လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, July 12, 2016

ဆရာတော်ကြီးအရှင်နန္ဒမာလာနဲ့ နှမတော် ဒေါ်ကဉ္စနာ







TimeAyeyar-တိုင်းဧရာ
“သာသနာ့ဝန်ထမ်းကြတဲ့ ရှာမှရှားတဲ့မိသားစု”
ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီးDr.နန္ဒမာလာဘိဝံသ၏
မိသားစုဝင် ဓာတ်ပုံများပါ.....
မွေးချင်းမောင်နှမ ကိုးဦးရှိသည့်အနက်

အစ်ကိုကြီးနှစ်ဦးသာ လူဝတ်နဲ့ဖြစ်ပြီး
ကျန်မောင်နှမ ခုနစ်ဦး(ညီအစ်ကို ၆ဦး အစ်မ ၁ဦး)အပါအဝင် မိဘနှစ်ပါးပါ သာသနာ့ဝန်ထမ်းခဲ့ကြတာဖြစ်ပါတယ်..
မြတ်စွာဘုရားရှင်လက်ထက်တော်က
အရှင်သာရိပုတ္တရာမထေရ်တို့ မောင်နှမတွေအားလုံး သာသနာ့တာဝန်ကို ထမ်းခဲ့ကြတယ်လို့ တရားတော်တွေထဲမှာ နာဖူးပါတယ်..
ခုလို ဆရာတော်ဘုရားတို့မိသားစုလည်း မိသားစုလိုက်သာသနာ့ဝန်ထမ်းကြတာ မြင်ရတော့
အထူးပင် ကြည်ညိုသဒ္ဒါပွားမိပါတယ်..
သာဓု သာဓု သာဓုပါဘုရား..
credit to original uploader
photo credit-အရှင်နန္ဒမာလာဘိဝံသ
မဟာသုဗောဓာရုံကျောင်းတိုက်(စစ်ကိုင်း)
Credit: နှလုံးသားအာဟာရ





























မြန်မာပြည် သာသနာမှာ ခြောက်ပါးညီနောင် ကျောင်းဆိုတာ ရှိတယ်... မွေးချင်းညီနောင် ၆ ယောက် သာသနာ့ဘောင်ဝင် ရှင်ရဟန်း ပြုကြပြီး သီတင်းသုံးကြတဲ့ ကျောင်းတိုက်ပေါ့... မဟာသ...ုဗောဓါရုံလို့ ခေါ်တယ်မှတ်တယ်...
ရဟန်းညီနောင် ခြောက်ပါးစလုံးဟာ သာသနာ့ဓဇ ဓမ္မာစရိယဘွဲ့ အနည်းဆုံး ရရှိကြသူတွေ ဖြစ်တယ်ဆိုရင်ပဲ အတော်ကြည်ညိုစရာ ဖြစ်နေပါပြီ... ဒီလို သာသနာ့ အာဇာနည်တွေကို မွေးထုတ်ပေးခဲ့တဲ့ မိဘတွေကလဲ ဘယ်လောက်တောင် မြင့်မြတ်ဂုဏ်တက် ကြလေမလဲ...
မွေးချင်း ၁၂ ယောက်မှာ သား ၆ယောက် သာသနာ့ဘောင် ဝင်သွားပြီးနောက်ပိုင်း အမိအဘတွေကလဲ ရဟန်းပြု သီလရှင် ဝတ်လိုက်ကြတယ်... မွေးချင်းထဲမယ် အငယ်ဆုံး မိန်းကလေးကလဲ သီလရှင် လိုက်ဝတ်တယ်... ခမည်းတော်နဲ့ နောင်တော်တွေ အပါအဝင် သံဃာတွေကို ဆွမ်းလုပ်ကျွေးတယ်... ဒီလိုမိသားစု ဘယ်လိုရှာ ရှာလို့တွေ့ပါ့မလဲ...
အဲ့ဒိ ညီနောင်တွေထဲက မွေးချင်း ၁၁ ယောက်မြောက်... ဆရာတော်ဟာ အရှင်နန္ဒမာလာလို့ ခေါ်ပါတယ်... အများသိကြတဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်ပေါ့...


သာဓု... သာဓု... သာဓု...
Copy From ကိုသာပို

No comments:

Post a Comment