လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, January 12, 2013

မေထုန် (၈)ပါး။




မေထုန် (၈)ပါး။
၁။ တဏှာတက်ကြွ သံဝါသ ပြုကြ မေထုံ(၁)
၂။ ပူးပူးကပ်ကပ် နီးစပ်နေချင် လွန်ပျော်ရွှင် မှတ်လျင် မေထုံ(၂)
၃။ တဏှာရောင်ပြ ရယ်မြူးကြ မှတ်ပ မေထုံ(၃)
၎။ မျက်စိနှစ်စုံ ရူပါရုံ တိုက်ဆိုင်တကြည့်ကြည့် မေထုံ(၄)ဟုသိ
၅။ အသံကြားအောင် ဟန်ဆောင်အော်ဟစ် သစ်သစ်ရင့်ကြူး ရွှင်ပျော်မြူး မှတ်ဦး မေထုံ(၅)
၆။ အတိတ်ဇာတ်ကြောင်း ပြန်ပြောင်းတွေးရှု ခံစားမှု (၆) ခုမေထုံသာ
၇။ ခြောင်းမြောင်းကြည့်ကာ သာယာသမှု ခံစားရှု (၇) မေထုံသာ
၈။ ဒါနသီလပြုကြသောခါနိဗ္ဗာန်ရောက်ရန် စိတ်မသန်ဘဲ ဥာဏ်မွဲ ဥာဏ်မှောင် တဏှာဆောင်၍နတ်ဘောင်ရည်မှန်းနတ်နန်းကာမဂုဏ်နတ်ရိပ်မြုံကိုတဘက်ငါးရာ ခံစားကာဖြင့်မှန်စွာရောက်ရေးကြံတွေးထွေထူး သဒ္ဓါရူးဖြင့်ရွှင်မြူးသာယာ ခံစားကာ မှတ်ပါမေထုံ(၈)။

မေထုန်ငယ် (၇) ပါး။
၁။ မသနံ = နံသာစသည်ဖြင့်ပွတ်သပ်ဆုတ်နယ်သည်ကိုသာယာခြင်း။
၂။ ဟသိတံ = ရယ်ရွှင်ပျော်ပါး၊ကစားမြူးတူးခြင်း။
၃။ သဒ္ဒံအဿာဒံ = ဝိသဘာဂပုဂ္ဂိုလ်တို့၏အသံကိုနာခံသာယာခြင်း။
၎။ဣက္ခနံ = ဝိသဘာဂပုဂ္ဂိုလ်ကိုကြည့်ခြင်း။
၅။ ကတံအဿာဒံ = ရှေးကပြုခဲ့ဘူးသောကာမဂုဏ်ကိုအာရုံပြုလျက်သာယာခြင်း။
၆။ အညံအဿာဒံ =သူတစ်ပါးတို့ခံစားပြည့်စုံကာမဂုဏ်ကိုအာရုံပြုလျက်သာယာခြင်း။
၇။ အဂ္ဂအဿာဒံ=သီလအကျင့်မြတ်ပဋိပတ်ကြောင့်နတ်ဘဝကိုတောင့်တသာယာခြင်း။
ပွတ်သပ်မကျူး၊ရယ်မြူးမရှိ၊မျက်စိမဆုံ၊
သံမျိုးစုံပစ်၊ ရှေးဖြစ်မကြံ၊မောင်နှံငုံ့ရှောင်၊

နတ်ဘောင်မရွယ်၊ခုနှစ်သွယ်၊လွတ်ဖွယ်မေထုန်တည်း။

ရန်ကုန်မြို့၊မဟာဝိသုဒ္ဓါရုံ စာသင်တိုက်ကြီးကိုစတင်တည်ထောင်တော်မူခဲ့တဲ့ ပထမ မဟာဝိသုဒ္ဓရုံဆရာတော်ဘုရားကြီးဘန္ဒန္တသဝါဘိဝံသ။ဆရာတော်ကြီးကအခုလိုထိမိ တဲ့
တေးထပ်တစ်ပုဒ်နဲ့ ရဟန်းတော်တွေ မ ကြောင့်မပျက်စီးဖို့သတိပေးတော်မူခဲ့တယ်။
အနာဂါမ်လောကုတ်၊သဘောဟုတ်မရမီ၊
ပြောအလုပ်နှင့် သမဏပီအောင်၊မ မသီစေနှင့်။
သင်းအတွက် ရမ္မက်ခွာ၊စက္ကဝါခြား၍ နေသင့်၊
ဝိသဘာဂအာရုံမျှော်သည်၊ရှာပုံတော်တွေနှင့်။
ကာမဂုဏ်ညှော်လေပင့်တော့၊လေလွင့်ရပြန်သည်၊
ဈာန်လက်ကိုင်ပုဂ္ဂိုလ်များ၊ယုတ်ရိုပျက်ပြားများလှလေပြီ၊
ကျင့်သီလစာမရီလို့၊မကွာညီတည်ရစ်ဖို့၊
ပြည်ချစ်တဲ့ညီလျာ၊သိပါစိမ့်ငှာ၊
နောင်တော်ကြီးအကိုဝါ၊ထိုကဗျာလက်ကမ်းပေါ့လေး။

