လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, September 14, 2012

ရှင့်လည်းလျှောက်သာပျားလည်းဆွဲသာ မဲ့နည်း။


 
World of wisdom ပို့စ်မှာ ယခုနှစ်မေ ၂၅ ရက်မှာ ဒကာမတစ်ဦးက မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးများ နောက်ဆက်တွဲ အနေနဲ့ ကိုယ်ဝန်ဆောင်ရခြင်းဒုက္ခ၊ ဖခင်မပေါ်တဲ့ ကလေးကို မွေးဖွားခြင်းကြောင့် လူ့အသိုင်းအ၀ိုင်းထဲမှာ မျက်နှာ မပြ နိုင်ပဲ၊ လူမှု့ရေး ဒုက္ခများကိုပါခံစားကြရကြောင်း၊ အဲဒီလို အနှိပ်စက်ခံ မိခင်လောင်း အမျိုးသမီးလေးတွေကိုကူညီပေး မိပါက၊ ပါဏာတိပါတကံထိုက် ပါသလားလို့မေးထား ပါ တယ်။

ဆရာတော်မှ- ဘုရားဟော တရားတော်တွေကို ထောက်ဆဖြေပေးရရင်ဖြင့် ပါဏာတိပါတကံ ထိုက်တယ် လို့ မှတ်ရ မယ်ဖြစ်ကြောင်း ပါဏာတိပါတအကုသိုလ်ကံမှာ လူသားကို ဖြစ်စေ တိရိစ္ဆာန်တွေကို ဖြစ်စေ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် သေစေတဲ့ အင်္ဂါ ချက် စုံရင် ကံမြောက်ကြောင်းဖြေဆိုထားပါတယ်၊

ပါဏာတိပါတ အင်္ဂါ -ပါး
(
) ပါဏ- သက်ရှိထင်ရှား သတ္တ၀ါဖြစ်ခြင်း၊
(
) ပါဏသညိတ- သက်ရှိသတ္တ၀ါဟု သိနေခြင်း၊
(
) ဃာတ စိတ္တ- သတ်လို သေစေလိုသောစိတ်ရှိခြင်း၊
(
) ဥပက္ကမ- သေအောင် ပါးစပ်ဖြင့်လည်းကောင်း၊ ကိုယ်တိုင်အားထုတ်၍လည်းကောင်း လုလ္လပြု ခြင်း၊
(
) မရဏ- ကိုယ့်ပယောဂကြောင့် တဖက်သား သေသွားခြင်း။

ရှောင်လွှဲနိုင်တဲ့ နည်းကတော့ နစ်ဦးသား စပ်ယှက်ပြီးချိန်မှနောက် () ရက်ကျော်လွန်လျင် ကလလရေကြည် တည်တယ်၊ အဲဒီအချိန်မှာ ကိုယ်ဝန်သန္ဓေသား အသက် ၀ိဥာဉ် ရှိနေပြီ လို့ မြတ်စွာ ဘုရားရှင် ဟောတော်မူထားတာကြောင့် အဲဒီ ရက်အတွင်း ဆေးစား ဆေးထိုးလုပ်ရင်ဖြင့် ပါဏာတိပါတကံ ကို ရှောင်နိုင်ပါမယ်။ လို့ဖြေဆိုထားပါတယ်။

ယခုခေတ်မှာ အရေးပေါ်သန္ဓေတားဆေးတွေပေါ်ပေါက်လာပါတယ်။ ဒီအရေးပေါ် သန္ဓေတားဆေး ဆိုတာက လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာ ဆေးသောက်ရင် သန္ဓေမတည်နိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဆေးက ယောက်ျား မျိုးဥ (sperm) ကိုသတ်ပြစ်လို့ပါ။ မြန်မာပြည်မှာ Cipla ကုမ္မဏီက ထုတ် တဲ့ Pill 72 ကို Vimal Company က တင်သွင်း လို့ ၀ယ်ယူရရှိနိုင်တယ်လို့ဆိုပါတယ်။ အဲ့ဒီဆေးက ဆေးလုံးနှစ်လုံးပါပြီး၊ ပထမဆေးတစ်လုံးသောက်ပြီး ၁၂ နာရီကြာ ရင်နောက် တစ်လုံးသောက်ရမယ်လို့ဆိုပါတယ်။ ဆေးသောက်ပြီး ပျို့အံနေခဲ့ရင်ပြန်သောက်ရပါမယ်။ ဆေးလုံး တစ်လုံး သာသောက်ရတဲ့ အရေးပေါ်သန္ဓေတားဆေးတွေလည်းထပ်ပေါ်လာပြီးလို့သိရပါတယ်။


