လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, September 16, 2016

မကြာခင် သေမယ်ဆို ဘာလုပ်ကြမှာလဲ။

Dr Shwe Tun with Nwayshwin Linn and 5 others.
မကြာခင် သေမယ်ဆို ဘာလုပ်ကြမှာလဲ။
တကယ်လို့များ..
မျှော်လင့်မထားဘဲနဲ့
ကိုယ့်မှာ ရောဂါတစ်ခုခု.....
အသည်းကင်ဆာ
အဆုပ်ကင်ဆာ
လေဖြတ်တာ လေမိတာ
ဦးနှောက်သွေးကြောပြတ်တာ
ကျောက်ကပ်ပျက်စီးတာ
နှလုံးသွေးကြောပိတ်တာ
စသည်ဖြင့် သေစေနိုင်တဲ့
ရောဂါတစ်ခုခု
အမည်တပ်ခံရပြီ ဆိုပါတော့။

အဲ့လိုများ
ကြုံရမယ်ဆိုရင်
ဘယ်လိုရင်ဆိုင်ကြမလဲ။
ဘယ်လိုနှလုံးသွင်းကြမလဲ။
တကယ်တော့
ရောဂါတွေရတယ်ဆိုတာ
ရုပ်ဖောက်ပြန်တာပါပဲ။
ဖြစ်လာတဲ့ ရောဂါကို
တတ်နိုင်သလောက်
အခြေအနေပေးသလောက်
ကုသမှုခံယူရုံပါပဲ။
ဇာတိရပြီ ဆိုကတည်းက
မအိုချင်လို့လည်းမရ
မနာချင်လို့လည်းမရ
မသေချင်လို့လည်းမရပါဘူး။
တစ်နေ့နေ့ တစ်ချိန်ချိန်
မလွဲမသွေ ကြုံကြရမှာပါ။
သဘာဝတရားတွေပဲမဟုတ်လား။
ဘယ်အရာမှလည်း
အစိုးမရလေတော့..
ကိုယ့်အလိုလည်း
လိုက်မှာမဟုတ်လေတော့...
တည်တည်ငြိမ်ငြိမ် ခံယူဖို့လိုပါတယ်။
ကိုယ့်မှာ အခြေအနေပေးရင်တော့
မသေခင် နောက်ဆုံးထွက်သက်ထိ
ကုသိုလ်ပြုခွင့်တွေ ရနေပါသေးတယ်။
ဒါနကုသိုလ် သီလကုသိုလ်
ဘာဝနာကုသိုလ်တွေကို
လွယ်လွယ်ကူကူ ပြုနိုင်ပါတယ်။
ကိုယ်ပြုတဲ့ကံတွေမှာ..
ရှေ့စိတ်ပြီး နောက်စိတ်မှာ
သတိကပ်နိုင်မယ်ဆိုရင်တော့
ကံကုသိုလ်မက ဉာဏ်ကုသိုလ်ပါ
ရနိုင်ပါသေးတယ်။
အကောင်းဆုံးကတော့
အိုနာသေ ဆိုတာက
သဘာဝတရား...
ငါ့ကိုမှ ရွေးပြီးဖြစ်တယ်လို့
စွဲမထားမိပါစေနဲ့။
"ဆရာရွှေ
ဆရာ့မှာ အသည်းကင်ဆာဖြစ်နေပြီ"
"အော်...အေး"
"ဆရာရွှေ
ဆရာဝန်က ဆရာတစ်လပဲ နေရမယ်တဲ့"
"အော်...အေး"
ဘာများ တတ်နိုင်ပါ့မလဲ။
တည်တည်ငြိမ်ငြိမ်
လက်ခံယူရုံပါပဲ။
ဆရာ ဒေါက်တာစိုးလွင်ကလည်း
ပြောထား သင်ထားပါတယ်။
"သေမှာ မကြောက်နဲ့..
သတိမရှိမှာသာကြောက်" တဲ့။
မြတ်ဘုရားသော်မှ
မလွန်ဆန်နိုင်တဲ့
အိုခြင်း နာခြင်း
သေခြင်းတရားတွေကို
သဘာဝတရားတွေလို့
တည်တည်ငြိမ်ငြိမ်လက်ခံလိုက်ရုံပါပဲ။
မအိုမီ မနာမီ မသေမီ
ပြုနိုင်သမျှ ကုသိုလ်တွေ
စုဆောင်းနိုင်သမျှ
စုဆောင်းနိုင်ကြပါစေ။
မေတ္တာဖြင့်..
Dr Shwe Tun.

No comments:

Post a Comment