လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, April 17, 2012

ဆိတ်ကွယ်ရာ (၅)

NT1  မှ ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဇတ်လမ်းအားသင့်လျော်အောင် ဘာသာပြန်ပါသည်။

Easton မြို့ဟာ နယူးရော့နှင့်နယူးဂျာဆီးလမ်းမကြီးပေါ်ရှိမြို့ကလေးဖြစ်ပါတယ်။ Easton မြို့မှာ ကိုလိုနီခေတ်ရဲ့အငွေ့အသက်ဖြစ်တဲ့ အိမ်ကလေးများကိုတွေ့နိုင်ပါတယ်။ Easton မြို့လမ်း၊ ညဘက်တွေမှာ ဆေးရောင်းသူတွေ၊ မိန်းမပျက်တွေနဲ့ ရှုပ်နေတတ် ပါတယ်။ ၁၉၉၆ ခု August လဆန်းမှာ ဆာကိုတင်း (Sacotine) အမည်ရှိ ဆေးဆွဲနေသူ မိန်းမပျက် တစ်ဦးအား ဆေးရောင်းသူ နှစ်ဦးက လက်မောင်းကိုဓါးနှင့် ထိုးပြေးခဲ့မှု ဖြစ်ခဲ့ပါတယ်။ ဆာကိုတင်းက ဆေးရောင်းသူ Corer ၁၉ နှစ်နှင့် Moore ၂၀ နှစ်တို့က ဓါးနှင့် ထိုးပြေးခဲ့တယ် လို့တိုင်ကြားပါတယ်။

၎င်းအပြင် လွန်ခဲ့သည့် တစ်ပတ်က ၎င်းတို့နှစ်ယောက်အပြင် Stenleen  ၁၉ နှစ် နှင့်   Smith William ခေါ် အသက် ၁၉ နှစ်အရွယ်လှပသော ကပ်ပလီမတစ်ယောက်တို့ကို ၎င်း၏ အိမ်သို့ ခေါ် လာ ကြောင်း။ Smith William ဟာဆေးဆွဲနေသူဖြစ်ပြီး၊ Corer တို့ထံမှ ဒေါလာ နှစ်ထောင် တန်ဘိုးရှိသော ကိုးကိန်းများ ခိုးယူခဲ့တယ်လို့ပြောပြီး၊ ၎င်းတို့သုံးဦး မီးဖိုချောင်းရှိ ပစ္စည်းတစ်ချို့ကိုယူ၍ Smith William ကို အိမ်အောက်ထပ်သို့ခေါ်သွားကြောင်း၊ ခဏ အကြာ တွင် Smith William ၏အော်သံ၊ ငိုသံများ  ကြားရပြီး နောက် အသံများတိတ်သွားကြောင်း။ ထိုနောက် Corer တို့ သုံးဦး ကတ်ထူဘူးကြီး တစ်ခုအား မနိုင်မနင်း သယ်ပြီး ၎င်းအိမ်နားရှိ သင်္ချိုင်းသို့ သယ်သွား သည်ကို တွေ့ရကြောင်း။ Smith William ကို နောက်ထပ် မတွေ့ရ တော့သဖြင့် Smith William ကိုသတ်ပြီး အလောင်းသယ်သွား သည်ဟု ထင်ကြောင်း ထွက်ဆို ပါသည်။

              Sacotine ၏အိမ်အောက်ကိုစစ်ဆေးရာ၊ လူသေအလောင်းသော်၎င်း၊ သွေးစွန်း သည်ကို သော်၎င်း မတွေ့ရသည့်အပြင် အကြမ်းဖက်ထားသည့်အရိပ်အရောင်မျှပင်မတွေ့ရပါ။
Sacotine သည် အခင်းဖြစ်ပွါးစဉ်က (cocaine ) အသုံးပြုထားသည်ဟုဆိုပါတယ်။

              Sacotine အစစ်ခံပြီး ၂ ပတ် အကြာတွင် သူမအိမ်နားက သင်္ချိုင်းတွင် အသုံးမပြု တော့သည့် အဆောက်အဦး (ရှေးက အလွန်အေးသည့်ဆောင်းရာသီများ၌ လူသေမြုပ်ရန်တွင်း မတူးနိုင်သည့် အခါ များတွင် အလောင်းထားသော အဆောက်အဦးဖြစ်ပြီး အသုံးမပြုသည်မှာ နှစ်များစွာကြာခဲ့ ပြီဖြစ်ပါတယ်) မှ ဆိုးဝါးသောအပုပ်နံများထွက်နေ၍ ဖွင့်ကြည့်ရာ ပုပ်ပွပြီး ထောင်ပေါင်းများစွာသော   ရင်ကောင်များ၊ ပိုးလောက်များနှင့်ပြည့်နှက်နေသည့် ကပ်ပလီလူမျိုး အမျိုးသမီးအလောင်းတစ်လောင်းအား သတင်းစာ စက္ကူများဖြင့် ထုတ်ထား တာကို တွေ့ရ ပါတယ်။
အလောင်းရဲ့ ညာဘက်လက်ကိုကြိုးချီထားပြီး၊ ၀တ်ထားသောဂျင်းဘောင်ဘီမှာ ခြေကျင်းဝတ်အထိ ကျွတ်ကျနေပါတယ်။ အလောင်းဟာ ၁.၆၀ မီတာမြင့်ပြီး ၅၅ ကီလိုမီတာ လေးပါတယ်။

