လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Sunday, September 11, 2016

"#ကဲ__ဆဲချင်ကြသေးလား"

အရှင်နန္ဒ သိရီ to ဓမ္မမိတ်ဆွေများဆုံဆည်းရာ

"#ကဲ__ဆဲချင်ကြသေးလား"
**************
ရဟန္တာထေရီမကြီး နှစ်ပါး ထိုင်နေတဲ့အချိန်မှာ တစ်ပါးက မေးတယ်။
အသက်ကလည်းငယ်တယ် အရွယ်လည်းရှိပါရဲနဲ့
ဘာကြောင့် အိမ်ထောင်မပြုတာ...လည်းဆိုတော့
တစ်ပါးက သူ့ဇာတ်ကြောင်းကို ပြောပြတယ်။

သူဟာ~~~
ဘဝတစ်ခုမှာ ကုန်သည်တစ်ယောက်နဲ့လက်ထပ်ခဲ့တယ်။
ပေါင်းသင်းပြီးမကြာခင်မှာပဲ ယောကျာင်္းက ကုန်ကူးသွားတော့
သူ့မှာ ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။
"ယောက္ခမတွေက သူ့သားနဲ့ရတဲ့ ကိုယ်ဝန်မဟုတ်ဘူး"ဆိုပြီး နှင်ချလိုက်တယ်။ ဗိုက်တစ်လုံးနဲ့ ထွက်သွားခဲ့ရတယ်။
ဇရပ်တစ်ခုရောက်တော့ ဗိုက်နာပြီး ခလေးမွေးတယ်။
ခလေးကို ဇရပ်မှာခဏထားပြီး ရေသွားရှာနေတုန်း
ခရီးသွား တစ်ယောက်က
စွန့်ပစ်ထားတဲ့ ခလေးဆိုပြီး ယူသွားတယ်။
ဒီလိုနဲ့ ~~~ စိတ်လေပြီး လျောက်သွားနေတုန်း ဓါးမြဗိုလ်ကြီးနဲ့တွေ့ပြီး ပေါင်းသင်းခဲ့ပြန်တယ်။မိန်းခလေးတစ်ယောက် မွေးတယ်။
တစ်နေ့~ခလေးပုခက်ထဲက ပြုတ်ကျပြီး ခေါင်းမှာဒဏ်ရာရလို့ ယောကျာင်္းကိုကြောက်ပြီး ထွက်ပြေးခဲ့ပြန်တယ်။
အဲဒီလိုနဲ့~~~
တစ်ယောက်ထဲ နှစ်ပေါင်းများစွာ လျှောက်သွားနေတုန်း ကုန်သည်လေးတစ်ယောက်နဲ့ တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ်။
အဲဒီကုန်သည်ပေါက်စလေးနဲ့ ပေါင်းသင်းနေတုန်းမှာပဲ
တစ်နေ့ ကုန်သည်လေးက မိန်းမငယ်ငယ်လေးတစ်ယောက်ကို ခေါ်လာပြန်လို့ နှစ်ယောက်ပေါင်းရပြန်တယ်။
တစ်နေ့တော့ မယားအငယ်လေးကို သန်းရှာပေးနေတုန်း ခေါင်းက ဒဏ်ရာကိုတွေ့တော့
"သူ့သမီးဒဏ်ရာနဲ့တူလိုက်တာ"လို့ တွေးပြီး
ဇာတိကို မေးကြည့်တော့ တကယ်ပဲ…
ဓါးမြဗိုလ်ကြီးနဲ့ရခဲ့တဲ့ သူ့သမီး ဖြစ်နေပါတော့တယ်။
သားအမိနှစ်ယောက် ယူကြုံးမရဖြစ်နေပြီး သူတို့လင်ကိုပြောပြတော့ သူ့လင်ကလည်း
တစ်ချိန်က ဇရပ်မှာပျောက်သွားတဲ့ သူ့သားလေး ဖြစ်နေပြန်တယ်။
အဲဒါဟာ ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကို ပြောပြပြီး
သူ~လောကီမှာ မနေဝံ့တော့လို့
တရားထူးရအောင် အားထုတ်ရတာပါလို့…ပြောပြခဲ့ပါတယ်။
အဲဒါဟာ~~~
သူ "မအေ"နဲ့တပ်ပြီးဆဲခဲ့လို့ ပြန်လည်းပေးဆပ်ရတာပါ-တဲ့။
ဘယ်လောက်ထိ ကြောက်စရာကောင်းလိုက်ပါသလဲ…။
ဓမ္မမိတ်ဆွေတို့…………
ဘာကြောင်းနဲ့ပဲဖြစ်ဖြစ်
ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ…
သူတစ်ပါးကို" မအေ"နဲ့တပ်ပြီး
မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိပေးချင်ပါတယ်။
ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း
ဒီပါးစပ်က ထွက်တာပါပဲ။
ဆဲလို့သံသရာမှာ ပေးဆပ်ရမှာလည်း
ဒီပါးစပ်က ထွက်တာပါပဲ။
ဘုရားရှင်က
"ပါးစပ်ကထွက်တဲ့ စကားလုံးတွေဟာ
အကျိုးမခံစားရပဲ…ပျောက်ပျက်မသွားပါဘူး"…တဲ့
#ပါးစပ်_စည်းကမ်းရှိနိုင်ကြပါစေ

No comments:

Post a Comment