လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, August 30, 2016

✿ အဘိဓမ္မာ ဆိုတာ ဘာလဲ ??? ✿

ဓမ္မရတနာ
✿ အဘိဓမ္မာ ဆိုတာ ဘာလဲ ??? ✿
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
အဘိဓမ္မာ ဆိုတာ ဘာလဲဆိုရင် The nature of our life ပဲ။
ဘ၀ရဲ့ သဘာဝကို အသေးစိတ် ပြောထားတာကို အဘိဓမ္မာ ခေါ်ပါတယ်။
...
အင်ဂျင်နီယာသင်တဲ့ ကျောင်းသားတွေကွာ။ မော်တော်ကား တစ်စင်းကို ဘယ်လို တည်ဆောက်ထားသလဲ။ မော်တော်ကား တစင်းထဲမှာ ပစ္စည်းအရာဝတ္ထုလေးတွေ ဘယ်နှစ်မျိုးလောက် ပါဝင်သလဲ။ မင်းတို့ သင်ရတယ် မဟုတ်လား။ ဘယ်လိုပေါင်းစပ်တယ်။ ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ ရှုပ်ပွနေတာပဲ။ ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊ အဲဒီလို စနစ်တကျ မော်တော်ကား တစင်း တည်ဆောက်ထားသလို၊ ရေဒီယိုတလုံး တည်ဆောက်ထားသလို ဟောဒီ Body structure (ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ်။
ဒီတော့ ဒီတခုကို ဘာတွေနဲ့၊ ဘာတွေနဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လိုများ အချိုးညီညီ တည်ဆောက်ထားသလဲဆိုတာ အဲဒီ အတတ်ပညာဟာ ဘာလဲဆိုရင် အဘိဓမ္မာ။ သုံးလုံတည်းပဲ။ ဘာတွေလဲ ဆိုရင် စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ်။
ဘာတွေလဲ
စိတ်, စေတသိက်, ရုပ်ပါဘုရား။
စိတ်-၈၉-ပါးရှိတယ်။ စေတသိပ် ၅၂-ပါးရှိတယ်။ ရုပ် ၂၈-ပါးရှိတယ်။ လူဆိုလို့ရှိရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ ဘယ်လို၊ ဘယ်လို တည်ဆောက်၊ ခွေး၊ ၀က်၊ ကြက်၊ ငှက် တိရစ္ဆာန်ဆိုရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ တည်ဆောက်၊ နတ်ဗြဟ္မာဆိုရင် ဘယ်လို၊ ရဟန္တာဆိုရင် ဘယ်လို၊ အဲဒီလို ပုဂ္ဂိုလ်အမျိုးအစားတွေကို လိုက်ပြီးတော့၊ ဘ၀အမျိုးမျိုးတွေကို လိုက်ပြီးတော့ စိတ်အမျိုးအစားတွေကို၊ စေတသိက် အမျိုးအစားတွေကို၊ ရုပ်အမျိုးအစားတွေကို သူ့ဟာနဲ့သူ စနစ်တကျ၊ အချိုးကျ၊ ပေါင်းစပ် တည်ဆောက်ပုံကို ဖော်ပြတာဟာ အဘိဓမ္မာ။
The nature of mentality and materiality ရုပ် နာမ်တို့၏ သဘာဝ၊ အဲဒါဟာ ဘာခေါ်လဲ၊ အဘိဓမ္မာ။ အဘိဓမ္မာ ခုနစ်ကျမ်းဆိုတဲ့ စာအုပ်ကို လှမ်းမကြည့်နဲ့၊ လှမ်းမကြည့်နဲ့၊ မင်းတို့တွေ အဘိဒမ္မာခုနစ်ကျမ်းကို လှမ်းကြည့်ရင် အကုန်လုံး လန့်သွားမှာ၊ စာအုပ်က နည်းတာမှ မဟုတ်ဘဲ။ ဖတ်လဲ ဘာမှနားမလည်ဘူး။ အဲဒီစာအုပ်က ဘာတွေဟောထားသလဲဆိုရင် ဘုရားကိုင်တိုင် ဟောတာနော်။ စိတ်အကြောင်းရယ်၊ စေတသိက်အကြောင်းရယ်၊ ရုပ်အကြောင်းရယ်၊ အဲဒီအကြောင်းအရာသုံးပါးကို အကျယ်တ၀င့် ဒီစာအုပ်ကြီးတွေထဲမှာ ရေးမှတ်ထားတာ။ တကယ်တော့ ဗုဒ္ဓရှင်တော်ရဲ့ ဓမ္မက စာအုပ်ထဲမှာ ထားဖို့ မဟုတ်ဘူး။ လူထဲမှာ ထားရမယ်။
အဘိဓမ္မာသင်ချင်ရင် မင်းကိုယ်မင်း ပြန်ဖတ်
*****************************************
လူနဲ့ ဓမ္မနဲ့၊ ဓမ္မနဲ့ လူသားနဲ့၊ တပေါင်းတည်းဖြစ်နေမှ Dhamma is the light of your life ဖြစ်လာမှာ။ ဓမ္မနဲ့ လူနဲ့ တခြားစီဖြစ်နေရင် ကိုယ့်မှာဓမ္မအလင်းရောင် မရှိဘူး။ အဲဒါကြောင့် အမေရိကန်ကြီးတယောက်က ဘုန်းကြီးကို မေးတယ်။ ကိုယ်တော် တပည့်တော် အဘိဓမ္မာ သင်ချင်တယ်တဲ့။
How to learn the Abhidhamma?
Teach me Abhidhamma. What is Abhidhamma? တဲ့။
သူက မေးခွန်းတွေနဲ့။ ဟေ့ Abhidhamma is your body.
ဟုတ်လား။ Don't read any book. You must read yourself.
မင်းကိုယ်ကိုယ် မင်းပြန်ဖတ်။ စိတ်က ဘယ်မှာရှိသလဲ၊
ဒီမှာပဲ၊ ကိုယ်မှာပဲ၊ စေတသိက်ကော ကိုယ်မှာ၊ ရုပ်တွေကော၊
စိတ် စေတသိက် ရုပ်က ဒီမှာပဲရှိတာ။ ဒီကိုယ်ခန္ဓာကြီး ပြန်ဖတ်မှ
စိတ်၊ စေတသိက်၊ ရုပ်ကို တကယ်သိမှာ။ ဒီစာအုပ် ခဏထား။
မင်း ကိုယ်ကို မင်းပြန်ဖတ်ရင် မင်း အဘိဓမ္မာ တကယ်တတ်သွားမယ်။
How to read myself ? သူကပြောတယ်။ ကျုပ်ကိုကိုယ် ကျုပ်
ဘယ်လိုဖတ်မလဲ။ အေး ကောင်းပြီ
" You must sit on the floor,in the cross legged posotion,
place your right hand on top of your left hand,
close your eyes slowly, focus your mind at the tip of your nose."
ဟိုလူကို ဖတ်ခိုင်းပြီနော်။ တင်ပျဉ်ခွေထိုင်ပါ။ ကိုယ်ကို ဖြောင့်ဖြောင့်ထား။
မျက်လုံးကို ဖြည်းဖြည်းလေး မှိတ်၊ ဘယ်ဘက်လက်ပေါ် ညာလက်ကလေး
တင်ထား။ Breathe normally, naturally. မှန်မှန်လေး ရှူ။
ရိုးရိုးလေး အသက် ရှူ။ Focus your mind at the tip of your nose .
နှာသီးဖျားလေးကို ချိန်ထား၊ ဟိုလူက မျက်စိမှိတ် နဖူးကြောတွေ
ဘာတွေ ရှုံ့လာတာ။ အဲသလို အရမ်းကြီး စိတ်ကို တင်းမထားနဲ့နော်။
Must be ralax. သက်သောင့်သက်သာလေး လုပ်စမ်းပါ။ နှာ
သီးဖျား ချိန်ဆိုတော့ မျက်လုံး ဖွင့်ကြည့်တယ်။
venerable Sir; I'd like to ask you a question.
အို အရှင်ဘုရား၊ တပည့်တော် မေးခွန်းတခု မေးချင်တယ်။
ဟေ့လူ မင်း နောက်မှ မေး။ မင်းကို ဒီမှာ ထိုင်ပြီး အဘိဓမ္မာ ဖတ်ခိုင်းနေတာ။
နေပါဦး နောက်မှ ဖတ်ပါရစေတဲ့၊ အခု မေးချင်သေးတယ်၊၊
မင်းတို့နဲ့များ ကွာတယ်နော်။ ဟိုလူကတော့ ထိုင်ခိုင်းကာ
ရှိသေးတယ်၊ မေးနေပြီ။ မမေးနဲ့ဦး၊ နောက်မှမေး။ မင်းစိတ်
နှာသီးဖျား ချိန်ထား။
I miss my mind at the tip of nose.
စိတ်က နှာသီးဖျား ချိန်လို့ မရဘူး။
ချော်ချော်ထွက်သွားတယ်။ သူက ဒီလိုပြောတယ်။
Ok I like. You must understand one thing Abhidhamma
This is called agitation.
ချိန်လို့မရဘူး။ လွဲနေတယ်။ လှုပ်နေတယ်၊ Creak ဖြစ်နေတယ်။
ဘာခေါ်လဲ။ ဥဒ္ဓစ္စ တဲ့။ စေတသိက်တလုံး သူပြောလိုက်တယ်။
စိတ်တွေ လှုပ်ရှားပြေးသွားနေတာကို ဘာခေါ်လဲ၊ ဥဒ္ဓစ္စ သင်ကြ။
ကိုယ်ကိုယ်ကို သင်၊ ဥဒ္ဓစ္စ။ Concentrated ဒီမှာ ချိန်လို့မြဲပြီဆိုလို့ရှိရင်
မင်းနားလည်လာပြီ။ အဘိဓမ္မာ တလုံး၊ သမာဓိ ဟုတ်လား။
အဲဒီလို သင်သွားတာ။ နောက်တော့ သူ ကြိုက်သွားတယ်။
ဗုဒ္ဓကိုးကွယ်ပေမယ့် စည်းကမ်းမရှိလျှင်
**************************************
သုတ္တန် The way of life,
ဝိနည်း discipline,
အဘိဓမ္မာ the nature of our body or our life,
This is Tipitaka, three baskets of Buddha’s teaching
ဘုရားတို့ ရဲ့  အဆုံးအမပိဋကတ် သုံးပုံ။ အဲဒါ ဘာလုပ်ဖို့လဲ။
To be learnt သင်ဖို့။
After learning သင်ပြီးရင် ဘာဆက်လုပ်မလဲ။
To be practiced ကျင့်ဖို့။ ဘာရှိသလဲ။ သီလ သမာဓိ ပညာ။
သီလ ထပ်ပြောစရာ မလိုတော့ဘူး။
Bodily discipline, Verbal discipline.
ကာယကံ စည်းကမ်းသုံးချက် ခုနက ပြောထားတယ်နော်။
ဝစီကံ ပါးစပ်ရဲ့ စည်းကမ်းခြောက်ချက် ခုနက ပြောထားတယ်။
အဲဒီ ကိုယ် နှုတ် နှစ်ပါးရဲ့ စည်းကမ်းတွေကို ဘာခေါ်လဲ။ သီလ။
It is not for worship, not for belief. ဒီပိဋကတ်သုံးပုံကို
I believe in the Tipitaka. ငါ ပိဋကတ်သုံးပုံကို ယုံကြည်ပါ၏။
ဗုဒ္ဓဘာသာ ဖြစ်ရဲ့လား။ I worship the Tipitaka.
ငါ ပိဋကတ်သုံးပုံကို ရှိခိုးပါ၏။ ဗုဒ္ဓဘာသာဖြစ်ရဲ့လား။
မဖြစ်ဘူးနော်။
I am learning. အဲဒါမှ very beginning of Buddhist ဆိုတာ အဲဒါ။
learning သင်ရမယ် နော်။ အဲ ပိဋကတ်သုံးပုံ သင်ပြီးရင်
ဘာဆက်လုပ်မလဲ။ ကျင့်မယ်။ ဘာကိုလဲ သီလ။
ကိုယ်နှုတ်ရဲ့ စည်းကမ်းကို လေ့ကျင့်။ to be a good person.
လူကောင်းတယောက် ဖြစ်လာဖို့ရန်အတွက် သီလအရေးကြီးတယ်။
ကာယကံမှာ စည်းကမ်းရှိရမယ်။ ၀စီကံမှာ စည်းကမ်းရှိရမယ်။
ဒါ religion ကို မဆိုဘူး။ ဘုန်းကြီးတို့က ဓမ္မကို ပြောနေတာ။
religion ကတော့ ကြိုက်တာကို ကိုးကွယ်။ ကိစ္စမရှိဘူး။
ဘာသာ တဘာသာတည်းနဲ့ မလုံလောက်ဘူးဆိုရင် ရှိတဲ့
ဘာသာအကုန် ကိုးကွယ်။ ကိစ္စမရှိဘူး။ သို့သော် အဲဒီစည်းကမ်းတွေ
မလိုက်နာရင် ဒီလူဟာ လူကောင်းကို မဖြစ်ဘူး။ ဒါ အရေးကြီးတာ နော်။
လူကောင်းဖြစ်ရုံနှင့် လူဖြောင့် ဖြစ်ပါ့မလား
*******************************************
ကောင်းပြီ။ ကိုယ် နှုတ်ရဲ့ စည်းကမ်းကို လိုက်နာရင် သီလပြည့်စုံရင်
ဘာဖြစ်သလဲ။ Goog person တဲ့။ လူကောင်း ဒါပေမဲ့ ကာယကံ
စည်းကမ်းကောင်းလို့ မလွန်ကျူးဘူး။ ၀စီကံ စည်းကမ်းကောင်းလို့
ပါးစပ်နဲ့ လွန်ကျူးတာလဲ မရှိဘူး။ ကိုယ်နှုတ်မှာ ဘာပြစ်မှုမှ မရောက်လို့
He, she, they become a good person but there are many many violation.
ဘာလဲ။ ကိုယ်နှုတ်ကတော့ မလွန်ကျူးပါဘူး။ လူ ကောင်းတွေပဲ။
စိတ်ထဲကတော့ သောင်းကျန်းနေတာ အားကြီးပဲ။ အဲဒါ ပိုခက်လာတယ်။
ဒါ another stage. ပိုခက်လာတယ်နော်။ to be right person.
ဖြောင့်မတ်တဲ့လူတယောက် ဖြစ်လာဖို့ရန်အတွက်
We must control our mental violation. စိတ်ရဲ့ ဆူပူသောင်းကျန်းမှုတွေကို ထိန်းထားရမယ်။ How to control? ဘယ်လိုထိန်းမလဲ ဆိုရင် ကျင့်နည်းကြံနည်းလေးတွေ ပြောဖို့အချိန် မရဘူး။ သမထကျင့်စဉ်ကို ကျင့်ရင် စိတ်ဓာတ်သောင်းကျန်းမှု အကုန်လုံး ငြိမ်သွားတယ်။
အဲဒါကြောင့် သမထကမ္မဋ္ဌာန်းကို tranquillity meditation လို့
ခေါ်တယ် နော်။
သမထဆိုတဲ့ စကားလုံးလေးက ငြိမ်းချမ်းစေသော ကျင့်စဉ်၊
စိတ်ကို တနေရာတည်းမှာ ထား၊ ၀ီရိယနဲ့ သတိနဲ့ ညှပ်ပြီးတော့ထိန်း။
တနေရာတည်းမှာ ထားလို့ နှာသီးဖျားပဲ ပြောပြော။ ဘယ်နားဖြစ်ဖြစ်ပေါ့။ ဟောဒီ မက်ကရိုဖုန်းလေးပေါ် ထားမလား။ သို့မဟုတ်-ဟောဒီ
မီးတိုင်လေး ထွန်းပြီးတော့ ထားမလား။ သို့မဟုတ် ရေခွက်လေးထဲ
စိုက်ကြည့်နေ။ သို့မဟုတ်လည်း ပန်းပွင့်လေးတပွင့် ရှေ့မှာ လှလှပပထား။ အဲဒီ ပန်းပွင့်လေး စိုက်ကြည့်နေ။ Concentration ရရင် ဒါပြီးတာပဲ။ နည်းပေါင်းလေးဆယ် ရှိတယ်။ ဘာနဲ့ပဲလုပ်လုပ် ဖြစ်တယ်။
ကြိုက်လို့ရှိရင် လုပ်ကြည့်။ မိမိတို့နေတဲ့အခန်းလေးကို လုံနေအောင် ပိတ်။ မနက် နေလာတဲ့အချိန်မှာ အရှေ့က တံခါးပေါက်မှာလေ သေးသေးလေး ခဲတံလုံးလောက် မရှိတရှိ အပေါက်ကလေး ဖောက်။ အဲဒီက အလင်းရောင်လေး ၀င်လာမှာ မဟုတ်လား။ အဲဒါတွေကို စိုက်ကြည့် Concentration ဖြစ်ရင် ဒါလဲ meditation ဖြစ်တာပဲ။ ရတယ်။ ဟာ နောက်လုပ်ချင်သေးသလား။ အ၀ိုင်းလေး တ၀ိုင်းလောက် ပန်းကန်ပြားလောက် ဖြူဖြူစက်ဝိုင်းလေး တ၀ိုင်းလောက် နံရံမှာ ရေးထား။ အဖြူလေး ချောမွတ် ညီနေရမယ်။ အဲဒါ စိုက်ကြည့်ပြီးတော့ concentrate လုပ်။ အဖြူရောင် မကြိုက်ရင်လဲ အနီရောင်ပေါ့။ အဲဒါ မကြိုက်ရင်လဲ အပြာရောင်ပေါ့။ အဲဒါ မကြိုက်ရင်လဲ အ၀ါရောင်ပေါ့။
အဲဒါဟာ ဘာလဲဆိုရင် tranquillity meditation.
အဲဒီလို တခုတည်းသောအာရုံမှာ စိတ်ကိုတင်ထားလို့၊ စိတ်ဟာ မြဲလို့ ငြိမ်နေပြီဆိုလို့ရှိရင်လေ စိတ်ရဲ့ hindrances ခေါ်တဲ့ နီဝရဏတွေ စိတ်ရဲ့ disturbance လို့လဲ ခေါ်မယ်ပေါ့။ အနှောက်အယှက်တွေ၊ အပိတ်အပင် အဆီးအတား စိတ်အညစ်အကြေးတွေ ရှင်းသွားလို့ ခွက်တခွက်ထဲမှာ ရေထည့်။ ရေဟာ လှုပ်လဲ မနေစေနဲ့။ မီးထိုးထားလို့ အခိုးလဲ ထွက်မနေစေနဲ့။ ဆေးရောင်စုံ ဆိုးထားလို့ ရောင်စုံတွေလဲ ဖြစ်မနေစေနဲ့။ အောက်က အနည်လဲ မထစေနဲ့။ အပေါ်ကဖုံတွေလဲ မလွှမ်းစေနဲ့။ ဘယ်နှစ်ပါးလဲ ။
ရေခွက်ထဲ ငုံ့ကြည့်၊ ဘာတွေ့လဲ။ အရိပ်တွေ့တယ်။ အဲဒီတော့
ညီတွေ ညီမတွေ အားလုံး စိတ်ထဲမှာ အဲဒီလို အပြစ်ငါးပါးကင်းတဲ့
ကြည်အေး ငြိမ်နေတဲ့ စိတ်ကလေး ဖြစ်လာအောင် သမထကျင့်စဉ်ဆိုတာ ကျင့်ကောင်းတယ်။ ဘယ်သူကျင့်ကျင့် Buddhist or non Buddhaist, Christion or Islam or Hindu or anybody can practice, anybody can attain the mental happiness. ဘယ်သူမဆို စိတ်ချမ်းသာခြင်းကို ရနိုင်တယ်။ စိတ်သောင်းကျန်းမှုတွေကို ငြိမ်စေတဲ့ နည်းဟာ ဒီနည်းပဲ ရှိတယ်။ It is not religion. It is not for worship. It is not for belief but to be into practice ကျင့်မှ ရမယ်။ ယုံကြည်နေရုံနဲ့ ရမှာမဟုတ်ဘူး။
ဆေးသောက်ဖြစ်အောင် သောက်ကြပါ
*************************************
ငါ ဖျားနေတယ်။ အဖျားပြတ်ဆေး ငါ ယုံကြည်ပါတယ်နော်။ ဘယ်တော့မှ အဖျားမပျောက်ဘူး။ ဆရာဝန်ကြီးက ရေးပေးလိုက်တယ်။ မင်း အဖျား ဘာကြောင့်ဖျားတာ။ ဒီဂရီ ဘယ်လောက်ရှိတယ်။ ဘာအစားရှောင်။ အစာအိမ် ဘာဖြစ်နေတယ်။ ဘာဆေးသောက်။ မနက်ဘယ်နှစ်လုံး။ ည ဘယ်နှစ်လုံး။ နေ့ ဘယ်နှစ်လုံးသောက်၊ ရေးပေးလိုက်တယ်။ ဆရာဝန်ကရေးပေးတာ။ ဟာ သိပ်တော်တဲ့ ဒေါက်တာဆိုပြီး ကိုယ့်နေရာကိုယ် ရောက်တော့ ဆေးပုလင်းလေး ဘေးချ။ ဆေးပုလင်းလဲ ယုံကြည်တယ်။ ဆရာဝန်လဲ ယုံကြည်တယ်။ ဆေးအညွှန်းလဲ ယုံကြည်တယ်။ ဆေးအညွှန်းကြီးဖတ်နေ၊ ရောဂါ ပျောက်မလား။
ဒီကနေ့ ကမ္ဘာလူသားတွေက ဆေးညွှန်းတောင် ကောင်းကောင်း
မဖတ်ချင်တော့ဘူး ဖြစ်လာတယ်။ ပိဋကတ်သုံးပုံဆိုတာ ဆေးညွှန်းတွေ
ဟုတ်လား။ အခုပြောနေတာ သီလ သမထ။ နောက် တတိယအဆင့် ၀ိပဿနာ။ အဲဒါ ဆေးနော်။ သီလဆေး သောက်ရင် ကာယကံ ၀စီကံမှာ ဘာဖြစ်လဲ အပြစ်ကင်းသွားမယ်။ သမထ ဆေးသောက်ရင် မနောကံ စိတ်ရဲ့ သောင်းကျန်းမှုတွေ ငြိမ်းအေးသွားမယ်နော်။ ၀ိပဿနာဆေးကို
သောက်မယ်ဆိုရင်တော့ စိတ်ရဲ့ ဟိုအထဲမှာ စွဲနေတဲ့ ရောဂါရဲ့ အမြစ်ကို ဆရာက ဆေးကောင်းကောင်းနဲ့ နုတ်လိုက်သလိုပေါ့။ ၀ိပဿနာများ လုပ်လိုက်ပြီဆိုလို့ရှိရင် စိတ်အညစ်အကြေးတွေ အကုန်လုံး သန့်ရှင်းသွားမယ်။
သူတော်သူမြတ်ဖြစ်ချင်လျှင်
***************************
You will attain purification of mind in this very life.
စိတ်ရဲ့ သန့်ရှင်းမှုကို ရသွားမယ်။ At that time, you will become
a noble person. ဘယ်နှစ်ဆင့်လဲ။ To be a good person
လူကောင်းတယောက်ဖြစ်ဖို့ practice Sila, To be a right person.
ဖြောင့်မတ်တဲ့စိတ် ပိုင်ရှင်တယောက် ဖြစ်လာဖို့ရာအတွက်
You should practice Samatha. To be a Noble person,
စာလုံးပေါင်း မမှားစေနဲ့။ သူတော် သူမြတ်တယောက် ဖြစ်လာဖို့အတွက် We should practice insight meditation, Vipassana.
ဝိပဿနာဆိုတာ ဘာလဲဆိုရင် စောစောက ပြောခဲ့ပြီ။ ဟို အမေရိကန်ကြီးကို အဘိဓမ္မာ ဖတ်ဆိုတော့ ဘုန်းကြီး ဘယ်မှာဖတ်ခိုင်းလဲ။ ကိုယ်ထဲမှာ ဖတ်ရတယ်။ ၀ိပဿနာဆိုတာ ကိုယ့်ကိုယ်ထဲရှိတဲ့ အရှိတွေကို အရှိအတိုင်း သိအောင်၊ အဲဒီ အရှိတရားတွေ တခုနဲ့တခု ဘယ်လို interdepdndent ဖြစ်ပြီးတော့ တည်ဆောက်ထားတယ်ဆိုတာကို အမှန်အတိုင်း မြင်အောင် ကြည့်တဲ့နည်းဟာ ဘာလဲ ၀ိပဿနာ ပဲ။
အဲဒီဝိပဿနာ အားထုတ်လို့ရှိရင် စိတ်အညစ်အကြေးတွေ အကုန်လုံး ဘာဖြစ်လဲ။ သန့်ရှင်းသွားတယ်။ အဲဒီတော့ ထိုသူ ဘာဖြစ်လဲ။ Noble person သူတော်သူမြတ်တယောက် ဖြစ်လာမယ်။ ဘယ်နှစ်ဆင့်လဲ သီလကျင့် လူကောင်းဖြစ်မယ်။ သမထကျင့် လူဖြောင့်ဖြစ်မယ်။ ၀ိပဿနာကျင်ရင် သူတော်သူမြတ်တယောက် ဖြစ်လာမယ်။
ကျင့်စဉ် ဘယ်နှစ်မျိုးလဲ သီလ သမာဓိ ပညာ- ဒီသုံးမျိုးက ဘာလုပ်မလဲ။
To be practice အဲဒီ သီလ သမာဓိ ပညာ သုံးမျိုးကို ကျင့်လိုက်လို့ရှိရင်
We will realize the true nature of our life. ဘ၀ရဲ့ အမှန်တရားတွေကို နားလည်လာမယ်။ ဘ၀အမှန်ဆိုတော့ သစ္စာတရားပေါ့။
ဒါကြောင့် ဗုဒ္ဓရဲ့ အဆုံးအမများသည် ကိုးကွယ်ဖို့ religion မဟုတ်ဘူး။
သင်ဖို့ ဓမ္မ နော်။ ရှိခိုးဖို့ ယုံကြည်ဖို့ religion မဟုတ်ဘူး။ ကျင့်ဖို့ ဓမ္မ။
ယုံကြည်နေရုံမျှနဲ့ လုံလောက်တဲ့ Religion မျိုး မဟုတ်ဘူး။ သိရှိနားလည်အောင် လုပ်ရမယ့် ဓမ္မ။ အဆင့် ဘယ်နှစ်ဆင့်လဲ။ ဓမ္မအဆင့် သုံးဆင့်ကို ကျင့်ရင် ဒီပုဂ္ဂိုလ်တွေ ဓမ္မအဆင့် ဘယ်နှစ်ဆင့် တက်လာမလဲ။ to be a good person, to be a right person, to be a noble person. လို့ ဘ၀အဆင့် သုံးဆင့် မြင့်တက်လာမယ်။ လူသားတိုင်းရဲ့ ဘ၀ကို အဲဒီလို အဆင့်ဆင့် မြင့်တက်စေတဲ့ အဆုံးအမများကို ဘာခေါ်လဲ။
Buddha’s teaching ဒီလို ခေါ်ပါတယ်။
*********************************
သီတဂူ ဆရာတော်
http://buddhismworld.ning.com/ မှ ကူးယူဖော်ပြပါသည်။
crd:Khine
မျှဝေသူ:ချစ်ပန်းရုံ 🌺🌺

