လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, April 9, 2012

ဆိတ်ကွယ်ရာ (၃)

NT1  မှ ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဇတ်လမ်းအား သင့်လျော်အောင် ဘာသာပြန်ပါသည်။

North Carolina ဟာ နံမည်ကြီးတက္ကသိုလ်များ၊ ဆေးရုံဆေးပေးခန်းများ၊ ပန်းခြံများ ကြောင့် မိသားစုများအတွက်နေထိုင်လို့ကောင်းတဲ့ မြို့ကလေးဖြစ်ပါတယ်။ North Carolina  က နံမည်ကြီးတက္ကသိုလ်တစ်ခုမှ Baseball သင်တန်းဆရာ Russ ရုတ်တရက် သေဆုံးတဲ့ သတင်းက တက္ကသိုလ်တစ်ခုလုံးကို အံ့အားသင့်စေပါတယ်။ Russ ဟာသဘောကောင်းပြီး အသင်အပြကောင်းတဲ့ ဆရာတစ်ဦးဖြစ်လို့ သင်တန်းသားအားလုံးရဲ့ချစ်ခင်ခြင်းကို ခံရသူ ဖြစ်ပါတယ်။ Russ ဟာ ညနေဘက်တွေမှာ (National  Guard) အစိုးရလုံခြုံရေးမှာလည်း လုပ်အားပေးသူ (volunteer) လည်း ဖြစ်ပါတယ်။

          Russ ဟာအလုပ်မှာအောင်မြင်ပေမဲ့ အိမ်ထောင်ရေးမှာတော့ ကံမကောင်းရှာပါဘူး။
ပထမအိမ်ထောင်နှင့် အိမ်ထောင်သက် ၄ နှစ် မှာလမ်းခွဲခဲ့ပြီး တစ်နှစ်အကြာမှာ တော့ သားနှစ်ယောက် မိခင်၊ မုဆိုးမ ဘာဘရာ ဆိုသူနှင့် ဒုတိယအိမ်ထောင်ပြုခဲ့ပါတယ်။ ဘာဘရာ နှင့် အိမ်ထောင် သက် ၉နှစ် ရှိပါပြီ။

          Russ ဟာ ဘာဘရာရဲ့ သားတွေကို မိမိသားများကဲ့သို့ ချစ်ခင်တဲ့အတွေက် ၎င်းတို့ အိမ်ထောင်ရေးဟာ ပျော်ရွှင် သာယာခဲ့တယ်လို့ ဆိုပါတယ်။

ဘာဘရာရဲ့ထွက်ဆိုချက်အရ အမှုမဖြစ်ခင် ၃ ရက်ခန့်က ၎င်းတို့အိမ်နားတွင် အိမ် ဖေါက်ထွင်မှုဖြစ်ခဲ့တဲ့ အတွက် Russ ဟာသူ့ကိုယ်ပိုင် ပစ်စတို (pisto) ကို ၎င်း၏ ကုတင် ဘေးက ဘီဒိုအံဆွဲထဲမှာ ထားရာက ၎င်း၏ခေါင်းအုံးအောက်သို့ပြောင်းလဲ ထားခဲ့ တယ်လို့ ပြောပါတယ်။

အခင်းဖြစ်သည့်နေ့ နံနက်စောစောတွင် ဘာဘရာ၏ သားအကြီး အိမ်သာထ သွားသံ ကြားသဖြင့် Russ လူမှားပြီးသေနတ်ဖြင့် ပစ်မည်စိုး၍ ဘာဘရာက Russ ၏ခေါင်းအုံးအောက် မှ သေနတ်ကိုယူရာမှ သေနတ်မှကျည်ဆံထွက်သွားပြီး Russ ကိုထိမှန်သွားတယ်လို့ ဆိုပါ တယ်။

စုံထောက်များတာဝန်အရ စုံစမ်းစစ်ဆေးရန် အခင်းဖြစ်ပွါးပြီး နာရီ အနည်းငယ် အကြာမှာ ဘာဘရာ့အိမ်သို့သွားရာ တံခါးဝတွင် သွေးစွန်းနေသော အိပ်ရာခင်းများကို ဘာဘရာ၏ဖခင်က ဆေးကြောရန်သယ်လာတာကို တွေ့ပါတယ်။