 
ယောက်ျားမျိုးဥ (sperm) တွေဟာအခြားသောဆဲလ်တွေလိုပဲ အမမျိုးဥ (ovum) နဲ့မပေါင်းရင် သန္ဓေသားလည်း မဖြစ်နိုင်၊ အသက် ၀ိဥာဉ်လည်းမရှိတာမို့ ပါဏာတိပါတ အကုသိုလ်ကံလည်း ထိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မုဒိန်းမှုလို အမှု မျိုးမှာအရေးကြီးတဲ့ကိစ္စတွေလုပ်ဖို့ရှိပါတယ်-

၁။ ပထမအနေနဲ့ မုဒိန်းမှုကျူးလွန်ခံရတာကိုအရေးယူဖို့အတွက်ဆေးရုံကိုသွားရောက်ဆေးစစ်ခံဖို့လိုပါ တယ်။ ဆေးရုံမှာ ဆေးစစ်ခြင်းအားဖြင့် ဒါဏ်ရာအခြေအနေကိုသိနိုင်၊ကာကွယ်ကုသနိုင်တဲ့အပြင်၊ရုံတော် မှာသက်သေပြနိုင်ပါတယ်။ ယခု ခေတ်မှာ မိန်းမကိုယ်မှာကျန်ခဲ့တဲ့မုဒိန်းသမားရဲ့ ယောက်ျားမျိုးဥ (sperm) တွေ ကနေမုဒိန်းသမားကိုရှာဖွေနိုင်ပါတယ်။

၂။ လိင်ဆက်ဆံမှုကြောင့်ကူးဆက်တတ်တဲ့ ဆိုးဝါးသောလိင်ရောဂါတွေ ဥပမာ AIDS ရောဂါ၊ စစ်ဖလစ် ရောဂါ၊ ဂနိုရောဂါ စတာတွေ မကူးဆက်အောင်၊ နဲ့ကူစက်မိသွားရင်အမြန်ဆုံးကုသနိုင်ဖို့ ဆရာဝန်နဲ့ဆက်လက်ဆေးစစ်ဆေး မှုများပြုလုပ်ဖို့ လည်းလိုအပ်ပါတယ်။

မုဒိန်းကျင့်ခံရသူနဲ့ မိသားစုရဲ့စိတ်ဓါတ်ပြောင်းဖို့လိုပါတယ်။ မုဒိန်းကျင့်ခံရတာကိုယ့်အပြစ်မဟုတ်ပါဘူး၊ ပတ်ဝန်ကျင်က နားမလည်လည်းကိစ္စမရှိပါဘူး။ အကုသိုလ်လုပ်တာမဟုတ်တဲ့ အတွက်ရှက်စရာ မဟုတ်ပါ ဘူး။ ဆေးစစ်ခံခြင်း၊ တရားရုံတွင် သက်သေခံခြင်းဖြင့် နောင်အမျိုးသမီးများ မုဒိန်းကျင့်ခံရခြင်းမှ ကာကွယ် နိုင်မှာဖြစ်တာကြောင့် ကုသိုလ်ပြုရာရောက် လို့ဂုဏ်ယူရမှာပါ။

၎။ သတိထားရမဲ့အချက်က ဘယ်သန္ဓေတားဆေးမှ ၁၀၀ % မကာကွယ်ပေးနိုင်ဘူးဆိုတာပါပဲ။  များသော အားဖြင့် ၉၀ ရာခိုင်နှုန်းကျော်တော့ စိတ်ချရပါတယ်။ ဒါကြောင့်သန္ဓေတားဆေးသောက်ထား တယ်ဆိုပြီး မေ့မေ့ လျော့လျော့ မနေ သင့်ပါဘူး။


