လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, July 30, 2016

အုတ်ပုံကြီး မဟုတ်ပါ

ဦးမြင့်ခိုင်
13 hrs
အုတ်ပုံကြီး မဟုတ်ပါ
-----------------------------
ဘာသာတရားတိုင်းမှာ ကိုးကွယ်မှု့ကို
ဖေါ်ပြဖို့ အတွက် အမှတ်လက္ခဏာအမျိုးမျိုးကိုအသုံးပြုကြတယ်
...
တာအိုဘာသာမှာဆိုရင် ဆန့် ကျင်ဘက်နှစ်ခုတို့ ရဲ့
ပေါင်းစည်းညီညွတ်မှု့ ကိုဖေါ်ပြဖို့ အတွက်
ယင်နဲ့ ယန်Ying Yang) ကိုအမှတ်လက္ခဏာ
အဖြစ်သုံးတယ်
ဆစ်ခ်ဘာသာမှာဆိုရင် ဘာသာရေးဆိုင်ရာ
ရုန်းကန်လှုပ်ရှားမှု့ ကို ဖေါ်ပြဖို့ အတွက် ဓါး ကို
အမှတ်လက္ခဏာအဖြစ်အသုံးပြုတယ်
ခရစ်ယာမ်ဘာသာမှာ ခရစ်တော်တည်ရှိခြင်းကို
ဖေါ်ပြဖို့ အတွက် ငါး ကိုအမှတ်လက္ခဏာအဖြစ်
အသုံ့းပြုပြီး လူသားတွေအတွက် အသက်စွန့် လွှတ်မှု့ ကို
ဖေါ်ပြဖို့ ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ်
အသုံးပြုကြပါတယ်
ဗုဒ္ဓဘာသာမှာ လူသားတဦးရဲ့အလုံးစုံ ပြီ့းပြည့်စုံမှု့ ကို ဖေါ်ပြဖို့ ရာ ဘုရားရုပ်တုတော် ဆင်းတုတော်
ပုံတော်ကို အမှတ်လက္ခဏာအဖြစ် အသုံ့းပြုကြပါတယ်
ဒီနေရာမှာ ပြောချင်တာက အမှတ်လက္ခဏာဟာ
ပြယုဂ်သက်သက်မဟုတ်ဘူးဆိုတာပါပဲ
ရှိခိုးလိုက်ပြီဆိုတာနဲ့  ထက်သန်တဲ့သဒ္ဒါတရာနဲ့ 
အလှုခံပုဂ္ဂိုလ်ရဲ့ မြင့်မြတ်စင်ကြယ်မှု့ က
ကြီးကျယ်တဲ့အကျိုးကို ရှိစေတာပါ
အုတ်ပုံကြီးကို ရှိခိုးတာမဟုတ်ပါဘူး လေးသင်္ချေကမ္ဘာ
တသိန်းဖြည့်ဆည်းမှ ရ ရှိလာတဲ့ ဂုဏ်တော်တွေကို
မှန်းပြီးရှိခိုးတာပါ အမေနဲ့ တခြား မိန်းမတွေဟာ
မိန်းမအသွင်သဏ္ဌန်တူညီပေမဲ့ ပေးဆပ်မှု့ ခြင်း
ကွာခြားတဲ့အတွက် တန်ဘိုးရှိပုံခြင်းကွာခြား
သွားတာပါ
အခြားမိန်းမကိုသတ်ယုံနဲ့ တရားအတွက်အနှောင့်အယှက်
မဖြစ်ပါဘူး အမေကိုသတ်ရင်တော့ အဝီစိငရဲကိုလည်း
မဖြစ်မနေကျမယ် ဘယ်လောက်ပဲံတရားအားထုတ်ပါစေတရားလည်းမရတော့ဘူး အဲဒါ ကျေးဇူးရှိပုံခြင်းကွာလို့ ရ
ရှိတဲ့အကျိုး ကွာခြားတာပါ
သတ္တဝါတွေတရားရဖို့  ပေးဆပ်ခဲ့ရတဲ့ ပေးဆပ်မှု့ ဟာ
အင်မတန်ကို ကြီးမားလို့  ရ ရှိတဲ့အကျိုးဟာလည်း
အင်မတန်ကို ကြီးမားပါတယ်
ဒါဖြင့် တခြားဘာသာတွေ သူတို့ ဘုရားရှင်တွေကို ရှိခိုးတာရော အကျိုးကျေးဇူး
မရှိနိုင်ဘူးလားလို့ မေးစရာရှိတယ် မရရှိနိုင်ပါဘူး
ဘာ့ကြောင့်လည်းဆိုတော့ ဘုရားရှင်အစစ်က
တစ်ဆူတည်းပဲရှိလို့ ပါ အဲဒီ အစစ်ကို ရှိခိုးမှပဲ
အကျိုးကျေးဇူးရှိနိုင်မှာပါ
ဒါ့ကြောင့် အုတ်ခဲပုံကြီးကို ရှိခိုးတာမဟုတ်ပါဘူး
ဂုဏ်တော်တွေကို ရှိခိုးတာပါ
အုတ်ခဲပုံကြီးကို ရှိခိုးနေတယ်လို့ မြင်နေကြပေမဲ့
အကျိုးကျေးဇူးတွေကတော့ အများကြီးပဲရနေပါတယ်
ဆိုတာတော့ ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါလိမ့်မယ်
ဦးမြင့်ခိုင်
share 

သေခါနီးမှာ စည်းသုံးတန်

မဟာဗောဓိမြိုင်ဆရာတော်
22 hrs
သေခါနီးမှာ
စည်းသုံးတန်
ကျော်ရမှာနော်…………………………………………
(၁)ပထမစည်းက- " ဝေဒနာပြင်းထန်လာချိန်...
ဒီတောင်ကို ကျော်နိုင်ပါ့မလား " ဆိုတာ
ဒီအချိန်မှာ ကိုယ်စောင့် ဘာဝနာတွေ ပွားမထားခဲ့ရင်
ငါသေတော့မယ်ဆိုတဲ့ အတွေးဝင်တော့မယ်။
ကြောက်စိတ်ဝင်တော့မယ်။
ဥာဉ်နဲ့သေရင် နောက်ပြန်ရမယ်။
နောက်ပြန်တာ ဘာကိုပြောတာလဲ၊
'အပါယ်လေးဘုံကိုပြောတာပါဘုရား'