Saturday, August 27, 2016

ကျောက်ကပ်ကျောက်တည်သူများ

မှတ်စု
12 May
ကျောက်ကပ်ကျောက်တည်သူများ
ဆီးလမ်းကြောင်းကျောက်တည်သူများအတွက်
မြန်မာ့ဆေးနည်းတစ်ခု*
ဓါတ်ပုံမှာပါတဲ့ဆေးပင်ကလေးဟာ လမ်းဘေး...
သို့မဟုတ် ကွင်းပြင်တွေမှာပေါက်ရောက်တတ်ပါတယ်။
အဲဒီအပင်လေးကိုဟင်းနုနွယ်ဆူးပေါက်လို့ဆေးပညာ
စသင်ပေးခဲ့တဲ့အဖိုးကပြောပြပါတယ်။
သည်အပင်လေးဟာ ဟင်းနုနွယ်မျိုးနွယ်ပါပဲ ဒါပေမဲ့
သူရဲ့ထူးခြားချက်ကဆူးကလေးတွေပါနေတာပါ။
ကျနော့ကိုဆေးပညာသင်ပေးခဲ့တဲ့ကျနော့အမေရဲ့
အဖေကျနော့အဖိုးဟာ ဆီးပူဆီးအောင့်ဆီးသွေးပါ ဆီးကျောက်တည်တဲ့လူနာတွေတွေ့တိုင်း သည်ဟင်းနုနွယ်ဆူးပေါက်ပင်တစ်ပင်လုံးကို ရေနဲ့သန့်စင်အောင်ဆေးပြီးဓါးနဲ့နုတ်နုတ်စင်းကာ
ရေကိုရေဖလားတစ်ခွက်ခန့်ထည့်ပြီးအိုးတစ်လုံးနဲ့ကျို
ပါတယ်။ဆေးပြုတ်ရည်အဖြစ်ဖန်တီးလိုက်တာပါ။
ပြုတ်ရည်ရပြီဆိုရင်အအေးခံပြီး ပြုတ်ရည်မှာသကြား
ခပ်ကာ လူနာကိုသောက်နိုင်သလောက်နည်းနည်း
ချင်းစတိုက်ပါတယ်။နေ့တိုင်းလည်း ဟင်းနုနွယ်ဆူးပေါက်အပင်သစ်နဲ့ကြိုသောက်ခိုင်းပါ
တယ်။
ထိုအခါလူနာမှာကျောက်ကြောင့်အောင့်ခြင်း ကိုက်
ခြင်းနာခြင်းများသက်သာ၍ကျောက်များထွက်ကျလာ
ပါတော့သည်။
ကျောက်သေးရင်တော့ အမှုန့်ဖြစ်ကာပျော်ကျစေပါ
တယ်။
ဆီးအိမ်ကျောက်ကပ်ဘယ်နေရာမှာပဲကျောက်ရှိရှိ
သည်ဆေးပင်လေးကပျောက်ကင်းအောင်အစွမ်း
ထက်ကုသနိုင်ပါကြောင်း အဖိုးပေးခဲ့သောဆေးနည်း
အားစေတနာဖြင့်လက်ဆင့်ကမ်းပါသည်။

credit>>>Nay MinLay(မြန်မာ့ဆေးပညာ ၁/ရန်ကုန်)
နေလ တိုင်းရင်းဆေးခန်း ပုသိမ်မြို့။
မြန်မာ့သတင်းထူးသတင်းဦးများ

"လေးလအတွင်း သေမည့်သူ"

