လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, July 7, 2016

မြန်မာနိုင်ငံရဲ့ ပရိယတ္တိသင်သင်ကြားပုံစနစ်က မှားယွင်းနေပါတယ်လို့ ဝေဖန်ပြောဆိုနေကြတဲ့ ပညာတတ်အရှင်မြတ်များအနေနဲ့ ပါမောက္ခချုပ်ဆရာတော် ဖြေဆိုမိန့်ကြားပေးတာလေးကို အေ...လးအနက်ထား ဖတ်ကြားစေလိုပါတယ်။


အရှင်ပညာစာရာဘိဝံသ စည်ရှင်
မြန်မာနိုင်ငံရဲ့ ပရိယတ္တိသင်သင်ကြားပုံစနစ်က မှားယွင်းနေပါတယ်လို့ ဝေဖန်ပြောဆိုနေကြတဲ့ ပညာတတ်အရှင်မြတ်များအနေနဲ့ ပါမောက္ခချုပ်ဆရာတော် ဖြေဆိုမိန့်ကြားပေးတာလေးကို အေ...လးအနက်ထား ဖတ်ကြားစေလိုပါတယ်။ အပ္ပမာဒမဂ္ဂဇင်းက မေးလို့ ဖြေဆိုထားတာပါ။
မေး။ ။ဆရာတော် အင်္ဂလိပ်စာသင်ယူခဲ့ပုံနဲ့
အငယ်တန်း၊အလတ်တန်းလောက်စသည်မှာ
အင်္ဂလိပ်စာ တွဲပြီးတော့ သင် သင့်၊မသင် သင့်
ပရိယတ္တိစာပေနဲ့အင်္ဂလိပ်စာပေ သင်ယူမှု
အ ပေါ် ဆရာတော်ရဲ့သ ဘောထားခံယူချက်၊
ဘာသာစကားကျွမ်းကျင် ဖို့လိုအပ်ပုံ စသည်များ
ကို မိန့်ပါအုံးဘုရား?။
ဖြေ။ ။ဘာသာစကား မတတ်တာက တော့
အားနည်းချက် ရှိပါတယ်။ဒါဖြင့် အငယ်တန်း
အလတ်တန်းလောက်ကတည်းက အင်္ဂလိပ်စာ
ထည့်ရင် ကောင်းမလားဆိုရင်တော့ ဘုန်းကြီးတော့ သ ဘောမတူပါဘူး။အဲဒီစနစ်ကို
သီရိလင်္ကာနဲ့ယိုးဒယားတို့မှာ လုပ်နေကြပါ
တယ်။သူတို့ကိုကြည့်ပါ။ငယ်ငယ်ကတည်းက အင်္ဂလိပ်တို့ သင်္ချာတို့ ထည့်သင်တော့
ပိဋကတ်ဘက်မှာ ပျော့သွားပါတယ်။ဒီမှာက
ပိဋကတ်ကို အင် တိုက်၊အားတိုက် သင် ထားတာ
ပါ။အကယ်၍သာ အဲဒီပညာရပ်တွေ တွဲပြီး
သင် မယ်ဆိုရင် ကြိုက်တဲ့ပုဂ္ဂိုလ်တွေလည်း
ရှိမှာပါ၊စာသင် သားတွေ ဒီ့ထက် ပိုပြီးတော့
တော်လာမယ်လို့ ယူဆတဲ့ သူတွေလည်း ရှိပါ
တယ်။ထူးချွန်တဲ့ပုဂ္ဂိုလ်တွေလည်း ပေါ်လာမှာ
ပါ။သို့သော်လည်း အများစုနဲ့ပြောရမယ်ဆိုရင်
တော့ အင်္ဂလိပ်နဲ့သင်္ချာထည့်သင် မယ်ဆိုရင်
ပိဋကတ်တော်ဘက်က ပျော့သွားမှာ သေချာ
တယ်လို့ ဘုန်းကြီး ယုံကြည်နေပါတယ်။
