ပြည်ရောက်ကြမယ်။
လူဆိုတာတခါတလေ မစဉ်းစားနိုင်ဘူးဖြစ်နေကြတယ်။
ဒါကြောင့်မို့ အကြောင်းအကျိုးဆင်ခြင်မှုဟာ သိပ်ကိုအရေးကြီးတယ်။
ဟုတ်တယ် မဟုတ်ဘူးဆိုတာ အစွန်းမရောက်သင့်ဘူး။
ဒါစပ်မိလို့ပြောတာ။အရှင်ကောဏ္ဍညက
ထိုင်လျက်ပရိနိဗ္ဗာန်ပြုသွားတယ်။
အဲ့ဒီတော့ လက်ယာဘက်တွေ ကျယ်လောင်
ကျယ်လောင်ပြောလာလို့ရှိရင်
ဒါတွေက Evidence မဖြစ်သင့်ဘူးပေါ့။
ရဟန္တာဖြစ်ခြင်းရဲ့ အကြောင်းဆိုတာ
မဖြစ်သင့်ဘူးပေါ့။
ဥပမာတစ်ခုပြောပြမယ်။မြတ်စွာဘုရားရဲ့
ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့
စကြာဝတေးမင်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံအတူတူပဲ။
အတူတူဆိုတာ
အရိုးတွေက ကွင်းဆက်တွေ။ပစ္စေကဗုဒ္ဓကြတော့
ချိတ်ဆက်-ရဟန္တာကြတော့
သာမန်ပဲ။အဲ့ဒါကို အမှတ်လွဲပြီးတော့
ရဟန္တာ-ကို ချိတ်ဆက်လို့ပြောနေကြတယ်။
စာထဲပါတာ အဲ့လိုပါတာ မဟုတ်ဘူး။
ပစ္စေကဗုဒ္ဓါကမှ ချိတ်ဆက်-ဘုရားတို့
စကြာမင်းတို့ကြတော့ ကွင်းဆက်-ဒီလို
ဆိုတာ။အဲ့ဒီတော့ စကြာမင်းအရိုးတွေ့ပြီး
ဒါ ဘုရားအရိုးလို့ ဘယ်သတ်မှတ်လို့ ရပါ့မတုန်း။
ခန္ဓာကိုယ်တည်ဆောက်မှုတာ တူတာ။စကြာမင်းက
ဘုရားဖြစ်တာမှ မဟုတ်တာ။
သို့သော် ခန္ဓာကိုယ်တည်ဆောက်မှုက
ဘုရားနဲ့သွားတူတယ်လေ။
သူလည်း ဘုန်းကဲပါရမီရှင်ဖြစ်နေသည့်အတွက်ကြောင့်
သွားတူတာရှိတယ်ပေါ့။
အဲ့ဒီတော့ အရိယာနဲ့တူတဲ့ ပုဂ္ဂိုလ်တွေရော
မရှိနိုင်ဘူးလား။ရှိတယ်လေ။
ဒီရုပ်တွေဟာ ကံကြမ္မာနဲ့ဆိုင်တယ်။ရုပ်တည်ဆောက်မှုတွေဟာ။
အဲ့ဒီရုပ်တည်ဆောက်တာနဲ့ပဲ ဒါရဟန္တာဖြစ်ရမယ်လို့
သွားတွက်လို့ မရဘူးလေ။
သူ့ရဲ့အကျင့်နဲ့တာ ပတ်သက်တယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ
အငြင်းပွားသူတို့၏ အတွင်းရေးများတရားတော်မှကောက်နှုတ်ချက်
ဤတရားတော်အား အသံဖိုင်မှ ရေးသားရသောကုသိုလ်ကြောင့်
ဣဒံမေ ပုညံ ပရေသံ ဟိတမိစ္ဆေယျံ၊
ဟိတံ မေ ဣစ္ဆတံ ပရော။
ဣဒံမေ ပုညံ ဗောဓိ ဉာဏဿ ပစ္စယော ဟောတု
Credit _ Pay Thoe
Thanks to Aung Kyaw Moe