လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, April 14, 2012

ပါရမီ (၂)

ပါရမီ ဆယ်ပါးအပြား ၃၀ ဆိုတဲ့ စကားကို ဗုဒ္ဓ ဘာသာမြန်မာလူမျိုး တိုင်းကြားဖူ ကြ ပါ လိမ့် မယ်။ ဒါပေမဲ့ အဲ့ဒီစကားရဲ့အဓိ ပ္ပါယ်ကိုတော့ တိတိကျကျ သိသူနည်းမယ်လို့ထင် ပါတယ်။ ဆိုလို တာက ပါရမီ ပေါင်း ဆယ်ပါးရှိတယ်။ အဲ့ဒီပါရမီ ၁၀ ပါးကိုမှ သုံးမျိုး သုံးစား ပြန်ခွဲ လိုက်တဲ့အခါ ပါရမီ ပေါင်း ၃၀ ရတယ်လို့ဆိုလိုပါတယ်။ အပြား ဆိုတာ ရှေးမြန်မာ စကားပါ အများ၊အပြား ဆိုတဲ့ စကားထဲက ရှေးက အပြား ဆိုတာကိုအသုံးများပြီး ယခု အခါတော့ အများ ဆိုတာကို အသုံး များလာတာပါ။ အဲ့ဒီ သုံး မျိုးကတော့-

ဥပမာ ဒါနပါရမီမှာ။
(၁) မူလပါရမီဆယ်ပါး (ရွှေ၊ငွေ၊ ဆင်၊မြင်း စတဲ့ ပြင်ပ စည်းစိမ်ဥစ္စာတို့ကို လှူခြင်း)
(၂) ဥပပါရမီ ဆယ်ပါး (ခြေ၊ လက်၊ နား၊ နှာခေါင်း စတဲ့ ကိုယ်အင်္ဂါလှူခြင်း)
(၃) ပရမတ္ထပါရမီ ဆယ်ပါး (အသက်ကိုလှူခြင်း) တို့ဖြစ်ပါတယ်။ ဒီအတိုင်း သီလ ပါရမီတွင် သီလ ပါရမီ အတွက် ကိုယ်လက်အင်္ဂါစွန့်ရင် သီလ ဥပပါရမီ၊ အသက်ကိုပါမငဲ့ကွက်ပဲ သီလပါရမီဖြည့်ရင် သီလ ပရမတ္ထပါရမီ ဖြစ်သွားပါတယ်။ ဒါကြောင့် အားလုံးပေါင်း ပါရမီ အမျိုး ၃၀ ဖြစ်သွားပါတယ်။

သမ္မာသမ္ဗုဒ္ဓ ဖြစ်ဖို့ အတွက် ပါရမီ ၃၀ လုံးဖြည့်ရပါတယ်။  

ပစ္စေကဗုဒ္ဓ ဖြစ်ဖို့ အတွက် ပါရမီ ၂၀ (ပရမတ္ထပါရမီ ဆယ်ပါး မပါ) ဖြည့်ရပါတယ်။


          ပါရမီ ၃၀ အပြင် အချိန်အားဖြင့်လည်း ပညာဓိက ဆိုရင်လေးသင်္ချေနှင့် ကမ္ဘာတသိန်း, ဒ္ဓါဓိက ဆိုရင် ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း, ၀ီရိယဓိက ဆိုရင်တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်း တို့ပတ်လုံး ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်ရပါတယ်။  အချိန် အတိုင်းအတာ အပြင် ပါရမီဖြည့်ကျင့်ရာ၌ ဘ၀ဆက်တိုင်း ဆက်တိုက်ဖြည့်ကျင့်ရပါတယ်။ ဒီဘ၀ ဖြည့် လိုက်နောက်ဘ၀ အနားယူလိုက် လုပ်လို့မရပါဘူး။ ၎င်းအပြင် ပါရမီတော်တို့ကို ၀မ်းမြောက်ဝမ်းသာဖြည့်ကျင့်ရပါတယ်။ (သီတဂူ ဆရာတော်ဘုရား ဟောတော်မူပါတယ်။ ဒီအချက်က အခက် ဆုံးပဲတဲ့။ ဥပမာ။ ကိုယ့်အသက်၊ ကိုယ်အင်မတန်ချစ်ခင်တဲ့ သားမယားတို့ရဲ့ အသက် တွေကို ၀မ်းမြှောက်ဝမ်းသာ စွန့်လွှတ်ရမှာပါ။)

ကျမတို့ တတွေ သံသရာက လွတ်မြှောက်ဖို့ အတွက်မြတ်ဘုရားရဲ့ လူသာမန်တို့ မလုပ်နိုင်တဲ့ စွန့်လွှတ်မှုများ၊ ကမ္ဘာနှင့်ချီပြီး အနစ်နာခံခဲ့ တဲ့ ကျေးဇူးတော်တွေကို  သတိရပြီး (ဗုဒ္ဓနုဿတိ) မြတ်စွာဘုရားလိုလားတော်မူတဲ့ ဘာဝနာ တရားတို့ကိုပွါးများခြင်းဖြင့် သံသရာလွတ်မြှောက်ကြောင်းကို ကျင့်ကြံအား ထုတ်သင့်လှ ပါတယ်။

သူတော်ကောင်းအားလုံး တရားတွေ့၍ မြတ်ဘုရားအားကျေးဇူးဆပ်နိုင်ကြပါစေ။

1 comment:

  1. မေတ္တာပါရမီ၊ ဥပက္ခာပါရမီ တို့ကို ဥပပါရမီ၊ ပရမတ္ထပါရမီ မြောက်အောင် ဘယ်လို ဖြည့်ရသလဲ... ဘယ်ဇာတ်တော်တွေမှာ ဖြည့်ခဲ့သလဲ.. သိချင်ပါတယ်.. စာအုပ်ရှိရင်လည်း ညွှန်ပေးစေချင်ပါတယ်..

    ReplyDelete