ဘုန်းကြီး အင်္ဂလိပ်စာသင် တာ ၂၆ နှစ်မှ
သင် တာပါ။မန္တလေး သကျသီဟစာမေးပွဲ
အောင်ပြီး ကမ္ဘာအေးမှာ တိပိဋကပါဠိမြန်မာ
အဘိဓာန် Compiler အ နေနဲ့သွားရင်း ချမ်းမြေ့ရိပ်သာဆရာတော်ထံ ဝိဇ္ဇာလင်္ကာရ
ဆရာတော်ရဲ့စီစဉ်ပေးချက်အရ အင်္ဂလိပ်စာ
တစ်ချိန်၊သက္ကတ တစ်ချိန်ဖွင့်ပေးပါတယ်။
သက္ကတ ကိုတော့ နီပေါက ဦးဉာဏပုဏ္ဏိက
သင်ပေးပါတယ်။အဲဒီမှာ စပြီး သင် တာပါ။
ကိုယ်တွေ့ပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်စာ
သင် သည့်အတွက်ကြောင့် နှိုင်းယှဉ်တတ်ပြီး
တော့ ပါဠိကိုပိုပြီးရှင်းရှင်းလင်းလင်းမြင် တတ်သွားခဲ့ပါတယ်။ဘာသာနှစ်ခုလုံးအတွက်
အကျိုးပြုပါတယ်။အင်္ဂလိပ်စာသင် လို့
လွယ်သွားတာဟာ ပါဠိသင် ခဲ့လို့(ပါဠိသင်
သည့်အတွက်ကြောင့် အင်္ဂလိပ်စာ လွယ်သွား
တယ်)။အင်္ဂလိပ်စာ သင် သည့်အတွက်ကြောင့်လည်း ပါဠိကို ပိုရှင်းရှင်းကြီး မြင် တတ်သွားပါတယ်။
စစ်ကိုင်းတောင် ရိုး ဝိပဿနာချောင် မှာ
ကိုယ့်ရဲ့နောင်တော်ကြီးထံမှာ (ပါဠိစာပေ)
စပြီး သင် ခဲ့တာပါ။ငယ်,လတ်,ကြီး ထိအောင်
ပေါ့။၆ နှစ်ကြာခဲ့ပါတယ်။ငယ်ငယ်တုံးက
အဲဒီလို သင် ခဲ့တာပါ။ဆရာသမားများက တော့
ထေရုပ္ပတ္တိအကျဉ်းမှာ ပါပြီးပါပြီ။ပညာရေးနဲ့
ပတ်သက်လို့က တော့ ဒီလောက်ပါပဲ။
လျှောက်စရာရှိ လျှောက်ပါအုံး။
မေး။ ။ဒီက နေ့အထိ မြန်မာနိုင် ငံမှာ သင်ကြားနေတဲ့ ပရိယတ္တိဓမ္မအ ပေါ် ဆရာတော်ရဲ့သုံးသပ်ချက် အမြင် ကို
သိပါရ စေဘုရား။
ဖြေ။ ။Traditional Education ပေါ့လေ
ဒီစနစ်နဲ့ပဲ ဒီနေ့မြန်မာပြည်မှာ ကျင့်သုံးနေကြ
တာပါ။ဒီစနစ်နဲ့ပဲ အ တော်တတ်နေကြပါတယ်။ကျမ်းတတ်ပုဂ္ဂိုလ်
တွေဆိုတာ ဒီစနစ်နဲ့ပဲ တတ်ကြတာပါ။
ခြွင်းချက်အ နေနဲ့တော့ ရှိကောင်းရှိနိုင် ပါတယ်။ဘုန်းကြီးတို့ နိုင် ငံခြားရောက်တဲ့
အခါကျတော့ မြန်မာပြည်ကဘုန်းကြီးဆိုရင်
အဘိဓမ္မာ တတ်တယ်။ကမ္မဋ္ဌာန်းပြတတ်တယ်
ဆိုတဲ့ အရည်ချင်း နှစ် ရပ်ကို အထူးသဖြင့်