စုံထောက်များ Russ  သေဆုံးသည့်အခန်းကိုစစ်ဆေးရာ၊ အားလုံးဆေးကြောထားပြီး၊ အမှု၏လက်ရာခြေရာများ ဘာမှမရှိတော့ပါ။

သေနတ်မှထွက်သောယမ်းမှုံများသည် အ၀တ်များဆေးကြော ပြီးချိန်တွင်ပင် ကျန်ရှိ နေကြသောကြောင့် Russ  သေဆုံးစဉ်ကအိပ်ခဲ့သော ဆေးကြောပြီးသည့် အိပ်ရာခင်းအား စစ်ဆေးရာ ယမ်းမှုံများ မရှိပါ။

Russ ရဲ့ ပထမမိန်းမ (Jolene) က မတော်တဆသေဆုံးမှု ဆိုတာကို လုံးဝ လက်မခံ ပါဘူး။ Russ  ဟာ ဘာဘရာရဲ့ လုပ်ကြံခြင်းကို ခံရတယ်လို့ ယုံကြည်ပါတယ်။

Russ ဟာ မသေခင်က ဘာဘရာနှင့်ပတ်သက်ပြီး ၎င်းရဲ့အသက်အန္တရာယ်ကို စိုးရိမ် ကြောင်း သူမအားပြောကြားခဲ့တယ်လို့ ပြောပါတယ်။ ဘာဘရာရဲ့ ပထမယောက်ျားဟာ သေနတ်သန့်ရှင်းရေးလုပ်စဉ် ကျည်ဆံထွက်သွားပြီးသေဆုံးခဲ့တာကိုလည်း Russ အနေနဲ့ သံသယ ဖြစ်နေကြောင်း၊ ဘာဘရာဟာ အမျိုးသားတစ်ယောက်နဲ့ ဖက်နမ်းနေတာကိုလည်း တွေ့ခဲ့ကြောင်း ပြောခဲ့ပါတယ်။ မသေဆုံးခင်သုံးရက်က ညသန်းခေါင်ယံတွင် ၎င်းအားနှိုးပြီး အိပ်ဆေးတိုက်ခဲ့ကြောင်း။ ၎င်းက အဆိပ်ခတ်မှာကြောက်၍မသောက်ခဲ့ကြောင်း ပြောခဲ့တယ် လို့ ဆိုပါတယ်။

ပထမမိန်းမ (Jolene) က ၎င်းသိသမျှကို စုံထောက်ဌာနသို့ရေးသားခဲ့ပါတယ်။ လွန်ခဲ့ တဲ့ ၁၀ နှစ်က ဘာဘရာရဲ့ ပထမယောက်ျားဟာ (Jolene) ရေးသည့်အတိုင်း သေနတ် သုတ်ရင်း ကျည်ဆံထွက်သွားပြီး ရင်ပတ်ကိုထိမှန်ပြီးသေဆုံးခဲ့ပါတယ်။ အဲ့ဒီအချိန်က မတော်တဆ သေဆုံးမှုနှင့် အမှုပိတ်ခဲ့ပါတယ်။ အလောင်းကိုမီးသင်္ဂြိုခဲ့တာမို့ စစ်ဆေးလို့ မရတော့ပါဘူး။

          Jolene ရဲ့စာအပြင် သေဆုံးပုံ ထူးဆန်းခြင်း၊ ဘာဘရာအနေနဲ့ အမှုစစ်ဆေးခြင်းကို မလိုလားသည့် အပြုအမူများ၊ ခင်ပွန်းသေဆုံးသော်လည်း ၀မ်းနည်းပုံမရခြင်း တို့ကြောင့် ဘာဘရာရဲ့ အကြောင်းကို အသေးစိတ်စုံစမ်းစစ်ဆေးကြရာ။