Dr Shwe Tun with Phyo Toelay.
"လေးလအတွင်း သေမည့်သူ"
••••••••••••••••••••••••••••••••
သူ့အမည်ကား စဝ်နွံကြည်၊ ကျိုင်းတုံမြို့သား၊ ရှမ်းအမျိုးသား တစ်ယောက်ပင်ဖြစ်ပါ၏။ သူသည် ယခင်က ရှမ်းသောင်းကျန်...းသူ တစ်ယောက်ပင်။ နောက်လက်နက်ချ အလင်းဝင်၍ ကျိုင်းတုံမြို့မှာပင် အခြေတည်ကာ သမ္မာအာဇီဝဖြင့် လုပ်ကိုင်စားသောက်နေခဲ့သည်။ စဝ်နွံကြည် အလင်းဝင်ပြီး မကြာမီမှာပင် ငယ်ဆရာတော်အား လှူဖွယ်ဝတ္တုမျိုးစုံဖြင့် သွားရောက် ကန်တော့သည်။
လှူဖွယ်ဝတ္တုအကပ်ခံသည်နှင့် ဆရာတော် မိန့်တော်မူလိုက်သော စကားတစ်ခွန်းက စဝ်နွံကြည်ရင်ကို ဒိတ်ကနဲဖြစ်သွားစေသည်။
“စဝ်နွံကြည်၊ ဒီလေးငါးလအတွင်းမှာ မင်းအတွက် အသက်အန္တရာယ်ရှိနေတယ်”
ဆရာတော်၏သမာဓိ မည်မျှကြီးမားသည်ကို စဝ်နွံကြည် ငယ်ငယ်ကတည်းက သိထားပြီးသား။ တပည့်ရင်းဖြစ်သည့်အတွက်ကြောင့် ယခုလိုထုတ်ဖော် သတိပေးခြင်းဖြစ်ပေသည်။ စိတ်၏တုန်လှုပ်မှုက အသံထိကူးစက် မလာစေရန်သတိထားပြီး -
“တပည့်တော်ကို စောင့်ရှောက်ကယ်တင်တော်မူပါဘုရား”
“တို့က ကယ်တင်မပေးနိုင်ပါဘူး။ ဘုရားရှင်တောင် သူ့သာကီဝင် မင်းမျိုးတွေကို ဝီဋဋူပက ကျူပင်ခုတ်၊ ကျူငုတ်ပါမကျန်အောင် သတ်တာကို မကယ်တင်နိုင်ခဲ့ဘူး မဟုတ်လား” အားကိုရာမဲ့လေပြီဟူသောအသိကြောင့် တုန်လှုပ်ခြောက်ခြားမှုက တစ်ကိုယ်လုံးကို ဝါးမျိုသွားသည်။ ခေါင်းငိုက်စိုက်ကျကာ နှုတ်ဆိတ်သွားသော ငယ်တပည့်ကို ဆရာတော်က ကရုဏာမျက်ဝန်းဖြင့် လှမ်းကြည့်ရင်း -
“စဝ်နွံကြည်၊ အားငယ်မသွားနဲ့၊ မင်းအသက်အန္တရာယ်ကို မင်းကိုယ်တိုင် ပြန်ကယ်လို့ရပါတယ်။ မင်းတို့က တွေးမကြည့်ကြလို့ ရတနာသုံးပါးကိုလှူဒါန်းတဲ့အခါ ရတနာသုံးပါးကလာပြီး မင်းတို့ကို အန္တရာယ်ကင်းအောင်၊ ချမ်းသာအောင် လုပ်ပေးတာမဟုတ်ဘူး ရတနာသုံးပါးအပေါ် ကြည်ညိုတဲ့ မင်းတို့ရဲ့ သဒ္ဓါအကြီးအသေး အလိုက် အန္တရာယ်ကင်းမှု၊ ချမ်းသာမှုလည်း ကွာခြားသွားတာပေါ့။ ဒါကြောင့် ဘယ်ရုပ်ပွား၊ ဘယ်စေတီကိုပဲ ရှိခိုး ရှိခိုး မိမိရဲ့ ကြည်ညိုတဲ့သဒ္ဓါဓါတ်ကို အကြီးမားဆုံး အသန့်ရှင်းဆုံးဖြစ်အောင် အဓိကထားရတယ်။
ဒါ့ကြောင့် ဒီနေ့ကစပြီး သရဏဂုံသုံးပါးကို အမြဲမပြတ်၊ ရွတ်ဖတ်၊ သရဇ္ဈာယ် ပွားများပါ။ ဘယ်တော့မှ မမေ့ပါနဲ့။ ပြီးတော့ သီဟိုဠ်ကျွန်းက ‘ဝသဘ’ မင်းကြီးရဲ့ နည်းအတိုင်း အသက်ရှည်ရာ ရှည်ကြောင်း ကုသိုလ်တွေကိုလည်း မိမိစွမ်းနိုင်သမျှ ကြိုးစားပြုလုပ်ပါ”
“အဲဒီ မင်းကြီးအကြောင်းကိုလဲ မိန့်တော်မူပါဦးဘုရား”
“အေး...ပြောမယ်။ ဒီဝသဘ မင်းကြီးနန်းတက်တော့ သူ့အသက်သုံးဆယ်ဝန်းကျင် လောက်ပဲ ဆိုကြပါတော့ကွယ်။ အဲဒါ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတွေကို သူနန်းစံရမယ့် နှစ်အရေအတွက်ကို တွက်ချက်ခိုင်းတော့ (၁၂) နှစ်လို့ ထွက်လာတယ်။ အသက် (၄၂) နှစ်ရှိရင် သူသေရမယ် သဘောပေါ့။ အဲဒီမှာ သူကိုးကွယ်တဲ့ သံဃာတော်များ ပင့်ဖိတ်ပြီး အသက်ရှည်ရာ ရှည်ကြောင်း အားပေးထောက်ပံ့တဲ့ ကုသိုလ်များကို မေးမြန်းတဲ့အခါ သံဃာတော်များက ဒီကုသိုလ်တွေကို စွမ်းနိုင်သမျှ ပြုလုပ်ဖို့ အကြံပေးကြတယ်။ အဲဒီ ကုသိုလ်တွေက -
"အသက်ရှည်စေသည့် ကုသိုလ်များ"
•••••••••••••••••••••••••••••••••••••••
၁။ ရေစစ်လှူဒါန်းခြင်း၊
၂။ ဆေးဝါးလှူဒါန်းခြင်း၊
၃။ ကျောင်းဘုရား တံတားပျက်တို့ကို ပြုပြင်ခြင်း၊
၎။ ငါးပါးသီလကို အမြဲစောင့်ခြင်း၊
၅။ သီတင်းနေ့တိုင်း ရှစ်ပါးသီလ စောင့်ခြင်း၊
၆။ ကျောင်းသစ်၊ ဇရပ်သစ် ဆောက်လုပ်လှူဒါန်းခြင်းတို့ပဲ
(ဆောင်) ရေစစ်ဆေးကျောင်း၊ အဟောင်းပြုပြင်၊ ပဉ္စင်၊ အဌ၊ ဤခြောက်ဝ၊ မုချသက်ရှည်ကြောင်း။
“အဲဒီကုသိုလ်တွေ ကြိုးစားအားထုတ်တဲ့အတွက် ဝသဘမင်းကြီးဟာ (၄၄) နှစ်နန်းစံသွားရတယ်။ (၄၂) နှစ်သာ နေရမယ့် အသက်ဟာ (၇၄) နှစ်ထိ နေသွားရတာပေါ့။ အဲဒီတော့ မင်းလဲ ဒီကုသိုလ်ခြောက်မျိုးကို စွမ်းနိုင်သမျှ ကြိုးစားပြုလုပ်၊ ပြီးတော့ သရဏဂုံကိုလည်း ဘယ်တော့မှမမေ့နဲ့”
“ကျေးဇူးကြီးလှပါတယ်ဘုရား၊ ဆရာတော်သြဝါဒအတိုင်း တသွေမတိမ်း လိုက်နာကျင့်ဆောင်ပါ့မယ်ဘုရား”
ထိုနေ့မှစ၍ စဝ်နွံကြည်တစ်ယောက် ဒါန၊ သီလ၊ ဘာဝနာတွေကို စွဲစွဲမြဲမြဲကြိုးစားလာခဲ့သည်။ စိတ်ခိုင်းတာလုပ်နေရသော စိတ်ကျွန်ဘဝမှ စိတ်ကို မိမိလိုရာခိုင်းနိုင်သော စိတ်သခင်ဘဝသို့ ရောက်လာခဲ့သည်။ အသောက် အစား၊ ကစား လုံးလုံးကင်းရှင်းသွားသလို ကုသိုလ်ကံအား အများကြီးကောင်းလာခဲ့သည်။
ကုသိုလ်အားကောင်းလာသဖြင့် စီးပွားကလည်း ဒီရေအလား တိုးတက်လာသည်။ တစ်နေ့ည၊ နေဝင်ရီတရောတွင် လက်စွဲတော် စိပ်ပုတီးကိုယူ၍ ကျိုင်းတုံမြို့အရှေ့ဘက်၊ ကမ္ဘောဇစေတီဆီသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။ ဘုရားရင်ပြင်ပေါ် ရောက်သည်နှင့် နေလည်းဝင်သွားပေပြီ။
ဆည်းဆာရောင်ဖြင့် လှချင်တိုင်းလှနေသော ရှုမျှော်ခင်းများကို တစ်ဝကြီး ကြည့်ပြီးသည်နှင့် စေတီတော်ကို ထိခြင်းငါးပါးဖြင့် ရှိခိုးလိုက်သည်။ ထိခြင်းငါးပါး ဟူသည်ကား ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး၊ ငါးဦးညီညွတ် စေဟူသော ဆောင်ပုဒ်အတိုင်း ဘုရားရင်ပြင်တော်ကို ခြေဖမိုး၊ လက်ဝါး၊ နဖူး၊ တံတောင်၊ ဒူးတို့ဖြင့် ထိမိအောင် ရှိခိုးခြင်းတည်း။
ပြီးသည်နှင့် သစ်သားကစ်ပျစ်ပေါ်တွင်ထိုင်ကာ သရဏဂုံသုံးပါးကို ပုတီးစိပ်ပါတော့သည်။ အဓိဋ္ဌာန်ပြည့်၍ လက်ကနာရီကို လရောင်ဖြင့် ကြည့်လိုက်သောအခါ ရှစ်နာရီခွဲပြီးနေသည်ကို တွေ့လိုက်ရသည်။ စေတီတော်ကြီးကို ဦးသုံးကြိမ်ချလိုက်ပြီး ကွပ်ပျစ်ပေါ် ခဏလှဲလိုက်သည်။
တငြိမ့်ငြိမ့်ပျံ့လွင့်လာသော စေတီတော်မှ ဆည်းလည်းသံတို့က စဝ်နွံကြည်အား ရင်ပြင်တော်ပေါ်မှ ထွက်ခွာမသွားချင်အောင် ဆွဲဆောင်လျက်ရှိသည်။ အေးချမ်းတိတ်ဆိတ်လိုက်တာ၊ ဒီချမ်းသာမျိုးကို ဒီနေရာမျိုးမှာသာ ရနိုင်မှာဟူသော အတွေးနှင့်အတူ မျက်လုံးကို အသာအယာ မှိတ်ထားရာမှ ခဏအကြာတွင် စဝ်နွံကြည်တစ်ယောက် အိပ်မောကျသွားပါတော့သည်။
"စေတီပေါ်ကအသက်လုပွဲ"
•••••••••••••••••••••••••••••
ထိုအချိန်မှာပင် စဝ်နွံကြည်တစ်ယောက် ကမ္ဘောဇစေတီပေါ် တစ်ယောက်တည်း ရောက်နေကြောင်းသတင်ကို ရသွားသဖြင့် ရှမ်းသူပုန်ခေါင်းဆောင်သည် တပ်ဖွဲ့ဝင်များကိုခေါ်ယူလျက် စေတီတော်ပတ်ဝန်းကျင်ကို ဝိုင်းလိုက်ကြသည်။ အလင်းဝင်သွားသော စဝ်နွံကြည်ကို သူတို့တစ်ဖွဲ့လုံးက သစ္စာဖောက်အဖြစ် သတ်မှတ်ထားကြသည်။ ထို့ကြောင့် အသေသတ်ရန် ရောက်လာကြခြင်းဖြစ်သည်။
တစ်ချို့ကို လမ်းမှာအစောင့်ထား၊ တစ်ချို့ကို စေတီဘေးပတ်လည်မှာ ဝိုင်းထားခိုင်းပြီး ခေါင်းဆောင်နှင့်ငယ်သားအချို့ သေနတ်ကိုအသင့်ပြင်ကာ ရင်ပြင်ပေါ်သို့ သတိအနေအထားဖြင့် တက်လာကြသည်။ ထိုခဏမှာပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော စဝ်နွံကြည်သည် သူ့နာမည်ကို တိုးတိုးခေါ်၍ နှိုးသံလိုလို ကြားလိုက်ရသဖြင့်
“ခင်ဗျာ၊ ကျွန်တော့်ကိုခေါ်သလား” ဟုထူးရင်း မျက်စိကို ဖွင့်ကြည့်လိုက်ရာ ဝတ်ဖြူစင်ကြယ်နှင့် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရလေသည်။ အဘိုးအိုက -
“မင်းကအိပ်ပျော်နေ၊ ဘုရားအောက်မှာ ရှမ်းသောင်းကျန်းသူတွေ မင်းကို သတ်ရအောင် ဝိုင်းထားကြပြီ။ မြန်မြန်လာ၊ အဘိုးနောက်လိုက်ခဲ့။ သူတို့အစောင့်လွတ်တဲ့ လမ်းတစ်လမ်းကို အဘိုးပြမယ်” ဟုပြောပြီး ခေါ်ဆောင်သွားသဖြင့် စဝ်နွံကြည်လည်း ဘာမျှမပြောနိုင်တော့ဘဲ အဘိုးအိုနောက်မှ လိုက်လာခဲ့တော့သည်။
ဘုရားအောက်ရောက်၍ မျက်စေ့ကို ဝှေ့ကြည့်လိုက်သောအခါ သေနတ်များကိုယ်စီ ကိုင်ဆောင်ထားကြသော ရှမ်းသူပုန်အတော်များများကို တွေ့ရလေသည်။ သို့သော် သူပုန်များကား စဝ်နွံကြည်ကို တစ်ယောက်မှ မမြင်ကြ။ လမ်းပေါ်ရောက်သည်နှင့် အဘိုးအိုက -
“ကဲ...ဒီလမ်းအတိုင်း အိမ်ကိုရောက်အောင် မြန်မြန်ပြေးပေရော့” ဟုဆိုလိုက်ရာ စဝ်နွံကြည်လည်း အဘိုးအိုနာမည်ကိုပင် မမေးနိုင်တော့ဘဲ ကျိုင်းတုံမြို့ထဲသို့ သုတ်ခြေတင်ပါတော့သည်။ သူပုန်တို့ကား စဝ်နွံကြည်ကို မတွေ့ရတော့သဖြင့် ဒေါသနှင့် တောက်ခေါက်ကာ တောတွင်းသို့ ပြန်သွားကြ၏။
သူ့အိမ်ရောက်တော့ ညဥ့်နာရီပြန်တစ်ချက်ခွဲနေပါပြီ။ အိမ်သားတွေကိုပင် မနည်းနှိုးပြီး တံခါးဖွင့်ခိုင်းရသည်။ တစ်လမ်းလုံး စဉ်းစားမရခဲ့သော အဖြေတစ်ခုကို ဘုရာကျောင်းဆောင်ရှေ့ရောက်မှာပင် အဖြေရခဲ့သည်။ ထို့ကြောင့်လည်း ဘုရား၊ တရား၊ သံဃာကို ရည်မှန်း၍ အရင် ဦးသုံးကြိမ်ချလိုက်သည်။
အသက်အန္တရာယ်ကြားထဲမှ သူ့ကို ခေါ်ထုတ် ကယ်တင်ခဲ့သော အဘိုအိုးကို သူတစ်ခါမျှမမြင်ဖူးခဲ့။ ထို့ကြောင့် ဘယ်သူများဖြစ်လေမလဲဟု တစ်လမ်းလုံးတွေးခဲ့သော်လည်း အဖြေကမရခဲ့။ ယခုတော့ ရပါပြီ။ သရဂုံနှင့် သီလမြဲသူအား အမြဲတမ်းစောင့်ရှောက်သည့် နတ်ကောင်းနတ်မြတ်များမှတပါး ဘယ်သူဖြစ်နိုင်ဦးမည်နည်း။
မေတ္တာရှင်(ရွှေပြည်သာ)၏
‘သီလအစွမ်း အံ့မခန်း’ မှမျှဝေပါတယ်။
စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ ။

တွန်းတင်ပါ

တွန်းတင်ပါ
°°°°°°°°°°°
" ဘိုင်စကုပ်တောင် သုံးနာရီကြာအောင်
ကြည့်နိုင်သေးတာပဲဗျာ.. အပါယ်ကလွတ်ဖို့...
သုံးနာရီ တရား မထိုင်နိုင်ကြဘူးလား.. ရှေ့
စိတ်က တော်ချင် ရပ်ချင်ရင် နောက်စိတ်က
တွန်းတင်.. တော်ချင်တဲ့စိတ်က အဝိဇ္ဇာ..
အကုသိုလ်စိတ်.. အပါယ်သွားမဲ့စိတ်.. တွန်း
တင်တဲ့စိတ်က ဝိဇ္ဇာစိတ်.. နိဗ္ဘာန်သွားမဲ့စိတ်
ပေါ့.."

" ဝိပဿ နာဆိုတာ အသေတတ်အောင်..
အသေမြတ်အောင် ကျင့်တဲ့တရား.. သေခါ
နီးဆဲဆဲ ဒီဝေဒနာလာလိမ့်မယ်.. ခုကတည်း
က ကြိုးစားပြီးတော့ အလေ့အကျင့်လုပ်ထား
ကြ.. သေပင်သေရသော်ငြားလည်း သတိ
လေးနဲ့ သေတတ်ဖို့ အရေးကြီးပါတယ်.."
"အခုကတည်းက ဒီဝေဒနာကို အနိုင်ရ
အောင် တိုက်ထား.. ဒီဝေဒနာကိုမှ မနိုင်လို့ရှိ
ရင် သေရမှာ ကြောက်လိမ့်မယ်ဗျား.. သေခါ
နီး ကုသိုလ်စိတ်နဲ့ သေမလား.. အကုသိုလ်
စိတ်နဲ့ သေမလား.."
" ဝိပဿ နာတရားဆိုတာ ကံငယ်တွေ
ကို အကုန်ကြေတယ်.. တံငါ.. မုဆိုး.. တ
သက်လုံးလုပ်ခဲ့ပါစေ.. တသက်လုံး လူသတ်
ခဲ့ပါစေ.. ကံကြီးငါးပါးသာ မထိုက်စေနဲ့.. ဝိ
ပဿ နာတရား ကျင့်ကြံအားထုတ်ပြီး ဝိပဿ
နာဥာဏ်.. ဝိပဿ နာစိတ်ဖြစ်ရင် အကုန်
ကြေတာပါပဲ.."
" တရား အားထုတ်တယ်ဆိုတာ သော
တာပန်ဖြစ်ဖို့.. သကဒါဂါမ်ဖြစ်ဖို့.. အနာဂါမ်
ဖြစ်ဖို့.. ရဟန္တာဖြစ်ဖို့ အသာထား ပထမဆုံး
အသေတတ်အောင်လို့.. သေတတ်ဖို့ အရေး
ကြီးတယ်.. သေတတ်ရင် နိ ဗ္ဘာန်ရဖို့ နီးပါ
တယ်.. ဆုတောင်းနေစရာ မလိုပါဘူး.."
*********************************
See more

အမွှေးတိုင်ရဲ့ အခိုးအငွေ့တွေဟာ ဆေးလိပ်ထက်ပိုပြီး ကင်ဆာဖြစ်နိုင်ချေ များစေနိုင်

အမွှေးတိုင်ရဲ့ အခိုးအငွေ့တွေဟာ ဆေးလိပ်ထက်ပိုပြီး ကင်ဆာဖြစ်နိုင်ချေ များစေနိုင်
------
အာရှတိုက်အတွင်းမှာ ရှိတဲ့ ဘုံကျောင်းတွေ ၊ ဘုရားရှိခိုးကျောင်းတွေ နဲ့ အနောက်...တိုင်းမှာ ရှိတဲ့ လမ်းသရဲ တစ်ချို့ကြောင့် အမွှေးတိုင်တွေဟာ တစ်ကမ္ဘာလုံးမှာ မွှန်ထူနေအောင် လောင်ကျွမ်းနေပါပြီ။
ဒါပေမယ့်လည်း အဲဒီလို အမွှေးတိုင်တွေက ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ စီးကရက်သောက်တာထက် ပိုမိုပြီး ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေကို အဆိပ်ဖြစ်စေနိုင်တယ်လို့ သုတေသန အသစ် တစ်ခုက သတိပေးလိုက်ပါတယ်။
ဒါ့အပြင် ထိုလေ့လာမှု ကတွေ့ရှိခဲ့တာတွေကတော့ အမွှေးတိုင်တွေရဲ့ အခိုးအငွေ့တွေဟာ စီးကရက် ကြောင့် ဖြစ်တဲ့ အခိုးအငွေ့တွေထက်ပိုပြီး အဆိပ်ဖြစ်မှု ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထို အဆိပ်ဖြစ်မှု တွေဟာ မျိုးရိုးဗီဇ ဆိုင်ရာ သန္ဓေပြောင်းလဲ ခြင်းတွေနဲ့ DNA ဆဲလ်မှာ ပြောင်းလဲမှု တွေကို ဖြစ်ပေါ်စေပြီးတဲ့နောက် ကင်ဆာဆဲလ် တွေကို ဖြစ်ပေါ်လာစေနိုင်တယ်လို့ လေ့လာမှု က ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် အဆုတ်နဲ့ ပတ်သက်ပြီး ရောဂါ အခံ ရှိသူတွေအနေနဲ့ အမွှေးတိုင်ကြောင့်ဖြစ်တဲ့ အခိုးအငွေ့ကို ရှောင်ရှားတာဟာ အကောင်းဆုံး ဖြစ်မှာပါ။ အမွှေးတိုင်ဆိုတာဟာ လွှစာ ပါဝင်တဲ့ ၀ါးချောင်းကို လိုအပ်တဲ့ အဆီတွေ သုတ်လိမ်းထားတာဖြစ်တဲ့အတွက် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းတဲ့အခါ ထိုပါဝင်ပစ္စည်းတွေအားလုံးဟာ လေထဲကို လွင့်ထွက်သွားပါတယ်။
ထို အခိုးအငွေ့တွေကို ရှုရှိုက်လိုက်မိတဲ့အခါမှာတော့ ထို ပါဝင်ပစ္စည်းအားလုံးဟာ အဆုတ်ထဲကို ၀င်ရောက်သွားပါတယ်။ ထို ဖြစ်စဉ်ကိုတော့ နှိုးဆွခြင်း တုံ့ပြန်မှု လို့ ခေါ်ပါတယ်။
ဒါကြောင့် အခုကစပြီး အမွှေးတိုင်တွေရဲ့ အခိုးအငွေ့တွေဟာ လေထု ညစ်ညမ်းမှု တစ်ခုတည်းကို ဖြစ်စေနိုင်တာမဟုတ်ပဲ ၊ အဆုတ်ကင်ဆာ ၊ လူကေးမီးယား နဲ့ ဦးနှောက် အသားပိုတွေကို လည်း ဖြစ်ပေါ်လာစေနိုင်တယ်ဆိုတာကို ထိုလေ့လာမှု က ပြသ သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။
ထို လေ့လာမှုကိုတော့ တရုတ်နိုင်ငံက China Tobacco Guangdong Industrial Company က ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ထို လေ့လာမှုကိုတော့ Environmental Chemistry Letters ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
Mario - သစ်ထူးလွင်
Ref : Dailymail

Thursday, August 25, 2016

🍂 မုသာဝါဒ 🍂

Ko Lin to Dhamma friends
🍂 မုသာဝါဒ 🍂

■ အေး .. လောကမှာ မုသာဝါဒမှရှောင်ကြဉ်တယ်
ဆိုတာ အလွန်နည်းတယ်။ မှန်တာပြောရင်ပဲ
စကားမချောသလို ဖြစ်လာတယ်။ အဲဒီတော့ ...
မှန်တာ ပြောရင် လင်္ကာ မချောဘူးပေါ့။
လင်္ကာချောအောင် မှန်တာ မပြောနဲ့
လို့ အဓိပ္ပါယ်ရနေတယ်။
မုသားမပါ လင်္ကာမချောတဲ့။
ဒီအဆိုကို ဘယ်သူက စလုပ်ထားလည်းမသိဘူး။
နည်းနည်းလေး အလိမ်အညာလေး၊အပိုလေး
ထည့်လိုက်တော့မှ အဟုတ်လို့
ထင်နေကြတာလို့ဆိုတယ်။

