လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, July 13, 2016

💬💬သူတော်ကောင်းတို့၏ပေးလှူခြင်း ၅မျိုးနှင့် အကျိုး ၅ပါး

    Ven Kavin Da to ဗုဒ္ဓစာပေများနှင့်ဆုံးမစာများစုစည်းရာ
    14 hrs
    💬💬သူတော်ကောင်းတို့၏ပေးလှူခြင်း ၅မျိုးနှင့် အကျိုး ၅ပါး💬💬
    ၁။ ။ယုံကြည်စွာပေးလှူသူသည် ဘဝတိုင်း၌ ချမ်းသာကြွယ်ဝ၍ ရုပ်အဆင်းလည်း တင့်တယ်၏။
    ၂။ ။ရိုသေစွာပေးလှူသူသည် ဘဝတိ...ုင်း၌ ချမ်းသာကြွယ်ဝ၍ သားမယား ကျေးကျွန် အလုပ်သမားတို့ကလည်း သူ့စကားကို နာခံတတ်ကြ၏။
    ၃။ ။လျောက်ပတ်သောအခါ၌ ပေးလှူခြင်းသည် ဘဝတိုင်း၌ ချမ်းသာကြွယ်ဝ၍ လိုအပ်သောအခါ၌လည်း သူ့ထံသို့ အကျိုးစီးပွားများစွာ ရောက်လာတတ်ကြ၏။
    ၄။ ။ပစ္စည်း၌မကပ်ငြိသောစိတ်ဖြင့် ပေးလှူသူသည် ဘဝတိုင်း၌ ချမ်းသာကြွယ်ဝ၍ သူ့စိတ်သည်လည်း ကောင်းမွန်သည့်ကာမဂုဏ်တို့ကို ခံစားရန် တိမ်းညွတ်၏။
    ၅။ ။မိမိကိုယ်ဖြစ်စေ သူတစ်ပါးကိုဖြစ်စေ မထိခိုက်စေပဲ ပေးလှူသူသည် ဘဝတိုင်း၌ ချမ်းသာကြွယ်ဝ၍ သူ့စည်းစိမ်သည်လည်း မီး ရေ မင်း ခိုးသူ အမွေခံဆိုး ဟူသော
    အကြောင်းတို့ကြောင့် ပျက်စီးခြင်း မဖြစ်။ ( အံ. ပဉ္စကနိပါတ)
    { kavi. မနောမြေ }

No comments:

Post a Comment