တံခါးပိတ်ထားသောအဆောက်အဦးထဲတွင်တွေ့ရသဖြင့်၊မတော်တဆသေဆုံးခြင်း၊ သဘာဝအလျောက်သေခြင်းနှင့် ကိုယ့်ကိုယ်သတ်သေခြင်း မဖြစ်နိုင်ပဲ လူသတ်မှုသာ ဖြစ်ရ မည်ဟု ကောက်ချက် ချကြပါတယ်။ သို့ရာတွင် အလောင်းမှာ ပုပ်ပွနေသဖြင့် မည်သည့် အချိန် က သေဆုံးကြောင်း၊ လည်ပင်း ညှစ်သည့်ဒါဏ်ရာ၊ ဓါးထိုးခံရသည့်ဒါဏ်ရာများ မတွေ့နိုင် တော့သဖြင့် မည်ကဲ့သို့ အသတ်ခံရကြောင်း မသိနိုင်ပါ။

အလောင်းမှသွားများအားစစ်ဆေးရာ အသက် ၁၃ နှစ်သာရှိသေးကြောင်းသိရပါတယ်။
ထိုကြောင့် Sacotine ပြောသော အသက် ၁၉ နှစ်ရှိ Smith William နှင့်မကိုက်ပဲဖြစ် နေပါ တယ်။ ၁၃ နှစ်အရွယ်ကပ်ပလီအမျိုးသမီးထဲက လူပျောက်မှုနှင့်တိုင်းတန်းထားသူများ စာရင်း အားကြည့်ရှုရာ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က ၁၃ နှစ်အရွယ် ကပ်ပလီလူမျိုး Richard ကိုတွေ့ ရှိပါ တယ်။ Richard ၏သွားနှင့် အလောင်းမှသွားများကို တိုက်ကြည့်ရာ တူနေ သဖြင့် အလောင်းမှာ Richard ဖြစ်ကြောင်းသိရပါတယ်။

Richard အကြောင်းထပ်မံသိရသည်မှာ ၎င်းသည်လွန်ခဲ့သည့်နစ်က ဖခင်သေဆုံးပြီး နောက် စိတ်လေလွင့်ကာ လမ်းပေါ်ရောက်သွားကြောင်း၊ ၎င်း၏အမည်နှင့် အသက်ကိုပါ ပြောင်းထားကြောင်း သိရပါတယ်။

 Richard အားထုတ်ထားသည့် သတင်းစာ စက္ကူများမှာ လွန်ခဲ့သော ရက်သတ္တပတ် များစွာက ဖြစ်နေသဖြင့် သေဆုံးချိန် ကို မပြောနိုင်ပါ။ သေဆုံးသည့် အချိန် ကိုသိရန် သမရိုးကျ နည်းဖြင့် မစစ်ဆေး နိုင် ပဲရှိနေရာ၊ ပိုးမွှားပါရဂူ၏ အကူအညီကို တောင်း ဆိုရပါတယ်။

ပိုးမွှားပါရဂူက အလောင်းပေါ်ရှိပိုးလောက်လန်းများအားစစ်ဆေးရာ ရင်ကောင် ဖြစ်ရန် ကြီးထွားမှု အဆင့် ၃ တွင်ရောက်ရှိနေကြောင်းတွေ့ရပါတယ်။ ရင်အမျိုးအစားမှာ Easton မြို့ နွေရာသီ တွင်တွေ့ရ သော ရင်မည်းမျိုးဖြစ်ပါတယ်။ ရင်ကောင်များသည် လူသေပြီးနောက် မိနစ်အနည်း ငယ်မှ နာရီပိုင်း အတွင်း အလောင်းပေါ်သို့ ရင်ဥများ ဥချလေ့ရှိပါတယ်။

ရင်အမျိုးအစား ၊ အခန်းအပူချိန်၊ ဆိုထိုင်းဆပေါ် မူတည်၍ ရင်ကောင် ကြီးထွားမှု အနှေးအမြန် ဖြစ်နိုင်သဖြင့်၊ လွန်ခဲ့သော တလခန့်က Easton မြို့ရဲ့ အပူချိန်၊ ဆိုထိုင်းဆ၊ အလောင်းတွေ့ရ အဆောက်အဦး အပြင်နှင့်အတွင်း ကွာခြားချက်များမှ တွက်ချက်ကြည့်ရာ လွန်ခဲ့သည့်  Jully 27-29 ရက်အတွင်းသေဆုံး သည်ဟူသော အဖြေထွက် လာပါတယ်။

ပိုးမွှားပါရဂူ၏ သေဆုံးချိန်က Sacotine ပြောသော အမှုဖြစ်သည့်ရက်နှင့် ကိုက်နေ ပါသည်။ အခင်းဖြစ်ရာမှာ သွေးမတွေ့လို့ လည်းပင်ညှစ်သတ်တယ်လို့ ယူဆရပါတယ်။ သို့ရာတွင် မည်သူ သတ်သလဲ ဆိုတာ အဖြေမပေါ်ပဲ ဖြစ်နေပါတယ်။