■ လာဘ်လာဘရအောင် လုပ်တဲ့ကိစ္စနဲ့
ပတ်သက်ပြီးတော့ အဋ္ဌကထာ ဆရာကြီး
ဖွင့်ထားတာရှိတယ်။ လောကမှာပစ္စည်းတစ်ခုရဖို့၊
လာဘ်လာဘ ရဖို့ဆိုတဲ့အကျင့်ဟာ ဘာနဲ့တူတုန်း
ဆိုရင် နို့ဃနာထမင်းထဲမှာတဲ့ လက်ညှိုးကလေးနဲ့
တည့်တည့်ကလေး ထိုးပြီး ပြန်နှုတ်လိုက်ရင်
ထမင်းက လက်ထဲပါလာမှာ မဟုတ်ဘူးတဲ့။
ဆိုလိုတာက ရိုးဖြောင့်နေရင် ဘာမှမရဘူး
လို့ ပြောတာ။ ရိုးဖြောင့်နေတဲ့ ပုဂ္ဂိုလ်က ဘာမှမရဘူး။
■ ရိုးရိုးကြီး သွားလုပ်လို့မရဘူး။ ခုခေတ် ပြောကြတယ်လေ။
ဒီလူက တယ်ရိုးတာကိုး။ ရိုးလို့ရှိရင် လူတွေက
ရှုံ့ချကြတယ်။ လက်ညှိုးကလေးကို
နည်းနည်းကလေး ကောက်လိုက်မယ်ဆိုရင်
နို့ဃနာခဲကြီး ပါမလာဘူးလား။ အဲဒါလိုပဲတဲ့။
နည်းနည်းလေးကောက်မှ ပစ္စည်းကရတယ်။
သို့သော်နိဗ္ဗာန်ကိုတော့ တစ်ဖြောင့်တည်း
လုပ်မှရတယ်။ ကောက်လို့ မရဘူး။
■ နိဗ္ဗာန်သွားတဲ့လမ်း နဲ့ လာဘ်ရကြောင်းလမ်းက
တစ်ခြားစီဖြစ်နေတယ်။ လက်ကလေးနည်းနည်း
ကောက်လိုက်တာနဲ့ နို့ဃနာတွေ ပါလာတယ်။
ဖြောင့်ပြီးတော့ ပြန်နုတ်လိုက်ရင် မပါလာဘူး။
အဲဒါလိုပဲ လောကမှာ မုသားမပါ လင်္ကာမချော လုပ်ပြီး နည်းနည်းကလေး အပိုကလေး ထည့်ပြီးပြောမှ
အဆင်ပြေတယ်လို့ထင် လာကြတယ်။
ဒီတော့ လောကလူတွေမှာမုသား မပြောတဲ့လူက
မရှိသလောက် ဖြစ်လာတယ်။
■ ငယ်ငယ်တုန်းက ဆရာတော်ဘုရားကြီးတစ်ပါးပြောတာ
ကြားဖူးတယ်။ရယ်စရာ အနေနဲ့ပြောတာပါ။
ရယ်စရာ အနေနဲ့ ပြောပေမယ့်လို့ အလွန်မှတ်သားစရာ
ကောင်းတယ်နော်။သတိထားစရာလည်း ကောင်းတယ်ပေါ့။
ဒါသတိပေးတဲ့ အနေနဲ့ ပြောတာလည်းဖြစ်နိုင်တယ်။
■ အေး မုသာဝါဒကျူးလွန်တဲ့ပုဂ္ဂိုလ်တွေဟာ စကားမပီဘူး၊
သွားမညီဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ သွားတွေ ကျိုးတယ်လို့
ဆိုတယ်။ ဒါနဲ့ပတ်သတ်ပြီးဆရာတော်ကြီးက
ဘာအမိန့်ရှိတုန်းဆို မုသားပြောလို့ သွားတွေကျိုးမယ်
ဆိုရင် ဓမ္မကထိကတွေ သွားတွေ တစ်ချောင်းမှ
ရှိမှာ မဟုတ်တော့ဘူးတဲ့။ အဲဒါဓမ္မကထိကတွေကို
သတိပေးလိုက်တာပဲ။ မှန်မှန်ကန်ကန်ဟောဖို့
သတိပေးတဲ့ သဘောပဲနော်။
အဲဒီတော့ ဘုန်းကြီးတို့တစ်တွေ ဒါစဉ်းစားရမယ့်အရာပဲ။
■ အကုသိုလ်ဆိုတာ အခုလုပ်၊ အခု အကျိုးပေးတာမှ
မဟုတ်တာကိုး။အရပ်ထဲမှာ မုသားစကားပြောလို့
သွားကျိုးရမယ်ဆိုရင် သွားစိုက်ဆရာတွေ
သူဋ္ဌေး ဖြစ်နေကြပြီ။ ခုခေတ် သွားတစ်ချောင်း
တစ်သိန်းကျော် ၊ နှစ်သိန်း တန်တယ်။
■ ကောင်းပြီ။ မုသာဝါဒ ရှောင်တဲ့သူ အလွန်နည်းတယ်
လို့ ပြောရမယ်။ ရာခိုင်နှုန်းနဲ့တွက်ရင် အလွန်နည်းတယ်။
အဲဒီ အလွန်နည်းရတဲ့အထဲမယ် ငါသည်
ကိုယ်သိတဲ့ အတိုင်းကို မှန်သာကိုသာ ပြောမယ်။
မပြောချင်ရင် ပါးစပ်ပိတ်ထားပေါ့နော်။
ပြောမယ်ဆိုရင် မှန်တာကိုပဲ ပြောမယ်။
မမှန်တာကို မပြောဘူး။
■ မုသားရှောင်ကြဉ်မူဟာ အတိုင်းအတာမဲ့တဲ့ သတ္တ၀ါတွေကို ဘေးမဲ့ပေးခြင်းပဲ။ ဘာဖြစ်လို့တုန်း ဆိုရင် လောကမှာ
ကြည့်လေ ဘယ်သူကဖြင့် ဘယ်သူ့ကို လိမ်သွားပြန်ပြီနဲ့
အလိမ်ခံလိုက်ရတဲ့ လူက အလွန်ဒုက္ခရောက်တယ်။
လိမ်ပြောတာတို့ ၊ ဘာတို့ ဆိုတာမျိုးတွေက
နောက်ပိုင်း အလိမ်ပေါ်လာတဲ့အခါ
စိတ်ဆိုးစရာတွေ၊ ရန်ဖြစ်စရာတွေ ဖြစ်လာကြတယ်
ပေါ့။ အစကတည်းကမလိမ်ဘူး။ မှန်တာပဲ
ပြောတယ်ဆိုတော့ တစ်ဦးနဲ့တစ်ဦး ယုံကြည်စိတ်ချ
ရတဲ့ပုဂ္ဂိုလ်တွေ ဖြစ်လာမယ်။ ဖြစ်လာတဲ့အခါ
ဟော အန္တရာယ်ကင်းတာပေါ့။ဒါကြောင့်မို့
မုသာဝါဒရှောင်ကြဉ်ခြင်းဟာ သတ္တ၀ါတွေကို
ဘေးမဲ့ပေးရာ ရောက်ပါတယ်တဲ့။
【ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】
Credit -
Posted by►
www.facebook.com/youngbuddhistassociation.mm
#ဓမ္မဒါန

Saturday, August 20, 2016

ပဋ္ဌာန်းရွတ်တဲ့အခါ ဒိဋ္ဌဓမ္မ ဒီဘဝမှာပဲ အကျိုးပေးအောင် စံချိန်ကိုက်ရွတ်ဖတ်နည်း (၄)နည်းရှိသည်။

