လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, July 26, 2017

တုတ်ကွေးရောဂါ ဆေး

ယခု ရန်ကုန်မှာ H1N1 ရောဂါဖြစ်နေတယ်လို့သိရပါတယ် လူ ၂ ယောက်သေဆုံးသွားပြီလို့လဲသိရပါတယ်၎င်းရောဂါအတွက်ဆေးနည်းမပေးခင်မှာ H1N1 ရောဂါနှင့် ရောဂါပိုးရဲ့လက္ခဏာသဘာဝကိုရှေးဦးစွာရှင်းပြချင်ပါတယ်
H1N1 ဆိုတာ တုတ်ကွေးရောဂါလို့သိရပါတယတုတ်ကွေးမှန်လျင် ” ပထဝီ ဥဏှ+အာပေါသီတ ” ကြောင့်ဖြစ်တဲ့ရောဂါတွေချည်းပါပဲ
ရှင်းအောင်ပြောရပါလျင် ” အတွင်း ပထဝီ ဥဏှကို အပြင်အာပေါသီတပတ်ဖွဲ့စည်းခြင်း ” ကြောင့် အတွင်းပထဝီဥဏှမငြိမ်းနိုင်တော့ပဲ ပိတ်လှောင်ခံထားရသည့်ဓာတ်သဘောကြောင့် ၄င်းတုတ်ကွေးရောဂါဖြစ်လာရတာပါပဲ
တုတ်ကွေးမှန်လျင် မိုးရာသီကာလ သို့မဟုတ် အတွင်းပူအပြင်အေးသောနေရာဒေသ ( အထူးသဖြင့် ဥရောပနှင့်အမေရိက အစပ် / ကုန်းမြေပိုင်းနှင့် ပယ်လယ် အစပ် /မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အစပ် ) တွေမှာ အများဆုံးဖြစ်တတ်လေ့ရှိကြပါတယ်
( ဥရောပတိုက်သည် အတွင်းပထဝီပျက်စီးသော ပထဝီ ဝါယော များရာ ရာဟုဂြိုဟ်အရပ် + အမေရိကတိုက်သည်ရေခဲဓာတ်ခေါ် သောကြာဂြိုဟ်အရပ် // မြန်မာနိုင်ငံ သည်အပြင် ပထဝီ ပျက်စီးသော ပထဝီ ဝါယော များရာ အင်္ဂါဂြိုဟ်အရပ် + အိန္ဒိယနိုင်ငံသည် အပြင်အာပေါများရာ ရေကြဲဓာတ်ခေါ် ဗုဒ္ဓဟူဂြိုဟ်အရပ် // ပင်လယ်စပ်ကုန်းမြေသည်ပထဝီကြဲပွရာ ပထဝီဝါယောအရပ် + ပင်လယ်ပြင်သည်အာပေါအရပ် )
တုတ်ကွေး ဟူသည် ပထဝီကြေပျက်ကာ ဝါယောထကြွမှုကို အာပေါပတ်ဖွဲ့ခြင်းကြောင့် မပွင့်နိုင်သောပထဝီဥဏှဝါယော၏ မငြိမ်းသောအပူရှိန်ဖြစ်ပေါ်မှုကြောင့် ဖြစ်လာရတာပါပဲ
နွေရာသီ ကာလရဲ့အပူကြောင့် ပထဝီ ပျက်စီးကာ ပထဝီ ဝါယောထကြွနေချိန်မှာ မိုးရာသီရဲ့အာပေါဓာတ်က အပြင်မှပတ်ဖွဲ့စည်းမှုဖြစ်ရာမှ အတွင်းပထဝီဥဏှဝါယောမငြိမ်းနိုင်ဖြစ်ရာမှ တုတ်ကွေးဟူ၍ ဖြစ်လာရတာပါပဲ ။