( ၂ )ဒုတိယစည်းက - "ငါ့မိသားစုနဲ့ ခွဲရတော့မယ်" ဆိုတဲ့ အသိ ၊ အတွေး။
ဒီအသိ၊ ဒီအတွေးနဲ့သေရင်
မိသားစုခင်တွယ်စိတ်ကြောင်
့ ပြိတ္တာဖြစ်သွား တတ်တယ်။
ကိုယ်စောင့်ဘာဝနာပွားထားသူဟာ
ဒီစည်းကိုကျော်နိုင်ပြီး ဘ၀ကောင်းဆီ ရှေ့ ဆက်နိုင်မယ်။
( ၃ ) တတိယစည်းကတော့ -
"မီးစာကုန် ဆီခမ်းနေချိန်
ကိုယ်တွင်းက ဓာတ်လေးပါး ပဋိပက္ခကြား
သတိမ၀င်ရင် " စွဲရာဘ၀ သွားရတော့မှာနော်။
လယ်တီဆရာတော်ဘုရားကြီး ပြောခဲ့တာက ''၀ိနိပါတိကဘေး''။
ထန်းသီးခိုင်ကြီး ချိုင်ပြီးပစ်ချလိုက်သလို
ဟိုတစ်လုံး သည်တစ်လုံး ဖွာလန်ကြဲပြီး
ရောက်မိရောက်ရာ ရောက်တော့မယ်နော်။
ကိုယ်စောင့်ဘာဝနာတရားလေးပါး ပွားထားသူကတော့
ထန်းသီးခိုင်ချိုင်ပြီး ကြိုးနဲ့ချပေးသလို
လိုရာရောက် တယ်။ မှန်းရာရောက်တယ်။
ဒါကြောင့် အပါယ်လေးဘုံဆိုတဲ့ နောက်ကြောင်း မပြန်ချင်ရင်
လူနတ်ဗြဟ္မာ အရိယာဆိုတဲ့ ဘ၀ကောင်းတွေဆီ ရှေ့ဆက်သွားချင်ရင် လူသက်ကို စောင့်ရှောက်ရမယ်။ ဘာနဲ့စောင့်ရှောက်ရမှာလဲ။
''ကိုယ်စောင့်ဘာဝနာ တရားလေးပါး ''နဲ့ပါဘုရား။
သာဓု….. သာဓု ….. သာဓု ။

Friday, July 29, 2016

"သဲအင်းဂူဆရာတော်ဘုရားကြီး"၏ အတိတ်ဝဋ်ကြွေးတော်

မြတ်ဗုဒ္ဓ ၏ သာသနာ
"သဲအင်းဂူဆရာတော်ဘုရားကြီး"၏
အတိတ်ဝဋ်ကြွေးတော်
••••••••••••••••••••••••••••••••••••
"သဲအင်ဂူးဆရာတော်ဘုရားကြီး" ယခုဘဝ ဝဋ်ကြွေးခံရသည်များသည် မိမိ ၏... အတိတ်ဘဝ ကြောင်းများကြောင့် ဟူသော သာရက များဖြင့် စပ်လျင်း၍ ဆရာတော်ဘုရားကြီး ၏ မိမိ အတိတ်ဘဝ အကြောင်း
်များအားဟောပြောချက်များ ကို တိုက်ရိုက် ဓမ္မဒါနပြုလိုက်ပါသည်။
ဤ ဟောပြောချက်သည် ( သဲအင်းဂူ ဆရာတော်ဘုရားကြီး ၂၆-၃-၁၉၆၉ နေ့ တွင်ဟောကြားတော်မူသော "မဂ်လေးပါးတရားတော်" မှ ကောက်နှုတ်ထားခြင်း ) ဖြစ်ပါကြောင်း....။