သီဟိုဠ် သီရိလင်္ကာက ပါမောက္ခကြီးတွေ
က သိပ် အထင်ကြီးကြပါတယ်။
လေးလည်းလေးစားကြပါတယ်။ဒီလို လေးစား
ခံရတာဟာ မြန်မာနိုင် ငံရဲ့ ပရိယတ္တိပညာရေး
စနစ် ရဲ့ မှန်ကန်မှုလို့ ပြောရပါမယ်။မြန်မာသင်
နည်းက နှစ်လည်းအကြာကြီးတော့ မဟုတ်
ပါဘူး။ဉာဏ်အလတ်တန်းစားဆိုရင် (၁၀)နှစ်
လောက် သင် ရပါတယ်။နိုင် ငံခြားသားတွေ
တောင် ၁၀ နှစ်လောက်ဆိုရင် ဓမ္မာစရိယတန်း
လောက် ရောက်သွားပါတယ်။
ဥပမာအားဖြင့် နီပေါကလာတဲ့ ဒေါ်သုဓမ္မဝတီ
တို့,ဦးဉာဏပုဏ္ဏိကတို့ ဆိုရင် ၁၀ နှစ်လောက်နဲ့ ဓမ္မာစရိယ ပြီးသွားပါတယ်။
အခြားပညာရပ်တွေ တက္ကသိုလ်တွေနဲ့စာရင်
ကြာတယ်လို့ မ ပြောနိုင် ပါဘူး။သူတို့ရဲ့
ပိဋကတ်စာပေ အရည်အ သွေးက နိုင် ငံခြား
မှာ တခြားနဲ့ယှဉ်ရင် အင် မတန် မြင့်မားပါတယ်။
ဘုန်းကြီးတို့ သီဟိုဠ်မှာနေလာခဲ့တော့ သီဟိုဠ်
ဘုန်းကြီးတွေကိုယ်တိုင် က ဘုန်းကြီးတို့ကို
အ တော်လေးစားကြပါတယ်။အကယ်၍ သင်
နည်းစနစ် မှားနေတယ်ဆိုရင်တော့ မြန်မာပြည်
ရဲ့ပရိယတ္တိစာပေ အောက်တန်းကြမှာပါ။
ထေရဝါဒနိုင် ငံတွေကို ကြည့်လိုက်မယ်ဆို
ရင် မြန်မာနိုင် ငံရဲ့ပညာရေးစနစ်က အောက်တန်း
မကျပါဘူး။ပိဋကတ်ဘက်မှာနော်။
သို့သော မြန်မာဘုန်းကြီးတွေက နိုင် ငံတကာ
သုံးဖြစ်တဲ့ ဘာသာစကားကို မသင်ကြား
သည့်အတွက်ကြောင့် တခြားနိုင် ငံခြားသား
တွေကို ဓမ္မကို မိမိသိသ လောက် ရှင်းမပြနိုင် ဘူး ဆိုတာတော့ ရှိပါတယ်။
ဒါက အားနည်းချက်ပါ။
မေး။ ။ပိဋကတ် အရည်ချင်းမှာ မြန်မာပြည်က
အခြားထေရဝါဒနိုင် ငံတွေထက်စာရင်
ဘယ် အ ခြေအ နေမှာ ရှိပါသလဲ ဘုရား။
ဖြေ။ ။ ပိဋကတ်နဲ့ပတ်သက်လို့က တော့
မြန်မာဘုန်းကြီးတွေကို မမှီပါ။သီဟိုဠ် သီရိလင်္ကာလည်း မမှီပါ။တစ်ခြားနိုင် ငံတွေ
ဆိုရင် ထည့်ကို ပြောမ နေပါနဲ့တော့။မြန်မာပြီး
ရင် သီဟိုဠ်က အ တော်ဆုံးလို့ပြောရမှာပဲ။
ဒါပေမယ့် ပိဋကတ်နဲ့ပတ်သက်လို့ရှိရင်
မြန်မာနိုင် ငံကို လုံးဝ မမှီပါဘူး။