          ဘာဘရာဟာ စာရေးမ (secretary) တစ်ယောက်ဖြစ်သော်လည်း သေဌေးတစ်ဦးလို သုံးဆွဲတတ်ပြီး ၎င်းလခနှင့် မလောက်သဖြင့် ဘဏ်မှအကြွေးယူခဲ့ပါတယ်။ ဘဏ်မှအကြွေး ဆပ်ရန် တောင်းသည့်အခါ နောက်ဘဏ်တစ်ခုမှအကြွေးထပ်ယူခဲ့ပြန်ပါတယ်။

ဒုတိယဘဏ်မှအကြွေးယူရန် ၎င်းနှင့် Russ တို့နှစ်ဦးပိုင် ဘဏ်ငွေစု စာရင်းကို အာမခံရာ၊ ဒုတိယဘဏ်မှ Russ ရဲ့လက်မှတ်ကိုတောင်းဆိုခဲ့ပါတယ်။ ဒုတိယဘဏ်သို့ ဘာဘရာ ပေးခဲ့သော Russ ရဲ့လက်မှတ်ကို စစ်ဆေးရာ Russ ရဲ့လက်မှတ် မဟုတ်ကြောင်း တွေ့ရှိရပါတယ်။

Russ မသေခင် လ အနည်းငယ်ကလည်း Russ ရဲ့ သေတမ်းစာကိုပြောင်းလည်း ရေးသား ထားတာကိုလည်း တွေ့ရပါတယ်။ အဲ့ဒီသေတမ်းစာမှာ ထိုးထားတဲ့ လက်မှတ် ကလည်း Russ ရဲ့လက်မှတ် မဟုတ်ပါဘူး။ သေတမ်းစာ အသစ်အရ Russ သေရင် သိန်းတရာ ဘာဘရာ တစ်ဦးတည်း ရရှိမှာဖြစ်ပါတယ်။ ဘာဘရာရဲ့ ပထမယောက်ျားသေဆုံးစဉ်ကလည်း ဘာဘရာအနေနဲ့ အသက်အာမခံ သိန်းနှစ်ရာ ရခဲ့ပါတယ်။

          ဒီတွေ့ရှိချက်တွေက ဘာဘရာက တမင်သတ်ခဲ့တယ်လို့ညွှန်ပြကြပါတယ်။ Russ သေဆုံးပြီးတစ်ပတ်အကြာမှာ ၎င်းအလုပ်လုပ်ရာ တက္ကလိုလ်ရှိ ရဲ့ အ၀တ်အစားများထားရာ ဘီရိုမှ Cassette တစ်ခုတွေ့ရှိပါတယ်။ အဲ့ဒီ Cassette မှာ Russ ကိုယ်တိုင် မသေဆုံးခင် ၃ ရက်ကအသံသွင်းထားတာရှိနေပါတယ်။

          Cassette ထဲမှာ .. ၁၉၈၈ ခုနှစ် ဂျန်န၀ါရီလ ၂၉ ရက် ၁၄း၁၇ မိနစ် ကျွန်တော်၏ အသက်အန္တရာယ်အတွက် ကျွန်တော့်မိန်းမဖြစ်သူ ဘာဘရာအား စိုးရိမ်မိပါကြောင်း အသံ သွင်းထားပါတယ်။

          ဘာဘရာပြောသည့် ၎င်းလက်မှသေနတ်ကျည်ဆံအလွယ်တကူ ထွက်မထွက် သိရန်
သေနတ်မောင်းတံတွင် အလေးများကို တဖြေးဖြေးချင်း တင်ကြည့်ရာ၊ သေနတ်မောင်းဟာ ခိုင်ခန့်ပြီး ကျည်ဆံအလွယ်တကူမထွက်နိုင်ကြောင်းတွေ့ရှိရပါတယ်။

          ဘာဘရာပြောသလို ၎င်းလက်မှသေနတ်ကျည်ဆံအလွယ်တကူထွက်သွားတာ ဖြစ်နိုင်မဖြစ်နိုင် စမ်းသပ်ရန်အတွက်း

