လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, July 26, 2016

သမိုင်းထဲက မနူဟာ










We Are Myanmar added 3 new photos.
22 hrs
သမိုင်းထဲက မနူဟာ
✿✿✿✿✿✿✿✿✿
မနူဟာမင်းသည် မွန်မျိုးနွယ်စုကြီးမှ ဆင်းသက်လာခဲ့ပြီး
သထုံမင်းဆက် ၂၅ ဆက်မြောက် မင်းဖြစ်သည်။ မနူဟာ
(မနုဟာ) ဟူသည် "မနုမည်သော မဟာသမ္မတမင်း"... ဖြစ်သည်ဟု ဆိုကြသည်။
မနူဟာကို သမိုင်းပညာရှင်ကျောက်စာ ပညာရှင်များကမူ မကုတ ၊ မကုဋရာဇာ ဟုလည်း ဆိုကြသည်။ အဓိပ္ပါယ်မှာ "မင်းများ၏ မကိုဋ်သရဖူ"ဖြစ်သည်။ မနူဟာကို "သူရိယကုမ္မာမင်းသား"
ဟုလည်း ခေါ်ကြသည်။
မနူဟာမင်းသည် ဆင်ဖြူသုံးဆယ့်နှစ်စီး အရှင်ဖြစ်ပြီး
ရှေးသထုံမင်းတို့ အတိုင်း ဘုန်းတန်ခိုး အာဏာနှင့် ပြည့်စုံသောမင်း ဖြစ်သည်။
သာသနာတော်ကို အထူးစောင့်ရှောက်သော မင်းဖြစ်သည်
နှင့်အညီ သထုံပြည်အား ဗုဒ္ဓဘာသာထွန်း
ကားအောင် ဆောင်ရွှက်နိုင်ခဲ့သည်။ ပိဋိကတ် သုံးပုံ နှင့်
ဘုရင်းရှင်၏ ဓာတ်တော်မွေတော်များလည်း သထုံပြည်တွင်ရှိသည်။ အာသောက မင်းကြီးက သာသနာပြုရဟန်းတော်များအား
သုဝဏ္ဏဘူမိခေါ် သထုံပြည်အား စေလွတ်ခဲ့
သဖြင့် သထုံသည် အစောဆုံး ဗုဒ္ဓသာသနာလွမ်းခြုံသည့် ဒေသဟု ဆိုနိုင်သည်။ ထိုအချိန်က လာအို ၊ ယိုးဒယား ၊ ကမ္ဘောဒီးယား
တို့သည် သထုံဘုရင်၏ လက်အောက်ခံများဖြစ်ကြသည်။
ဒီအချိန်မှာ မနူဟာမင်းနှင့် ခေတ်ပြိုင်မှာ ပုဂံကို အုပ်စိုးနေသည့် အနော်ရထာမင်းကြီးဖြစ်သည်။ အနော်ရထာသည် ရှင်အရဟံနှင့် ဆုံစည်းရာမှ ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်သွားခဲ့သည်။
ပုဂံပြည်တွင် သာသနာပြန့်ပွားဖို့ ဦးစီးဆောင်ရွက်ပေးဖို့
အနော်ရထာမင်းက ရှင်အရဟံအား လျှောက်တင်ရာ
ရှင်အရဟံက "ဘုရားရှင် သာသနာ သုံးပါးတွင်
ပရိယတ္တိသာသနာတော်ရှိမှ ပဋိပတ္တိ သာသနာဖြစ်နိုင်သည်။ ပရိယတ္တိမည်သော ပိဋကတ်သုံးပုံသည် ပုဂံတွင်
မရှိသေးချေ ။ ရှိပြီးသည့်ဒေသတို့မှ တောင်းယူ၍ သာသနာတိုးတက်အောင်လုပ်ဆောင်သင့်သည်" ဟု
မိန့်သည်။
သို့ဖြင့် အနော်ရထာမင်းလည်း သထုံမနူဟာမင်းဆီမှ ပိဋကတ်စာပေကျမ်းဂန်များ နှင့် ဓာတ်တော်များကို တောင်းရန်လိမ္မာသောအမတ်တစ်ပါးအား လက်ဆောင်ပဏ္ဍာများနှင့် စေလွှတ်လိုက်သည်။
သို့သော် မနူဟာမင်းက မပေးနိုင်ဟုယတိပြတ်ငြင်းပစ်ခဲ့သည့်အတွက် အနော်ရထာမင်းလည်း အမျက်ဒေါသထွက်ကာ နိုင်ငံအတွင်းရှိ
သူရဲသူခက် စစ်သည် အားလုံးကို စုစည်းကာ သထုံပြည်ကို ချီစေတော့သည်။ ကျန်စစ်သား ၊ ငထွေရူး ၊ ငလုံးလက်ဖက် ၊
ညောင်ဦးဖီး ၊ ဗျတ္တစသော သူရဲကောင်းများ ကို ဦးဆောင်စေသည်။ ထို့နောက် သထုံမြို့ကို ၀န်းရံနေစေသည်။