ဓမ္မမိတ်ဆွေများ အနေဖြင့် ဤတရားကို ဖတ်ရှု၍ ဝိပဿနာ အားထုတ်ချင်စိတ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ကုသိုလ်ပြုရခြင်းဖြစ်ပါသည်။
( ခန္တာ-၅ပါးတစ်ဦး )
•••••••••••••••••••••••••••••••••
"သူများဆဲတာကို အပြစ်မပြောဘူး။ ဦးဇင်းက အတိတ်က သူများကို ဆဲခဲ့တဲ့ အပြစ်ကိုသိတယ်။
"ငါ့ကိုက မကောင်းတဲ့ကံ၊ သူများကို ဆဲခဲ့လို့ အခုငါခံ။"
"အတိတ်အကြောင်း သိချင်လား ဒကာကြီး"
ဦးဇင်းက "ဝေဿဘူ"ဘုရားလက်ထက်က "ရှင်ဘုရင်" ဖြစ်ခဲ့တယ်။
ထီးနန်းအုပ်ချုပ်သူ ဘုရင်။ "ပိဋကတ်သုံးပုံ" ပြောင်းပြန် ဘယ်ပြန်ညာပြန် လှန်ခဲ့တယ်။ အတတ်မျိုးစုံလည်း တတ်ခဲ့တယ်။ ဘုရင်ကလည်း အကြီးစား။
ဦးဇင်း "အတိတ်"က "ကံ" ပြောတာ။ သူများကို ဆဲခဲ့တာ ပြောတာ။"သူများကို ဆဲခဲ့တာ ပြောတာ"လို့  ဒီလို မာန်မာနတရားတွေ လက်မကြီးထောင်ခဲ့တယ်။ အစွယ်ကြီးချိတ်ခဲ့တယ်။ မာန်တွေ မာန်တွေ၊ "ငါ့ထက်တတ်တဲ့သူ မရှိဘူး "လို့ ဒီလို အစွယ်ကြီး ချိတ်ခဲ့တယ်။အဲဒီတော့ ဘုရင်လည်း ဖြစ်နေတော့ ဒကာကြီးရဲ့ "ပိဋကတ်သုံးပုံ" နှုတ်ငုံ အာဂုံဆောင်နိုင်တဲ့ ရှင်ဘုရင်။
"ပိဋကတ်သုံးပုံ" နှုတ်ငုံဆောင်လာတဲ့ ပုဂ္ဂိုလ်ဆိုတော့ သံဃာတော်အရှင်မြတ်များတွေ ကြည့်လိုက်တဲ့ အချိန်ခါကျတော့ "ငါ့လောက် စာမတတ်ပါဘူး"လို့ "ဒီလိုသွားပြီးတော့ ပြစ်မှားတယ်၊ သံဃာတွေကို"...။
"ငါ့လောက် မတတ်ပါဘူးကွာ၊ ငါမေးလိုက်ချင်တယ်"
အဲဒီလို ဒကာကြီးရေ။ "ငါမေးလိုက်ရင် ငါ့အမေး မခံနိုင်ပါဘူး၊ ငါ့လောက် မတတ်ပါဘူး"
အဲဒီလို သွားပြီးတော့ "ဝစီဗေဒ"ကံ မျက်ခြင်းကြောင့် မလို့  ဦးဇင်းက အတိတ်ကာလတုန်းက သံဃာတော်အရှင်မြတ်များ အဲဒီလို ဆဲခဲ့တယ်။
အခုလည်း ဦးဇင်း ကို
"ဘာတတ်တာလဲကွာဆို အဆဲခံရတာ။ ဦးဇင်း ကံ က အတိတ်က မကောင်းခဲ့လို့  ဦးဇင်းက ဆဲ ခဲ့လို့ အခု သူများက ကိုယ့်ဆဲတာ။ ကိုယ်က မကောင်းတာ ဒကာကြီး။"
"သူများက မကောင်းတာ မဟုတ်ပါဘူး။ ဦးပဇင်းရဲ့ ကံ ပါ။"
"ငါ့လောက်မတတ်ပါဘူး၊ ငါမေးလိုက်ရင် အမေးမခံနိုင်ပါဘူး" ဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနတရားတွေ ထောင်လွှားပြီးတော့ လာခဲ့တယ်။
"အဲဒီဘဝက ကျသွားပြန်တော့ ဒကာကြီးရေ ငါ့လောက်မတတ်ဘူးဆိုတဲ့ဟာ ငရဲကျသွားတာပဲ။ ငရဲမှာ ခံလိုက်ရတာ မပြောချင်ဘူး ဒကာကြီးရေ။
အဲတော့ "သိတော့" ကြောက်တာပေါ့ ဒကာကြီးရာ"
"အတိတ်က ခံလာရတဲ့ဟာတွေ မြင်တော့ ကြောက်တယ်။ အတိတ်က ခံလာရတဲ့ဟာ မမြင်တော့ ဘယ်သူမှ မကြောက်ဘူး။
လက်ဖက်ရည်ဆိုင်ထိုင်ရောင်းနေတဲ့ ပုဂ္ဂိလလ်ကလည်း လက်ဖက်ရည်ဆိုင်ထိုင်ရင်း ငါဒီကနေ့ ဘယ်လောက်ရမလဲ ဒါပဲတွက်ပြီးတော့ နေတာ၊ သေတော့ အပါယ်ဆင်းမှာကို မသိဘူး။
ဘာကြောင့် မသိသလဲဆိုတော့ သွားရာလမ်းကြောင်း မသိဘူး။ မသိကြတော့ ဒီလိုပဲ ပျော်ပျော်ကြီး နေတာပေါ့။"
"စာတတ်တဲ့ ပုဂ္ဂိုလ်တွေက စာနဲ့ နှိုင်းတယ်။ စာနဲ့ မနှိုင်းနဲ့ "ခန္ဓာနဲ့ နှိုင်း"။ ထိုင်နေတုန်း ခန္ဓာထဲကြည့်၊ သဘောတွေ့ လိမ့်မယ်။ စာနဲ့ သွားမဟပ်လိုက်နဲ့ ၊ စာက ပညတ်၊ ခန္ဓာက ပရမတ်။ ပရမတ်သဘောတရားကို မြင်အောင်ကြည့်။ ကိုယ်သိရမှာက ခန္ဓာကိုကြည့် သဘောသိမယ်။
"ဘုရား"အသိကို "အဂ္ဂသာဝက၊ မဟာသာဝက" က မသိနိုင်ဘူး။
"အဂ္ဂသာဝကအသိ ကို "ပကတိသာဝက" မသိဘူး။
"ပကတိသာဝက"အသိကို "အနာဂမ်"က သိပါမလား။
"အနာဂမ်"အသိကို "သကဒါဂမ်"က သိပါ့မလား။
"သကဒါဂမ်" အသိကို "သောတာပန်"က သိပါ့မလား။
"သောတာပန်"အသိကို "အန္ဓပုထုဇဉ်"က သိပါမလား။
အဲ အခုပုဂ္ဂိုလ်တွေ က သောတာပန်လည်းမဟုတ်၊ ဘာမှလည်း မဟုတ်ဘဲနဲ့ ပေတံတွေနဲ့ ထောက်လိုက်ကြတာ။
ကိုယ်ကလည်း ဘာမှမသိဘူး။ စာအုပ်ကလေးကြည့်ပြီး ပေတံနဲ့ ထောက်လို့ ဘယ်ရမလဲ၊ ခန္ဓာကိုကြည့်ပြီး ထောက်။ ခန္ဓာအသိနဲ့ ထောက်လိုက်ရင် သိပ်ကောင်းတယ်။
မကျင့်လည်း မကျင့်ဘဲနဲ့ ပေတံနဲ့ ထောက်လို့ ရမလား။
ဦးပဇင်း "ဝစီဗေဒကံ"ထိုက်လို့ အခုထက်ထိ စာကို "ပါဠိ"လို မရွတ်တတ်ဘူး။
ဒါကြောင့်မို့ အခုလာရောက်တဲ့ ဒကာဒကာမတွေ ကိုယ်လည်း မသိဘဲ နဲ့ သူများ များ၊ ပေတံနဲ့ မထောက်လိုက်နဲ့ ၊ "ဝစီဗေဒကံ"များ "မမျက်လိုက်နဲ့ ၊ စာမတတ်တဲ့ကောင်ပဲ"သွားမလုပ်လိုက်နဲ့  နောက်များ ကိုယ်စာမတတ်ဘဲဖြစ်လိမ့်ဦးမယ်။ ဝစီဗေဒကံ မျက်တိုင်းရှိတယ်။အဲဒီတော့ မမျက်ကြနဲ့ ။
ဝိပဿနာဟာ အမြတ်ဆုံးတရားပဲ။
ကျင့်တုန်းများ သေသွား"နတ်ပြည်"သွားတာပဲ။
မကျင့်ဘဲနဲ့ နာရုံပဲနာပြီးများ မနေကြနဲ့ ၊ကျင့်ကြ ကျင့်ရင် အပါယ်ဘယ်တော့မှ မသွားဘူး။ မကျင့်ဘဲ ပုဂ္ဂိုလ်ကတော့ နာရုံသက်သက်နဲ့ တို့ လည်း သိထားတာပဲလို့ မလုပ်နဲ့ ၊ သေတော့ "လူးလှိမ့်သေရမယ်"သာ မှတ်။
သိလို့ ပြောတာ။ သေမှာကတော့ ကျိန်းသေတယ်၊ ဒီရုပ်နဲ့ ဒီနာမ် ဖြစ်လာ သေမှာပဲ။ သေပင်သေရငြားသော်လည်း အသိလေးနဲ့ သေရရင် မမြတ်ဘူးလား။
အသိမရှိတဲ့ပုဂ္ဂိုလ် မောဟ နဲ့ သေလို့ ရှိရင်
"လူရော နတ်ရော ဗြဟ္မာရော သီလရှင်ရော ဘုန်းကြီးရော" မောဟ နဲ့ သေမယ် ဆိုလို့ ရှိရင် "ရုပ်လည်းမသိ ၊နာမ်လည်းမသိ၊ ပညတ် ပရမတ်လည်း မသိ၊ သဘောတရားလည်း မသိ၊ မသိတဲ့ပုဂ္ဂိုလ် မှန်သမျှကတော့
"လေးဘက်ထောက်" လှိမ့်သာချတော့။
လူသေလို့ လူဖြစ်မယ်များ ထင်သလား၊ ဘယ်တော့မှ မဖြစ်ဘူး။ လူသေလို့ လူဖြစ်တာ၊ လူသေလို့ နတ်ဖြစ်တာ၊ လူသေလို့ ဗြဟ္မာဖြစ်တာ၊ လူသေလို့ နိဗ္ဗာန်ဖြစ်တာ၊ ဒါကတစ်မျိုးစီ "စိတ်"တွေ။
စိတ်တွေ စိတ်တွေ၊ လူသေလို့ အပါယ်ကျတာ "စိတ်"တွေပဲ။
အဲတော့ လူတော့ လူပဲ ခေါ်ဝေါ်သမုတ်ထားတာ "ပညတ်"ပဲ။
စိတ်ကရှိသေးတယ် "ပြိတ္တာစိတ်၊ တိရစ္ဆာန်စိတ်၊ ငရဲစိတ်၊ လူစိတ်၊ နတ်စိတ် ရှိသေးတယ်၊ ဗြဟ္မာစိတ်ရှိသေးတယ်၊ နိဗ္ဗာန်စိတ် ရှိတယ်။ အဲဒီစိတ်တွေက သူ့ စိတ်နဲ့ သူ ဘုရားက "စိတ်" ပဲဟောတယ်။
"စိတ်" ကိုတော့ ဘယ်သူမှမသိဘူး၊ "ပညတ်ကြီး"ကြည့်ပြီးတော့ တောပြော တောင်ပြောမပြောကြနဲ့ ၊ ကျင့်တဲ့သူတွေက အသေခံကျင့်ပြီးတော့လုပ်ကြတာ၊ မကျင့်တဲ့သူတွေက"တောပြောတောင်ပြော" ပြောတော့ "မစားရဘဲနဲ့ အပြစ်ခံရမယ်"။ ဒီသာသနာကြီး မှီတဲ့အချိန်ခါမယ် "မဂ်တားဖိုလ်တားတော့ မခံကြနဲ့ ။" ကိုယ်လည်း ဘာမှသိတာမဟုတ်ဘူး၊ ကိုယ်ကသိတယ်လို့ ထင်နေတယ်၊ "မသိဘူး၊"
သိတယ် ဆိုလို့ ရှိရင် "သူများအတင်း"မပြောဘူး။
သိရင်ကြောက်တယ် ၊ "ကိုယ့်အပြစ်သာ" ပြောတယ်၊
သူများအတင်းမပြောဘူး။"
သာဓု၊သာဓု၊သာဓု
••••••••••••••••••••••••••••••••••••
ကိုးကား Ref:http://myintmyatthuheart.blogspot.sg2015/…/blog-post_48.html နှင့် မေတ္တာစက်ဝန်း မှ ဖြစ်ပါသည်။
Credit... ခန္ဓာ၅ ပါး တစ်ဦး..