မြန်မာပြည် ရဲ့ပိဋကတ်သင် တန်းစနစ်ဟာ
မှန်ကန်တယ်လို့ ဘုန်းကြီး ယူဆတယ်။
Language မတတ်တာလေးကို ကြည့်ပြီးတော့
ပြောလို့မရပါ။Language အရည်ချင်းက
၎-၅နှစ်လောက်နဲ့ ရနိုင် ပါတယ်။ပိဋကတ်
အရည်အချင်းက တော့ ဒီလောက်နှစ်နဲ့မရ
နိုင် ပါ။ပိဋကတ် အရည်အချင်းက ပိုပြီး အဓိက ကျပါတယ်။ဒါမှ နှိုင်းယှဉ်လို့ရမှာကိုး။
အင်္ဂလိပ်ဘာသာဆိုတာ Media ဘာသာ
သ ဘောမျိုးပဲ ရှိနေတာလေ။အင်္ဂလိပ်စာ
ဘယ်လောက်တတ်နေ နေ ပိဋကတ်စာပေ
မတတ် ရင်တော့ ဓမ္မကို ဘယ်လိုမှ ရှင်းပြလို့
ရမှာ မဟုတ်ပါဘူး။
အခု ကမ္ဘာမှာ သုံးနေတဲ့ ဝိသုဒ္ဓိမဂ်ကျမ်းကြီး
ကို အင်္ဂလိပ်လို The Path of Purification လို့ပြန်ထားတယ်။ပြန်တဲ့ဆရာတော်
က သီဟိုဠ်မှာနေတဲ့ ဦးဉာဏ မောဠိ ပါ။
ဂျာမန်ဘုန်းကြီးဖြစ်ပါတယ်။အင် မတန်ကြိုးစား
ပြီးတော့ ဘာသာပြန်ပါတယ်။သို့သော်
သူ့ရဲ့ ပါဠိအရည်ချင်းက မြန်မာဘုန်းကြီးတွေ
လောက် မပြည့်စုံဘူး။ဒါကြောင့် ဘာသာပြန်
တဲ့နေရာမှာ ချို့ယွင်းချက်တွေ အများကြီးရှိပါ
တယ်။အဲဒါ အခြားဘုန်းကြီးတွေ မမြင် ဘူး။
မြန်မာပြည်က ဘုန်းကြီးတွေ မြင် ပါတယ်။
မြန်မာပြည်က အင်္ဂလိပ်စာတတ်တာနဲ့ဒီမှာ
မှားနေတယ်လို့ ပြောနိုင် တယ်။
ဒါနဲ့ ပတ်သက်လို့ ကိုယ်တိုင် လဲ လေ့လာထားလို့
အ ပြောဆုံးက အပြည်ပြည်ဆိုင် ရာ ထေရဝါဒ
ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် လုပ်နေတဲ့
ဦးသီလာနန္ဒ(ပျံလွန်ပြီး)ပါ။
ဒီထဲမှာ အမှားတွေ အများကြီးပဲတဲ့။
ဝါကျဆက်တာက အစ ပေါ့။သူ ငယ်ငယ်တုံးက
ထင် တယ်တဲ့ ဒီမြန်မာပြည် စာချတန်းသင် တဲ့
စနစ်တွေဟာ အချိန်ကုန်တာပဲလို့ ယူဆခဲ့တယ်တဲ့။
အခု ဝိသုဒ္ဓိမဂ်ကျမ်းကြီး ပြန်ထားတာ ဖတ် ရ
တဲ့အခါကျတော့ ဒို့ငယ်ငယ်က သင် ခဲ့တာ
တယ်ပြီး စနစ်ကျပါလားလို့ မြင်မိပါတယ်။
မူရင်းရေးသားတင်ပြသူကို ကျေးဇူးတင်စွာဖြင့် ခရက်ဒစ်ပေးပါတယ်။

No comments:

Post a Comment