လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, August 30, 2017

ကြက်ကင်နည်း

Follow · 28 AugustEdited 
 
ကြက်ကို ကြောဘက်မှ ဒီလို ခြမ်းလိုက်ပါ

# ပြီးရင်ဆားနဲ့ဆီ/ငရုတ်ကောင်း ထည့် နယ်ပါ
ငရုတ်သီးမှုန့်  ( အရောင်တင်မှုန့်  )
( paprica) ထည့်နယ်ပါ့ ပြီးရင် ကင်ပါ
( ဒါက ဥရောပနည်း )

# နောက်တစ်နည်းက ဆား/ခရုဆီ/သကြား/
ဟင်းခပ်မှုန့် /ပဲငံပြာရေ အနောက် ထည့်နယ်ပါ ပြီးရင်ကင်ပါ ( ဒါက တရုတ်နည်း )

# ဂျင်း/ကြက်သွန်ဖြူ /နီ /စပါးလင်/နနွင်းတက် /ငရုတ်သီးစိမ်း/နီ အကုန်ကို ရေအနည်းငယ် ထည့်ကြိတ်ပြီး ဆားနဲ့ အရသာထည့်
ကြက်သားကို နယ်ပြီး ခဲပြား နဲ့ ပတ်ကင်ပါ
( ဒါက မလေးရှားနည်း )

# ဆီ/ငရုတ်သီးမှုန့် /ဆား/ဟင်းခပ်မှုန့် /တရုတ်မဆလာ ထည့်ပြီး ကြက်ကို နယ်ပြီးကင်ပါ
( ဒါက မြန်မာနည်း )

# ဆား/သံပုရာရေ/(ဂျင်းနဲ့ ကြက်သွန်ဖြူ
ဆတူကြိတ်ထားသော အနှစ်)/ငရုတ်သီးမှုန့် /ကြက်ဥ တစ်လုံးထည့်/ ဒိန်ချ ဉ် အနည်းငယ်/ garam masala အမှုန့် / ( အနီရောင်ဆိုးဆေး အနည်းငယ်) ( food colour )
တိုနဲ့ ကြက်သားကိုနယ်ပြီး ကင်ပါ
( ဒါက အိန္ဒိယနည်း ) ( Tandoori )

# ကြက်သားကို ဆားနဲ့ ငရုတ်ကောင်းထည့်နယ် သံလွင်ဆီ သို့ မဟုတ် ပြောင်းဆီနဲ့
ကြက်ကို သုတ်လိမ်းပါ
ကြက်ကို အကောင် အတိုင်း ဗိုက်ထဲမှာ
(ကြက်သွန်ဖြူ /နီ/ဂျင်းထည့် ပြီး အခြမ်းလိုက်)
ကြက်ရဲ့ ဖင်ဝကနေ တိုက်ဂါး ဘီယာ
တစ်ဗူး ဖောက်ပြီး ဖင်ကို တေ့ထားပါ
ကြက်ကို ထောင်ထားပြီး
မီးဖုတ်ပါ ( ဖစ်လပိုင် နည်းပါ )

# ရေပွက်ပွက်ဆူထဲ ဆား/ဂျင်း/နံနံပင်
ထည့်ပြီး ကြက်ကို ၁၀ မိနစ်ခန့် ပြုတ်ပါ
ပြန်ဆယ် ပြီး ဆီပူပူမှာ ၅ မိနစ်ခန့်  နှစ်ကြော်ပါ့  ပြန်ဆယ်ပြီး ပြားရည် ၃ ခါ သုတ်
ကင်ပါ ( ထိုင်းနည်း ) 

No comments:

Post a Comment