ရှင်အရဟံ ပုတီးစိပ်

U Than WinFollow
ရှင်အရဟံ ပုတီးစိပ်သည် အလွန်အစွမ်းထက်လှပါသည်။
ငွေရေး ကြေးရေး အဆင်ပြေခြင်း၊ လူချစ်လူခင်ပေါ
ခြင်း စသော အကျိုးများမှာလည်း သိသိသာသာ ခံစား
ရပါသည်။...
ထို့ပြင် ဤပုတီးစိပ်သည် ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿ
တိ ကို ပွားများပြီးဖြစ်သကဲ့သို့ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏
အနိစ္စ-မမြဲခြင်း သဘော၊ ဒုက္ခ-ဆင်းရဲခြင်း သဘော၊
အနတ္တ-အစိုးမရခြင်း သဘောတို့ကို ပွားများပြီးလည်း
ဖြစ်ပါသည်။
ထိုကဲ့သို့ အစွမ်းလည်းထက်၊ သမထ ၀ိပဿနာ နှစ်ဖြာလည်းဆောင်သော ရှင်အရဟံပုတီးစိပ်ကို ပူးတွဲတင်ပြ
လိုက်ပါသည်။ အနက်အဓိပ္ပါယ် သိနားလည်စွာဖြင့် ယုံ
ယုံကြည်ကြည် ရွတ်ဆိုပွားများကြပါကုန်။
( ရှင်အရဟံ ပုတီးစိပ် )
။။။။။။။။။။။။။။။။။။။။။။။။။။။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
ဓမ္မံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
သံဃံ သရဏံ ဂစ္ဆာမိ၊ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ
ဂစ္ဆာမိ။ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ။
အနန္တံ ဗလ၀ံ ဗုဒ္ဓံ၊ အနန္တံ ဂေါစရံ ဓမ္မံ၊ အနန္တံ အရိယံ သံ
ဃံ၊ အနန္တံ ဗောဓိမုတ္တမံ။
( မြန်မာပြန်)
။။။။။။။။။။။။။။။
မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည်
အစိုးမရပါတကား။
တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည်
အစိုးမရပါတကား။
သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည်
အစိုးမရပါတကား။
ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
သံဃာတော်မြတ်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည်
အစိုးမရပါတကား။
အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘု
ရားသည်၊ အဆုံးအပိုင်းအခြား ရှိတော်မမူသော တန်ခိုး
တော်တည်း။
မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်သည် အဆုံးအပိုင်းအခြားရှိတော်မမူ
သောတန်းခိုးတော်တည်း။
အရိယာသံဃာတော်မြတ်သည် အဆုံးအပိုင်းအခြား ရှိ
တော်မမူသော
တန်ခိုးတော်တည်း။
(မှတ်ချက်) ဤကဲ့သို့ အဓိပ္ပါယ်သိပြီးလျှင် ပါဠိကို အစအ
ဆုံး ရွတ်ဆိုပြီးမှ ပုတီးတလုံးချ၍ စိပ်ရပါသည်။

