လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, September 10, 2016

အလွယ်ဆုံး တရားအားထုတ်နည်း

Ashin Sanda Zawti with Ashin Sanda Zawteet and 2 others at သာသနာနွယ်စံကျောင်း.
အလွယ်ဆုံး တရားအားထုတ်နည်း
~~~~~~~~~~~~~~~~~~~~~~~
အချိန်လေးရတိုင်း
ကိုယ့်ကိုယ်ကိုယ် သတိလေးထားကြည့်ပါ။ လောဘတွေဖြစ်နေလား၊ ဒေါသတွေဖြစ်နေလား၊ မောဟတွေဖြစ်နေလား။
လောဘတွေဖြစ်နေရင်
လောဘကင်းစင်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရားလို့ အာရုံပြုပါ။
ဒေါသတွေဖြစ်နေရင်
ဒေါသကင်းစင်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရားလို့ အာရုံပြုပါ။
မောဟတွေဖြစ်နေရင်
မောဟကင်းစင်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရားလို့ အာရုံပြုပါ။
အကြိမ်ကြိမ်အာရုံပြုရင်
တဖြည်းဖြည်း လောဘ ဒေါသ မောဟတွေ ပါးကာ ချမ်းသာလာပါလိမ့်မယ်။
ဒါ ကမ္မဋ္ဌာန်း၄၀ထဲက ဗုဒ္ဓာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းနည်းပါ။
@@@သာသနာနွယ်

No comments:

Post a Comment