H1N1 ရောဂါပိုးရဲ့ အရောင်အဆင်းနှင့်ပုံသဏ္ဍာန်ကိုဓာတ်ခွဲပြလိုပါတယ်
အဘိဓမ္မာတရားတော်ထဲက ” အဋ္ဌကလပ် ရှစ်ပါး ” ကိုအဓိကအခြခံရပါမယ်
ပထဝီ တေဇော ဝါယော အာပေါ ထိုလေးပါးတို့ကဓာတ်လေးပါး ။ဝဏ္ဏ ဂန္ဓ ရသ သြဇာ ထိုလေးပါးတို့က ဓာတ်လေးပါးတို့ရဲ့လက္ခဏာလေးပါး ။
ထို ဓာတ်လေးပါး + လက္ခဏာ လေးပါးပေါင်းကိုအဋ္ဌကလပ်ရှစ်ပါးလို့ခေါ်ပါတယ်
တေဇောဓာတ် ရဲ့ လက္ခဏာ က ဝဏ္ဏဝါယောရဲ့လက္ခဏာက ဂန္ဓအာပေါရဲ့ လက္ခဏာ က ရသ ပထဝီ ရဲ့ လက္ခဏာ က သြဇာဒါတွေက အဓိကအများဆုံးသက်ဆိုင်နေကြတာကိုပြတာပါဓာတ်ခွဲရာမှာတော့ အားလုံးသက်ဆိုင်တယ်ဟူ၍မှတ်ပါ( ပညာရှင်မှသာလျင် ကောင်းစွာခွဲနိုင်ပါလိမ့်မယ

ဆိုလိုချင်တာကတော့ မည်သည့်ရောဂါပိုးမဆိုအဋ္ဌကလပ်ရှစ်ပါးနှင့်ကြည့်လျင် မည်သည့်ဓာတ်လွန်ကဲနေသောအကောင်ဆိုတာကို ခွဲခြားသိမြင်နိုင်ပါတယ်
ပုံထဲမှာပြထားတဲ့ H1N1 ရောဂါပိုးရဲ့ အရောင်အဆင်းနှင့် ပုံသဏ္ဍာန်ကိုကြည့်သော်
၁။ ။ခရမ်းပြာရောင်ဖြစ်နေခြင်း
၂။ ။တောက်ပသောအရောင်ရှိခြင်း
၃။ ။လုံးသောပုံသဏ္ဍာန်ရှိနေခြင်း
၎။ ။ဆူးချွန်များရှိနေခြင်း
ဤလက္ခဏာလေးရပ်ကိုမြင်ပါတယ်
ခရမ်းပြာရောင် ဟူသည် ပထဝီ ဥဏှဓာတ်လွန်ကဲရာမှ ပထဝီ ဓာတ် တို့ပျက်စီး၍ ဝါယောထကြွနေသော ” ပထဝီ ဝါယော ” ၏အရောင်ဖြစ်သည်ဤသည်ကိုကြည့်လျင် ပထဝီ ဓာတ် ပျက်စီးမှုလွန်ကဲနေသည်ကို အထင်အရှားတွေ့ရသည်တစ်နည်းပြောရသော် ပထဝီ ဝါယောလွန်ကဲနေသည်ဟူ၍ဆိုနိုင်သည်
အရောင်တောက်ပနေခြင်းသည် ဥဏှ တေဇောဓာတ် လွန်ကဲနေသည်ကိုအထင်အရှားပြနေသောလက္ခဏာပင်
ဖြစ်လေ၏ တေဇော များခြင်းသည် အာပေါ ၏ ဖွဲ့လှောင်ထားမှုများနေသောကြောင့်သာလျင်ဖြစ်လေ၏ ( အာပေါမဖွဲ့လျင် တေဇောတို့ပျံ့လွင့်ကြဲဖွာသည်ဖြစ်၍ အရောင်မတောက်နိုင်ပေ )ဤသည်ကိုကြည့်လျင် အာပေါဓာတ်ပတ်ဖွဲ့မှုလွန်ကဲနေသည်ကိုလည်း အရောင်တောက်ပခြင်းက အထင်အရှားပြနေသည်မို့ အာပေါ့ ပတ်ဖွဲ့မှုလွန်ကဲနေသည်ဟူ၍သိပါလေ ။