Credit - မောင်နွေဦး (မြင်းမူ)

Thursday, July 28, 2016

" သရဏဂုံ တည်သူ "

Ei Ei Mon to ဗုဒ္ဓ အရိပ်
. " သရဏဂုံ တည်သူ "
===========
ည အိပ်ယာ မဝင်ခင် သရဏဂုံတည်ပြီးမှ အိပ်ကြပါ။
သရဏဂုံတည်သောသူသည် ထိုဘဝမှ စုတေသောအခါ တစ်ဘဝတာ တည်ခဲ့သော... သရဏဂုံ ကုသိုလ်ကြောင့် ……
(၉၁)ကမ္ဘာ အပါယ်လေးပါးသို့ မကျရောက်ရခြင်း။
အကြိမ်(၈၀) သိကြားမင်းဖြစ်ရခြင်း။
(၇၅)ကြိမ် စကြာမင်းဖြစ်ရခြင်း။
ရိုးရိုးပဒေသရာဇ် ဧကရာဇ်ဘုရင်အဖြစ် အကြိမ်ကြိမ်ဖြစ်နေခြင်း။
အဆုံးဘဝတွင် မြတ်စွာဘုရားသာသနာ၌ (၇)နှစ်သားအရွယ်မှာပင် ရှင်သာမဏေအဖြစ် ခံယူ၍ သရဏဂုံအဆုံး၌ ရဟန္တာဖြစ်ခြင်း။
ဈေးဝယ်သောအခါ တစ်ပိဿာဝယ်လျှင် တစ်ပိဿာရ၏။ဈေးသည်က တစ်ပိဿာအပြည့်အပြင် မေတ္တာလက်ဆောင် ထည့်ပေးလျှင် အဆစ်ပါရ၏။
ထို့အတူ သရဏဂုံတည်လျှင် အကျိုးရင်း အကျိုးဖျားဟူ၍ နှစ်မျိုးရ၏။
ယခုဖော်ပြပြီးသည်တို့ကား အကျိုး အရင်းဖြစ်၏။ တစ်ပိဿာဝယ်၍ တစ်ပိဿာရခြင်းမျိုး တစ်ရာဖိုးဝယ်၍ တစ်ရာဖိုးရခြင်းမျိုးပင် ဖြစ်၏။
အဆင့်နှင့်တူသည့် အကျိုးဖျားဟုခေါ်သော ကောင်းကျိုး(၈)မျိုးကိုလည်း ဘဝဆက်တိုင်း ရနိုင်သေး၏။
ထိုကောင်းကျိုး(၈)မျိုးကိုလည်း အပါဒါန်ပါဠိတော်မှာ ဟောတော်မူထား၏။
သရဏဂုံတည်ခဲ့သူသည် လူ နတ် ဗြဟ္မာ မည်သည့်ဘဝသို့ ရောက်ရောက် ……………
၁။ လူအများ၏ ပူဇော်ခံရခြင်းကို ခံယူရသည်။
၂။ ထူးထူးခြားခြား သူတကာထက် ဥာဏ်ကောင်းသည်။
၃။ သူ၏အလိုသို့ အများက လိုက်ပါရသည်။
၎။သတ္တဝါအားလုံးက နှစ်သက်သည်။
၅။ သတ္တဝါအားလုံးက ချစ်ခင်သည်။
၆။ ရွှေအဆင်းကဲ့သို့ လှပသည်။
၇။ ကျော်စောထင်ရှားသည်။
၈။ စည်းစိမ်များပြားသည်။
---------------------------------
ပေးရသောအချိန်နှင့် တန်သည့်…
အသိဥာဏ်ဗဟုသုများ ရရှိကြပါစေ ………။
တစ်ဆင့် မျှဝေ ကုသိုလ်ပြုပါတယ်။

Wednesday, July 27, 2016

#‎အလကား_လူ‬

သီ တာFollow
စာလေးကအရမ်းကောင်းတော့ မဖတ်ရသေးတဲ့သူငယ်ချင်းတွေကို
ဖတ်စေချင်လို့ ကူးယူလာပါတယ်နော်
‪#‎အလကား_လူ‬
……………………...
.

