လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, August 11, 2017

မီးဖိုေ ချာင်ထဲက လူသတ်ကောင်များ


ကျနော်က အောက်ပါပစ္စည်းတွေ
ပြင်ပေးနေရသူဆိုတော့
“အရည်သွေးမပြည့်မှီ”သော
မီဖိုချောင်သုံး စားစရာသောက်စရာများအတွက်
မရှိမဖြစ် အသုံးပြုနေသော
အရာများကို အမြဲထိတွေ့ပြင်ဆင်နေရပါသည်။

* ဒယ်နီအိုးအချို့ မှ ခဲသတ္တုများ
အစားအစာများ ချက်ပြုတ်ရင်း
ပျော်ဝင်နိုင်ပါသည်။
ခဲဆိပ်သင့်နိုင်ပါသည်။

(အချို့ဒယ်နီအိုးကို
ဟင်းမချက်ဘဲ ရေကြီးသက်သက်ထည့် ကျိုပြီးစမ်းကြည့်တဲ့အခါ ရေနွေးကျိုသလိုမရဘဲ
ရေတွေက ညိုသွားတယ်။
စတီး ဇွန်းနဲ့ ခြစ်ပြီးမွှေလေ
ပိုညိုလာလေပဲဗျာ)

* ရေနွေကျိုအိုးအချို့တွင်လည်း
ဤနည်းတူပင်။
* ပေါင်းအိုးလည်း အရည်သွေး မပြည့်မှီလျှင် အန္တရာယ်ရှိနိုင်ပါသည်။
* ဓာတ်ဘူးများကို ရေနွေးကျက်ကျက်ဆူများလောင်ထည့်လိုက်တဲ့အခါ
ပြဒါးအမှုန့်လေးများ ရေပေါ် ရေထဲ တွင် ပြန့်နှံနေသည်ကို သင် မြင်ဖူးမည်ဖြစ်ပါသည်။
ပြဒါးဆိပ်သင့်နိုင်ပါသည်။

* သစ်သီးဖျော်စက် အချို့၏ ဓားဒလက်များ သံချေးများတက်နေသည်ကို အကြိမ်ကြိမ်တွေ့ဖူးပါသည်။
မသုံးသင့်ကြောင့်ပြောပြဖူးပါသည်။

သို့သော်ာ်ာ် ——–
ထို့သို့ နေစဉ်နှင့်အမျှ ထိတွေ့နေရသော
အလွန်အန္တရာယ်များသော အရာများအား
“စားသုံးသူကာကွယ်ရေးရှုထောင့်”မှ ကြည့်ရှု၍
အမျိုးသားကျန်းမာရေးစီမံချက်များအဖြစ်
ဆောင်ရွက်သင့်လှပေသည်။

crd /ထိန် လင်း မောင်

No comments:

Post a Comment