လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Sunday, September 3, 2017

၃ရက်အတွင်း မျက်နှာပေါ်က အမည်းစက်တွေကို ပျောက်သွားစေမယ့် လျှို့ဝှက်နည်း

၃ရက်အတွင်း မျက်နှာပေါ်က အမည်းစက်တွေကို ပျောက်သွားစေမယ့် လျှို့ဝှက်နည်းတစ်ခုကို စား/ချက်က မမတို့ ညီမတို့ကို ပြောပြချင်လို့ပါ၊ ကျွန်မ fb page တခုမှာ ဖတ်ပြီး ကိုယ်တိုင်လုပ်ကြည့်တာ ကောင်းလွန်းလို့ ပြန်ရှဲပေးတာပါ
မျက်နှာတစ်ခုလုံး အနာအဆာမရှိပဲ ကြည်လင်ဝင်းပချင်တာက အမျိုးသမီးတိုင်းရဲ့ အိပ်မက်ပါ။ မီးဖိုချောင်မှာမွှေနှောက်ရှာလိုက်ရုံနဲ့ ပါဝင်ပစ္စည်းတွေ ရသွားမှာပါ။
ပါဝင်ပစ္စည်းများ
အာလူး -၁လုံး
တလဲသီး- ပန်းကန်လုံး တစ်ဝက်
သံပုရာသီး- တစ်ခြမ်း
ပျားရည် - ထမင်းစားဇွန်းတဇွန်း
ရေခံပုံစံခွက် -တစ်ခု
သံပုရာသီးမှာ အရည်ပြားကို လင်းပြီးဖြူလာစေပါတယ်။ သူက အက်ဆစ်ဓာတ်များလို့ တခြမ်းပဲ ထည့်သင့်ပါတယ်
အာလူးကတော့ အမည်းစက်တွေကို တိုက်ဖျက်ပေးပါတယ်။ အာလူးကတော့ vitamin B, C, magnesium, phosphorus, zinc ဓာတ်တို့ပါလို့ အသားအရေကို ကြည်လင်စေပါတယ်၊ နေလောင်ဒဏ်ခံနိုင်ပါတယ်၊
သလဲသီးကတော့ vitamin A, C and E and minerals such as calcium, phosphorous, potassium, iron, folic acid တို့ပါလို့ အသားအရေကို လင်းလက် တောက်ပစေပါတယ်၊ တင်းတိပ်ကိုတောင် ပျောက်နိုင်ပါတယ်၊
ပျားရည်ကတော့ အားလုံးသိပြီးတဲ့အတိုင်းပဲ၊ anti aging, anti-oxidant, nutrient, enzyme ဓာတ်တွေရှိလို့ အသားအရေကို ချောမွေ့စေတယ်၊ ဆဲလ်အသစ်ကို ဖြစ်စေတယ်၊ အမာရွတ်ကိုပျောက်စေပါတယ်
အဲ့ဒီ့ပါဝင်ပစ္စည်းအားလုံးရောထားတဲ့ စူပါရေခဲတုံးကတော့ အသားအရေကို ပြန်လည်နုပျိုစေတဲ့အပြင် အမည်းစက်တွေကို သိသိသာသာ သက်သာစေမယ့် အာနိသင်ပါဝင်ပါတယ်။
ပြုလုပ်နည်း
အာလူးတစ်လုံးကို သေချာအခွံနွှာဆေးပြီး ခြစ်ခွက်နဲ့ ခြစ်လိုက်ပါ။
ပြီးတာနဲ့ ဖော်ျရည်ကြိတ်စက်ထဲ ခြစ်ပြီးသားအာလူး၊ တလဲသီးများ နှင့် သံပုရာရည်ရောထည့်ပြီး ပျားရည်ရောပါ၊ ရေတစ်ဇွန်းပါထပ်လောင်းထည့်လိုက်ပါ။ ဇွန်းနဲ့အသာအယာမွှေပေးပြီးတာနဲ့ ကြိတ်ပစ်လိုက်ပါ။
ရလာတဲ့အနှစ်တွေကို ရေခံပုံစံခွက်တွေထဲ လောင်းထည့်ပြီး freezer ထဲ ၆နာရီလောက် (သို့) လုံးဝခဲသွားတဲ့အထိထားလိုက်ပါ။
စူပါရေခဲတုံးရပါပြီ။
အသုံးပြုပုံ
ရေခဲတုံးတစ်တုံးကိုယူပြီး အမည်းစက်ရှိတဲ့နေရာတွေမှာ ပွတ်ပေးပါ။ သေချာပွတ်ပေးပြီးတာနဲ့ ရေအေးနဲ့ဆေးချလိုက်ပါ။
တစ်နေ့နှစ်ကြိမ်လောက်လုပ်ပေးရင်တော့ အမည်းစက်တွေလုံးဝကင်းစင်သွားမှာပါ။

No comments:

Post a Comment