* ၄နှစ်သားအရွယ်
မူကြိုစတက်တော့အမေကပြောတယ်။
" သား ၁၀တန်းအောင်အောင်လုပ်
၁၀တန်းက ဘဝတဆစ်ချိုးပဲ
၁၀တန်းအောင်ရင် သားလူစဖြစ်ပီ " တဲ့
* ဒီလိုနဲ့ ၁၀တန်းအောင်ပီး
လူဖြစ်ပီထင်ခဲ့ပေမယ့်
" ထမင်းစားလက်မှတ် "ကို
English လိုတံဆိပ်ကပ်ထားတဲ့
" ပညာတတ် " ဆိုတဲ့လူတွေအခေါ်အဝေါ်ကြား
တွေဝေခဲ့တယ်။
သြော် ငါလူဖြစ်ပေမယ့် ထမင်းစားမှအသက်ရှင်
မှာကိုး။ လို့ထပ်သိရပြန်တယ်။
* ဒီလိုနဲ့ ပညာတတ်ဆိုတဲ့
ကွမ်းစားရင် တံတွေးဗြစ်ခနဲတွေးတတ်
မုန့်စားပီးရင် အမှိုက်ဘတ်ခနဲပစ်တတ်တဲ့
လူပေါ်လူချည်းယုတ်မာတတ် တဲ့
လူအများစုကြား "သြော် ဒါပညာတတ်ပါလား"
ဆိုပီးဆက်နေခဲ့ရပြန်တယ်။
* ဒီလိုနဲ့ ထမင်းစားဖို့ 
အလုပ်လုပ်ရမှာပါလား ဆိုတဲ့အသိနဲ့
အလုပ်လျှောက်မိတယ်။
ပထမကြုံရတာက
" မင်းက ဘယ်သူ့အကပ်နဲ့လာလျှောက်တာလဲ"
ဒုတိယကြုံရတာက
" မင်း ဘာ certificate တွေပါလာလဲ "
တတိယကြုံရတာက
" လဖက်ရည်ဖိုး " တဲ့
သြော် လူဖြစ်ဖို့ 
ထမင်းစားလက်မှတ်တွေအများကြီးလိုအပ်
သေးပါလားလို့ တွေးမိပြန်တယ်။
* ဒီလိုနဲ့ထမင်းစားလက်မှတ်တွေလိုက်ရှာရင်း
" မင်းဘာအရည်အချင်း ရှိလဲ "လို့မေးခွန်းမမေး
တဲ့ Company တခုမှာအလုပ်လုပ်ဖြစ်သွား
တယ်။
* ဒီလိုနဲ့ နားမလည်ခြင်းများစွာနဲ့
ကောင်မလေး ခေါ် အမျိုးသမီး၁ယောက်ကို
တွေ့ပီး ဗိုက်ဆာသလို အိမ်သာတက်ချင်သလို
ခံစားချက်တွေဖြစ်လာခဲ့တယ်။
သြော် ဒါသူများတွေပြောတဲ့ အချစ် ကိုး။
* ဒီလိုနဲ့ သူနဲ့ဘာမှနားမလည်သေးတဲ့
ကျတော်ချစ်သူတွေဖြစ်သွားကြတယ်။
အဲ့ဒီမှာတခုထပ်သိရတာက
" ချစ်ကိုချစ်ရင် အမေတို့ဆီမှာ
လာ ‪#‎တင်‬ တောင်းပါတဲ့ "
"ဘယ် လို #တင် တောင်းရမှာလဲ ချစ်"မေးရင်း
ဘာမှနားမလည်တဲ့ကျတော်
ယောက်ခမလောင်းအိမ်ကိုရောက်သွားတယ်။
ယောက်ခမရဲ့ အနှစ်ချုပ်က
" တိုက်တလုံးနဲ့ ကားတစီးတဲ့ "
သြော် မိန်းမတွေရဲ့ တင်က
တော်တော်ဈေးကြီးပါလားလို့ 
တွေးမိသွားတဲ့ကျတော်
သူနဲ့လက်ထပ်ဖြစ်သွားတယ်။
* "မင်္ဂလာဆောင် " တဲ့နာမည်က
ခန်းမအဝမှာ မိန်းမဖက်က
လာသမျှ ဗူးတွေကိုသရဲမရဲဖောက်သိမ်း
နေတဲ့လူတွေနဲ့ ဗူးပေးပီး အင်တင်တင်နဲ့
ခန်းမထဲ ကျွေးတဲ့ဒံပေါက်ကိုစားနေတဲ့
လူတချို့ရဲ့ အခမ်းအနားကို မင်္ဂလာဆောင်လို့
ခေါ်တာပါလားလို့ တွေးမိသွားတဲ့ကျတော်
မိတ်ကပ်အပြည့်ဖုံးပီး ငှားဝတ်လာတဲ့
ရတနာပစ္စည်းတချို့နဲ့ ကျတော့်လက်ကို
ချိတ်ထားတဲ့ဘေးက အမျိုးသမီးတယောက်
မျက်နှာကိုတချက်လှည့်ကြည့်မိသွားတယ်။
" သြော် ဒါငါ့မိန်းမ ပါလား "
* ဒီလိုနဲ့ နားမလည်ချင်းများစွာရှိနေသေးတဲ့
လူ့အသိုင်းအဝိုင်းကြား တွေးကောင်းတုန်းရှိ
သေး အဂုင်္လိမာလ သုတ်ကိုကျက်ဖို့ဖြစ်လာ
တယ်။ ကိုယ့်မိန်းမဗိုက်ကပူလာပြီကိုး။
* သားသားလေးလား မီးမီးလေးလား
သိချင်လို့ သွားမေးမိတယ်။
ဒါလေးမေးတာကို တသိန်းကျော်ပေးရတယ်။
"သြော် ဒီဗေဒင်ဆရာတွေများ
တော်တော်ချမ်းသာလိုက်မယ့်ဖြစ်ခြင်း"
လို့ OG ဆရာဝန်မျက်နှာကိုကြည့်ပီး
တွေးမိလေရဲ့။
* ဒါလေးမေးတာတောင်ဒီလောက်ကုန်ရင်
ဒီဗိုက်ထဲကကောင်အပြင်ထွက်လာရင်
ပိုကုန်မှာပါလားဆိုပီး ကျတော်ဟာ
လူတယောက်ကနေ နွားတကောင်လို
ထပ်ရုန်းရပြန်တယ်။
ဒီလိုနဲ့ ‪#‎အဖေ‬ ဆိုတဲ့နေရာကိုရောက်သွားလေ
ရဲ့။
* ဒီလိုပေါင်းများစွာနဲ့
မောကြီးပန်းကြီးဖြစ်ရင်း
ခဏနားမယ်ကြံတုန်း
" အဖေကြီးရေ ရှင့်သမီးတော့
လင်နောက်လိုက်သွားပီ "ဆိုတဲ့
မိန်းမရဲ့စကားသံကြောင့်
Metal ကြိုက်ခဲ့တဲ့ကျတော့်ရင်ဟာ
သံရည်ကျို ခံလိုက်ရတယ်။
* " မိဘတို့ ဝတ်တရား ရှိတဲ့အတိုင်း"
ဆိုတဲ့တခါက ကျတော့
ကျတော်မိန်းမယူတော့မယ်ပြောတုန်းက
မျက်နှာငယ်လေးနဲ့ ပြောခဲ့တဲ့အမေ့ရဲ့စကား
အဓိပ္ပာယ်ကို အခုမှသိသွားခဲ့တယ်။

