Ko Lin to Dhamma friends
☀ 【အသက်ရှည်လေ ပိုကောင်းလေ ဖြစ်ဖို့။】 ☀
■■ အသိပညာမရှိတဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှည်မှုဟာ
တန်ဖိုးမရှိဘူး။
...
■■ အသိပညာမရှိတဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှည်မှုဟာ
တန်ဖိုးမရှိဘူး။
...
■■ ဘာကြောင့် တန်ဖိုးမရှိတာတုန်း ???
■■ လုပ်သင့်တာနဲ့ မလုပ်သင့်တာ မသိဘူး၊
■■ မသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို
လုပ်သင့်တယ်လို့ ထင်တယ်။
■■ လုပ်သင့်တာကိုကျတော့ မလုပ်သင့်ဘူးလို့
ထင်တယ်။
■■ ထင်ရုံတင် မဟုတ်ဘူး၊ မလုပ်သင့်တာကို
လုပ်သင့်တယ်ထင်ပြီးလုပ်လိုက်တယ်။
■■ လုပ်သင့်တာကျတော့ မလုပ်သင့်ဘူးထင်ပြီးတော့
မလုပ်ဘဲနေတယ်။
ကိုယ်ကျိုးနည်းတယ်၊ ကောင်းကျိုးချမ်းသာ ရ, ရမှာ
မရဘူး၊
အပြစ်ကင်းရမှာ မကင်းဘူး။ အပြစ်တွေ ရတယ်၊
■■ ဒါကြောင့်မို့ မြတ်စွာဘုရားက ဟောတာ။
အသက်ရှည်လေ ပိုကောင်းလေဆိုတာ ...
ဘဝမှာ ဆင်ခြင်တုံတရားရှိတဲ့ အသိဥာဏ်ရှိတဲ့
ပုဂ္ဂိုလ်တွေအတွက်သာ ဖြစ်တယ်။
★ #ဆင်ခြင်တုံမရှိဘဲနဲ့ အသိဥာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေကျတော့
အသက်ရှည်လေ အပြစ်ကြီးလေ၊
မှားမှားယွင်းယွင်းတွေ လုပ်မိလေ၊ ပိုပြီးတော့ သံသရာဝဋ်ထဲမှာ နစ်မြှပ်လေလေ၊
ဆင်းရဲဒုက္ခနွံထဲမှာ နစ်လေလေ၊ ဒီလိုပဲ ဖြစ်မှာပေါ့။
အဲဒီတော့ သူ့အဖို့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတယ်။
အသက်ရှည်သည့်အတွက်ကြောင့် အကုသိုလ်တွေ ပိုတက်လာတယ်။
★ ဘာနဲ့ဥပမာတူတုန်းဆိုရင် ကြည့်လေ။
သူများဆီက ကြွေးတွေယူထားတဲ့ပုဂ္ဂိုလ်၊ ကြွေးယူပြီးတော့ အလုပ်မကြိုးစားဘဲနဲ့ နေတဲ့ပုဂ္ဂိုလ်၊ အကြွေးက အတိုးတွေ တက်နေတယ်။ နောက်ဆုံးကျတော့ မဆပ်နိုင်တဲ့ အနေအထားမျိုးထိ
ရောက်လာတယ်။
★ အဲဒီလို မကောင်းတဲ့ အကြွေးတွေကို အတိုးတက်နေသလိုပဲ
ကိုယ့်သန္တာန်မှာ အကုသိုလ်ကြွေးတွေ ဆပ်လို့မကုန်နိုင်အောင်တိုးတက်နေတယ်။
သံသရာထဲမှာ ဆပ်ပေရောလို့ ဒီလိုဆိုတယ်။
★ ဒါကြောင့်မို့လို့ ပညာရှိတဲ့ပုဂ္ဂိုလ်က သံသရာကြွေးကိုလည်းပဲရှောင်နိုင်တယ်။
မြတ်စွာဘုရား ဟောကြားဆုံးမတဲ့ အဆုံးအမတွေဟာ
အလွန်ပဲ မှန်ကန်တယ်၊
★ ဘဝခရီး လျှောက်လှမ်းတဲ့အခါမှာ လုပ်သင့်တာနဲ့
မလုပ်သင့်တာသိဖို့လိုတယ်။
★ အပြစ်ရှိတာ မရှိတာ သိဖို့လိုတယ်။
★ ကုသိုလ် အကုသိုလ် ခွဲခြားသိဖို့လိုတယ်။
★ အဲဒီလို အသိပညာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ အသက်ရှည်မှုက တန်ဖိုးရှိတဲ့အသက်ရှည်မှု ဖြစ်တယ်။
ပညာရှိရှိနဲ့ ဆင်ခြင်တုံတရားရှိရှိနဲ့ ဘဝမှာ အသက်ရှည်လေပိုကောင်းလေ ဖြစ်ရမယ်လို့ ဒီလိုဆိုတယ်။
★ မိမိတို့အနေနဲ့ အသက်ရှည်အောင် ကြိုးစားဖို့ထက် ဘာကြိုးစားရမလဲ။
ပညာရှိဖို့ ကြိုးစားရမှာဖြစ်တယ်။
ပညာရှိပြီဆိုရင် အသက်ရှည်မှုက တန်ဖိုးတွေ တက်လာတယ်။
ဒါဖြင့် ပညာရှိလာအောင် ဘယ်လိုလုပ်ရမလဲ၊
တရားပွဲတွေသွားပြီး တရားနာရတယ်၊
တရားဓမ္မနဲ့ ပတ်သက်ပြီး မှတ်သားကြရတယ်။
အတိုင်းအတာတစ်ခုအရ သင်ယူရတယ်။
စာအုပ်စာတမ်းတွေ ဖတ်ရှုရတယ်၊
" သုဿုသာ လဘတေ ပညံ "လို့ ဆိုတဲ့ အတိုင်း သိချင်တတ်ချင်စိတ်ရှိလို့ရှိရင် ပညာဆိုတာ ရတယ်ပေါ့။
★ ဒါကြောင့်မို့ တရားပွဲမှာ တရားလာနာ၊ အသိဥာဏ်ရတယ်။
ဖတ်သင့်ဖတ်ထိုက်တဲ့စာအုပ်တွေဖတ်၊ အသိဥာဏ်ရတယ်။
ဆရာတော်ကြီးတွေဆီ ချဉ်းကပ်ပြီးတော့ သိသင့်သိထိုက်တာတွေ
မေး၊ ရဟန်းသံဃာတွေဆီ ချဉ်းကပ်၊ မသိတာလေးတွေ မေး၊
အသိဥာဏ်ရတယ်။
ဘဝမှာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတာကအစ
အခြေခံ သိရှိနားလည်အောင် မေးရတယ်။
အမှတ်တမဲ့ မနေနဲ့။ ဆည်းပူးအားထုတ်ကြရမှာ ဖြစ်တယ်။
အဲဒီလို အသိဥာဏ်ရှိပြီး အသက်ရှည်မှ တန်ဖိုးရှိတာမို့
အသက်ရှည်လေ ပိုကောင်းလေ ဖြစ်တယ်။
☀ (#ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)
#Posted_by_Words_of_Buddha.
★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★
★ _/\\_ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ၊ _/\\_ ★
★ _/\\_ သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ _/\\_ ★
❤ #ဓမ္မဒါန

No comments:
Post a Comment