လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, August 30, 2017

ကြက်သားဟင်းထုပ်

ည​နေခင်းအစာ​ပြေ..
ကြက်​သားဟင်းထုပ်​လုပ်​စားတယ်
ဘူမှဝယ်​မ​ကျွေးကြ​တော့
ကွာ့ကိုယ်​လုပ်​စားရတာ​ပေါ့
အဓိကထုပ်တဲ့​ဖက်​မရှိ​တော့
ကြံရဖန်​ရပြန်​​ရော
အာ့နက်​ည​လေး​တျောက်​မုန့်​ဖက်​ထုပ်
လက်​​ဆောင်​​ပေးလို့
အယ့်​ဖက်​​လေးမလွင့်​ပစ်​ဖဲ
အာ့​လေးနဲ့လုပ်​ရတဲ့ဘွ
ဖက်​ကနဲ​တော့ဇလုံထဲဖက်​ခင်း
အစာထည့်​ အ​ပေါ်ကဖက်​တရွက်​အုပ်​ပီး
ပေါင်းပြိုက်​သာ​ပေါ့
စားချင်​အုန်းဟယ့်​ ဟင်းထုပ်​ဆိုပြီး
အမုန်းဆွဲပြိုက်​သယ်
သူနဲ့တွဲစားဘို့..
ဲကြက်​သွန်​ဖြူနဲ့ငြုတ်​ဆီချက်​ ဂျူးမြစ်​တို့လိုအပ်​ပါတယ်
ခုဟင်းထုပ်​ထဲထည့်​တာ..
မွေးဆန်​အစိမ်းမူန့်​..၂ထုပ်
မွှေး​ကောက်​ညှင်းမူန့်​တဝက်
ကြက်​သွန်​နီမြိတ်​..... လက်​တဆုပ်
ကြက်​သွန်​ဖြူနီနုတ်​နုတ်​စင်း အနဲငယ်
ဆီ အချိုမူန့်​ ကြက်​သားမူန့်​. အနဲငယ်​စီ
ကြက်​သားပြုတ်ပီး​နုတ်​နုတ်​စင်း လက်​တဆုပ်
အားလုံးကို​ရောသမ​မွှေပြီး​ရေနဲနဲချင်းထည့်​နယ်​ပါ..​ရေနဲ့အားလုံး​ရောသမသွားရင်​အရည်​စပ်​စပ်​​လေးဖြစ်​​နေရင်​​ပေါင်းရန်​အသင့်​ပါ..ဇလုံတခုထဲဖက်​ခင်းမုန့်​နှစ်​ရည်​​တေ​လောင်းအ​ပေါ်ကဖက်​တရွက်​အုပ်​အဖုံးအုပ်​ပြီး
အိုးကြီးတလုံးထဲ​ရေ တဝက်​ထည့်​ ဇကာခံမုန့်​နှစ်​ဇလုံထည့်​ဇကာကိုအဖုံးလုံ​အောင်​အုပ်​ပြီး၄၅မိနစ်​ခန့်​​ပေါင်းပါ
ကျက်​မကျက်​သိချင်​ရင်​ မုန့်​နှစ်​ထည့်​ထားတဲ့ဇလုံအလည်​ကိုဓားဦးချွန်​နဲ့ထိုးကြည့်​ မုန့်​နှစ်​ကပ်​ပါမလာရင်​ကျက်​ပါပြီ..
ကျက်​​တော့မှဘန်းတခုထဲ​မှောက်​ချပြီးလိုသလိုလှီးစားနိုင်​ပါတယ်
ကြက်​သားမူန့်​ကအငန်​ဓာတ်​ပါလို့ဆားမထည့်​ဘူး ငန်​သွားရင်​စားမ​ကောင်းဘူး​နော်​..

No comments:

Post a Comment