လာေရာက္ၾကသူေတြေရာ မလာနိုင္သူေတြပါ မဂၤလာအေပါင္းနဲ႔ ျပည့္စံုၾကပါေစ

Saturday, September 10, 2016

❀ ေလာကမွာ ကိုယ့္အလုပ္ကိုယ္ကြၽမ္းက်င္မႈမ႐ွိရင္ ျပစ္တင္ၾကတယ္၊

Dhamma Knowledge
2
❀ ေလာကမွာ ကိုယ့္အလုပ္ကိုယ္ကြၽမ္းက်င္မႈမ႐ွိရင္ ျပစ္တင္ၾကတယ္၊ တျခားအလုပ္ကို ကိုယ္မလုပ္တတ္တာ အျပစ္တင္စရာ မရိွဘူး၊ ကိုယ့္အလုပ္ ကိုယ္မလုပ္တတ္ရင္ေတာ့ အျပစ္တင္စရာျဖစ္...တယ္။
❀ သု႔ိေသာ္လည္းပဲ တစ္ခ်ိဳ႕ အေတြးအေခၚမျပည့္ဝတဲ့ပုဂၢိဳလ္ေတြဟာ ျမန္​မာႏိုင္​ငံမွာ ေနၿပီးေတာ့ ျမန္မာလူမ်ိဳးျဖစ္ပါလ်က္သားနဲ႔ ျမန္​မာစကား မတတ္ဘူး၊ တျခားဘာသာတတ္တာကို ဂုဏ္ယူေနတာက အလြန္႐ွက္စရာေကာင္းတဲ့အရာတစ္ခုပဲ ျဖစ္တယ္၊ ျမန္မာဆိုရင္ ျမန္မာစကားတတ္ရမယ္၊ ျမန္မာရဲ႕ tradition ေတြ သိရမယ္၊ ျမန္​မာရဲ႕ culture သိရမယ္၊ ျမန္မာပီသရမယ္၊ ဒါ ျမန္မာေတြအတြက္ ဂုဏ္ယူစရာျဖစ္တယ္။
❀ မိမိကိုယ္တိုင္က အေနာက္တိုင္းဆန္ခ်င္လို႔
အေနာက္တိုင္းသား ျဖစ္သြားမွာ မဟုတ္ဘူး၊ ဥေရာပဆန္ခ်င္လို႔ ဥေရာပလည္း ျဖစ္သြားမွာ မဟုတ္ဘူး၊ ေမြးလာတာ ျမန္မာဆိုေတာ့ ျမန္မာပီသဖို႔က အေရးႀကီးတယ္၊ ျမန္မာပီသၿပီး ျမန္မာစကားကြၽမ္းက်င္မႈက ပိုအေရးႀကီးတယ္။
❀ တစ္ခ်ုိဳ့က အဂၤလိပ္​လို တတ္ျပီး ျမန္မာလို မသိဘူးဆိုတာကိုပဲ ဂုဏ္ယူၿပီးေတာ့ ေျပာေနတာ ႐ွက္စရာေကာင္းတယ္၊ ျမန္မာျဖစ္လ်က္သားနဲ႔ ျမန္မာစကား မတတ္တာကမွ ႐ွက္စရာေကာင္းတာ။
❀ ထို႔အတူပဲ ရဟန္းသံဃာေတြအေနနဲ႔ တျခားဘာသာရပ္ေတြ မတတ္ခ်င္ေန၊ ပိဋကတ္ မတတ္ဘူးဆိုတာကေတာ့ ႐ွက္စရာျဖစ္တယ္၊ ဒါေၾကာင့္မို႔ ပိဋကကို အာရံုစိုက္ၿပီး ဓမၼတာဝန္ကို ထမ္းေဆာင္ၾကရမွာျဖစ္တယ္။
❀ ပိဋကတ္ပညာတတ္ဖို႔ အခ်ိန္ယူရတာနဲ႔ ဘာသာစကားတစ္ခုတတ္ဖို႔ အခ်ိန္ယူရတာနဲ႔က အလြန္ကြာျခားတယ္၊ ပိဋကပညာတတ္ဖို႔ဟာ ၁၀-ႏွစ္ အႏွစ္-၂၀ အခ်ိန္ယူၿပီး သင္မွသာလ်ွင္ တတ္ႏိုင္တယ္၊ ဘာသာစကားတစ္ခုက ၁-ႏွစ္ ၂-ႏွစ္ အတြင္းမွာ ကြၽမ္းကြၽမ္းက်င္က်င္ ေျပာႏိုင္ေလာက္ေအာင္ အတိုင္းအတာတစ္ခုေလာက္ထိ တတ္ႏိုင္တယ္၊ ဒါေၾကာင့္မို႔ အေလးေပးရမွာကေတာ့ ပိဋကပညာလို႔ဆိုတဲ့ ဓမၼတာဝန္သာ ျဖစ္တယ္။
ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္
❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ​္​ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။
Unicode Version
××××××××××
❀ လောကမှာ ကိုယ့်အလုပ်ကိုယ်ကျွမ်းကျင်မှုမရှိရင် ပြစ်တင်ကြတယ်၊ တခြားအလုပ်ကို ကိုယ်မလုပ်တတ်တာ အပြစ်တင်စရာ မရှိဘူး၊ ကိုယ့်အလုပ် ကိုယ်မလုပ်တတ်ရင်တော့ အပြစ်တင်စရာဖြစ်တယ်။
❀ သု့ိသော်လည်းပဲ တစ်ချို့ အတွေးအခေါ်မပြည့်ဝတဲ့ပုဂ္ဂိုလ်တွေဟာ မြန်​မာနိုင်​ငံမှာ နေပြီးတော့ မြန်မာလူမျိုးဖြစ်ပါလျက်သားနဲ့ မြန်​မာစကား မတတ်ဘူး၊ တခြားဘာသာတတ်တာကို ဂုဏ်ယူနေတာက အလွန်ရှက်စရာကောင်းတဲ့အရာတစ်ခုပဲ ဖြစ်တယ်၊ မြန်မာဆိုရင် မြန်မာစကားတတ်ရမယ်၊ မြန်မာရဲ့ tradition တွေ သိရမယ်၊ မြန်​မာရဲ့ culture သိရမယ်၊ မြန်မာပီသရမယ်၊ ဒါ မြန်မာတွေအတွက် ဂုဏ်ယူစရာဖြစ်တယ်။
❀ မိမိကိုယ်တိုင်က အနောက်တိုင်းဆန်ချင်လို့
အနောက်တိုင်းသား ဖြစ်သွားမှာ မဟုတ်ဘူး၊ ဥရောပဆန်ချင်လို့ ဥရောပလည်း ဖြစ်သွားမှာ မဟုတ်ဘူး၊ မွေးလာတာ မြန်မာဆိုတော့ မြန်မာပီသဖို့က အရေးကြီးတယ်၊ မြန်မာပီသပြီး မြန်မာစကားကျွမ်းကျင်မှုက ပိုအရေးကြီးတယ်။
❀ တစ်ချို့က အင်္ဂလိပ်​လို တတ်ပြီး မြန်မာလို မသိဘူးဆိုတာကိုပဲ ဂုဏ်ယူပြီးတော့ ပြောနေတာ ရှက်စရာကောင်းတယ်၊ မြန်မာဖြစ်လျက်သားနဲ့ မြန်မာစကား မတတ်တာကမှ ရှက်စရာကောင်းတာ။
❀ ထို့အတူပဲ ရဟန်းသံဃာတွေအနေနဲ့ တခြားဘာသာရပ်တွေ မတတ်ချင်နေ၊ ပိဋကတ် မတတ်ဘူးဆိုတာကတော့ ရှက်စရာဖြစ်တယ်၊ ဒါကြောင့်မို့ ပိဋကကို အာရုံစိုက်ပြီး ဓမ္မတာဝန်ကို ထမ်းဆောင်ကြရမှာဖြစ်တယ်။
❀ ပိဋကတ်ပညာတတ်ဖို့ အချိန်ယူရတာနဲ့ ဘာသာစကားတစ်ခုတတ်ဖို့ အချိန်ယူရတာနဲ့က အလွန်ကွာခြားတယ်၊ ပိဋကပညာတတ်ဖို့ဟာ ၁၀-နှစ် အနှစ်-၂၀ အချိန်ယူပြီး သင်မှသာလျှင် တတ်နိုင်တယ်၊ ဘာသာစကားတစ်ခုက ၁-နှစ် ၂-နှစ် အတွင်းမှာ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လောက်အောင် အတိုင်းအတာတစ်ခုလောက်ထိ တတ်နိုင်တယ်၊ ဒါကြောင့်မို့ အလေးပေးရမှာကတော့ ပိဋကပညာလို့ဆိုတဲ့ ဓမ္မတာဝန်သာ ဖြစ်တယ်။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ​်​ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။

No comments:

Post a Comment