Phyo Mg Mg
‪#‎ပဋ္ဌာန်းရွတ်တဲ့အခါ‬
ပဋ္ဌာန်းရွတ်တဲ့အခါ ဒိဋ္ဌဓမ္မ ဒီဘဝမှာပဲ အကျိုးပေးအောင်
စံချိန်ကိုက်ရွတ်ဖတ်နည်း (၄)နည်းရှိသည်။
...
၎င်းတို့မှာ
(၁)ခန္ဓာကိုယ် သန့်ရှင်းစေမည်။
(၂)အချိန်မှန်မှန်ရွတ်ဖတ်ရမည်။
(၃)ပီပီသသ အသံကျယ်ကျယ်ရွတ်ဖတ်ရမည်။
(၄)ပြီးလျှင် အမျှဝေ မေတ္တာပွားရမည်။
အဓိပ္ပာယ်အကျယ်-
(၁) ခန္ဓာကိုယ်သန့်ရှင်းစေရမည်။
ပဋ္ဌာန်းရွတ်ဖတ်လျှင် အနီးနားရှိ နတ်ဗြဟ္မာများ တရားနာလာကြသည်။ပဋ္ဌာန်းရွတ်ဖတ်သူက နံစော်နေပါလျှင်
ပဋ္ဌာန်းတရားနာသည့် နတ်ဗြဟ္မာတို့က နှာခေါင်းရှုံ့သွားပြီး ပြန်သွားကြသည်။
သို့အတွက် ခန္ဓာကိုယ်သန့်ရှင်းပါစေ။ချွေးစော် ချေးညှိစော် မနံပါစေနှင့်။
(၂) အချိန်မှန်မှန် ရွတ်ဖတ်ရမည်။
ပဋ္ဌာန်းရွတ်ဖတ်ပါများလျှင် နတ်ဗြဟ္မာတို့ တရားနာလာကြသည်
အချိန်ကိုမှတ်ထားပြီး ည ၈-နာရီ ၊ ၉-နာရီ စသည်ဖြင့် အချိန်မှတ်ပြီး
လာကြသည်။အခြားမြို့ရွာတို့မှ နတ်ဗြဟ္မာတို့ကို၎င်း ၊ အခြားတိုင်းပြည်
အခြား စင်္ကြာဝဠာမှ နတ်ဗြဟ္မာတို့ကို၎င်း ၊ခေါ်လာတတ်ကြသည်။
၎င်း နတ်ဗြဟ္မာတို့ တရားနာရန် လာချိန်၌ ပဋ္ဌာန်းရွတ်ဖတ်သူက ပဋ္ဌာန်းမရွတ်ပဲ
ဟိုလုပ် ဒီလုပ် လုပ်နေလျှင် ၄င်း နတ်ဗြဟ္မာများ
စိတ်ပျက်ပြီး ပြန်သွားကြလေသည်။
(၃) ပီပီသသ အသံကျယ်ကျယ်ရွတ်ဖတ်ရမည်။
တိုးတိုးလေး ဆီမန်း မန်းသလို ရွတ်ဖတ်လျှင် တရားနားနတ်ဗြဟ္မာများ
နာ၍အားမရ နားမလည်၍ စိတ်တိုပြီးပြန်သွားတတ်ကြသည်။
(၄)ပြီးလျှင် အမျှဝေ မေတ္တာပွားရမည်။
ပဋ္ဌာန်းရွတ်ဖတ်ပြီးလျှင် ပဋ္ဌာန်းတရားနာရန် ကြွရောက်လာကြသည့် နတ်ဗြဟ္မာအပေါင်းတို့အား အမျှပေးဝေပါ၏။
အခြား ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့ကိုလည်း အမျှပေးဝေပါ၏ သာဓုခေါ်ကြပါ။နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာတို့ကိုလည်း
ရရှိ၍ နတ်းစည်းစိမ်ချမ်းသာ တိုးတက်ကြပါစေ။ကျွန်ုပ်၏ သာသနာပြုလုပ်ငန်းတို့ကိုလည်း ပြီးစီးအေင်မြင်အောင် စောင့်ရှောက်ကြပါစေ။
★ တရားနာလာကြသည့် တစ္ဆေသရဲ ပြိတ္တာ မှင်စာ
အပါယ်လေးဘုံသားတို့အားလည်း အမျှပေးဝေပါ၏
အမျှရ၍ကျန်းမာချမ်းသာကြပါစေဟု
အမျှဝေမေတ္တာပွားပါလေ။
ဤကဲ့သို့ ပဋ္ဌာန်းတရားကို ရွတ်ဖတ်ပွားများပါလျှင် လောကီအကျိုးများ တနေ့တခြားတိုးပွား၍ ဘုန်းကြီး သက်ရှည် ရောဂါအန္တရာယ်တွေ
ကင်းသွားပါလိမ်မည်။
★ ပဋ္ဌာန်းတရားဆိုတာကတော့ ပြဋ္ဌာန်းတဲ့အကြောင်းတရားပေါ့။ အဲ့ဒီလိုပြဋ္ဌာန်းတဲ့အကြောင်းက(၂၄)ပါး ၊
(၂၄)ပါးသော အကြောင်းတရား ၊
အကြောင်းတရားဆိုသဖြင့်
သူနဲ့ဆက်သွယ်တဲ့ အကျိုးတရား ပစ္စည်းတရား ပစ္စုယုပ္ပန်တရား အကြောင်းတရား၊
အကျိုးတရား အကြောင်းအကျိုးတွေ ခွဲခြားပြီးတော့ မြတ်စွာဘုရားသခင် ဟောကြားတဲ့
တရားတော်။အဲ့ဒါကို ပဌာန ကာရဏ ။ပဋ္ဌာန်းလို့ (န)သတ်လိုက်တော့ ပဋ္ဌာန်းလို့ဖြစ်သွားတယ်။
တကယ်ကတော့ ပဌ်ဌာန်းပေါ့လေ။
ပဋ္ဌာန-ပဋ္ဌာန်းလို့ ဆိုပေမယ့်လို့ ဗမာက ပေါ့ပေါ့ရွတ်ဆိုတဲ့အကျင့်ရှိလို့မို့ ပဋ္ဌာန်းလို့ ဒီလိုဖြစ်သွားတာ။
★ အဲ့ဒီ ပဋ္ဌာန်းတရားတော်ကို မြတ်စွာဘုရားသခင် ဘုရားဖြစ်ပြီးတော့
သတ္တသတ္တာဟ(၇) သတ္တာဟ၊ ခုနှစ် ခုနှစ်လီ (၄၉)ရက်
ဗောဓိပင်နဲ့ရွှေပုလင်တော်နားနေပြီး သတင်းသုံးနေတဲ့အချိန်စတုတ္တထ
သတ္တာဟ ။ပထမက ပလ္လင်္ကသတ္တာဟ-ဗောဓိပင်အောက်(၇)ရက်နေ။ဒုတိယက
ဗောဓိပင်ရဲ့အရှေ့မြောက် (၁)ဖာလုံလောက် ဝေးတဲ့နေရာကနေ ဒီနေရာ
ငါတရားထူးတရားမြတ်ရတဲ့နေရာ ဘုရားဖြစ်တဲ့ သဗ္ဗေညုတဉာဏ် ရရှိတော်မူတဲ့နေရာဆိုပြီးတော့ (၇) မျက်တောင်မခပ်ဘဲနဲ့ မတ်တပ်ရပ်ပြီးတော့ ကြည့်နေတဲ့နေရာ။ဒါကို အနိမိသ သတ္တာဟ ။
နိမိတ-ဆိုတာက မျက်တောင်ခတ်တယ်ပေါ့ အနိမိတ-ဆိုတာက
မျက်တောင်မခတ်ဘူး။ မျက်တောင်မခတ်ပဲနဲ့နေနိုင်ဘို့ဆိုတာက
သိပ်မလွယ်ဘူး။
★ နတ်တွေ ဗြဟ္မာတွေပဲ နေနိုင်တယ်။
လူတွေထဲက မျက်တောင်မခတ်ဘဲ နေ့ရောညရော နေနိုင်ဖို့ မတတ်နိုင်ပါဘူး။
ပီးတော့မှ ပလ္လင်နဲ့ အနိမိတ သတ္တဟ ကြားထဲမှာ စင်္ကြန်လျှောက်ပြီးတော့
(၇)ရက်နေပါတယ် ဒါကို စင်္ကမ သတ္တာဟ ။ပလ္လင်္က သတ္တာဟ၊ အနိမိသ သတ္တာဟ ၊ စင်္ကမ သတ္တာဟ (၂၁)ရက်ကြာသွားတယ်။(၂၁)ပြီးတော့မှ (၂၂) ကနေစပြီးတော့
စတုတ္တထ သတ္တာဟ အဲ့ဒီမှာ အဘိဓမ္မာ(၇)ကျမ်း သုံးသပ်စဉ်ခြင်တော်မူပါတယ်။
ဓမ္မသင်္ဂဏီကျမ်း၊ ၀ိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊
ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်း၊ ဆိုပြီး ဒီလို ရှေ့(၆)ကျမ်းကို ဆင်ခြင်သုံးသပ်တဲ့အခါမှာ ဘာမှမထူးပါဘူး။
★ ပဋ္ဌာန်းကျမ်းကြီးဆင်ခြင်သုံးသပ်တဲ့အချိန်ကြမှ ရောင်ခြည်တော်တွေ အိမ်လုံးမက တောင်လုံးမက ရောင်ခြည်တော်တွေ အကြီးအကျယ်ထွက် ရောင်ခြည်တော်တွေ
အနန္တစင်္ကြာဝဠာ ပြေးသွားနေကြ။
အခုခေတ် သိပ္ပံနည်းနဲ့ တိုင်းတာတဲ့အခါ အရောင်တွေရဲ့ ပြေးနှုန်းသွားနှုန်းဟာ တစ်စက္ကန့်ကို ၁၂၆၀၀၀ လောက်သွားပါတယ်။
အဲ့ါဒီပြေးနှုန်းနဲ့ ရောင်ခြည်တော်တွေ ပြေးသွားနေတာ အခုထိ ပြေးတုန်းသွားနေတုန်းပဲ အဲ့ဒါနောက် သာသနာ(၅၀၀၀)ရှိတဲ့အခါ ကွေ့ပြီးတော့ စကြာင်္ဝဠာရဲ့သဘောက
ဝေ့ပြီးတော့သွားတဲ့သဘောရှိတာ သိပ္ပံနည်းအရလည်း ကမ္ဘာကြီးက လည်နေတော့ လည်လိုက်တဲ့အခါမယ် ဝိုင်းသွားတာ။ဝိုင်းသွားတော့ ရောင်ခြည်တော်တွေက
အစသွားတုန်းကတော့ အဖြောင့်ပြေးသွားတာ။နောက်ကျတော့ ဝိုင်းသွားတော့ ဒီနေရာပြန်ရောက်တယ် ပြန်ရောက်တဲ့နေရာကို ရောင်တော်ပြန်ပွဲလို့
သာသနာ(၅၀၀၀) ရှိတဲ့အခါ ရောင်ခြည်တော်တွေ အစထွက်တဲ့နေရာ ပြန်ရောက်လာလို့ ရောင်တော်ပြန်ပွဲလို့ခေါ်တယ်။
အဲ့ဒီရောင်တော်ပြန်ပွဲမှာ အကြီးအကျယ် တရားထူးတရားမြတ်များ
ရကြလိမ့်ဦးမယ်။
★ ပြောလိုရင်းကတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတော်မှ ပဋ္ဌာန်းတရားဆင်ခြင်သုံးသပ်မှ ရောင်ချည်တော် အကြီးအကျယ်ထွက်တယ်။
လူလည်းပဲ ဗြဟ္မာတွေလည်းပဲ
တစ်ဦးတစ်ရောက်ဟာ အကျိုးမပေးဘူး ကံမကောင်းဘူးလို့ ဖြစ်နေရင်
ပဋ္ဌာန်းတရားတာ ရွတ်ဖတ်သရဈာယ် အကျိုးပေးလာတာ။ကံကောင်းလာတယ်။အဲ အကျိုးမပေးပဲ အကုသိုလ်တွေက ပိတ်ပင်တားဆီးထားတော့
တစ်ချို့စာတတ်တယ် တစ်ချို့ ပညာတတ်တယ် စာတတ်ပြီး
ပညာတတ်ပေမယ့်လို့ ဘာမှဘုန်းမကြီးဘူး။ဘုန်းနည်း ကံနည်းနဲ့
နေရ။အဲ့ဒီလို ပုဂ္ဂိုလ်တွေ ပဋ္ဌာန်းတာရွတ်လိုက် ချမ်းသာပြီ။လိုချင်တာတွေ အကုန်ရပြီ။အဲ့ဒီလို မြတ်စွာဘုရားသခင်ရဲ့ပဋ္ဌာန်း တရားတော်သည်
အလွန်တရာမှ တန်ခိုးအာနုဘော်
ရှိပါတယ်။ဘေးဥပါဒ်အန္တရာယ်တွေလည်းကင်းပါတယ်။
★ တပည့်တော်တို့ မင်းကွန်းတိပိဋကဆရာတော်ကြီး တစ်ခါတော့ မြန်မာနိုင်ငံမိုးကုတ်ရဲ့အရှေ့ဘက် မိုးမိတ်မြို့ဆိုတာ ရှိသေးတယ်။မိုးမိတ်မြိုသွားတရားဟော မိုးမိတ်မြို့တရားဟော
ပြန်လာတဲ့အခါကျတော့ မိုးကုတ်ကကားနဲ့ဖြတ်မောင်းပြီးတော့ ပြန်လာတယ်။
အဲ့ဒီမှာ မိုးကုတ်က ဒကာတွေကလျှောက်တယ် ဆရာတော်ရှေ့
မဆက်နဲ့တော့ ဘုရား တပည့်တော်တို့ မိုးကုတ်မှာ တညကြိမ်းပါ။
ဘာလို့လဲဒကာကြီးတို့ဆိုတော့ အခုလေးတင် ရေဒီယိုက ကြေညာသွားတယ်ဘုရား
လေမုန်တိုင်းကြီး စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအကြား အကြီးအကျယ်
တိုက်လိမ့်မယ်။အဲ့ဒီတော့ အဲ့ဒီနေရာအတွင်း အပြင်ရောက်နေတဲ့လူတွေက ဘေးဥပါတ်ကင်းမယ့်နေရာလေးမှာ တိမ်းရှောင်နေကြပါ။ကိုယ့်အိမ်အတွင်းက လူတွေကလည်း
အိမ်အတွင်းလေဘေးခံနိုင်တဲ့နေရာမှာ နေကြပါလို့
ကြေညာသွားတယ်ဆရာတော်။ဆက်သွားရင်
လေမုန်တိုင်းမိလိမ့်မယ်ဘုရားဆိုတော့
အာ အဲ့ဒါမှ ကျုပ်ကသွားရမှာဗျာဆိုပြီး ဆရာတော်က
ကားပေါ်ကကို
ဆင်းမနေတော့ဘူး တခါတည်းဆက်သွား။
★ ဆက်သွားတော့ သပိတ်ကျင်းရောက်။ သပိတ်ကျင်းရောက်တဲ့အခါ ကျောင်းတစ်ကျောင်းဝင်တဲ့ပြီးတော့
ပဋ္ဌာန်းစာအုပ် (၅)အုပ်ထုတ်ခိုင်း ကဲရှိတဲ့ ကိုရင်တွေ
ဦးပုဇဉ်းတွေ တစ်လှည့်စီ ဖတ်။ဟိုက လေမုန်တိုင်းကြီးလာနေတယ်။လေအန္တရာယ်ကင်းအောင် ဖတ်ကြပါ။မရပ်နဲ့ဆိုပြီးတော့ ဖတ်ခိုင်း။အဲ့ဒီကနေ ပြီးတော့ အောက်သွား
အောက်နားလေးရောက်တဲ့အခါကျတော့ စဥ့်ကူးဆိုတာ ရှိတယ်။
အဲ့ဒီ စဥ့်ကူးကျတော့လည်း ဒီလိုပဲ ကျောင်းတစ်ကျောင်းဝင်
ပဋ္ဌာန်းစာအုပ် (၅)အုပ် ထုတ်ခိုင်း
ထုတ်ပြီးတော့ ဦးပုဇဉ်းတွေ ကိုယ်ရင်တွေ ဖတ်ကြဆိုပြီးတော့ ပဋ္ဌာန်းဖတ်ခိုင်း။အဲ့ဒီကနေ မြစ်အနောက်ဖက် ကူး။
ရွှေဘိုရောက် ရွှေဘိုကြတော့လည်း အဲ့ဒီလို ခိုင်းခဲ့ပြီးတော့
ဆရာတော်ကလည်း လမ်းတစ်လျှောက်လုံး
ပဋ္ဌာန်းပစ္စယနိဒ္ဒေသရွတ်ဖတ်ပြီးတော့ သရဈာယ်လာတယ်။
★ ဒီရွှေဘိုရဲ့တောင်ဘက်နားလေးရောက်တော့ ရေဒီယိုက
ပြန်ကြေညာတယ်
စစ်ကိုင်းတိုင်း မန္တလေးတိုင်း တိုက်မယ့် လေမုန်းတိုင်းကြီး
အနောက်ဖက်ရွေ့သွားပြီ
ဒီဘက်မတိုက်တော့ဘူး။လို့ အဲ့လိုကြေညာပါတယ်။အဲ့ဒီလို တကယ့်အန္တရာယ်ကြီးတွေကင်းပါတယ်။ တပည့်တော်တို့
နာဂစ်မုန်တိုင်းတုန်းကလည်း
ဒီလိုပဲ။နာဂစ်မုန်တိုင်းတုန်းက ဒီပြင်ရွာတွေ မြို့တွေသာ ဒုက္ခရောက်တာ။
ပုသိမ်မြို့က ဒုက္ခမရောက်ဘူး။
ပုသိမ်မြို့ အဲ့ဒီအချိန်မှာ ကိုးဋ္ဌာန ကိုးပိုင်းခွဲပြီးတော့
တစ်မြို့လုံးဖြန့် ပဋ္ဌာန်းရွတ်နေကြတယ်။
ပဋ္ဌာန်းရွတ်နေတဲ့အတွက် ပဋ္ဌာန်းရဲ့တန်ခိုးကြောင့် ပုသိမ်မြို့မယ်
အဲ့ဒီနာဂစ်မုန်တိုင်းကြီး မတိုက်ဘူး။ ဘေးကျော် တိုက်ချသွားတယ်။
အဲ့ဒီလို ဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်လည်းကင်းစေနိုင်တယ်။
ဘုန်းတန်ခိုး အာနုဘော်ကိုလည်း ကြီးစေနိုင်တဲ့ ပဋ္ဌာန်းတရားကို
ကြိုးစားပြီးတော့ ရွတ်ဖတ်ကြပါ။
★ အဲ့ဒီလိုရွတ်ဖတ်သဖြင့် တပည့်တော်တို့ သိပ္ပံပညာရှင်တွေက
ကြေညာတယ်မို့လား တစ်ချို့လည်း ကြားမိမယ်။တစ်ချို့လည်း မကြားမိလောက်ဘူး။
ကမ္ဘာကြီးအတွင်းကို ဒီပြင်စင်္ကြာဝဠာက ဂျူပီတာ ပလမ်နက် ခေါ်တဲ့ ကြာသပတေး ဂြိုလ်လောက်ကြီးတဲ့ ဂြိုလ်ကြီးတစ်လုံး အမှတ်မထင် ဝင်လာနေတယ်။
(၂၀၁၂ ခုနှစ်နဲ့ ၂၁၁၃ ခုနှစ်) (၂)နှစ် တပည့်တော်တို့ ကမ္ဘာဂြိုလ်ကို ဒုက္ခပေးနိုင်တယ်။ရေတွေအကြီးအကြယ်ကြီးမယ် ဒီဂြိုလ်ကြီးဝင်လာတဲ့အတွက်
လေမုန်တိုင်းတွေ တိုက်မယ် မီးတောင်တွေပေါက်ကွဲမယ် လူတွေ ဒုက္ခရောက်ပါ့မယ်လို့ အဲ့ဒီလို ဒုက္ခဘေးတွေမှ ကင်းဝေးအောင် တပည့်တော်တို့
ကယ်နိုင်တဲ့ တရားကတော့ ပဋ္ဌာန်းတရားပဲ ရှိပါတယ်။အဲ့ဒါကြောင့် ပဋ္ဌာန်းတရား ကြိုးစားပြီးတော့ ရွတ်ဖတ်သရဈာယ် မူကြပါ။ကိုယ်တင်မကပဲ ကိုယ်နဲ့ဆက်သွယ်တဲ့သူတွေ
ကိုလည်း ခိုင်းပေးကြပါဗျာ။တပည့်တော် ဂျပန်ပြည်သွားလည်း ဂျပန်ပြည်ခိုင်းတယ်ဘုရား အမေရိကမှာလည်း ကိုယ်ကိုယ်တိုင်လည်းရွတ်ခဲ့တယ်။သူတို့ကိုလည်း ရွတ်ဖို့ရန်
တိုက်တွန်းခဲ့တယ်။
★ အဲ့ဒီလိုရွတ်ခိုင်းတာက ရောက်မယ့်ဘေးအန္တရာယ်တွေကို
ကာကွယ်နိုင်မှာက တပည့်တော်တို့ ပဋ္ဌာန်းတရားရှိပါတယ်။
ပဋ္ဌာန်းတရားက ကယ်မှာ အဲ့ဒါကြောင့်
ရွတ်တဲ့အါမှာလည်း ကြိုးစားပြီးတော့ ရွတ်ကြပါဘုရား။
နတ်တွေ ဗြဟ္မာတွေလည်း လာပါတယ်ဘုရား။
အရှင်ဘုရားတို့ကတော့ ကြုံချင်မှ ကြုံဘူးမယ်
တပည့်တော်က နတ်တွေ
ဗြဟ္မာတွေလာတာလည်း ကြုံဖူးတယ်ဘုရား။
သူတို့လာရင် ဘယ်လိုသိသလဲဆိုတော့ တစ်ခန်းလုံးမွှေးကြိုင်နေတာပဲ။
အဲ့ဒီအခါဆိုရင် နတ်တွေ ဗြဟ္မာတွေလာပြီ။
နတ်တွေဗြဟ္မာတွေလာပြီဆိုရင် ကိစ္စတော်တော်လေး
ပြီးမြှောက်အောင်မြင်ပါတယ်ဘုရား။
တပည့်တော်က နတ်တွေ ဗြဟ္မာတွေလာမှန်းသိတော့
ဘယ်လိုပြောဖူးတုန်းဆိုတော့
အသင်နတ်တို့ ဗြဟ္မာတို့ ခင်များတို့ လာတာ ကျုပ်နှာခေါင်းက
သိတယ်ဗျာ ဒါပေမယ့်ကျုပ်က မျက်စိနဲ့မြင်ချင်တာ ခင်များတို့
နတ်တွေ ဗြဟ္မာတွေပြစမ်းပါ ဘယ်လိုပုံရှိတုန်းဆိုတော့
အဲ့သူတို့ပြပါတယ်ဘုရား ။အဲ့ဒီတော့ တပည့်တော်က
ပဋ္ဌာန်းရွတ်ကျိုးနပ်တယ်။
★ တပည့်တော် နတ်တွေဗြဟ္မာတွေလည်း မြင်ဘူးတယ်။
အရှင်ဘုရားတို့ရော
မြင်ဖူးကြလား။မြင်ဖူးချင်ရင်တော့ ပဋ္ဌာန်းရွတ်ကြပေါ့ဗျာ။အရင်ဆုံးကတော့ မွှေးကြိုင်လာဖို့လိုတယ်ဗျာ။
အဲ့ဒါဆိုရင် လာပြီသူတို့က။ပြီးတော့ကြတော့ နတ်တွေ ဗြဟ္မာတွေ
မွှေးကြိုင်လာတာကို တပည့်တော်ကို နည်းပေးတဲ့ သီလရှင်ကြီး
ဒေါ်စိတ္တရာကပြောတယ်။
တပည့်တော်က ဘာသိတုန်းဆိုတော့ ပိုသိတာ ပုပ်အဲ့လာတာတွေလည်း ရှိတယ်အရှင်ဘုရား။တစ်ခါတစ်လေများ ခွေးသေကောင်ကြီး
အနားဆွဲလာတဲ့အတိုင်း ပုပ်ပြီးတော့လာတယ်အဲ့ဒါဆိုရင်
တစေတွေ သရဲတွေ လာပြီ။ပြီးပြီဆိုတာ ကိုယ့်ခြောက်မလို့
လာတာမဟုတ်ဘူး။သူက သာဓုခေါ်ချင်လို့ အဲ့ဒါအမျှဝေပြီးတော့
မေတ္တာပွားလိုက်ရင်
ဒီကောင်တွေလည်းပဲ ဝမ်းသာပြီးတော့ သွားကြတယ်။
။ခွေးတွေဘာတွေ အူ ပုပ်အဲ့လာပြီဆိုရင် တစေ သရဲတွေ လာပြီ။လာလည်းမကြောက်နဲ့ အရှင်ဘုရားတို့ ရွတ်တာရွတ်ဖတ် သူတို့ကို မေတ္တာပို့ အမျှဝေလိုက်။
★ အဲ့ဒါကြောင့် တပည့်တော် ပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံပေါ့ဗျာ လက်တွေ့။အရှင်ဘုရားတို့လည်း ကြိုးစားပြီးတော့ ရွတ်ဖတ်သရဈာယ်ပါ။ရွတ်ဖတ်သရဈာယ်သဖြင့်
ကိုယ်နဲ့ ပတ်သက်တဲ့ နိုင်ငံသူ နိုင်ငံသားတွေ
ကိုယ့်ဒီကမ္ဘာလုံးကြီးမယ်နေထိုင်ကြတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ
ကျန်းမာချမ်းသာကြပါစေ လို့ မေတ္တာလည်းပွားကြပါဘုရား။
ဒီလောက်ဆိုရင် တော်လောက်ပါပြီ။
သာဓု သာဓု သာဓု။
တရားချစ်ခင်သူတော်စင်များ ကျန်းမာချမ်းသာကြပါစေဗျာ။
_/\_ _/\_ _/\_
ဤတရားတော်အား အသံနားထောင်၍ ရေးရသောကုသိုလ်တို့ကြောင့် တိုင်းပြည်နှင့်သာသနာတော်အတွက် ကြီးစွာသော
အလုပ်အကြွေးအထောက်အပံ့အစောင့်အရှောက် ပြုရပါလို၏။
ဗန်းမော်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ကုမာရာဘိဝံသ
credit to Facebook

နံမည်ကြီး ဆေးရုံထဲသို့ တန်ဖိုးကြီးကားတစ်စီးဝင်လာသည်

Ko Aung Nyi
နံမည်ကြီး ဆေးရုံထဲသို့
တန်ဖိုးကြီးကားတစ်စီးဝင်လာသည်
ကားပေါ်တွင်
သူဌေးကြီး
ပါရဂူ ကြီး...
ဒေါက်တာကြီး
ဗိုလ်ချုပ်ကြီး
လုပ်ငန်းရှင်ကြီး
သူ ဆိုသော နာမ်စားပြု ပုဂ္ဂိုလ် တစ်ဦးဦး
ရောဂါ ဖြင့်ရောက်လာပါသည်
သူ့ ရောဂါသည်
ကြာနေပြီ
ကျွမ်းနေပြီ
ကုသမူ့လဲ စုံနေပြီ
သူ့အခြေအနေ
လက်လျှော့ရတော့မည်
---- ----- --------
မကြာမှီ
တရားသော
မျှတသော
ဖြေဆို သူအားလုံးကို
လူမျိုး ဘာသာ မရွေး
ကြီး / လတ် / ငယ် မရွေး
ဆင်းရဲ / ချမ်းသာ မရွေး
မေးခွန်းတစ်မျိုး တည်းသာမေးသော
ဘဝ ၏
Final Exam ကို
သူ ဖြေရတော့မည်
---- ----- ------
ရက်များ မကြာမှီ
ကားတန်းကြီး တစ်တန်း
နံမည်ကြီးဆေးရုံထဲက ထွက်လာသည်
သိန်းထောင်ကျော်တန် ကားတွေကြားမှာ
-------- နာရေးကူညီမူ့အသင်း ၏
Model နိမ့် ကားတစ်စီး ပါလာသည်
ထိုကား နှင့်ပင်
သူ့Body ကိုသယ်ခွင့်ပြုတော့ သည်
သူ ရှာထားသောငွေနဲ့ ဝယ်ထားသော
သူ အလွန်နှစ်သက်သော
သူ့ အမည်ပေါက်သော
သူ အလာ ကစီး လာခဲ့သော
သိန်းထောင်ကျော်တန် ကားကြီး ပေါ်တွင်
သူ လိုက်ခွင့်မရတော့
သူ့ ကိုချစ်လှစွာသောမိသားစု တွေကလဲ
သူ ကြိုက်နှစ်သက်သော
သူ့ ကားကြီးဖြင့် သူ့Body ကိုသယ်ပါရစေ ဟု
မည်သူမျှမတောင်း ဆိုကြ
သူ့ လက်တွင်ဆင်မြန်းထားသည့် တန်ဖိုးကြီးစိန်လက်စွပ်ကို
သူ့ ၏ချစ်လှစွာသော ဇနီးက ချွတ်ယူထားလိုက်သည်
သူ ကိုင်နေကျ လက်ကိုင်ဖုန်းကိုလဲ
သူ ၏ ချစ်သား/သမီး များက သိမ်းယူထားလိုက်ပြီ
သူ့ Body. တင်ထားသည့်ကားပေါ်တွင်
သူ့ Body နှင့်အတူလိုက်မည့်သူပင်မရှိ
သူ အသက်မဲ့နေ ပြီ
သူ့ တွင် အသိမဲ့နေပြီ
သူ တွင်တန်ဖိုးမဲ့လေပြီ
သူ ရုပ်သည် မကြာခင် ပုတ်တော့မည်
သူ သည် မသာယာတော့
သူသည် မတင့်တယ်တော့
သူသည် ဆက်ဟန်မဆောင်နိုင်တော့သောမသာကောင်
သူ့ အမည် ကိုတ၍ တ၍
ဆက်ဟန်ဆောင်နိုင်သေးသော မသာ
တို့က ငိုကြလေသည်
-----------------------------
သူ ဘာမှမသိတော့
သူ ဘာမှမဆိုင်တော့
သူသည် ဘာမှမပိုင်တော့

