လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, July 13, 2017

#တန်ဖိုးသိမှတန်ဖိုးထားတတ်မှာပါ

#တန်ဖိုးသိမှတန်ဖိုးထားတတ်မှာပါ
*******************************
အီတလီနိုင်​ငံသားတစ်​​ယောက်​ဟာ ဓမ္မပဒဘာသာ
ပြန်​စာအုပ်​ကိုဖတ်​ရှုမိပြီး "ဗုဒ္ဓဘာသာကိုစိတ်​ဝင်​စားလာခဲ့တယ်​တဲ့"
ကျွန်​ပ်​အဖို့ ဒီစာအုပ်​ကိုဖတ်​ရှုခွင့်​ရတာ
အရသာအရှိဆုံးဘဲလို့​ဖွင့်​ဟ​ပြောကြားပြီး
ဗုဒ္ဓရဲ့စာ​ပေကျန်းဂန်​​တွေကို အငမ်းမရ
လေ့လာခဲ့တယ်​တဲ့"
ဒီလိုနဲ့ မြန်​မာနိုင်​ငံကိုလာခဲ့ပြီး
ရဟန်းပြုခဲ့တယ။် ခရစ်​ယာန်​ဘာသာဝင်​အဖြစ်​မှ
ဗုဒ္ဓဘာသာဖြစ်​ကူး​ပြောင်းသွားတာကို
ဆွေမျိုးသားချင်း​တွေက ​ကျေနပ်​ပုံမရကြဘူး"
ဒါ​ကြောင့်​ အီတလီနိုင်​ငံကိုခဏ
ပြန်​လာတဲ့အခါမှာ မြန်​မာနိုင်​ငံကို
သွားခွင့်​မပြုတော့ဘူး
ရဟန်းအဖြစ်​နှင့်​ သာသနာမပြုရရင်
သေတာ​တောင်​မြတ်​​သေးတယ်​ဆိုပြီး
အစာ​ရေစာမစား​သောက်​ဘဲ​နေခဲ့တယ်​။
သေလု​မြောပါးဖြစ်​လာ​တော့မှ သူ့ရဲ့ဆန္ဒကို
လိုက်​​လျောခဲ့ကြတယ်​တဲ့"
ဒါတောင်​မှ မြန်​မာပြည်​ကိုလာဖို့
လမ်းစရိတ်​တစ်​ပြားတစ်​ချပ်​မှမရလိုက်​ပဲ
အီတလီ ပြင်​သစ်​ ဆွစ်​ဇလန်​ သြစ​တြေးလျားစတဲ့
နိုင်​ငံ​ပေါင်း​ မိုင်​​ပေါင်း​မြောက်​များစွာကို
အပင်​ပန်းဆင်းရဲခံပြီး ​ခြေကျင်​ဖြတ်​​ကျော်​ပြီး​တော့
ရှစ်​လ​ကျော်​ကြာမှ မြန်​မာပြည်​ကို
ရောက်​လာနိုင်ခဲ့​တယ်​တဲ့"
သူဟာ အခြားလူမဟုတ်​ပါဘူး။
ကမ္ဘာလှည့်​သာသနာပြုရာမှာ
ထင်​ရှား​ကျော်​ကြားလှတဲ့ အီတာလျံဘုန်း​တော်​ကြီး
#ဦး​လောကနာထပါပဲ"
ကမာ့္ဘဖွံဖြိုးတိုးတက်​ဆုံး နိုင်​ငံတစ်​နိုင်​ငံဖြစ်​တဲ့
အ​မေရိကန်​နိုင်​ငံမှ မြန်​မာပြည်​ကို အသက်​စွန့်​ဆံဖျားလာပြီးပရိယတ်​ ပဋိပတ်​ကိုသင်​ကြားခဲ့ပြီး"
ဩဝါဒတစ်​ရပ်​ကိုလည်း မိန့်​ကြားခဲ့ပါ​သေးတယ်"
အရှင်​ဘုရင်​ရဲ့သားဟာ ခမည်း​တော်
နတ်​ရွာစံပြီး ဘုရင့်​အရိုက်​ရာကို အလိုလိုရရှိလာ​တော့
ဘုရင်​​ဖြစ်​​နေရတဲ့တန်​ဖိုးကိုမသိဘူး"
ဆင်းရဲသားက ဘုရင်​ဖြစ်​သွားတဲ့လူကျ​တော့
ဘုရင့်​တန်​ဖိုးကိုပိုသိတာ​ပေါ့"
ဘဝမှာ စိုက်​ထုတ်​ခဲ့ရတဲ့တန်​ဖိုး​တွေ
ဘယ်​​လောက်​ကြီးမားတယ်​ဆိုတာ ကိုယ်​တိုင်
သိမြင်​ရတဲ့အခါကျ​တော့"
မိုက်​စရာရှိတာ​တောင်​ မမိုက်​ချင်​​တော့ဘူး။
အနစ်​နာခံခဲ့ရတာ​တွေ ဆုံးရှုံးခဲ့ရတာ​တွေ
လက်​လွတ်​ခံခဲ့ရတာ​တွေဘယ်​​လောက်
များတယ်​ဆိုတာ သူပဲသိတယ်"
တခြားအယူဝါဒက​နေ ​ထေရဝါဒဗုဒ္ဓဘာသာ
အဖြစ်​ကိုကူး​ပြောင်း​ရောက်​ရှိလာသူတိုင်းဟာ
ဆင်းရဲသားက သန်းကြွယ်​သူ​ဌေးဖြစ်​လာတဲ့လူလိုပဲ
ခံစားရတယ်​တဲ့"
ဒါဟာ တိုင်းတစ်​ပါးသား
လူမျိုးခြားက ဗုဒ္ဓဘာသာအဖြစ်
ကူး​ပြောင်း​ရောက်​ရှိလာခြင်းကို
ဆင်းရဲးသားက သန်းကြွယ်​သူ​ဌေးအဖြစ်
တင်​စား​ပြောဆိုသွားခဲ့တဲ့
အ​ကြောင်းရာပဲဖြစ်​တယ်​"
တာ​ကြောင့်​ မြန်​မာပြည်​က
ှဗုဒ္ဓဘာသာဝင်​​တွေဟာ ဗုဒ္ဓဘာသာကို
အလွယ်​တကူကိုးကွယ်​ခွင့်​ရ​တော့
ဗုဒ္ဓဘာသာကိုတန်​ဖိုးမထားတက်​ကြဘူး။
ဆင်းရဲသားအဖြစ်​ကကြိုးစားပြီး
ဘုရင်​ဖြစ်​လာတဲ့သူက ဘုရင်​အဖြစ်​ကို
တန်​ဖိုးထားသလို ဘာသာခြားဘဝက​နေ
အခက်​ခဲများစွာကို​ကျော်​လွှားပြီးမှ
ဗုဒ္ဓဘာသာဖြစ်​လာတဲ့သူ​တွေက​တော့
အလွန်​ကို တန်​ဖိုးထားတတ်​ကြတယ်​"*
ဗုဒ္ဓဘာဝင်​များအတွက်​ အတုယူ​လေစားဖွယ်
ကောင်းလှပါတယ်​"
Credit - Ukokolwin
***#ဓမ္မမိတ်ဆွေများ အသိဉာဏ် ဗဟုသုတ
နှင့်ကုသိုလ်တရားများ စဉ်ဆက်မပြတ်ပွားများ
နိုင်ကြပြီးမင်္ဂလာရှိသောနေ့တနေ့ဖြစ်ပါစေရှင်***

No comments:

Post a Comment