တိုက်ဆိုင်လာလို့ဗဟုသုတအနေနဲ့ အခြားသောသန္ဓေတားနည်းများနဲ့ ၎င်းတို့ရဲ့ အကျိုးကျေးဇူး များကို ဖေါ်ပြလိုက်ပါတယ်။ သန္ဓေတားနည်းများကို contraception လို့ခေါ်သလို Birth control, fertility control, family planning, safe sex  လို့လဲခေါ်ပါတယ်။

၁။ ယောက်ျားမျိုးဥ (sperm) နဲ့ အမျိုးသမီးမျိုးဥ (ovum) မပေါင်းမိစေရန်အတွက် ယောက်ျားလိင်အင်္ဂါတွင် (condom-အဖေါ်) ခေါ် အစွပ် စွပ်ထားခြင်း။ ဤနည်းဖြင့် AIDS ရောဂါ၊အပါအ၀င် လိင်ဆက်ဆံခြင်း ကြောင့် ကူးဆက်သောရောဂါ (sexually transmitted disease STD) တော်တော်များများ ကို ကာကွယ် နိုင်ပါတယ်။ ဒီနည်းက အစားအစာရောင်းသူများ လက်မှရောဂါများအစားများသို့မကူရန် လက်အိပ်စွပ် ကိုင်တွယ်တာနဲ့အလားတူပါတယ်။

ယောက်ျားလိင်အင်္ဂါအတွက် (condom-အဖေါ်)။

 
 


၂။ ယောက်ျားလိင်အင်္ဂါတွင်အစွပ်စွပ်သကဲ့သို့ မိန်းမကိုယ်တွင်စွပ်သောအမျိုးသမီး (condom) လည်း အသုံးပြုနိုင်ပါတယ်။ ဤနည်းဖြင့်လည်း STD ရောဂါတော်တော်များများကို ကာကွယ်နိုင် ပါတယ်။ ဒီနည်း ကိုဆေးဗဟုသုတရှိသောအနောက်နိုင်ငံမှ လိင်ကိစ္စဖြင့်အသက်မွေးသောသူများ (sex worker) အသုံးပြု လေ့ရှိပါတယ်။ ဒီနည်းကအမှိုက်ပုံများမပေရန် ပလပ်စတစ်အိပ်စွပ်ထားသည်နဲ့တူပါတယ်။ ဆိုဒ် (size) အမျိုးမျိုးရှိပါတယ်။ မိန်းမကိုယ်အပြင်၊ကျင်ကြီးပေါက်တွင်လည်းအသုံးပြုနိုင်သည်။

အမျိုးသမီး (condom)


 

၃။ လိင်ဟောမုန်းများသောက်ခြင်း၊ကိုယ်တွင်ကပ်ခြင်း၊ထိုးခြင်း။ ဒီနည်းများက ရောဂါကူးဆက်ခြင်းကို မကာကွယ်နိုင် ပါဘူး။ နောက်ပြီး နေ့စဉ်ဆေးသောက်ရတဲ့ဆေးမျိုးမှာ မေ့ပြီးမသောက်မိရင်ကိုယ်ဝန် ရှိနိုင်ပါတယ်။ အမြဲဆွဲသောက်ရင် အချို့ဆေးများက ကိုယ်အလေးချိန်တိုးခြင်း၊ သွေးတွင်း အဆီများခြင်း နှင့် ၎င်းကြောင့်ဖြစ်သော သွေးတိုးရောဂါနှင့် နှလုံးရောဂါများဖြစ်နိုင်ပါတယ်။ အချို့အမျိုးသမီးများမှာ ဆေးရပ်သော်လည်းခလေးမရတော့ခြင်းစသည်များဖြစ်တတ်ပါတယ်။




၎။ ဆရာဝန်များနှင့်သားအိမ်အတွင်း၌ ပစ္စည်းငယ်လေးများ (intrauterine devices (IUDs)) ထဲ့ထားခြင်း။ ဒီနည်းမှာ ထဲ့ထားသော IUDs များသားအိမ်အတွင်းရှိနေတယ်ဆိုတာ သေခြာဖို့လိုပါတယ်။ အချို့အမျိုး သမီးများမှာထဲ့ထားသော IUDs များထွက်ကျသွားတဲ့အတွက်ကိုယ်ဝန်ရသွားတတ်ပါတယ်။ ဒီနည်း ကလည်း လိင်ရောဂါများကိုမကာကွယ်နိုင်ပါဘူး။