သထုံမင်းလည်း အနော်ရထာမင်းစစ်တပ်ကြီး ချီလာသည်ဟု
ကြားသည်နှင့် မြို့ကိုပိတ်ကာ အခိုင်အမာနေသည်။
ဘုန်းတန်ခိုးကြီးသည့် အပြင် အစီအရင်များကြောင့်
အနော်ရထာသည် သထုံကို အလွယ်တကူမသိမ်းနိုင်ပဲ ရှိနေသည်။
နောက်ဆုံးတွင် ဗျတ္တ၏ အစီအရင်ဖြင့် မြို့တွင်းသို့ ၀င်ရောက်နိုင်ပြီး
သထုံကို သိမ်းနိုင်ခဲ့သည်။ (အစီအရင် ဆိုသည်မှာ ဗျတ္တအစ်ကို
ဗျတ်ဝိ၏ သွေးများကို မြို့ရိုးပတ်လည်၌ မြုပ်နှံထားခြင်း ဖြစ်သည်။
ဗျတ္တက နတ်စိမ်းဖြစ်နေသော အစ်ကိုကို ခေါ်မေးကာမှ
လွတ်နေသော ကြက်မတစ်ဥ၀ပ် စာနေရာကို သိရှိသွားသည်။
ထိုနေရာမှ မြို့ထဲသို့ ၀င်ရောက်ကာ မြို့တံကားကို ဖွင့်ပေးခဲ့ခြင်း
ဖြစ်သည် ဟု ဆိုကြသည်)
မြို့ကို သိမ်းပြီးနောက် အနော်ရထာမင်းသည် မနူဟာမင်း နှင့် တကွသားမယား ၊ အမှူးအမတ်သူရဲကောင်းများ ၊ မွေတော်
ဓာတ်တော်များ ၊ အစုံ ၃၀ သော ပိဋကတ်တို့ကို ဆင်ဖြူ ၃၂
စီးပေါ်တွင် တင်ကာ ပုဂံသို့ ဆောင်ယူခဲ့သည်။
ကျမ်းတတ် ရဟန်း သံဃာတော်အများအပြားလည်း တပါတည်း ခေါ်ယူလာခဲ့သည်။ ပုဂံသို့ ရောက်လျှင် မနူဟာမင်းအား
မြင်းကပါ ဟူသော အရပ်၌ အလုပ်ကျွေးနှင့် နေစေသည်။
မနူဟာမင်းသည် ဘုန်းတစ်ခိုး ဖြစ်ပြီး လျှာစက်အာစက်
ပြင်းသူ ဖြစ်ရာ အနော်ရထာမင်းထံသို့ အဖူးမျှော်ဝင်သည့်အခါ အနော်ရထာမင်းမှာ ထိတ်လန့်လှသည်ဟု ဆိုကြသည်။
မနူဟာမင်းအား ဘုန်းတံခိုးညံစေခြင်းငှာ ဘုရားတွင်ကပ်ထားသော ဆွမ်းတော်များကို မနူဟာမင်းအား ကျွေးသည့်အခါ မနူဟာမင်းမှာ လျှာစက်အာစက် ကွယ်သွားရသည်။ ( ဆွမ်းတော်အား
စားသည့်အတွက် ဘုန်းတန်ခိုးကျသည် ဆိုခြင်းမှာ ယုတ္တိမရှိ၊
ထို့ကြောင့် ထိုအချက်မှာ မဖြစ်နိုင်ကြောင်း ပညာရှင်များက
ဆိုကြသည်)
ဘုရင်တစ်ပါး အဖြစ်မှ ဘုရားကျွန်အဖြစ်သို့ပြောင်းလဲခဲ့ရသည့်အတွက် မနူဟာမင်းမှာ စိတ်ကျဉ်းကျပ်တော်မူခဲ့ပေမည်။ သို့အတွက် ရှိသည့်လက်ဝတ်ရတာများကို ရောင်းချပြီး ဘုရားတည်သည့်အခါ အဆောင်ကျဉ်းကျဉ်းလေးတွင် ဘုရားရုပ်ပွားတော်အကြီးကြီးများကို တည်ထားခဲ့သည်။
သူ၏ စိတ် မည်မျှကျဉ်းကြပ်လှကြောင်းကို ဥပမာပြု၍ တည်ထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ထိုအကြောင်းကို ပုဂံမြင်းကပါ အရပ်က မနူဟာဘုရား ကို ရောက်ဖူးသူတိုင်း သိရှိပေလိမ့်မည် ဖြစ်သည်။
💥💥(အထက်ပါ အကြောင်းအရာများတွင် အမှန်များပါသ
လို အချို့အချက်များမှာ ပါးစပ်ရာဇဝင်လို အချက်များ
ပါဝင်နေတာကြောင့် အမှန်နှင့်ကွဲလွဲမှုများရှိနိုင် ပါသည်)💥💥
Ref. ; Ayesay

No comments:

Post a Comment