လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, April 18, 2012

ဆိတ်ကွယ်ရာ (၆)


NT1  မှ ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဇတ်လမ်း အားသင့်လျော်အောင် ဘာသာပြန်ပါသည်။

၁၉၈၆ ခုနှစ် အင်္ဂလန်နိုင်ငံ ဆိပ်ကမ်းနှင့် ၁၀ ကီလိုမီတာအကွာတွင် တံငါသည် တစ်ဦး ၏ ငါးပိုတ်မှ လူသေအလောင်းတစ်ခု ဆယ်ယူရခဲ့ပါတယ်။ အလောင်းမှာ အသက် ၄၀-၅၀ ၀န်းကျင် ယောက်ျားတစ်ဦးဖြစ်ပြီး ရှပ်အကျီ င်္၊ ဘောင်းဘီး၊ သားရေ ခါးပတ် ပတ်ထားပါတယ်။ ညာဘက်လက်ခုံပေါ်မှာ ကြယ်စုပုံသဏ္ဍန် ထိုးကွင်းမင်ကြောင် (tattoo) ရှိပြီး Rolex လက်ပတ်နာရီတစ်လုံးလည်း ပတ်ထားပါတယ်။

လက်ဝဲပေါင်၊ လက်ဝဲ လက်မောင်းနှင့် ခေါင်းနောက်တွင်ဒါဏ်ရာများတွေ့ရပါတယ်။
Rolex လက်ပတ်နာရီတစ်ခုချင်းမှာ နံပတ်များရှိပြီး ၎င်းလက်ပတ်နာရီ၏ ပိုင်ရှင်များကို Rolex နာရီကုမ္ပဏီမှာ မှတ်သားထား သဖြင့် လူသေအလောင်းမှာ ကနေဒါမှ Roland Black ဆိုသူ ဖြစ်ကြောင်း သိရပါသည်။ Roland Black ၏ဖခင်က အလောင်းရှိ ကြယ်စုပုံသဏ္ဍန် (tattoo) မှာ ကနေဒါ အလံ ဖြစ်ကြောင်း ပြောကြားပြီး အလောင်းဟာ Roland Black ဖြစ်ကြောင်း ဖော်ထုတ် (identify) ခဲ့ပါတယ်။

          အလောင်းစစ်ဆေးသူဆရာဝန်ရဲ့စစ်ချက်အရ ရေနစ်သေဆုံးကြောင်းနှင့် ရေထဲတွင် တစ်ပတ်ခန့်ကြာနေပြီး Jully 22 ရက်ကသေဆုံးခဲ့ကြောင်းသိရပါတယ်။ Rolex လက်ပတ်နာရီ က Jully 23 ရက်ကိုညွှန်ပြနေပါတယ်။ ပိုင်ရှင်သေဆုံးပြီးနောက် နာရီ ၄၀ ခန့်အထိ Rolex နာရီက ဆက်လက် အလုပ်လုပ် နေခဲ့ပါတယ်။

Roland Black ဟာ မုဆိုးဖိုဖြစ်ပြီး ၎င်း၏မိသားစုနှင့်အဆက် အသွယ်မရှိခဲ့ပါဘူး။ ဒါကြောင့် သူပျောက်ဆုံးတာ ဘယ်သူမှ မသိလိုက်ပါဘူး။ Roland Black ဟာ လောလော ဆယ်ဆယ် အင်္ဂလန်နိုင်ငံမှာ နေထိုင်လျက် ရှိသဖြင့် စုံထောက်များ ၎င်း၏အိမ်သို့ သွားရောက် ကြရာ အိမ်မှားပြီး Roland Black ၏အိမ်းနားက အိမ်ကို သွားမေးမိပါသည်။ ထိုအိမ်မှအသက် ကြီးကြီးလူကြီး တစ်ယောက် ထွက်လာပြီး ဒီနားမှာ Roland Black ဆိုသူမရှိကြောင်း ပြော ပါ တယ်။ Roland Black ရဲ့လိပ်စာမှာနေထိုင်သူမှာ David ဆိုသူဖြစ်နေပါတယ်။ David မှာ အသက် ၅၀ ရှိပြီး အသက် ၂၁ အရွယ်ရှိ မိန်းမ (Eileen) နှင့် ၃ နှစ်အရွယ်သမီးတစ်ယောက် နှင့် ၆ လအရွယ်သမီးတစ်ယောက်ရှိပါတယ်။ David မှာ ပင်စင်စားဖြစ်ပါတယ်။ David မှာ Lady Jane ဟုအမည် ပေးထားသည့် ရွက်လှေတစ်စင်းရှိပါတယ်။ စုံထောက်များ David ၏ အိမ်အား စစ်ဆေးရန်လာစဉ် David ကားနှင့် ထွက်ပြေးရန်ကြံခဲ့သော်လည်း ပုလိပ်များ၏ ဖမ်းစီးခြင်းခံရပါတယ်။

