လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, September 9, 2016

#ဒီကနေ့ခေတ်မှာ မျက်မှောက်ပြုရမယ့်တရားအတုတင်မကဘူး၊ စာပေအတုတင် မကဘူး၊ အကျင့်တရားနဲ့ပတ်သက်တဲ့ အတုတွေလည်း ပေါ်နေတာပဲ။

Words of Buddha
14 hrs
#ဒီကနေ့ခေတ်မှာ
မျက်မှောက်ပြုရမယ့်တရားအတုတင်မကဘူး၊
စာပေအတုတင် မကဘူး၊
အကျင့်တရားနဲ့ပတ်သက်တဲ့ အတုတွေလည်း ပေါ်နေတာပဲ။
ဆိုပါစို့_ ဘုန်းကြီးတစ်ပါးက တရားဟောတယ်၊
သူ့ဆီလာ , နာရီဝက်လောက် တရားနာ၊
တရားနာရင်း ကြက်သီးမွှေးညှင်း ထတယ်၊
ပီတိဖြစ်သွားတယ်၊ သူ့တရားကို အာရုံစိုက်ပြီးတော့နာ၊
သဒ္ဓါတရားရှိရင် လာခဲ့၊
သူ့တရားကို နာရီဝက်လောက်ကလေးနာ၊
နာလိုက်တာနဲ့ တစ်ပြိုင်နက် ကြက်သီးမွှေးညှင်းလေး
ထသွားရင် အဲဒါ သောတာပန်ဖြစ်သွားပြီလို့ ဟောတယ်။
တကယ် မြန်မာပြည်မှာ ပေါ်ခဲ့တာ။
နောက်ဆုံးကျတော့ သောတာပန်ဆိုတဲ့ Certificate တောင်
ပေးတယ်နော်။
တရားရက်စေ့လို့ရှိရင် တရားထူးတရားမြတ်ကို
ကျင့်တဲ့ပုဂ္ဂိုလ်က ရတယ်ပြောပြော မရဘူးပြောပြော
သူက လက်မှတ်ပေးတယ်။
အဲဒါမျိုးဟာ အတုအယောင်လို့ ခေါ်တယ်။
#တရားထူးတရားမြတ်ဆိုတာ ကိုယ်ကျင့်ရင်
ကိုယ်ရတာ ကိုယ်သိတာပေါ့။
ကိုယ့်စိတ်ထဲမှာ ဖြစ်တဲ့အရာတွေပဲ။
ကိုယ်မသိဘဲနဲ့ တခြားလူတစ်ယောက်ကနေ လာပြီးတော့
သောတာပန်ဖြစ်ပြီ , သကဒါဂါမ်ဖြစ်ပြီ, အနာဂါမ်ဖြစ်ပြီ ဆိုတော့
သြော် ငါသောတာပန်ပါလား သကဒါဂါမ်​ပါလား အနာဂါမ်​ ပါလားနဲ့
ကိုယ့်​ကိုယ်​ကို အထင်ရောက်သွားတဲ့ ပုဂ္ဂိုလ်​တွေကလည်း
ရှိသေးတာကိုး။
ဒါကြောင့်မို့ ဒီကနေ့ခေတ်မှာ အတုအယောင်တွေ မရှိဘူးလို့
မအောက်မေ့လေနဲ့၊
အတုအယောင်တွေက အင်မတန်မှ ပေါတယ်။
#စာပေနဲ့ပတ်သက်ပြီးတော့လည်း အတုအယောင်တွေ၊
တရားကျင့်စဉ်နဲ့ပတ်သက်ပြီးတော့လည်း အတုအယောင်တွေ၊
တရားထူးတရားမြတ် ရပုံရနည်းနဲ့ ပတ်သက်လို့လည်း
အတုအယောင်တွေ၊ သောတာပန်အတုတွေ၊
သကဒါဂါမ်​အတုတွေ၊ အနာဂါမ်​အတုတွေ၊
ရဟန္တာအတုတွေ ဖြစ်နေတယ်။
#ဒါ ဘာဖြစ်လို့ပြောရတာတုန်းဆိုရင်
မြတ်စွာဘုရားဟောတဲ့ #သဒ္ဓမ္မပတိရူပကသုတ် မှာ
ဒီလိုသတိပေးထားတာ ဖြစ်သောကြောင့် တို့တတွေ
အတုနဲ့အစစ် ခွဲခြားသိဖို့ လိုအပ်တယ်၊
အစစ်နဲ့အတု ခွဲခြားမသိဘူး၊
အတုကို လက်ခံကျင့်သုံးပြီဆိုလို့ရှိရင်
သံသရမှာပါ နစ်နာသွားနိုင်တယ်။
#ဒါကြောင့်မို့် အဲဒီလို မဖြစ်ရအောင်
စာပေလေ့လာဖို့၊ သင်ကြားဖို့၊ မှတ်ယူဖို့၊
ပရိယတ္တိစာသင်တိုက်ကြီးတွေ တည်ထောင်ထားရတယ်။
ရည်ရွယ်ချက်ဟာ အင်မတန်မှ ကြီးမားတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်တယ်။
#Posted_by_ Words_of_Buddha

No comments:

Post a Comment