သူ ဘာတွေယူသွားနိုင်ပါသလဲ ?
သူ အခုဘယ်ရောက်နေပြီလဲ?
သူ ဘာဖြစ်နေပြီလဲ?
သူ ခံစား နေရပြီလား?
သူ စံစားနေရပြီလား?
ယခုအချိန် မှာတော့
သူ ခုဘဝတစ်သက်တာလုံး
သူ သိလျှက်
သူ မသိလျှက်
ဖြေထားမိထားသော
ဖြေထားသော
Life Exam Result
လေးကိုကိုင်၍
သူတစ်ဦးတည်း
သူတစ်ယောက် တည်း
ခရီးဆက်နှင်နေပြီ
ကိုညီ ( လှိုင်သာယာ)

လူ့ဘ၀၏အနှစ်သာရ

အာရုံငါးပါးကိုခံစားခြင်းသည် လူ့ဘ၀၏အနှစ်သာရ မဟုတ်ပေ။ ခရီးသွားဟန်လွဲမှီဝဲသုံးဆောင်ခြင်းသာ
ဖြစ်သည်။ လူ့ဘ၀၏တကယ့်အနှစ်သာရကား ဒါန၊သီလ၊ာဝနာ၊ဟူသော ပါရမီကုသိုလ်များကိုဆည်းပူးအား
ထုတ်ခြင်းသာဖြစ်၏။ အလောင်းတော်များနတ်ပြည်တွင်ကြာကြာမနေဘဲ၊လူ့ဘ၀သို့လာခြင်းသည်၎င်းပါရမီ
ကုသိုလ်များကိုဆည်းပူးရန်အတွက်ဖြစ်သည်။ ၃၁ ဘုံတွင်အပါယ်လေးဘုံ သည်ဆင်းရဲဒုက္ခတွေများလွန်း
သောကြောင့်ကုသိုလ်ပါရမီများဆည်းပူး၍မရသကဲ့သို့၊နတ်ဘုံ၊ဗြဟ္မဘုံ သည်လည်းချမ်းသာသုခများသော
ကြောင့်ကုသိုလ်ပါရမီများဆည်းပူး၍မရပြန်ပေ။

Friday, August 19, 2016

fb ဆိုတာ တကယ်တော့ သုံတက်ရင် နိဗ္ဗါန်ပါ

ဦးမြင့်ခိုင်
fb ဆိုတာ တကယ်တော့ သုံတက်ရင် နိဗ္ဗါန်ပါ
-------------------------------------------------
နာ ကိုး
တောင်းရှစ်...
သာဓုတစ်
ဟောလစ်အသင်္ချေ

တရားနာတာ ကိုးကမ္ဘာ
တရားတောင်းတာ ရှစ်ကမ္ဘာ
သာဓုခေါ်တာ တစ်ကမ္ဘာ
တရာဟောတာ မရေမတွက်နိုင်အောင်
အကျိုးပေးပါတယ်တဲ့
သာဓု ခေါ်ယုံနဲ့ တောင် ကုသိုလ် ရ ရှိပါတယ်
သာဓုခေါ်ယုံနဲ့  နတ်ပြည်ရောက်တဲ့ သာဓကတွေလည်း ပိဋကတ် တော်ထဲမှာ ရှိပါတယ်
တကယ်တော့
မိတ်ဆွေတို့  တရားတော်တွေကို share တယ်
ဆိုတာဟာ ကိုယ့်အတွက်နဲ့ အခြားသူတွေ
တရားသိသွားတဲ့အတွက် တရားဟောလို့ ရတဲ့
ကုသိုလ်နဲ့ အတူတူပါပဲ
ဒါ့ကြောင့်
တရားနဲ့ ပါတ်သတ်တဲ့ ပို့ စ်တွေ့ တိုင်း
share ပါက
နိဗ္ဗါန်အထောက်အပံ့လည်းဖြစ်မယ်
ကိုယ့်ဘာသာ သာသနာကိုလည်း ကျယ်ပြန့် 
အောင်ပြုလုပ်တဲ့အတွက် သာသနာပြုရာလည်း
ရောက်ပါတယ်
ဒါ့ကြောင့်
သဒ္ဒါတရားရှေ့ထားပြီးသာ share ကြပါ
ကြီးမားတဲ့ကုသိုလ်တွေ
အခြားဘယ်ဘာသာမှာမှ မရှိနိုင်တဲ့
ကုသိုလ်တွေ အများကြီးရပါတယ်
ဒါဟာ fb ရဲ့ ကြီးကျယ်ခမ်းနားတဲ့
မဟာအခွင့်အရေးကြီးပါ
လက်မလွတ်သင့်ပါဘူး
ဦးမြင့်ခိုင်

Thursday, August 18, 2016

"ရွှေဥမင်ဆရာတော်၏ ဝိပဿနာ ရှုနည်း''

ခန္ဓာ-၅ပါး တစ်ဦး
19 June
"ရွှေဥမင်ဆရာတော်၏ ဝိပဿနာ ရှုနည်း''
★★★★★★★★★★★★★★★★★★★★
သတိကလေး ထားနေရုံပဲ။
စိတ်ကို အတင်းထိန်းလည်း မထားနဲ့၊
တောင့်လည်း မထားနဲ့၊ ...
ချုပ်မထားနဲ့၊
အလိုက်သင့်
အလျားသင့် ကလေးနေပြီး
ဖြစ်တာကို
ဖြစ်တဲ့အတိုင်း
သိနေရုံပဲ။

သူ့သဘာဝအတိုင်း
ဖြစ်နေတာကို
သတိကလေး
ထားနေရုံပဲ၊
ပေါ်အောင်လည်း မလုပ်နဲ့၊
ပျောက်အောင်လည်း မလုပ်နဲ့။
သူ့ ဘသာဝ ဖြစ်တိုင်း ဖြစ်တိုင်း
ဖြစ်တာလေးကို
ဖြစ်တဲ့ အတိုင်းသိနေပါ။
ချုပ်မရှူ့နဲ့၊
လုပ်မရှူ့နဲ့
သူ့ သဘာဝအတိုင်း
ဖြစ်တာကို
သိနေဖို့ပဲ။
သတိရှိနေဖို့ပဲ။
ကိုယ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း၊
စိတ်မှာ ဖြစ်တိုင်းဖြစ်တိုင်း
ကိုယ်ရော
စိတ်ရော
သိမှ။
အဲ့လို သိနေဖို့က
သွားတိုင်းလာတိုင်း၊
စားတိုင်း၊
သောက်တိုင်း ၊
မြင်တိုင်း၊
သတိရှိနေရမယ်။
ရှေ့ သတိနဲ့ နောက်သတိ၊
ရှေ့သမာဓိနဲ့ နောက်သမာဓိ၊
ရှေ့အသိနဲ့ နောက်အသိ၊
အမြဲ ဆက်စပ်နေရမယ်။
သိက္ခာသုံးပါး ဖြည့်ကျင့်ခြင်း
ဘာပဲဖြစ်ဖြစ်
ကောင်းကောင်းဆိုးဆိုး သတိထား၊
ကိုယ်မှာ ဖြစ်တိုင်းဖြစ်တိုင်း၊
စိတ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း
သတိထား။
အစမှာတော့
နှာသီးဖျားမှာ
သတိထား
ထွက်တိုင်းသိ
ဝင်တိုင်းသိ။
တိုးပြီးဝင်သွားတာ သိနေ၊
တိုးပြီး ထွက်နေတဲ့
ထိမှုကလေးကို
သိသိနေဖို့ပါပဲ။
အမှန်သိမှု
ဉာဏ်ကုသိုလ်တွေ ဖြစ်သွားမယ်။
ဖြစ်တာကို ဖြစ်တဲ့အတိုင်း
သိနေတာဟာ ၀ိပဿနာပဲ။
ဖြစ်အောင်လဲ မလုပ်ရ၊
ပျက်အောင်လည်း မလုပ်ရဘူး။
အဲ့လို ဖြစ်တိုင်း ဖြစ်တိုင်း
သိရုံမျှ သိပေးနေရုံပဲ။
အဲ့လို သိနေတဲ့အတွက် (ဣန္ဒြိယသံဝရသီလစတဲ့)
သီလ သိက္ခာတွေလည်း
လုံခြုံပြီးနေတယ်။
သတိရှိနေတဲ့အတွက်
သမာဓိ သိက္ခာလည်း
ညီညွတ် မျှတနေတယ်။
သတိရှိနေတဲ့ အတွက် (ပညာသိက္ခာ)
သိစရာတွေကို အမှန်တိုင်း
ပိုင်းခြားပြီး သိနေတယ်။
သတိထားလိုက်တိုင်း
သိက္ခာသုံးပါး
ဖြည့်ကျင့်ပြီးသား
ဖြစ်သွားတယ်။
သိက္ခာသုံးပါးရှိတဲ့ ပုဂ္ဂိုလ်ဟာ
လူ၊ နတ်၊ ဦးခိုက်ပူဇော်ထိုက်တဲ့
အဆင့်မြင့်ပုဂ္ဂိုလ် ဖြစ်သွားတယ်။
စိတ်ပျံ့လွင့်သော်
စိတ်ပျံ့လွင့်တာကို
အတင်းထိန်းမထားပါနဲ့၊
ပျံ့လွင့်ရင်
ပျံ့လွင့်မှန်း သိဖို့ပဲ။
စိတ်မငြိမ်တာကို
မငြိမ်မှန်သိဖို့၊
စိတ်ပြေးရင် ပြေးမှန်း၊
တွေးရင်တွေးမှန်း၊
စိတ်ကူးရင် စိတ်ကူးမှန်း၊
ကြံရင် ကြံမှန်း
သိနေရုံပဲ။
သိရင်တော်ပြီ၊
တည်ငြိမ်လို့ ကောင်းလို့
သဘောကျနေရင်လည်း
မဟုတ်သေးဘူး။
တည်တာကို
ကောင်းတယ်ထင်ပြီးတော့လဲ
မစွဲရဘူး။
ပျံ့လွင့်တာကို
မကာင်းဘူးထင်ပြီးတော့လည်း
စိတ်မပျက်ရဘူး။
သိနေဖို့ပဲ။
ကောင်းကောင်း
မကောင်းကောင်း
တည်တာကိုလည်း သိ၊
မတည်တာကိုလည်း သိရမယ်။
တရားအားထုတ်တယ်ဆိုတာ
စိတ်ကလေးကို
ပဝါဖြူလေးလို
ဖြူစင်သန့်ရှင်းအောင်
လုပ်နေတာပါ။
စိတ်ကို ကိလေသာတွေနဲ့
မပေါင်းမိအောင်၊
စိတ်ကို ပူလောင်စေတတ်၊
ညစ်နွမ်းစေတတ်၊
နှိပ်စက်ညှဉ်းပန်းတတ်တဲ့
လောဘ၊ ဒေါသ၊ မောဟ
ကိလေသာတွေနဲ့
မပေါင်းမိအောင်
စင်ကြယ်သန့်ရှင်းတဲ့
စိတ်ကလေး အမြဲဖြစ်နေအောင်
သတိကလေးထားပြီး အမြဲနေရမှာ။
(ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး)
••••••••••••••••••••••••••••••••••
အကြိမ်ပေါင်း ၁၉၇၀ကျော်
****************+**
အပ္ပမာဒ တရားဆိုတာ မမေ့ မလျော့ ၊ မပေါ့ မဆ သတိရှိခြင်း၊
သတိပဌာန်တရား ပွားများနေခြင်းပဲ..။
မြတ်စွာဘုရားရှင်ဟာ.. အပ္ပမာဒ တရားလက် ကိုင်ထားဘို့
အကြိမ်ပေါင်း ၁၉၇၀ကျော်ဟောကြားသွားခဲ့တယ်..။
ပရိနိဗ္ဗာန် စံဝင်လုဆဲဆဲ အချိန် အထိ…
အပ္ပမာ ဒေန သမ္ပာ ဒေထ..မမေ့ မလျော့ ကြနဲ့လို့…
နောက် ဆုံးစကားမှာ ကြားသွားပြီးမှ…ပရိနိဗ္ဗာန် ပြုခဲ့တာ..။
နောက်တော့ ဘာစကားမှ မပြောတော့ဘူး။
ဒါကိုထောက်ရင် ဘယ် လောက် အရေးကြီးတယ် ဆိုတာ သိသာ ပါတယ်..။
သာဓု၊သာဓု၊သာဓု။
မူယင်း-

ဆရာလေးတပါးရဲ့ ရင်ဖွင့်စာ

သကျ ငယ် with သစ္စ သူရ and 3 others.
ဆရာလေးတပါးရဲ့ ရင်ဖွင့်စာ
===================
သီလရှင် နှင့် ဒိတ်လွန် ပစ္စည်းများ
...
သီလရှင်တွေ တစ်ပတ်နှစ်ရက်
အဝေးဖိတ် အနီးဖိတ် သွားကြတဲ့အခါ
တစ်ချို့က ပိုက်ဆံ ၂၀၊ ၅၀၊ ၁၀၀ တတ်နိုင်သလောက်လှူကြသလို
တစ်ချို့က ဆွမ်းဆန်တစ်ဇွန်းဆီ လှူကြတယ်...
အဲဒီထဲက တစ်ချို့လူတွေ၊ တစ်ချို့ဆိုင်တွေက ဒိတ်လွန်နေတဲ့ မုန့် ဖျော်ရည်
အမှည့်လွန်လို့ ပုပ်ချင်နေတဲ့ အသီးတွေလှူကြတယ်...
သူတို့ကိုယ်တိုင်တောင် စားမရတော့လို့ မစားတဲ့အရာကို ဘာကြောင့် သီလရှင်တွေကို လှူကြတာလဲ မသိ
သီလရှင်တွေက စားဝတ်နေရေးအတွက်
သူများလှူတာ တန်းတာ စားရတဲ့ ဘဝဆိုပေမဲ့
ဒီလို မကောင်းတဲ့ အစားအစာတွေ
စားနေတဲ့ သူတွေတော့မဟုတ်ပါဘူး
အဖိတ်သွားတဲ့အခါ တစ်မြို့လုံး လှည့်ရလို့
မနက် ၉ နာရီလောက်ဆို ဗိုက်က ဆာချင်နေပီ
အဲအချိန်မှာ မုန့်လှူလိုက်တယ်ဆို ဆာနေတဲ့အချိန်မို့
တကယ်ဝမ်းသာလို့ လှူတဲ့သူကို အထူးကို
မေတ္တာ ပို့ပေးတတ်သေးတာ
ကိုယ်ကဗိုက်ဆာနေချိန်
ဆီးဂျေးနံထွက်နေတဲ့ မှိုတက်နေတဲ့
Expired date ဖြစ်နေတဲ့ ပစ္စည်းလာလှူရင်
စိတ်ထဲ မခံချင်စိတ်ဖြစ်မိတယ်
သူတို့လဲ မကောင်းဘူးဆိုတာ သိနေရက်
လှူလိုက်ရင်
သီလရှင်တွေကို တော်တော် အထင်သေးတာပဲဆိုတဲ့ အတွေးက မခံချင်စိတ်ဖြစ်ရတယ်
သီလရှင်တွေကို မြို့လှည့်နေတဲ့
စည်ပင် အောက်မေ့နေကြလား မပြောတတ်
ဒါပေမဲ့...လှူတာဆိုတော့ သူတို့ရှေ့
ဘာပြောရဲမလဲ ကိုယ်က အလှူခံလေ
ကိုယ်သဒ္ဓါတရားမရှိလို့ မလှူချင်ရင်လဲ..
ကန်တော့ဆန်ပါ ပြောလိုက်ရင် ပိုကောင်းတာပေါ့
သူလဲငရဲမကြီး ကိုယ်လဲအကုသိုလ်မဖြစ်ရတော့ဘူး...
သုံးမရ စားမရတဲ့ ပစ္စည်း သီလရှင် လှူရတယ်လို့ပဲတွေးထားလား မသိ
လူတွေပြောစမှတ်ဖြစ်နေတဲ့ စကားတွေလဲရှိနေသေးတာ
နင်...အိမ်မှာ ဘာမှ သုံးစားမရဘူး သီလရှင်သာ သွားဝတ် ဘုန်းကြီးတာ သွားဝတ်တဲ့
ပစွည်းတောင် မဟုတ်ဘူး လူကိုတောင် သူတို့ အသုံးမဝင်ရင်
ဘုန်းကြီးကျောင်း သီလရှင်ကျောင်း ပို့ချင်ကြတာ
အင်းပေါ့လေ....မသိတတ်တဲ့ သူတွေအစား ရိုရိုသေသေ ကြည်ကြည်ဖြူဖြူ လှူတဲ့သူတွေကို ကြည့်ပြီး ဖြေသိမ့်ရတာပေါ့...
သီလရှင်လဲ ဘုရားသမီးတော်ပါပဲ...
တကယ်စေတနာ သဒ္ဓါတရားရှိလို့ ဝတ်လာတဲ့သူတွေ အကုန်မဟုတ်တောင်
အများအားဖြင့် ရှိကြပါတယ်
ဘာကြောင့် နှိမ်ချချင်ကြတာပါလိမ့်...
Ma Uttarătherī
သူတို့ရေးတဲ့ သူတို့သွေးက သာသနာ
"""""""""""""""""""""""""""""""""
သီလရှင် မယ်သီလ ဆရာလေးဆိုပြီး အထင်တော့ မသေးကြလေနဲ့
အမျိုးသမီးငယ်တယောက်ဟာ သူ့မိသားစုတခုတည်းအတွက် အလုပ်မလုပ်ပဲ သာသနာအတွက် ပေးဆပ်နေတာ ပေါ်တင်ကျေးဇူးတင်ပါတယ်လို့ ပြောရမှာရှက်နေရင်တောင် တိတ်တခိုးတော့လေးစားသင့်တယ် ကြည်ညိုသင့်တယ်၊
သာသနာမှာနေရဲဖို့ဆိုတာ လွယ်တယ်လို့များ ထင်သလားပဲ?
မိသားစုနဲ့ခွဲရဲမှ တယောက်ထဲနေရဲမှ ပတ်ဝန်းကျင်စိမ်းတွေကို သွားရဲဆက်ဆံရဲမှ နာကျင်တာတွေကိုမျိုသိပ်ရဲမှ သာသနာမှာနေလို့ရတာ.
စာကျက်ရုံ စာကြိုးစားရုံ ဘုရားဝတ်ပြုရုံ ကျောင်းသန့်ရှင်းရေးလုပ်ရုံနဲ့ပြီးပြည့်စုံတယ် မထင်လေနဲ့၊
မိမိဝမ်းရေးအတွက် လူတိုင်းကြိုးစားကြရတာချင်းတူပေမယ့် သာသနာမှာနေကြတဲ့သူတွေအဖို့ အပ်စပ်မှယူ
အပ်စပ်တာလှူမှ အဆင်ပြေတာမျိုး၊
စည်းကမ်းတွေ ဝိနည်းဥပဒေကြားက လူတွေဟာ
အလိုက်သိတဲ့ တကာ/မတွေ အရမ်းတောင်းတကြတယ်၊
ဦးဇင်း ဘာလိုလဲ?ဆရာလေးဘာလိုလဲ?မေးလို့
ရဟန်း(သို့)ဆရာလေးတွေက ဘာမှမလိုဘူးလို့ပြောတိုင်း တကယ်မလိုဘူးမထင်နဲ့၊
သာသနာမှာ နေနေကြ
ဘယ်ကရတတ်မလဲ ဘာအလုပ်ကြီးလုပ်နေလို့လဲ အားနာလို့သာ
အဆင်ပြေပါတယ်လို့ ဖြေလိုက်ကြတာချည်းပဲ၊
သာသနာမှာနေတာချင်းတူပေမယ်
ဆရာလေးတွေဘဝက မိန်းမသားဖြစ်နေတော့
ပိုခက်ခဲ ပိုရုန်းကန်ကြရမယ်ထင်တယ်၊
သူ့တို့ဘဝက မလုံခြုံကြဘူး ဒီထဲက အောင်မြင်မှုတွေရအောင်ကြိုးစားကြတယ်၊
တချို့ဆရာလေးတွေ အရမ်းတော်ပါတယ်
ပထမပြန်စာမေးပွဲမှာ သီလရှင် ဆရာလေးတွေက သပ်သပ် ရဟန်းသာမဏေတွေက သပ်သပ် ပ.ဒု.တ ခွဲထားကြလို့သာ မဟုတ်ရင် သူတို့နဲ့ယှဉ်လုရရင်မလွယ်ဘူး သူတို့ကမိန်းမသားဖြစ်သည့်အားလျှောက် ဝီရိယအားကောင်းကြတယ်။
မိန်းမသားဖြစ်နေလို့ အထင်တော့မသေးကြပါနဲ့
သူတို့လိုသတ္တိ သူတို့လိုဇွဲ သူတို့လိုပေးဆပ်မှုတွေ ကိုယ့်မှာလုပ်နေလား လုပ်ဖူးသလား ကိုယ့်ဘာသာစီစစ်ပါ၊
ဘာပဲဖြစ်�ဖြစ်�
သူတို့မကြည့်ညိုနိုင်ဘူးပဲထား
မလေးမစားအပြုအမှု အပြောအဆို အသွင်အပြင်တွေနဲ့မဆက်ဆံကြပါနဲ့၊
လူသားတဦးအနေဖြင့် လူသားပီသကြစမ်းပါ
သကျငယ်