ပုံသဏ္ဍာန်အားဖြင့် လုံးသောပုံသဏ္ဍာန်ရှိနေလေ၏ ဓာတ်လေးပါးတို့အလိုက် ပုံသဏ္ဍာန်တို့ကိုခွဲပြရသောဝိုင်းလျင် အာပေါ
ရှည်နွယ်ကာ အခက်အလက်ဖြာလျင် ဝါယောအခက်အလက်မဖြာပဲ ရှည်လျားနေပါက တေဇောမဝိုင်းမရှည်ပဲ အခက်အလက်ဖြာနေပါက ပထဝီ( သက်ရှိသက်မဲ့ မည်သည့်အရာမဆို ဤလက္ခဏာအသွင်သဏ္ဍာန်ကိုကြည့်ကာ ဓာတ်ကိုသိနိုင်လေ၏ / မှတ်ချက်ယခုပြခဲ့သည်မှာ အကျဉ်းမျှသာဟူ၍မှတ်ပါလေ )အထက်၌ပြခဲ့သော ပုံသဏ္ဍာန်နှင့်ဓာတ်အရှိတို့ကိုကြည့်ခြင်းဖြင့် ” အဝိုင်းပုံသဏ္ဍာန် ” ဖြစ်သောကြောင့်” အာပေါဓာတ်ကောင် ” ဟူ၍ ဆိုနိုင်လေ၏ထိုကြောင့် ” သွေး ” နှင့်သာလျင် အဓိကသက်ဆိုင်သည်ဟူ၍ မှတ်ပါလေတစ်နည်း ” သွေး ” မှဖြစ်သောပိုး / သွေးမှာအများဆုံးနေသောပိုးဟူ၍ ဆိုနိုင်လေ၏ ။

ဆူးချွန်များလည်းပတ်ပတ်လည်ရှိနေသည်မို့ တေဇော ရဲ့လက္ခဏာအထင်အရှားပြနေလေ၏ဤသည်ကိုကြည့်လျင် ” ဥဏှတေဇောဓာတ် ” လွန်ကဲနေသည်ဟူ၍ ဆိုနိုင်သည်
ပတ်ပတ်လည်ရှိနေခြင်းကြောင့် အခက်ဖြာခြင်းသဘောရှိနေသည်မို့ ” ဝါယောဓာတ်လဲ ပါဝင်နေသည်ဟူ၍ဆိုနိုင်သည်
ယခုပြခဲ့သော လက္ခဏာတွေကိုဝေဘန်ထောက်ရှုလိုက်သော် ပထဝီ ပျက်စီးမှုလွန်ကဲနေ၍ ပထဝီဝါယောလွန်ကဲနေသည်ကို အာပေါလွန်ကဲစွာပတ်ဖွဲ့စည်းထားသောလက္ခဏာဖြစ်နေသည်ကို အထင်အရှားတွေ့ရပေလိမ့်မည်
အထက်မှာပြခဲ့သော ” တုတ်ကွေးရောဂါ ဖြစ်ရခြင်းအကြောင်းတရားတွေနှင့် H1N1 ရောဂါပိုး ရဲ့ လက္ခဏာတွေကိုဆက်စပ်တိုက်ဆိုင်ကြည့်လိုက်သော် တစ်ထပ်တည်းကျနေသည်ကိုတွေ့ရပေလိမ့်မည် ။
ဤသို့ဆိုလျင် ဆေးကိုမည်သို့ပေးမည်းနည်း
ပထဝီဥဏှ+အာပေါသီတ ဖြစ်ခြင်းကြောင့် ပထဝီ သီတ+အာပေါဥဏှဓာတ်ရှိသောဆေးကိုပေးရပေလိမ့်မည်
ဆေးနည်းးပထဝီသီတ+အာပေါအာကာဓာတ်ရှိသော ” ကျောက်ဖန်ရုံသီး ”
အာပေါ တေဇော အာကာသ အလျှံများသော ” ကြက်သွန်နီ ”
အာပေါ တေဇော အာကာ သလွန်စွာအားကောင်းလတဲ့ကြက်သွန်ခါးခေါ် ဂမုန်းကြက်သွန်ခေါ် တောကြက်သွန်အု(အပင်က တောထန်းပင်နှင့်တူဆင်တယ်)
