အမဲသား/ ဆိတ်သား ချက်တိုင်း ညှီနံရလို့
ချက်မစားဖြစ်တော့ဘူး ဆိုတဲ့ သူငယ်ချင်းများတွက် မနောရဲ့ အမဲသားချက်နည်းလေးး မျှဝေလိုက်ပါတယ်
အမဲသားနေရာမှာ ဆိတ်သားလည်း ထိုနည်းအတိုင်းပဲ ချက်နိုင်ပါတယ်လို့
😬
😬တက်သလောက်လေး ချက်မိတိုင်း စားတဲ့သူတိုင်းက နူးအိနေတာပဲ လုံးဝလည်းမနံဘူးနော် ချက်နည်းလေး ပြောပြလို့ မေးဖူးကျလို့ ချက်တက်တဲ့ နည်းလေး ကိုမျှဝေခြင်းပါရှင် အမှားပါခဲ့ရင်လည်း ဆောတီးပါလို့
😁
😁
😁
😊
ချက်မစားဖြစ်တော့ဘူး ဆိုတဲ့ သူငယ်ချင်းများတွက် မနောရဲ့ အမဲသားချက်နည်းလေးး မျှဝေလိုက်ပါတယ်
အမဲသားနေရာမှာ ဆိတ်သားလည်း ထိုနည်းအတိုင်းပဲ ချက်နိုင်ပါတယ်လို့

အမဲသားချက်
လိုအပ်သော ပစ္စည်းများ
အမဲသား ( လိုသလောက်)
ဆား အချိုမှုန့် ( ကြက်သားမှုန့်ဆို တမျိုးထဲ အဆင်ပြေ)
သံပရာသီးတစိတ်
ဒိန်ချဉ် အနည်းငယ် ( ဈေးထဲမှာဆို ၁၀၀ ဖိုး၂၀၀ ဖိုးဆို ရပြီ)
ဆီ
ကြက်သွန် ဖြူ/နီ ဂျင်း

အမဲသားကို လိုသလိုတုံးပါ ရေးဆေးပီး
သံပရာသီးတစိတ် | ဆား | အချိုမှုန့် တို့ဖြင့် နယ်ထားပါ
နာရီဝက်လောက် နှပ်ထားပါ ( နှပ်တာကြာလေ ကောင်းလေပါပဲ- အချိုမှုန့်မစားရင် အခြားအစားထိုးသုံးနိုင်ပါသည်)

ကြက်သွန်ဖြူ , ဂျင်း , ကြက်သွန်နီ ကို ရောထောင်းထားပါ (မနော ကတော့ မထောင်းဘူးကြက်သွန်နီသေးသေးလှီး ကြက်သွန်ဖြူ တပြားရိုက် ဂျင်းကိုသေးသေးလှီးလိုက်တယ် ဟိုအရင်ကလို ကြက်သွန်ညက်မှ ဆိုရင်တော့ ယောက်ခမ ရိုတ်မှာရှင့်
😅
😅)

ဆီပူထဲကို ဂျင်း ကြက်သွန်ဖြူ /နီ ထောင်းတာ ထည့်ပြီး
ဆီသက်ပါမယ်
ဆီသက်ပါမယ်
ဆီသက်တာကျက်ပီဆို အမဲသား / ဒိန်ချဉ် ထည့်ပါမယ်
အဖုံးအုပ်ပါ ထွက်လာသော အရည်နှင့် လုံး၍ ခဏ ချက်ပါ ပီးရင် အမဲသားကို ရေမြုတ်အောင်ထည့်ထားပါ
ဆီပြန်လာပြီဆို အပေါ့အငမ်မြည်း လိုရင်ထပ်ထည့်
မဆလာကြိုက်ရင် အာ့အချိန်ထည့်ပါ နောက်တရေ မထည့်ခင်ပေါ့နော် အဲ့တာဆို မဆလာနံက မစူးနေတော့ဘူး ပီးရင် နောက်တရေ ထပ်ထည့်ပြီး ချက်ပါ ဆီပြန်လာရင် အရသာရှိတဲ့ အမဲသား ဆီပြန်လေး ရပြီရှင့်
လုံးဝ မနံသလို ဒိန်ချဉ်လေး ထည့်ချက်ထားတာကြောင့် အသားလေးက ဝါးလိုက်တာနဲ့ နူးအိနေရောပဲ
😋

အလှဆင်စရာကတော့ ငရုတ်သီးပဲ တွေ့တယ် ( ဖြစ်သလိုလေးပေါ့
😬)

No comments:
Post a Comment