Tuesday, August 16, 2016

••အမေ့ကို အာခံ၍ပြန်မပြောခင်..••

Kamom Tamoite with အေအေစီ ရဲမင်း and 7 others.
21 hrs
••အမေ့ကို အာခံ၍ပြန်မပြောခင်..••
တစ်ခုသော နံနက်ခင်း
အထက်တန်းကျောင်းသားအရွယ်
ကောင်လေးတစ်ယောက်အား...
အိပ်ယာမသိမ်းမိလို့
မိခင်ဖြစ်သူက

"ထမင်းစားချိန်မှန်းလဲမသိ
အပြင်ထွက်လည်းမိဘဆီ ခွင့်မတိုင်
ကြည့်စမ်း ဘယ်အချိန်ရှိနေပြီလဲ
တစ်နေကုန် ဂိမ်းဆော့နေ. . ."
အစရှိသဖြင့်
ဆူပူကြိမ်းမောင်းကာ
သားဖြစ်သူက
သီးမခံနိုင်လို့
"ဟာဗျာ . အမေကလည်း
ကျနော်က ကလေးမဟုတ်တော့ဘူး
တစ်နေ့လုံး ဗျစ်တောက်ဗျစ်တောက်နဲ့
နားငြီးတယ်
ကျနော့ဟာ ကျနော် ကြိုက်သလိုနေပေါ့ အမေမစပ်စုချင်ပါနဲ့.."
လို့ သူ့အမေကို
အသံကြီးဟစ်ကျယ်နဲ့
ပြန်ပြောခဲ့တယ် ။
အမေကတစ်လှည့်
သားကတစ်လှည့်
စကားများကြရာက
အနီးအနားမှာထိုင်နေတဲ့
အဖေဖြစ်သူက
ကြားပြန်ဖြေတဲ့အနေနဲ့
သူ့သားကို
ခေါ်လိုက်ပါတယ်။
"သားရေ..အဖေ့ဆီလာပါဦးကွာ"
သားဖြစ်သူက
ခြေဆောင့်ရင်း
အိမ်ပေါ်ကနေဆင်းသွားပြီး
အဖေခေါ်ရာကို
လိုက်ခဲ့ပါတယ် ။
အဖေဖြစ်သူက
သားပခုံးကို လှမ်းဖက်ရင်း
အပြင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။
"သား..ဘာဖြစ်လို့
အမေ့ကိုပြန်ပြောနေရတာလဲ"
"အဖေကလည်း
ကျနော်က ကလေးမှမဟုတ်တော့တာ
နေ့တိုင်းလိုလို ကျနော့်ကိုအပြစ်မြင်နေတယ်
နေ့တိုင်း ဆူပူနေတယ်
ကျနော် ဒီအိမ်မှာ မနေချင်တော့ဘူး
ဖေဖေရယ်"
"အော်..သားက
မေမေ့ဆိုဆုံးမစကားတွေ
ဆူတယ်လို့ထင်နေတာကိုး
မေမေ မဆူအောင်
မေမေ့ပြောတဲ့အတိုင်း
ငါ့သားနေပေါ့ကွ"
"ဖေဖေလည်း မေမေ့လိုပဲ
သားကို မချစ်ဘူးပေါ့ "
"မဟုတ်ပါဘူးသားရယ်
ဘယ်မိဘကမှ ကိုယ့်သားသမီးကို
လမ်းမှားမရောက်စေချင်ဘူး
ကြိုတင်တားဆီးတဲ့အနေနဲ့
ပြောဆိုဆုံးမနေတာ"
"တော်ပြီ..ဖေဖေလည်းမေမေ့လိုပဲ
သားကို အကောင်းမမြင်ဘူး
ဆူဖို့ပဲ"
"ကဲ ဖေဖေတစ်ခုပြောမယ်
သေချာနားထောင်"
"ဘာပြောမှာလဲဖေဖေ
သားနားထောင်နေတယ်"
"သားက မေမေ့ကိုတစ် ခွန်းမကျန်အာခံပြန်ပြောတယ်နော်
သားသေချာစဉ်းစား"
"သား ပြန်ပြောမှာပေါ့ဖေဖေ
နေ့တိုင်း ဗျစ်တောက်ဗျစ်တောက်
ဆိုတော့ သား နားငြီးတယ်"
"ကဲ ဒါဆိုဖေဖေ အချက် ၁၀ ချက်ပြောပြမယ်
အဲဒီအချက် ၁၀ ချက်လုံး
သားလိုက်နာနိုင်ရင်
သားမေ့မေ့ကို ကြိုက်သလို
အာခံပြီးပြန်ပြောလို့ရပြီ"
"ပြောပါ ဖေဖေ သားနားထောင်ပါ့မယ်"
"ဒါဆိုသေချာနားထောင်
၁။။ သုံးလတိတိ သား
ထမင်းစားပြီးတိုင်း
အန်နိုင်မလား ၊
၂။။ သားရဲ့ဝမ်းဗိုက်ထဲဘောလုံးထည့်ပြီး
ကြီးမားလာအောင် တစ်လတစ်ခါ
ရေထိုးသွင်းမယ် တစ်ဆယ်လတိုင်တိုင်
သားအလေးခံပြီး သယ်ထားနိုင်မလား ၊
၃။။ ကော်ဖီ ၊ လက်ဖက်ရည် ၊
ကိုယ်ကြိုက်တဲ့မုန့် အစားအစာတွေ
မစားပဲ ခြောက်လတိုင်တိုင်
အငတ်ခံနေနိုင်မလား ၊
၎။။ ညညအိပ်ရင်လည်း
ဗယ်ညာ မစောင်းပဲ
ုငြိမ်ငြိမ်လေးနဲ့
၅ လတိုင်တိုင် အိပ်နိုင်မလား ၊
၅။။ ၈ လတိုင်တိုင်
ဆော့ကစားတာတို့ လျှောက်လည်တာတို့ ကခုန်တာတို့
မလုပ်ပဲ အိမ်ထဲမှာပဲ နေနိုင်မလား ၊
၆။။ နာဖျားလို့မရှိအောင်
ကိုယ့်ကိုဂရုစိုက်နေရလို့
ကြိုက်တဲ့အစားအသောက်တွေ
မစားပဲနေမယ်
နာဖျားခဲ့ရင်တောင်
ဆေးတွေစိတ်ကြိုက်စားခွင့်မရှိပဲ
၁၀ လအထိ သားနေနိုင်လား ၊
၇။။ ၁၄ နာရီအကြာ
အသက်နဲ့ရင်းပြီး
နာကျင် ကိုက်ခဲတဲ့ဝေဒနာ
သားခံနိုင်မလား ၊
၈။။ ကိုယ့်နို့သီးခေါင်းကို
ကိုက်ရင်
နာပေမယ့် ၁၀ လအထိ အောင့်အည်းသီးခံနိုင်မလား ၊
၉။။ ချီးတွေ ၊ သေးတွေ ၊ အန်ဖတ်တွေ ၂ နှစ်တိုင်တိုင်
သားကကြုံးနိုင်မလား ၊
၁၀။။ ညညဆိုရင်လည်း
နှစ်နာရီတစ်ခါ
တစ်နှစ်လုံးလုံး
အိပ်ရေးပျက်ခံပြီးထနိုင်မလား ။
ကဲ..သား အဲဒီအချက်
၁၀ ချက် လိုက်နာလို့နိုင်မလား
တကယ်လို့ သားက
တစ်ချက်မကျန် လိုက်နာနိုင်ရင်
မေမေ့ကို ကြိုက်သလို
အာခံပြီး
ပြန်ပြောလို့နိုင်ပြီ"
သားဖြစ်သူက ခေတ္တမှိုင်ပြီး
အတွေးတစ်ခုဝင်လာကာ
"ဟုတ်ကဲ့ဖေဖေ
သားနားလည်ပါပြီ
နောက်ဘယ်တော့မှ
မေမေ့ကိုရော ဖေဖေ့ကိုပါ
သားပြန်မပြောတော့ပါဘူးလို့
သားကတိပေးပါတယ်ဖေဖေ"
"ကဲ..သားလိမ္မာလေး
မေမေ့ကို ဝန်ချတောင်းပန်ပြီး
ကန်တော့လိုက်နော် "
သားလိမ္မာ
သမီးလိမ္မာလေးဖြစ်ကြပါစေ ။
Kamom Tamoite =ဖူးသစ်