David ၏အိမ်တွင် ခလေးအ၀တ်ထည့်တဲ့အိပ်ထဲမှာ ပေါင်ဆတာလင် ၄သန်း၊ ရွှေချောင်းများ၊ သမီးငယ်၏မွေးစာရင်း၊ supermarket တွင်ဝယ်ထားသော ဘောက်ချာတို့ တွေ့ရပါတယ်။ ဘောက်ချာထဲတွင် ၄ကီလိုခွဲအလေးချိန်ရှိသောကျောက်ဆူးတစ်ခုလည်း ပါ ပါသည်။

၎ကီလိုခွဲရှိသောကျောက်ဆူးကို အလောင်းဆယ်တွေ့သော တံငါသည် ကပင် ဆယ်ယူ ရရှိခဲ့ပါတယ်။ ကျောက်ဆူးအလောင်းမှပြုတ်ထွက်သွားသောကြောင့် အလောင်းပေါ် လာခြင်း ဖြစ်ပါတယ်။

ဆယ်ယူရရှိသော ကျောက်ဆူးနှင့် အလောင်းတွင်တွေ့ရသော ဘယ်ဘက်ခြေနှင့် လက်မောင်းရှိ ဒါဏ်ရာများအား ဆက်ဆပ်ကြည့်ရာ ကျောက်ဆူးကို ခါးပတ်တွင် ချီထား သောကြောင့် ရရှိသော ဒါဏ်ရာများဖြစ်ကြောင်းသိရပါတယ်။

ခါးပတ်နှင့်ကျောက်ဆူးတို့ချီးထား မထား ပိုမိုသေခြာစေရန် ခါးပတ်နှင့် ကျောက်ဆူး တွင် ကပ်နေနိုင်သောအမှုံများကို (အဆပေါင်းသိန်းချီချဲ့နိုင်သော electron microscope) အောက်တွင်ကြည့်ရာ ကျောက်ဆူးရှိ ဇင့်သတ္ထုများကို သားရေခါးပတ်တွင် တွေ့ရပါတယ်။ ဒီအချက်က သားရေခါးပတ်နှင့် ဇင့်ကျောက်ဆူးကို ချီထား ခဲ့ကြောင်း သက်သေခံခဲ့ပါတယ်။

David ၏ Lady Jane တွင်ရှိသော GPS (ယခုအခါ သွားလိုသောနေရာကို GPS တွင် ရေးထဲ့ပါက satellite များနှင့်ဆက်သွယ်ပြီး GPS ကမိမိသွားလိုသောနေရာ ကိုညွန်ပြပါတယ်။ ၎င်းအပြင်သွားခဲ့သောနေရာ၊ ရက်နှင့် အချိန်ကိုပါမှတ်သားထားပါသည်။ ဒါကြောင့် David ၏ Lady Jane သည် Roland Black သေဆုံးသည့်အချိန်က Roland Black အလောင်း တွေ့ သော နေရာတွင်ရှိနေကြောင်း GPS တွင်တွေ့ရပါတယ်။