ပထဝီသီတ တေဇော+အာပေါအာကာသ တေဇော ထိုဓာတ်နှစ်ပါးလွန်စွာအားကောင်းသော ” ကျောက်သင်ပုန်း ဖျက်ပင်ခေါ် နတ်သမီးကွမ်းရွက်ပင် ”
အာပေါ ဝါယော တေဇောဓာတ် အားကောင်းသော ” ကွမ်းရွက် ”
၎င်းတို့ကို စုပေါင်းကာ ဆေးအဖြစ်ပေးရပေလိမ့်မည်
ဤသည်ကား ယခုလောလောဆယ် ဦးဇင်းအနေနှင့်မြင်ထားသော အသင့်တော်ဆုံးဆေးပစ္စည်းများသာဖြစ်လေ၏
ဆေးသုံးနည်းမှာကျောက်ဖန်ရုံသီးနှင့် ကြက်သွန်နီ ကို ၁၅ ကျပ်သားစီဆတူထည့်ပါ………
ကြက်သွန်ခါးအုကို ပါးပါးလွှာ လက္ဘက်သောက်ပန်းကန်တစ်ဝက်ခန့်ထည့်ပါ………( ကြက်သွန်ခါးသည် သွေးရဲ့ဥဏှအာကာသဓာတ်ကိုဖြစ်စေရာမှာအလွန်အစွမ်းထက်၏ မက်ကလောင်မန်းကိုအလွန်နိုင်၏ )နတ်သမီးကွမ်းရွက်ပင်ကို အပိုင်းပိုင်းလေးတွေလုပ်ကာလက္ဘက်သောက်ပန်းကန်တစ်လုံးစာခန့်ထည့်ပါ………( နတ်သမီးကွမ်းရွက်ပင်ဟာ ချွေးအလွန်ထွက်စေတယ်စံမတူအောင်ပဲ ကျမ္မာရေးကောင်းပြီးသွေးအားကောင်းနေသူဖြစ်ပါက အညွန့်ဖျားလေးကိုဝါးရုံမျှနှင့် အရည်အဖတ်ကိုဝမ်းထဲမမြိုပဲနှင့် ချွေးတွေထွက်လာစေနိုင်တယ် )အာပေါဝါယောတေဇောဓာတ်အားကောင်းသော” ကွမ်းရွက် ” အရွယ်တော် ၅ ရွက်ခန့်ထည့်ပါ………
မှတ်ချက်။ ။ ပမာဏတွေကို လိုတိုး ပိုလျော့ လုပ်နိုင်သည်ချွေးလိုလျင် ကျောက်သင်ပုန်း ဖျက်ပင်နှင့်ကွမ်းရွက်တို့ကို
အဆများပေးပါအအေးလိုလျင် ကျောက်ဖန်ရုံသီးကိုအဆများပေးပါ
ထိုဆေးမယ်တို့ကို ဆီမပါ ငရုတ်မပါ ဂျင်း မပါပဲသင့်တော်သလို ဟင်းရေသောက်ချက်ကာ စားပေးပါလေ
ဒါကတော့ ဦးဇင်း အနေနှင့် မြင်တဲ့ ဆေးနည်း ပါအခြားသောဆရာသမားတွေအနေနှင့်လဲ ကိုယ့်နည်းကိုယ့်ဟန် ဆေးနည်းဖန်ယူနိုင်ကြပါတယ်
အဓိကလိုရင်းမှာ ပထဝီ သီတဖြစ်ပြီး အာပေါ ကိုအာကာသကောင်းစွာဖွင့်ပေးစေနိုင်တဲ့ဆေးဖြစ်ဘို့သာလျင်လိုရင်းပါပဲ
ပိုတိုတင်ရတာအဆင်မပြေလို့ ပုံတွေ အစဉ်မကျတာကို
တော့ ခွင့်လွတ်ပေးကြပါကုန်
Credit##အရှင်ဇဝန ( တောင်ကတုံး )

No comments:

Post a Comment