Sunday, August 14, 2016

* ဒေါသကြီးသော မိန်းကလေး*

ဘဝစာပေ ကဗျာများ to Dhamma friends
* ဒေါသကြီးသော မိန်းကလေး*
~~~~~~~~~~~~~~~~~~~~~~~~
••••••••••••••••••••••••••••••••••••
အမျိုးသမီးတစ်ယောက်သည် ဒေါသအလွန်ကြီးလေသည်။မပြောပလောက်သည့်
အကြောင်းနှင့်ဖြစ်စေ၊ထောင်းခနဲ ဒေါသထွက်လာ
တတ်သည်။ဒေါသကြီးတဲ့ ထိုအမျိုးသမီးကြောင့်
တစ်မိသားစုလုံးသာမက၊တစ်ရပ်ကွက်လုံးပါ
စိတ်ညစ်နေကြလေသည်။ထိုအမျိုးသမီးကိုယ်တိုင်
ကလည်း ဒေါသကို မထိန်းနိုင်သဖြင့် မကြံတတ်
မစည်တတ် ဖြစ်နေသည်။ဒေါသပြေပျောက်သွားသည့်
အခါတိုင်း နောင်တတရား ရလာတတ်သည်။
သို့သော် ဒေါသကို မချုပ်တည်းနိုင်သဖြင့်
အကြောင်းပေါ်လာပါက ဝုန်းခနဲ ဒေါသအိုး
ပေါက်ကွဲသွားသည်သာ ဖြစ်လေသည်။
တစ်နေ့သ၌ ရသေ့တစ်ပါးဟာ ထိုအမျိုးသမီး
နေအိမ်သို့ ကြွလာသည်။အမျိုးသမီးက ရသေ့အား
သူ့အကြောင်း လျှောက်ထားပြောပြလေသည်။
"ရသေကြီး တပည့်တော်မဟာ ကိုယ့်ဒေါသကိုယ်
မထိန်းနိုင်တဲ့အတွက် အလွန်တရာ ဒုက္ခရောက်နေပါတယ်။ ထစ်ခနဲဆို ဒေါသထွက်လာတတ်ပါတယ်။ ဒေါသထွက်လာလျှင်လည်း ဘာကိုမှ မစဉ်းစား
မဆင်ခြင်တော့ပါဘူး။မှားတာတွေ လုပ်မိပါတယ်။
ဒေါသဖြေဖျောက်တဲ့နည်းလမ်းများရှိရင် 
တပည့်တော်မကို ညွန်ပြတော်မူပါ"
ရသေ့ကြီးက ပြန်ပြောသည်။
"ကိစ္စမရှိပါဘူး။ကျုပ်ဆီမှာ ဒေါသပျောက်ကင်း
အောင် လုပ်တဲ့ဆေး ရှိပါတယ်။မနက်ဖြန်ကျတော့
ယူလာခဲ့မယ်။ဘာမှ စိတ်မပူနဲ့တော့"
နောက်တစ်နေ့မှာ ရသေ့ကြီးသည် ထိုအမျိုးသမီး
အိမ်သို့ ရောက်လာသည်။ရသေ့ကြီး၏ 
လက်ထဲတွင် ဆေးပုလင်း တစ်ပုလင်း ပါလာသည်။
အမျိုးသမီးအား ရသေ့ကြီးက ဆေးပုလင်းပေးပြီး
ပြောလေသည်။
"ဒေါသထွက်လာတဲ့အခါ ဒေါသပျောက်သွားသည်
အထိ ဒီပုလင်းထဲက ဆေးရည်ကို ဖြည်းဖြည်း
သောက်ပါ။နောက်တစ်ပတ်ကြာတဲ့အခါ အကျိုး
အကြောင်း သိရအောင် ကျုပ် လာခဲ့ပါအုန်းမယ်"
ယင်းသို့ ပြောဆိုပြီး ရသေ့ကြီး ပြန်ကြွသွားလေသည်။
ရသေ့ကြီးပေးသွားသော ဆေးကို
အမျိုးသမီးသည် သိမ်းထားလေသည်။ အကြောင်း
တစ်ခုကြောင့် ဒေါသ ထွက်လာသောအခါ အမျိုး
သမီးသည် ရသေ့ကြီးညွန်တဲ့အတိုင်း ပုလင်းထဲက
ဆေးရည်ကို တစ်စက်ချင်း ဖြည်းဖြည်း သောက်
လေသည်။
နောက်တစ်ပတ်ကြာသောအခါ ရသေ့ကြီး
ပြန်ကြွလာလေသည်။ အမျိုးသမီးသည်
ရသေ့ကြီးအား ရှိခိုးဦးတင်လျှက် ပြောလိုက်လေသည်။
"ရှင်ရသေ့ကြီး တပည့်တော်မှကို ကယ်တင်လိုက်
ပါတယ်ဘုရား။ ရှင်ရသေ့ကြီးပေးတဲ့ ဆေးကို
သောက်လိုက်တာနဲ့တပည့်တော်မ ဒေါသတွေ
ပြေပျောက်သွားပါတယ်။ဘယ်လိုဆေးမျိုးကို
ပေးတယ်ဆိုတာ တပည့်တော်မ သိချင်ပါတယ်"
အဲဒီအခါ ရသေ့ကြီးက ရယ်ပြီး ပြောလေသည်။
"ပုလင်းထဲမှာ ဘာဆေးမှ မရှိဘူး။ ရေပဲ ထည့်ထားတယ်။ပုလင်းထဲကရေကို သောက်နေ
ရတဲ့အတွက် သိပ် စကားပြောချိန် မရဘူး
မဟုတ်လား၊ဒေါသကို ပယ်ဖျောက်ပစ်တဲ့ 
အကောင်းဆုံးဆေးဟာ ပါးစပ်ပိတ်ထားခြင်းပဲ။
ပါးစပ်ပိတ်ထားရင် ဒေါသက သူ့အလိုလို
ပျောက်သွားလိမ့်မယ်။ 
{မေတ္တာဖြင့်)
အရှင်ခေမာစာရ 
(ဘဝစာပေကဗျာရှင်)
26.7.2016 
11:18 Pm

တောင်ပြုန်းနတ်ပွဲနှင့် ထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်သူတို့၏ အလွဲများ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
တောင်ပြုန်းနတ်ပွဲနှင့် ထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်သူတို့၏ အလွဲများ
------ ------ ------ ------ ------
အကြင်ပုဂ္ဂိုလ်အား ပြင်းပြင်းထန်ထန် နှစ်သက်ဖွယ်အာရုံတို့သို့ စီးက...ုန်သော သုံးဆယ့်ခြောက်ပါးသော တဏှာရေအလျဉ်တို့သည်ရှိကုန်၏၊ မှားသောအယူရှိသော ထိုသူတို့ကို ရာဂနှင့်စပ်သော အားကြီးသော အကြံအစည်တို့သည် ဆောင်ယူသွားကုန်၏။
(ဓမ္မပဒပါဠိတော်)
လွန်ခဲ့တဲ့နှစ်ရက်လောက်က မိမိရဲ့ ဇာတိမြို့မှ မိတ်ဆွေဘုန်းကြီးနှစ်ပါး မိမိဆီကို ဖုန်းဆက်လာခဲ့ပါတယ်။ သူတို့ဒကာ၊ ဒကာမတချို့နဲ့ လာမည့်ဝါခေါင်လဆန်းမှစပြီး ကျင်းပမယ့်တောင်ပြုန်းနတ်ပွဲကို လာချင်လို့ပါတဲ့။ အဲဒါ သူတို့လာတဲ့အခါ မိမိကျောင်းမှာတည်း ခိုဖို့ အကူညီတောင်းကြတာပါ။ မိမိလည်း သိပ်သဘောမတွေ့ပေမယ့် မကင်းရာမကင်းကြောင်းမို့ ရောက်လာခဲ့ရင် ကျောင်းထိုင်ဘုန်းကြီးကို လျှောက်ထားပြီး တတ်နိုင်သလောက် ကူညီပေးမယ်လို့ ပြန်ပြောပြီး ဖုန်းချလိုက်ပါတယ်။ သူတို့ပြောကာမှ ပြက္ခဒိန်လှန်ကြည့်မိတော့ တောင်ပြုန်းပွဲကျင်းပဖို့ အတော်လေးကို နီးကပ်နေပြီပဲဖြစ်ပါတယ်။ မိမိစိတ် ထဲမှာတော့ လာပြန်ပြီ လူ့ငရဲပွဲကြီးလို့ မကျေမချမ်းရေရွတ်ခဲ့မိပါသေးတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ညရောက်တော့ လူမှုကွန်ရက်ပေါ်က စတေးတပ်တခုမှာ ထေရ၀ါဒဗုဒ္ဓ ဘာသာဝင်တွေဆိုသူတွေ တောင်ပြုန်းပွဲခေါ် မိန်းမလျာပွဲတော်ကို လည်ပတ်သွားလာနေကြတာဖြစ်သင့်၊ မဖြစ်သင့်ဆိုပြီး မိမိရဲ့ မိတ်ဆွေ ဒကာရင်းတချို့ပါဝင်ရောက်ဆွေးနွေးနေကြပါတယ်။ သူတို့တွေ ငြင်းခုံနေကြရင်းကနေ ထုံးစံအတိုင်း မိမိထံကို မေးမြန်းဖို့ ခြေဦးလှည့်လာခဲ့ကြပါတယ်။ မိမိလည်း ဒီလိုပြဿနာတွေနဲ့ ပတ်သက်ရင် ရေးရ၊ ပြောရပါများတော့ အမှန်တကယ်ကို စိတ်ပျက်ငြီးငွေ့နေပါပြီ။ ဒါပေမဲ့လည်း မိမိဟာ မြတ်စွာဘုရားရှင်ရဲ့သားတော်တပါးဖြစ်ပြီး ဘာသာရေးခေါင်းဆောင်လည်း ဖြစ်သည့်အားလျော်စွာ ရှောင်လွှဲဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် အနားရှိတဲ့သူတွေ စပ်မယ်မှန်းသိသိနဲ့ အမုန်းခံကာ ကျမ်းဂန်နှင့်အညီ ရေးသားဖြေဆိုလိုက်ပါတယ်။
တစုံတယောက်ကို သို့မဟုတ် အဖွဲ့အစည်းတခုကို ရှိခိုးခြင်း၊ ကိုးကွယ်ခြင်း၊ ပူဇော်ခြင်း၊ အရိုအသေပြုခြင်းဟာ ဘယ၊ လာဘ၊ ကုလ၊ အာစရိယ၊ နိဿရဏရယ်ဆိုပြီး ငါးမျိုးရှိပါတယ်။ ဘယ-ဆိုတာ ကြောက်ရွံ့လို့ ကိုးကွယ်ခြင်း၊ လာဘ-ဆိုတာ လာဘ်ပစ္စည်းရချင်လို့ ကိုးကွယ်ခြင်း၊ ကုလ-ဆိုတာ မျိုးရိုးအလိုက် ကိုးကွယ်ခြင်း၊ အာစရိယ-ဆိုတာ ဆရာဖြစ်လို့ ကိုးကွယ်ခြင်း၊ နိဿရဏ-ဆိုတာ သံသရာက လွတ်မြောက်ဖို့ ကိုးကွယ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီကိုးကွယ်ခြင်း ငါးမျိုးမှာ သံသရာကလွတ်မြောက်ဖို့ ကိုးကွယ်ခြင်းဆိုတာ ရတနာသုံးပါးကို ကိုးကွယ်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် မွန်မြတ်တဲ့ ကိုးကွယ်မှုဖြစ်ပါတယ်။ ကျန်တဲ့လေးပါးဟာ ဒီကိုးကွယ်မှုလောက် တန်ဖိုးမရှိပါဘူး။
ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေဖြစ်နေလို့ နတ်တွေကို ကိုးကွယ်ခွင့်၊ ပူဇော်ခွင့်လုံးဝမရှိဘူးလို့မဆိုလိုပါဘူး။ သို့သော် နတ်တွေကို ကိုးကွယ် ပူဇော်ပုံနှင့် ရတနာသုံးပါးကို ကိုးကွယ်ပူဇော်ပုံကွဲကွဲပြားပြားသိထားဖို့ လိုအပ်ပါတယ်။ နတ်တွေကို ပူဇော်တာက လောကီအကျိုးကို အခြေခံပြီး ရတနာသုံးပါးကို ပူဇော်တာက သံသရာက လွတ်မြောက်ဖို့ (နိဿရဏ)ကို အခြေခံပါတယ်။ ဒါကြောင့် ဒီနှစ်ခုမှာ ရတနာသုံးပါးကို ပူဇော်တာက ပိုပြီးဂုဏ်ကြီးပါတယ်။ ဒီလိုမှမဟုတ် လောကီအကျိုးကို ပေးနိုင်တဲ့ နတ်တွေက ရတနာသုံးပါးထက် အကျိုးပေးပိုတယ်ထင်ခဲ့ရင် အဲဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာ သာသနာတော်ပျက်စီးသွားပြီ ဖြစ်ပါတယ်။
ထင်ရှားတဲ့ ဥပမာပြရရင် အိန္ဒိယနိုင်ငံတော်ဟာ ဗုဒ္ဓဘုရားရှင် မွေးဖွားရာ၊ သစ္စာလေးပါးသိရှိရာ၊ ပရိနိဗ္ဗာန်စံဝင်တော်မူရာ မဇ္ဈိမဒေသဖြစ်ပြီး သာသနာ့သမိုင်း အလွန်အမင်းထွန်းတောက်ခဲ့တဲ့ နေရာပဲဖြစ်ပါ တယ်။ သို့သော် နောက်ပိုင်းကာလတွေမှာ ယစ်ပူဇော်မှုဝါဒတွေဟာ တခြားဘာသာတွေမှတဆင့် ပြန့်ပွားလာခဲ့ပါတယ်။ ဘယ်လောက်ထိဆိုးဝါးသလဲဆိုရင် ရဟန်းတော်များကိုယ်တိုင် ဘုရားရုပ်ပွားတော်နှင့်အပြိုင် နတ်ရုပ်များကို ကိုးကွယ်ပူဇော်ခဲ့ကြပါတယ်။ လောကီအာရုံကာမဂုဏ်တွေ ကိုခံစားရင်း နတ်တွေကိုပူဇော်ပသပါက မိမိတို့တောင့်တတဲ့ ချမ်းသာခြင်း စည်းစိမ်တွေ မုချရရှိလိမ့်မယ်ဆိုတဲ့ ၀ါဒဟာ တဖြည်းဖြည်း ပြန့်ပွားပြီး လူကြိုက်များလာခဲ့ပါတယ်။ အဲဒီမှာပဲ လာဘ်လာဘကိုမျှော်ကိုးတဲ့ အခိျု့ ရဟန်းတွေဟာ သပိတ်အစား လူဦးခေါင်းခွံများကိုဆောင်းပြီး ဗလိနတ်စာကျွေးခြင်း၊ အင်းအိုင်၊ မန္တာန်စီရင်ခြင်း အစရှိတဲ့ မိစ္ဆာဇီဝအလုပ်တွေကို ပြုလုပ်လာကြပါတယ်။ သာသနာတော်ကြီးအပေါ် နတ်ကိုးကွယ်မှုဆိုတဲ့ အတုအယောင်တွေ လွှမ်းမိုးလာတဲ့အခါ သာသနာတော်ရဲ့ မူလဘူတဖြစ်တဲ့ အိန္ဒိယနိုင်ငံကြီးမှာ စောစောစီးစီးပဲ သာသနာဟာ ပျောက်ကွယ်ခဲ့ရပါတယ်။
ယခုလည်း မိမိတို့နိုင်ငံမှာ ၃၇-မင်းသော နတ်တွေကို ယုံကြည်ကိုးကွယ်နေကြတယ်လို့ လေ့လာသိရှိဖူးပါတယ်။ ဆိုတော့ ဒီနတ်မင်းတွေဟာ သူတော်ကောင်းနတ်တွေလား၊ သူယုတ်မာနတ်တွေလားဆိုတာ သိဖို့လိုအပ်ပါတယ်။ ဘုရှားရှင်ကတော့ သုကမ္မကာရီ- ကောင်းတာကိုလုပ်တယ်။ သုဘာသိတဘာသီ- ကောင်းတဲ့စကားကိုပြောတယ်။ သုစိန္တိတစိန္တီ- ကောင်းတဲ့အကြံကို ကြံတယ်။ အဲဒီလက္ခဏာ သုံးပါးနှင့်ပြည့်စုံရင် သူတော်ကောင်းနတ်တွေ ဖြစ်တယ်လို့ ဟောကြားထားပါတယ်။ ဒီတော့ မိမိတို့နိုင်ငံမှာ ကိုးကွယ် ပူဇော်ပသနေကြတဲ့ နတ်တွေကို ဒီအင်္ဂါရပ်တွေနဲ့ ညှိကြရမှာ ဖြစ်ပါတယ်။
အမှန်တကယ်တော့ ဒီ ၃၇-မင်းသော နတ်တွေဟာ ၀ိနိပါတိက အသုရာလို့ခေါ်တဲ့ နတ်သေး၊ နတ်မွှား၊ နတ်အငယ်စားတွေပဲဖြစ်ပါတယ်။ မျိုးရိုးအားဖြင့် စတုမဟာရာဇ်နတ်မျိုးဖြစ်ပေမယ့် ဘုမ္မဿိတ ၀ိနိပါတိက နတ်ဖြစ်လို့ လူ့လောကမှာ အမှိုက်ကောက်သမားဟာ လူဖြစ်သော်လည်း လူ့အောက်တန်းစားဖြစ်ရသလို၊ နတ်လောကမှာလည်း သူတို့ဟာ နတ်အောက်တန်းစား၊ နတ်သေး၊ နတ်မွှားတွေပဲ ဖြစ်ပါတယ်။ ဒီလိုနတ်တွေကို ကိုးကွယ် ပူဇော်ခြင်းဟာ ကောင်းကျိုးရဖို့ထက်၊ ဆိုးကျိုးရရှိဖို့က ပိုပြီးအလေးသာပါတယ်။ သူတို့မှာ ဘာမျှကြီးကြီးမားမား ဘုန်းတန်ခိုးမရှိကြပါဘူး။
ယနေ့ခေတ်မှာ တောင်ပြုန်းရှိ ဒီလိုနတ်အောက်တန်းစားတွေရဲ့ ပွဲတော်ကို အကြောင်းပြုပြီး စီးပွားရှာနေတဲ့ နတ်ကတော်တွေ ဒုနဲ့ဒေးရှိ ကြပါတယ်။ အစစ်အမှန် နတ်ကတော်တွေ၊ နတ်ထိန်းတွေလည်း သီလက္ခာန်ပါဠိတော် ဗြဟ္မဇာလသုတ်၊ မဟာသီလအခန်းမှာ အာဒါသပဥှာ၊ ကုမာရိကပဥှာ၊ ဒေ၀ပဥှာဆိုတဲ့ အတတ်ပညာမျိုးကို ဘုရားရှင်က ဟောကြားထားတာရှိလို့ရှိမည်မှာ မလွဲပါဘူး။ သို့သော် တကယ်နတ်သွင်းနတ် ခေါ်နိုင်တဲ့ ပညာရှင်တွေက အလွန်နည်းပါးပါတယ်။ လူတွေကို လှည့်ဖြားပြီး စီးပွားရှာနေတဲ့ နတ်ကတော်တွေ၊ နတ်ထိန်းတွေသာ မှိုလိုပေါက်နေကြတာပါ။ ဒါကြောင့် ဘုရားရှင်က နတ်ကတော်တွေသေရင် ပြိတ္တာဖြစ် တတ်ကြောင်း ဟောကြားခဲ့ဖူးပါတယ်။
နောက်တခါ တောင်ပြုန်းနတ်ပွဲကို သွားရောက်ကြတဲ့ လူအများစုဟာ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ကို ကျင့်သုံး နေထိုင်ကြတဲ့သူတွေပါလို့ ကြွေးကြော်ထားတဲ့ သူတွေပဲဖြစ်နေကြပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာ သာဝင်တိုင်းဟာ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံစွာစောင့်ထိန်းရမှာ အားလုံးအသိပဲ ဖြစ်ပါ တယ်။ ဒီငါးပါးသီလရဲ့ ခေါင်ချုပ်ဖြစ်တဲ့ သုရာမေရာယကံလို့ခေါ်တဲ့ သေရည်အရက်သောက်စားမူးယစ်ခြင်းကို ၃၇-မင်းသော နတ်များနှင့်တကွ မိမိတို့ပါ ပျော်ပျော်ကြီးချိုးဖောက်ဖျက်ဆီးနေကြတာဟာ ပါးစပ်က ဘုရားဘုရားတပြီး လက်က ကားယားကားယားလုပ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
လူမှုရေးရှုထောင့်က ကြည့်မယ်ဆိုပြန် ကလည်း တောင်ပြုန်းနတ်ပွဲမှာ နတ်ကနားတပွဲပေးဖို့က ၁၀ သိန်း ၁၅ သိန်းဝန်းကျင်မှာရှိပါတယ်။ ဒါတောင်သိန်းရာချီကုန်တဲ့ အထက်တန်းစားပွဲတွေ မပါသေးပါဘူး။ ဒီလောက်များတဲ့ ငွေပမာဏကို တရက် နှစ်ရက်အတွင်းမှာ ဖြုန်းပစ်လိုက်ကြတာဟာ အင်မတန်ရူးမိုက်ရာကျပါတယ်။ ဒီလိုနေရာမှာ အကုသိုလ်အဖြစ်ခံပြီး ငွေကုန်ခံမည့်အစား ပရဟိတလုပ်ငန်းတွေ၊ ဒုက္ခရောက်နေတဲ့သူတွေ၊ ဆေးရုံဆေးခန်းတွေမှာ အသုံးပြုလိုက်ရင် ကုသိုလ်လည်းရ စိတ်ကြည်နူးမှုတွေလည်း အတိုင်းမသိရရှိကြမှာ မလွဲပါဘူး။
တဖက်မှာလည်း လူပုဂ္ဂိုလ်တွေတောင် မသွားသင့်၊ မသွားအပ်တဲ့ နေရာကို အချို့သော ရှင်ရဟန်းတွေက အရှက်သိက္ခာမဲ့စွာ သွားရောက်လည်ပတ်နေတာကို တိုင်းသိပြည်သိ မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။ အချို့ရှင်ရဟန်းတွေဆိုရင် လိုင်စင်မဲ့ကားတွေ မှာ သာသနာ့အလံကို တလူလူလွှင့်ထူပြီး မိန်းမတွေ၊ မိန်းလျာတွေ တရုန်းရုန်းနဲ့ တောင်ပြုန်းနတ်ပွဲကို ၀င်နွှဲနေကြပါတယ်။ အမှန်တကယ်တော့ ရှင်ရဟန်းဆိုတာ ဒီလိုရှက်ဖွယ်လိလိ ပွဲမျိုးမဆိုထားဘိ သာမန်ဇာတ်ပွဲ၊ အငြိမ့်ပွဲများကိုတောင် မကြည့်ရှုရပါဘူး။ တကယ်လို့ ကြည့်ရှုခဲ့မယ်ဆိုရင် အပြစ်သင့်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေနဲ့ ပြည့်နှက်နေတဲ့ လူပုဂ္ဂိုလ်တွေကို သံသရာက လွတ်မြောက်နည်း ဟောကြားပြောပြပေးရမည့် ရှင်ရဟန်းများ ကိုယ်တိုင်က သီလမစင်ကြယ်ဘူးဆိုရင် တပည့်ဒကာ၊ ဒကာမများအတွက် ဆိုဖွယ်မရှိတော့ပါဘူး။
သာသနာတော်ကြီးကို မျက်နှာမငယ်စေချင်ဘူး၊ ဂုဏ်မညှိုနွမ်းစေလိုဘူးဆိုရင် ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ မိမိတို့ကစပြီး သန့်ရှင်းစင်ကြယ်စွာနဲ့ အများကဲ့ရဲ့မည့် အပြုအမူတွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ် လူတကာနဲ့ရောထွေးပြီး သူတော်ကောင်းလူဝတ်ကြောင်တွေတောင် မပြုလုပ်တဲ့ ရှက်ဖွယ်လိလိ အလုပ်တွေကို လုပ်ကိုင် နေမယ်ဆိုရင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်တန် မအပ်စပ်ပါဘူး။ သာသနာ့ဝန်ကိုမထမ်းဘဲ မိမိတို့ရဲ့ မကောင်းတဲ့ဝန်ကို သာသနာကြီးက ပြန်ထမ်းနေရသလို ဖြစ်နေပါလိမ့်မယ်။ ကိုယ်တည်း ဟူသောအကြောင်းကြောင့် ရှင်ရဟန်းကောင်းတို့၏ ဂုဏ်၊ သာသနာ တော်ကြီး၏ဂုဏ်ကို မညစ်နွမ်းစေသင့်ပါဘူး။
နိဂုံးချုပ်ပြောရမယ်ဆိုရင် အချို့သောရှင်ရဟန်းများအပါအ၀င် ထေရ၀ါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြတဲ့ မည်သူမဆို သာသနာတော်ကြီးအသက်ရှည်စေဖို့၊ ဂုဏ်သတင်းမွှေးပြန့်ဖို့ဆို မိမိတို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာ အမြဲတမ်းအောက်မေ့ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။ မကြာမီကျရောက်လာတော့မည်ဖြစ်တဲ့ တောင်ပြုန်းနတ်ပွဲခေါ် မိန်းမလျာပွဲကို သွားသင့်၊ မသွားသင့်ဆိုတာ မိမိချပြခဲ့တဲ့အပေါ်က အချက်အလက်တွေနဲ့ တိုက်ကြည့်ပြီး မိမိတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေ့ဆက်ပြီးလည်း တောင်ပြုန်းနတ်ပွဲလိုမျိုး အချိန်ကုန်၊ ငွေကုန်ပြီး အကုသိုလ်တွေ တစ်ထောကြီးရမယ့်၊ ဗုဒ္ဓ၀ါဒနှင့်ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီလိုနတ်များ ပူဇော်ပသပွဲမျိုးကို ရှောင်ကြဉ်နိုင်ကြပြီး မိမိတို့၏ အမျိုးဘာသာ၊ သာသနာအကျိုးကို ဆတက်ထမ်းပိုးတိုးတက်စည်ကားအောင် ပြုလုပ်နိုင်ကြပါစေကြောင်း အလေးအနက်တိုက်တွန်းအပ်ပါတယ်။
ဓမ္မသုတေသီ(မန္တလေး)