David ၏ Lady Jane တွင် စစ်ဆေးရာ ဆံပင်အချို့၊ supermarket မှ ၀ယ်ထားသော ပလပ်စတစ်အိပ်တို့ကို တွေ့ရှိပါတယ်။ ဆံပင်ရှိ ဒီအန်အေ (DNA) ကိုစစ်ဆေးရာ Roland Black ၏ဆံပင်ဖြစ်ပြီး ပလပ်စတစ်အိပ်တွင် Roland Black ၏လက်ဗွေရာများတွေ့ရပါတယ်။ ဒီအချက်တွေက အခင်းဖြစ်ပွါးသည့်နေ့က Roland Black ဟာ David ၏ Lady Jane ရွက်လှေပေါ်တွင်ရှိနေခဲ့ကြောင်း သက်သေပြနေပါတယ်။ စုံထောက်များက အခင်းဖြစ်သည့် နေ့က David သည် Roland Black အား Lady Jane ပေါ်ဖိတ်ခေါ်ခဲ့ပြီး၊ နောက်မှခေါင်းကို ရိုက်ခဲ့ပြီး (ခေါင်းရှိဒါဏ်ရာ)၊ Roland Black သတိမေ့နေစဉ် ကျောက်ဆူးတွင်ချီပြီး ရေထဲသို့ ပြစ်ချခဲ့တယ်လို့ယူဆပါတယ်။ ဒါပေမဲ့ ဘာကြောင့်သတ်ရတာလည်း (mobile)၊ နှင့် ဘာကြောင့် David က Roland Black နေရာကို ယူထားးရသလဲ ဆိုတဲ့ အဖြေကို မသိရသေး ပါဘူး။

          David ရဲ့ လက်ဗွေများနှင့် တကမ္ဘာလုံးရှိ ရာဇ၀တ်သားများ၏ လက်ဗွေရာများနှင့် တိုက်ကြည့်ရာ ကနေဒါအစိုးရမှရှာဖွေနေသော Bovey ဖြစ်နေပါတယ်။ Bovey ဟာ ကိုယ်ပိုင် Enterprise တည်ထောင် ထားပြီး Enterprise ပိုင်ငွေ ၂ သန်းကိုအလွဲသုံးစားမှုဖြင့် တရားစွဲဆို ထားရာ၊ အဖမ်းမခံရခင် လွန်ခဲ့သော ၆ နှစ်က ထွက်ပြေးလွတ်မြောက်သွားသူဖြစ်ပါတယ်။ Bovey မှာ မိန်းမနှင့်ခလေးငါးယောက်ရှိပြီး၊ ၎င်း ထွက်ပြေးစဉ်က ဒုတိယသမီးဖြစ်သူ Eileen ကိုခေါ်သွားခဲ့ပါတယ်။ Eileen နောက်ဆုံးခလေးမွေးစဉ်က ဆေးရုံးမှသူနာပြုများက ယောက်ျားနှင့်အသက် ၃၀ ခန့်ကွာနေ၍မေးရာ Eileen က ၎င်း၏ဖခင်သာ ဖြစ်ကြောင်း ပြောခဲ့ တယ်လို့ သိရပါတယ်။ ဒါပေမဲ့ Eileen က သမီးတွေရဲ့အဖေ ဘယ်သူဖြစ်တယ် ဆိုတာကို ပြောရန်ငြင်းဆိုခဲ့ ပါတယ်။

ဒီအမှုမှာ မြတ်စွာဘုရား ဟော်ကြားတော်မူခဲ့သည့် အတိုင်း ဘယ်လိုပြေးပြေး ရှောင်ရှောင် ဆိတ်ကွယ်ရာ မရှိ ဆိုတာ သက်သေပြနေပါတယ်။ နောက်တစ်ချက်က ရာဂမီးဆိုတာ ပြင်ပမီးတွေထက် အဆပေါင်းများစွာ ပူလောင်တယ် ဆိုတာကိုပါ ပြဆိုနေတာမို့ အလွန်သံဝေဂ ရစရာပါ။

ကိုယ်တွင်း မီးဆယ့်တစ်ပါး ညှိမ်းနိုင်သူတွေဖြစ်ကြပါစေ။

No comments:

Post a Comment