အဓိပ္ပါယ်လိုရင်းကတော့ ငယ်ဖြူရဟန်းတွေ လူထွက်ဘဝမရောက်ချင်ရင် အနာဂါမ် ပုဂ္ဂိုလ်မဖြစ်မခြင်း အမျိုးသမီးတွေနဲ့နီးကပ်စွာမဆက်ဆံပါနဲ့တဲ့။အမျိုးသမီးတွေနဲ့ နီး ကပ်စွာဆက်ဆံရင်ပုထုဇဉ်ရဟန်းမပြောနဲ့ သောတာပန်၊သကဒါမ်ရဟန်း တွေတောင် လူထွက်နိုင်သေးတယ်တဲ့။ အနာဂါမ်ကျမှသာ ကာမဂုဏ်ကို ပယ်သတ်ပြီးလို့ လူမထွက် နိုင်တော့တာပါတဲ့။ မ နဲ့ဝေးဝေးက ဆက်ဆံဆိုတဲ့နေရာမှာ စိတ်ချရအောင် စကြဝဠာ ကြီးတစ်ခုလောက်ခြားတဲ့အထိ ဝေးဝေးက ဆက်ဆံစေချင်တယ်တဲ့။ ဖိုဓာတ်၊ မ ဓါတ် လို့ခေါ်တဲ့ သဘောခြင်းမတူတဲ့ ဝိသဘာဂအာရုံနှစ်ခုဟာ တစ်ခုနဲ့ တစ်ခု ထိတွေ့ယဉ် ပါးရအောင် သဘာဝအရ အမြဲရှာဖွေနေတတ် ကြတယ် တဲ့။

3 comments:

  1. (အမျိုးသမီးတွေနဲ့ နီး ကပ်စွာဆက်ဆံရင်ပုထုဇဉ်ရဟန်းမပြောနဲ့ သောတာပန်၊သကဒါမ်ရဟန်း တွေတောင် လူထွက်နိုင်သေးတယ်တဲ့။ ) ဒိစကားဘယ်သူပြောတာလဲ သောတာပန်သံဃာဆိုတာ ဘယ်အကြောင်းကြောင့်မှ လူမထွက်တော့ဘူး ဒေါ်စိုး သေချာမှတ်ထားပါ (၀ိနည်းအဌကထာမှာသေချာပါပါတယ်)

    ReplyDelete
  2. ဒီစကားဘယ်သူပြောတာလဲဆိုတော့ လင်္ကာရဲ့အပေါ်မှာရေးထားပါတယ်။ သတိမထားမိဘူး ထင်ပါ တယ်။ ရန်ကုန်မြို့၊မဟာဝိသုဒ္ဓါရုံ စာသင်တိုက်ကြီးကို စတင်တည်ထောင် တော်မူခဲ့တဲ့ ပထမ မဟာဝိသုဒ္ဓရုံ ဆရာတော် ဘုရားကြီးဘန္ဒန္တသဝါဘိဝံသ။
    ကျမ သေချာမှတ်မိတာကတော့ သောတာပန်ဆိုတာ ၀ိစိကိစ္ဆကိလေသာဆိုတဲ့ သို့လောသို့လော သံသယ တွေမဖြစ်တော့ဘဲ ဘုရား၊တရား၊သံဃာ၊သီလတရား၊ပေါ်မှာ လုံးဝ ယုံကြည်တဲ့ သမ္မဒိဋ္ဌိဖြစ်သွားတာပါ။ သောတာပန်ဖြစ်ကြောင်းသိနိုင်တာကတော့ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို လုံခြုံသွားတာပါ။ အိမ်ထောင် သားမွေးခြင်းဆိုတဲ့ ကိလေသာတွေကုန်သွားတာမဟုတ်ပါဘူး။ အပါယ်ရောက်နိုင်တဲ့ ကြမ်းတမ်း သော အကုသိုလ်တွေမလုပ်တော့တာမို့ အပါယ်တံခါးပိတ်သွားတယ်လို့လဲဆိုပါတယ်။ သာသနာမှာ လူတိုင်း သိကြတဲ့ ၀ိသာခါဒါယိကာမကြီးဆိုရင် အသက် ၇ နှစ်ထဲက သောတာပန်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်သားမွေးလိုက်တာ သားသမီး ၂၀၊ မြေး ၄၀၀ ရာ၊ မြစ် ၈ ထောင်တောင်ရခဲ့ပါတယ်။
    ၀ိသာခ ဒါယိကာကြီးဆိုရင် တရားနာလို့ သောတာပန်ဖြစ်တဲ့အခါ ၊သကဒါဂါမ်ဖြစ်တဲ့အခါတွေမှာ သူ့အိမ်သူနဲ့ အရင်အတိုင်းဆက်ဆံလို့ သူ့အိမ်သူဖြစ်တဲ့ ဓမ္မဒိန္နာ က တရားထူးရမှန်းမသိခဲ့ပါဘူး။ အနာဂါမ်ဖြစ်တဲ့နေ့ကျမှ သူ့အိမ်သူနဲ့ မဆက်ဆန်တော့မှ တရားထူးရမှန်းသိခဲ့ပါတယ်။ အနာဂါမ်ဖြစ်ရင်တော့ ၈ ပါးသီလ လုံးဝ လုံခြုံ သွားပါတယ်။
    သောတာပန်ဖြစ်ရင် လူမထွက်တော့ဘူးဆိုတာကိုတော့ စာတွေထဲမှာ ကျမ မမှတ်သားမိပါဘူး။ ဦး/ကို Zaw Myo Oo မှတ်မိရင် ဖြေပေးစေလိုပါတယ်။
    ကျမ ဆိုဒ်ကို လာရောက်အားပေး၊ ဆွေးနွေးတဲ့အတွေက်ကျေးဇူးအထူးတင်ရှိပါတယ်။