-Russ ၏ခေါင်းနောက် ကျည်ဆံဝင်သော အပေါက်နှင့် အရှေ့ဘက် ကျည်ဆံထွက်သော အပေါက်များ၏ အနေအထားကိုစစ်ဆေးရာ ကျည်ဆံသည် အမြင့်မှဝင်ပြီး အောက်သို့ ဆင်းသွားကြောင်း တွေ့ရပါတယ်။ ဘာဘရာပြောသလို ကျည်ဆံ ထွက်ပါက ကျည်ဆံဟာ အနိမ့်မှ အမြင့်သို့ ထွက်သွားရပါမယ်။
-ကျည်ဆံခွံဟာRuss ရဲ့ခေါင်းနောက် လက္ခအနည်းငယ်မှာကျနေပါတယ်။ ဘာဘရာပြောကြား ချက်အရကျည်ဆံထွက်ခဲ့မယ်ဆိုရင် ကျည်ဆံခွံဟာစင်ပြီး ကုတင်းရဲ့ အလယ်မှာ ကျရမှာ ဖြစ်ပါတယ်။(ဘာဘရာဟာ ကျည်ဆံခွံ စင်ထွက်မယ်ဆိုတာ မသိတာကြောင့် နေရာမှားပြီး ထားခဲ့ တာဖြစ်ပါတယ်)
-နောက်တစ်ချက်ကတော့ ဘာဘရာပြောသလိုကျည်ဆံထွက်ခဲ့မယ်ဆိုရင် အိပ်ရာခင်းပေါ်မှာ
ယမ်းမှုံတွေ ရှိရမှာဖြစ်ပါတယ်။ ယမ်းမှုံတွေ အိပ်ရာခင်းပေါ်မှာရှိမနေပါဘူး။ ဘာဘရာအနေနဲ့ ယမ်းမှုံတွေ တွေ့မှာစိုးပြီး၊ အိပ်ရာခင်းတွေကို အမြန်လျော်ခဲ့ပါတယ်။

အထက်ပါတွေ့ရှိချက်များက ဘာဘရာ ပြောသလိုမဟုတ်ဘူးဆိုတာညွှန်ပြနေပါတယ်။

ပိုမိုသေချာအောင် အခင်းဖြစ်ပွါးပုံအသေးစိတ်ကို ပြန်လည်လုပ်ပြရန် Russ ၏နေရာ တွင် စုံထောက်တစ်ဦး ၀င်အိပ်ပြီး ဘာဘရာအားခိုင်းစေသောအခါ။ ဘာဘရာက သူမ မမှတ်မိတော့ဟု ဆိုကာ လုပ်မပြနိုင်ခဲ့ပါဘူး။

          သက်သေအထောက်အထားများခိုင်လုံတာကြောင့် ဘာဘရာကို  လူသတ်မှုဖြင့် တစ်သက်တစ်ကျွန်း ချခဲ့ပါတယ်။ ရဲ့ ပထမယောက်ျားကိုလည်း သတ်ခဲ့တယ်လို့ သံသယ ရှိပေမဲ့ အမြင့်ဆုံးအပြစ်ဒါဏ်ကျခံပြီးတာက တစ်ကြောင်း ပထမအမှုအတွက် သက်သေခံရှာရန် မလွယ်ကူတော့ သဖြင့် ပထမအမှုကိုပြည်ဖုံးကာချလိုက်ပါတယ်။

ဒီအမှုမှာ ၀င်ငွေနဲ့ထွက်ငွေ မျှတအောင် မသုံးတတ်ခြင်း၊ ၀ မရှိပဲ ၀ိ လုပ်ချင်သော ကြွားဝါးလိုသည့်စိတ်ကို အလိုလိုက်ခဲ့သဖြင့် မိမိဘ၀ သာမက မိမိသားသမီးတို့၏ ဘ၀များ မိမိနှင့်နီးစပ်ရာ ခင်ပွန်းကောင်းတို့၏ဘ၀များကိုပါ ပျက်စီးစေခဲ့တာကို သင်ခမ်းစာ ယူရ ပါ တော့တယ်။

No comments:

Post a Comment