Sacotine အား Roland ၏ဓါတ်ပုံပြရာ Sacotine ပြောသော Smith ဖြစ်နေပါတယ်။  Sacotine ၏မီးဖိုချောင်းရှိပစ္စည်းများအားစစ်ဆေးရာ လူနှင့်ထိတွေ့ခဲ့ သည်ဆိုသော အဖြေများ ရပါတယ်။ Sacotine ၏မြေအောက်ခန်းမှာ Roland ၏ဆံပင်စများရှာဖွေတွေ့ရှိပါတယ်။

စုံထောက်များ အလောင်း တွေ့ရာ အဆောက်အဦးသို့ ထပ်မံ သွားရောက်ပြီး အဆောက်အဦးရှိ အမှိုက်များအားလုံးအား (scan) လုပ်ကြည့်ရာအမှိုက်များအောက်တွင် အနီရောင် ၀ါးထားသော ပီကယ်တစ်ခုကို တွေ့ပါ တယ်။ ပီကယ်ဟာ ၄.၅ cm ရှိပြီ အချိန်ကြာ နေသဖြင့် သစ်တုံးကဲ့သို့ မာတောင့်နေပြီး ၀ါးထားသည့် သွားရာများ ရှိနေပါတယ်။

ပီကယ်မှာ ကပ်နေနိုင်သည့်တံတွေးမှ DNA စစ်ဆေးရန်ပို့လိုက်ပါတယ်။ ကံကောင်း ထောက်မစွာ DNA မစစ်ဆေးခင် သွားရာ (tooth print) များအား စစ်ဆေးရန် သွားယာ ကျွမ်းကျင်သူထံ အရင် ပို့လိုက်ပါတယ်။ DNA စစ်ဆေးလျှင်ပီကယ်၏ တစိတ်တဒေသကို ဖြတ်ယူရမှာဖြစ်တဲ့အတွက် သွားရာများပျက်စီးသွားနိုင်ပါတယ်။

              ပီကယ်ရှိ သွားရာ ပုံတူရရန် ပထမ ပီကယ်ကိုရေခဲသေတ္တာတွင်ခဲ လိုက်ပါသည်။ ထိုနောက် ပီကယ်ပေါ်သို့ ပလပ်စတစ် တစ်မျိုး လောင်းရပါသည်။ ၎င်းပလပ်စတစ်သည် ပီကယ်ပေါ်ရှိ အမှတ် အသား များနှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည် (တနည်း) ဓါတ်ပုံ negative နှင့် အလားတူပါသည်။ ၎င်းပီကယ်၏ ဆန့်ကျင်ဘက်ပုံပေါ်သို့ ရာဘာကဲ့သို့သော ခဲသွားသည့် အခါပျော့ပျောင်းသည့် ပလပ်စတစ် အရည်တစ်မျိုး ထပ်လောင်းလိုက်ရာ၊ ပီကယ်ပေါ်ရှိအမှတ် အသားများနှင့် တူညီသော ပျော့ပျောင်းသည့် ပလပ်စတစ် ပုံတူကို ရပါသည်။ ၎င်းပုံတူ ပလပ်စတစ်အား တရားခံဖြစ်နိုင် သော  Corer သွားပုံတူ ပေါ်တွင် တင်ကြည့်ရာ Coren ၏သွားရာများဖြစ်ကြောင်း သက်သေပြ နိုင်ခဲ့ပါတယ်။  Corer ဟာ အမြဲ အနီရောင် Big Red ပီကယ် ၀ါးလေ့ရှိပြီး၊ ၎င်းကို စစ်ဆေးစဉ်ကလည်း ပီကယ်ဝါးနေခဲ့ တာကို စုံထောက်တွေ သတိ ထားမိခဲ့ကြပါတယ်။

          Sarcotine တိုင်တန်းစဉ်က ၎င်းအား Smith နှင့်ပတ်သက်၍မေးမြန်းခဲ့ရာ Smith ကို လုံးဝ မသိဟု ဘူး ခံခဲ့ပါတယ်။ ၎င်းဝါးထားသည့် ပီကယ်မှ ၎င်း၏ သွားရာများ တွေ့ထားပြီ ဆိုသောအခါမှ မငြင်းနိုင် တော့ဘဲ ဖြောင့်ချက် ပေးပါတော့တယ်။ ၎င်း၏ဖေါ်ထုတ်ချက်ဖြင့် ကျန်နှစ်ဦးပါ Smith ခေါ် Richard အားသတ်ခဲ့ကြောင်းဖြောင့်ဆိုပါတယ်။

          ဒီအမှု မှာ ရင်ကောင်ရဲ့ ပိုးလောင်း၊ သွားရာ၊တွေက နေ လူသတ်တရားခံ ကိုဖေါ်ထုတ် ပေးခဲ့ တာဖြစ်ပါတယ်။

No comments:

Post a Comment