    ReplyDelete
  3. ၀ဏ္ဏသီရိ၏ ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်း(ဒုတိယတွဲ) စာမျက်နှာ ၃၉၉
    တွင်မြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနီး အမျိုးသမီးများနှင့်ပတ်သက်၍မည်သို့လိုက်နာရမည်ကို သောတာပန်ဖြစ်သောအရှင်အာနန္ဒာ လျှောက်ထားသည့်အခါ
    မကြည့်မရှု့ဘဲ နေကြရမည်။ ဟုမိန့်တော်မူခဲ့ပါသည်။
    မတတ်သာ၍တွေ့ကြရမြင်ကြရသော အခါ မည်သို့လိုက်နာရပါမည်နည်း။ ဟုထပ်မန်လျှောက်ထားရာ။
    စကားမပြောဘဲ နေကြရမည်။ ဟုမိန့်တော်မူခဲ့ပါသည်။

    မလွဲသာမရှောင်သာ၍ပြောခွင့်ကြုံလာရသော အခါ မည်သို့ကျင့်သုံးရပါမည်နည်း။ ဟုထပ်မန်လျှောက်ထားရာ။

    အမိအရွယ်ကိုအမိကဲ့သို့၊နှမအရွယ်ကိုနှမကဲ့သို့၊သမီးအရွယ်ကိုသမီးကဲ့သို့၊သဘောထား၍
    သတိကြီးစွာဆက်ဆံပြောဆိုကြရမည်။ ဟုမိန့်တော်မူခဲ့ပါသည်။

    (သုတ်မဟာဝဂ်၊မဟာပရိနိဗ္ဗာန်နသုတ်၊အာနန္ဒာပုစ္ဆာကထာ၊အာနန္ဒာအစ္ဆရိယဓမ္မ၊မဟာသုဒဿနသုတ္တဒေသနာ၊မလ္လာနံဝန္ဒနာပါဠိတော်နှင့်အဋ္ဌကထာ)ဟုညွှန်းထားပါတယ်။

    မြတ်ဘုရားရဲ့ စကားတော်တွေဟာ ပါဠိတော်တွေဖြစ်ပြီး၊ အဋ္ဌကထာဆိုတာ မြတ်ဘုရားရဲ့ စကားတော်ကို ရှင်းလင်းထားတဲ့ပါဠိတော်တွေဖြစ်ပါတယ်။ ပါဠိလိုနားမလည်တဲ့ ကျမအနေနဲ့ မြန်မာပြန်မရှိတဲ့အဋ္ဌကထာကို ဖတ်နိုင်စွမ်းမရှိပါဘူး။ ဖတ်နိုင်တဲ့ ဦး/ကို Zaw Myo Oo ကိုချီးကျူးပါတယ်။ ကျမနားလည်နိုင်တဲ့ ၀ိနည်းပါဠိတော်မြန်မာပြန်နဲ့ ကျမ်းပြုအကျော်တောင်မြို့ဆရာ တော် ဘုရားကြီးအရှင်ဇနကာဘိဝံသရဲ့ ဘုရားဥပဒေတော်ကြီးဆိုတဲ့စာအုပ်မှာလည်း ဦး/ကို Zaw Myo Oo ပြောတဲ့သောတာပန်ဖြစ်ရင်လူမထွက်ဘူးဆိုတာမတွေ့ရပါဘူး။

    ReplyDelete