* ဒီလိုနဲ့ မရှိမဲ့ရှိမဲ့တချို့နဲ့
သမီးလင်ယူဖို့ မင်္ဂလာဆောင်ဆိုတာကြီးကို
ဒုတိယအကြိမ်ကြုံခဲ့ရပြန်တယ်။
" သြော် ငါ့သားမက် ခွေးသား
သူတောင်းစား $လုပ်မရှိ $ကိုင်မရှိပဲ
ငါ့သမီးကို #တင် တောင်မတောင်းခဲ့ပဲ
လက်ထပ်နိုင်ပါလား " လို့တွေးရင်း
မင်္ဂလာပွဲကြီးပြီးဆုံးသွားလေရဲ့။
* ဒီလိုပေါင်းများစွာနဲ့
တချိန်က မိတ်ကပ်အဖွေးသားနဲ့
ခန်းမတနေရာက ကျတော်မိန်းမတဖြစ်လဲ
ကျတော့်ချစ်သူ လောကကြီးထဲကထွက်သွား
ခဲ့လေရဲ့။
* ဒီလိုနဲ့ပဲ သားမက်အိမ်တက်နေရတဲ့
အဖြစ်ကို ကျတော်ရောက်သွားခဲ့တယ်။
တချိန်က သူအထီးလေးလား အမလေးလား
မေးဖို့ ငွေတသိန်းကျော်အကုန်ခံခဲ့တဲ့ကျတော့်
သမီး။ ကိုယ့်အဖေသွေးတိုးတာတောင်ဆေး
ခန်းပြဖို့ အချိန်မပေးနိုင်ခဲ့ဘူး။
* ဒီလိုနဲ့ပဲ သမီးအတွက်လဲအဆင်မပြေ
သားမက်အတွက်လဲ မလိုလားတဲ့ကျတော်
အလိုက်တသိပဲ သားမက်အိမ်ကဆင်းလာ
ခဲ့လိုက်တယ်။
* ဒီလိုနဲ့ ……………
* ဒီလိုနဲ့ ဘိုးဘွားရိပ်သာလို့ခေါ်ကြတဲ့
အထီးကျန်သူတွေရဲ့ဂေဟာလေးရဲ့
စင်္ကြလမ်းတခုမှာ တွေးမိလာတာက
ငါသာသေသွားရင်………
* ငါသာသေသွားရင်
ငါအားပေးခဲ့တဲ့ Metallica ကြီးလဲ
ပျောက်သွားမှာမဟုတ်သလို
ငါအားပေးခဲ့တဲ့ မြန်မာ့လက်ရွေးစင်
ဘောလုံးအသင်းလဲ ပိုညံ့သွားမှာမဟုတ်ဘူး။
ငါမနက်တိုင်းစားနေတဲ့ မုန့်ဟင်းခါးဆိုင်က
ဒေါ်တင်ရွှေကြီးလဲ ငါ့ကို ၁ပတ်အပြင်
သတိရနေမှာမဟုတ်သလို
ငါ့အချစ်ဆုံးဆိုတဲ့သူငယ်ချင်းတွေလဲ
တလအပြင် ငါ့ကိုဝမ်းနည်းနေမှာမဟုတ်ဘူး။
ငါ့သမီး နဲ့ ငါ့သမက်လဲဒီလိုပဲ။
ဒီလိုတွေးရင်း တွေးရင်း
လူတွေဟာ အောင်မြင်လာ ချမ်းသာလာ
ကြရင် " ငါ " ဆိုတဲ့အတ္တ
" ငါမရှိရင် မဖြစ်ဘူး " ဆိုတဲ့အတ္တတွေရဲ့
စက်ဆုတ်ရွံရှာစရာ အတွေးအခေါ်တွေကို
သတိထားမိလာတယ်။
" ပရက်စလေ လဲသေသွားပီ
ဒါပေမယ့် Rock ဂီတမပျောက်သွားဘူး။
" မိုက်ကယ်ဂျက်ဆင်လဲ သေသွားပီ
ဒါပေမယ့် သူ့ကိုသတိရလို့ နေ့တိုင်းငိုနေတဲ့
Pop ပရိတ်သတ်မရှိဘူး။
"တရက်က မိုဟာမက်အလီ လဲသေသွားပီ။
မသေခင်က သူ့ကိုအဖတ်လုပ်ပီးတလတခါ
တောင်သတိမထားကြတဲ့လူတွေက
fb မှာကိုယ့်အဖိုးများသေသလားမှတ်ရတဲ့
အထိ ကြေကွဲနေကြတယ်။
ဒါပေမယ့် တပတ်ကြာရင် ပျောက်သွားဦးမှာပဲ။
ဒါကြောင့်လောကမှာ
ဘယ်သူမရှိလို့မဖြစ်ဘူး ဆိုတာမရှိဘူး။
ကမ္ဘာကြီးက ဘယ်သူရှိရှိမရှိရှိ 23 1/2° နဲ့
လည်ပတ်နေဦးမှာပဲ။
လောကကြီးအတွက်တော့
လူတိုင်းဟာ အလကားလူပဲ။
ဒီလိုတွေးရင်းတွေးရင်း
နောက်တနေ့နာရေးကြော်ငြာမှာ
ကျတော့်နာမည်ပါလားတယ်။
ဒါပေမယ့် ကျတော်မဖတ်လိုက်ရတော့တဲ့
သတင်းစား အမှတ်စဉ် တခု။
အလကား လူ ။
ထက်ဝန. Credit

