လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Sunday, July 17, 2016

ပုရွက်ဆိတ် တစ်ကောင် နဲ့ ခြင် တစ်ကောင်

ဒေါက်တာဒီမိုဆိတ်ဖွား
2 hrs
ပုရွက်ဆိတ် တစ်ကောင် နဲ့ ခြင် တစ်ကောင်
ဒကာကြီး ပုရွက်ဆိတ် တစ်ကောင်မှာ အသက် ဘယ်နှစ်ချောင်း ပါသတုန်း
တင်ပါ့ ဘုရား တစ်ချောင်းတည်းသာ ပါ ပါတယ် ဘုရား
ခြင် တစ်ကောင်မှာကောကွယ့်
တင်ပါ့ တစ်ချောင်းတည်း ပါပဲ ဘုရား
ဟုတ်ပြီ ဒါဖြင့် မေးရဦးမယ်ကွယ့်
မေးပါ ဘုရား
ပုရွက်ဆိတ်တစ်ကောင်နဲ့ ခြင်တစ်ကောင်ကို သတ်လိုက်တယ် ဆိုပါစို့
တင်ပါ့ ဘုရား
အပြစ်က အတူတူပဲလား ?
သို့တည်းမဟုတ် ဘယ်အရာက အပြစ်ပိုကြီးသလဲကွယ့် ?
အသက် တစ်ခုခြင်း အတူတူဆိုတော့
အပြစ်က အတူတူပဲလို့ ထင်ပါတယ် ဘုရား
အသက် အတူတူပေမယ့် အပြစ်ကတော့ မတူဘူးကွယ့်
တင်ပါ့ ဘာ့ကြောင့်ပါလဲ ဘုရား
ရှင်းပြရမှာပေါ့ကွယ် ဟုတ်စ
တင်ပါ့ ဘုရား
ပုရွက်ဆိတ်ကို လက်ညှိုး လက်သန်းလေးတွေနဲ့ 
သတ်လို့ရသလား
တင်ပါ့ ရပါတယ် ဘုရား
ခြင်ကိုကော လက်ညှိုး လက်သန်းလေးတွေနဲ့
သတ်လို့ရသလားကွယ့်
မရပါဘူး ဘုရား ၊ မရတာ များပါတယ် ဘုရား
အိမ်းးး ဒါဖြင့်ရင်တော့ကာ ခြင်ကို ဘယ်လိုသတ်ရသလဲကွယ့်
လက်ဝါးနဲ့ ရိုက်ရပါတယ် ဘုရား
ခြင်ထောင်ထဲမှာဆိုရင်ကော လက်ဝါးတစ်ဖက်တည်းနဲ့
ရိုက်သတ်လို့ ရသလားကွယ့်
မရပါ ဘုရား အပြေးကောင်းတဲ့ခြင်ဆိုရင် တစ်ခါတစ်လေ
လက်ဝါးနှစ်ဖက်နဲ့တောင် လေးငါး ခြောက်ချက်
ရိုက်ရပါတယ် ဘုရား
အိမ်းးး အဲ့တာ လိုရင်းပဲပေါ့ကွယ်
အသက်သတ်တာခြင်း အတူတူ အားစိုက်မှု တူရဲ့လားကွယ့်
တင်ပါ့ မတူပါဘူး ဘုရားး
သဘောပေါက်ပါပြီ ဘုရား
အိမ်းးး ဒါဆိုရင်ဖြင့် ဘယ်အကောင်ကို သတ်တာက
အပြစ်ပိုကြီးသလဲကွယ်
ခြင်ကိုသတ်တာက အပြစ်ပိုကြီးပါတယ် ဘုရား
ဟုတ်ပြီ ခြင်နဲ့ ကြောင် ဆိုရင် ကြောင်ကို လက်ဝါးနဲ့
သတ်လို့ရသလား?
မရပါ ဘုရား
ဓားနဲ့ခုတ် တစ်ချက်တည်း ဆိုပါစို့
တင်ပါ့ ဘုရား 
ဟုတ်ပြီ အဲ့ဒီ့ ကြောင်သေလောက်တဲ့ အင်အားနဲ့ ခွေးကို
ခုတ်မယ်ဆိုရင် တစ်ချက်တည်းနဲ့ သေပါ့မလား
မသေနိုင်ပါ ဘုရား
ခွေးက အကောင်ပိုကြီးတယ်ဆိုတော့ လေးငါး
ခြောက်ချက်လောက်ပေါ့ ဟုတ်စ
မှန်ပါ့ ဘုရား
နွားတွေ ဆင်တွေဆိုရင် ပိုပိုပြီး အားမစိုက်ရဘူးလား
အားစိုက်ရတာပေါ့ ဘုရား
အေးး အဲ့ဒါ စေတနာပေါ့ 
ကောင်းသော စေတနာလား မကောင်းသော စေတနာလား
မကောင်းသော စေတနာပါ ဘုရား
မကောင်းသော စေတနာ အားကြီးရင်
အကုသိုလ်ကံလည်း မကြီးပေဘူးလား
ကြီးပါတယ် ဘုရား
အိမ်းးး အသက်တစ်ချောင်းခြင်း တူသော်လည်း
စေတနာအားကြီးသလောက် အကုသိုလ်ကံလည်း မတူဘူးဆိုတာ
သဘောပေါက်ပြီပေါ့
တင်ပါ့ ထင်ထင်ရှားရှား သိရပါပြီ ဘုရား
ဒါဖြင့်ရင် အကုသိုလ်ကံတွေကို လိမ္မာပါးနပ်စွာနဲ့ တတ်နိုင်သမျှ
ရှောင်ကွင်းနိုင်အောင် ကြိုးစားပေါ့ကွယ်
တင်ပါ့ ဘုရား
ကဲ ကဲ နောက်တစ်ပတ်မှပဲ ကုသိုလ်အကြောင်းကို
ဆက်ကြတာပေါ့ကွယ်
တင်ပါ့ ဘုရား သာဓု သာဓု သာဓုပါ ဘုရား

No comments:

Post a Comment