၅။ သားကျော်ဖြတ်ခြင်း။ အမျိုးသား (၀ါ) အမျိုးသမီး သားကျော်များကိုခွဲစိပ်၍ဖြတ်ထားနိုင်ပါတယ်။ ဒီနည်းကလည်း လိင်ရောဂါများကိုမကာကွယ်နိုင်ပါဘူး။ ဒီနည်းကို များသောအားဖြင့် မိသားစုပြည့်စုံ နေသော အိမ်ထောင်သည်များတွင် ပြုလုပ်လေ့ရှိပါတယ်။ ရှားရှားပါးပါး တစ်ခါတစ်ရံဖြတ်ထား သော သားကျော်သူ့အလိုလိုပြန်ဆက်ပြီး ခလေးရရှိတာ မျိုး မှတ်တမ်းများရှိပါတယ်။


၆။ အမျိုးသမီးရဲ့မိန်းမကိုယ်မဟုတ်ပဲ ပါးစပ်ပေါက်၊ကျင်ကြီးပေါက်များဖြင့်လိင်ဆက်ဆံခြင်း။ STD ရောဂါများ ကူးဆက် မှုနည်းတယ်လို့ဆိုပါတယ်။

ရ။ အမမျိုးဥကြွေချိန်ကိုရှောင်၍လိင်ဆက်ဆံခြင်း။ အမမျိုးဥကြွေချိန်ကများသောအားဖြင့် မီးရပ်စ လာ သည်မှ ၁၄ ရက် အတွင်းဖြစ်တတ်ခြင်း(အမျိုးသမီးတစ်ဦးနှင့်တစ်ဦးကွာခြားခြင်း၊တစ်ဦးတည်းမှာ ပင် တစ်လနှင့်တစ်လ ၈-၂၀ရက်အထိ ကွာနိုင်ခြင်း)၊ အမမျိုးဥကြွေချိန်မှာ အမျိုးသမီးရဲ့ကိုယ်အပူချိန် တစ် ဒီဂရီဖါရင်ဟိုက်ကျတာမို့ နေ့စဉ်ကိုယ်အပူချိန် ချိန်ပြီး မျိုးဥကြွေချိန်ကို လေ့လာခြင်း၊ကလေးနို့တိုက် သော မိခင်းများမှာ မျိုးဥမကြွေ တတ်ခြင်း စသော အကြောင်းများ ကြောင့် ဒီနည်းကို အချို့အသုံးပြုကြပါတယ်။ ဒီနည်းက မသေခြာတာကြောင့် ကိုယ်ဝန်တစ်ကယ် မလိုချင် သူများ မသုံးသင့် ပါ ဘူး။

၈။ (Withdrawal or pulling out ) လိင်ဆက်ဆံစဉ်အမျိုးသားမှ၎င်းရဲ့ သုတ်ရည်များ (ejaculation) ကိုမိန်းမကိုယ် အပြင်သို့ ထုတ်ပြစ်ခြင်း။ ဒီနည်းက အမျိုးသားအနေနဲ့ကျွမ်းကျင်စွာ အချိန်မှီမလုပ် တတ် ရင်ဖြစ်ဖြစ်၊ ၄၁% သော အမျိုးသားများတွင် ယောကျာ်းမျိုးဥများ သုတ်ရည်မထွက်ခင်က ရှိနေတတ်တာ ကြောင့် ကိုယ်ဝန်ရဖို့အခွင့် အရေးပို များပါတယ်။ လိင်ရောဂါတွေကိုလည်းမကာကွယ်နိုင်ပါဘူး။

 

ကျမ်းကိုး

၁။http://en.wikipedia.org/

၂။ ဒေါက်တာသက်တန့်ချိုဆိုဒ်မှ သူနဲ့တွေ့မှစိတ်ချရပြီ။

No comments:

Post a Comment