Tuesday, July 26, 2016

သမိုင်းထဲက မနူဟာ










We Are Myanmar added 3 new photos.
22 hrs
သမိုင်းထဲက မနူဟာ
✿✿✿✿✿✿✿✿✿
မနူဟာမင်းသည် မွန်မျိုးနွယ်စုကြီးမှ ဆင်းသက်လာခဲ့ပြီး
သထုံမင်းဆက် ၂၅ ဆက်မြောက် မင်းဖြစ်သည်။ မနူဟာ
(မနုဟာ) ဟူသည် "မနုမည်သော မဟာသမ္မတမင်း"... ဖြစ်သည်ဟု ဆိုကြသည်။
မနူဟာကို သမိုင်းပညာရှင်ကျောက်စာ ပညာရှင်များကမူ မကုတ ၊ မကုဋရာဇာ ဟုလည်း ဆိုကြသည်။ အဓိပ္ပါယ်မှာ "မင်းများ၏ မကိုဋ်သရဖူ"ဖြစ်သည်။ မနူဟာကို "သူရိယကုမ္မာမင်းသား"
ဟုလည်း ခေါ်ကြသည်။
မနူဟာမင်းသည် ဆင်ဖြူသုံးဆယ့်နှစ်စီး အရှင်ဖြစ်ပြီး
ရှေးသထုံမင်းတို့ အတိုင်း ဘုန်းတန်ခိုး အာဏာနှင့် ပြည့်စုံသောမင်း ဖြစ်သည်။
သာသနာတော်ကို အထူးစောင့်ရှောက်သော မင်းဖြစ်သည်
နှင့်အညီ သထုံပြည်အား ဗုဒ္ဓဘာသာထွန်း
ကားအောင် ဆောင်ရွှက်နိုင်ခဲ့သည်။ ပိဋိကတ် သုံးပုံ နှင့်
ဘုရင်းရှင်၏ ဓာတ်တော်မွေတော်များလည်း သထုံပြည်တွင်ရှိသည်။ အာသောက မင်းကြီးက သာသနာပြုရဟန်းတော်များအား
သုဝဏ္ဏဘူမိခေါ် သထုံပြည်အား စေလွတ်ခဲ့
သဖြင့် သထုံသည် အစောဆုံး ဗုဒ္ဓသာသနာလွမ်းခြုံသည့် ဒေသဟု ဆိုနိုင်သည်။ ထိုအချိန်က လာအို ၊ ယိုးဒယား ၊ ကမ္ဘောဒီးယား
တို့သည် သထုံဘုရင်၏ လက်အောက်ခံများဖြစ်ကြသည်။
ဒီအချိန်မှာ မနူဟာမင်းနှင့် ခေတ်ပြိုင်မှာ ပုဂံကို အုပ်စိုးနေသည့် အနော်ရထာမင်းကြီးဖြစ်သည်။ အနော်ရထာသည် ရှင်အရဟံနှင့် ဆုံစည်းရာမှ ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်သွားခဲ့သည်။
ပုဂံပြည်တွင် သာသနာပြန့်ပွားဖို့ ဦးစီးဆောင်ရွက်ပေးဖို့
အနော်ရထာမင်းက ရှင်အရဟံအား လျှောက်တင်ရာ
ရှင်အရဟံက "ဘုရားရှင် သာသနာ သုံးပါးတွင်
ပရိယတ္တိသာသနာတော်ရှိမှ ပဋိပတ္တိ သာသနာဖြစ်နိုင်သည်။ ပရိယတ္တိမည်သော ပိဋကတ်သုံးပုံသည် ပုဂံတွင်
မရှိသေးချေ ။ ရှိပြီးသည့်ဒေသတို့မှ တောင်းယူ၍ သာသနာတိုးတက်အောင်လုပ်ဆောင်သင့်သည်" ဟု
မိန့်သည်။
သို့ဖြင့် အနော်ရထာမင်းလည်း သထုံမနူဟာမင်းဆီမှ ပိဋကတ်စာပေကျမ်းဂန်များ နှင့် ဓာတ်တော်များကို တောင်းရန်လိမ္မာသောအမတ်တစ်ပါးအား လက်ဆောင်ပဏ္ဍာများနှင့် စေလွှတ်လိုက်သည်။
သို့သော် မနူဟာမင်းက မပေးနိုင်ဟုယတိပြတ်ငြင်းပစ်ခဲ့သည့်အတွက် အနော်ရထာမင်းလည်း အမျက်ဒေါသထွက်ကာ နိုင်ငံအတွင်းရှိ
သူရဲသူခက် စစ်သည် အားလုံးကို စုစည်းကာ သထုံပြည်ကို ချီစေတော့သည်။ ကျန်စစ်သား ၊ ငထွေရူး ၊ ငလုံးလက်ဖက် ၊
ညောင်ဦးဖီး ၊ ဗျတ္တစသော သူရဲကောင်းများ ကို ဦးဆောင်စေသည်။ ထို့နောက် သထုံမြို့ကို ၀န်းရံနေစေသည်။
သထုံမင်းလည်း အနော်ရထာမင်းစစ်တပ်ကြီး ချီလာသည်ဟု
ကြားသည်နှင့် မြို့ကိုပိတ်ကာ အခိုင်အမာနေသည်။
ဘုန်းတန်ခိုးကြီးသည့် အပြင် အစီအရင်များကြောင့်
အနော်ရထာသည် သထုံကို အလွယ်တကူမသိမ်းနိုင်ပဲ ရှိနေသည်။
နောက်ဆုံးတွင် ဗျတ္တ၏ အစီအရင်ဖြင့် မြို့တွင်းသို့ ၀င်ရောက်နိုင်ပြီး
သထုံကို သိမ်းနိုင်ခဲ့သည်။ (အစီအရင် ဆိုသည်မှာ ဗျတ္တအစ်ကို
ဗျတ်ဝိ၏ သွေးများကို မြို့ရိုးပတ်လည်၌ မြုပ်နှံထားခြင်း ဖြစ်သည်။
ဗျတ္တက နတ်စိမ်းဖြစ်နေသော အစ်ကိုကို ခေါ်မေးကာမှ
လွတ်နေသော ကြက်မတစ်ဥ၀ပ် စာနေရာကို သိရှိသွားသည်။
ထိုနေရာမှ မြို့ထဲသို့ ၀င်ရောက်ကာ မြို့တံကားကို ဖွင့်ပေးခဲ့ခြင်း
ဖြစ်သည် ဟု ဆိုကြသည်)
မြို့ကို သိမ်းပြီးနောက် အနော်ရထာမင်းသည် မနူဟာမင်း နှင့် တကွသားမယား ၊ အမှူးအမတ်သူရဲကောင်းများ ၊ မွေတော်
ဓာတ်တော်များ ၊ အစုံ ၃၀ သော ပိဋကတ်တို့ကို ဆင်ဖြူ ၃၂
စီးပေါ်တွင် တင်ကာ ပုဂံသို့ ဆောင်ယူခဲ့သည်။
ကျမ်းတတ် ရဟန်း သံဃာတော်အများအပြားလည်း တပါတည်း ခေါ်ယူလာခဲ့သည်။ ပုဂံသို့ ရောက်လျှင် မနူဟာမင်းအား
မြင်းကပါ ဟူသော အရပ်၌ အလုပ်ကျွေးနှင့် နေစေသည်။
မနူဟာမင်းသည် ဘုန်းတစ်ခိုး ဖြစ်ပြီး လျှာစက်အာစက်
ပြင်းသူ ဖြစ်ရာ အနော်ရထာမင်းထံသို့ အဖူးမျှော်ဝင်သည့်အခါ အနော်ရထာမင်းမှာ ထိတ်လန့်လှသည်ဟု ဆိုကြသည်။
မနူဟာမင်းအား ဘုန်းတံခိုးညံစေခြင်းငှာ ဘုရားတွင်ကပ်ထားသော ဆွမ်းတော်များကို မနူဟာမင်းအား ကျွေးသည့်အခါ မနူဟာမင်းမှာ လျှာစက်အာစက် ကွယ်သွားရသည်။ ( ဆွမ်းတော်အား
စားသည့်အတွက် ဘုန်းတန်ခိုးကျသည် ဆိုခြင်းမှာ ယုတ္တိမရှိ၊
ထို့ကြောင့် ထိုအချက်မှာ မဖြစ်နိုင်ကြောင်း ပညာရှင်များက
ဆိုကြသည်)
ဘုရင်တစ်ပါး အဖြစ်မှ ဘုရားကျွန်အဖြစ်သို့ပြောင်းလဲခဲ့ရသည့်အတွက် မနူဟာမင်းမှာ စိတ်ကျဉ်းကျပ်တော်မူခဲ့ပေမည်။ သို့အတွက် ရှိသည့်လက်ဝတ်ရတာများကို ရောင်းချပြီး ဘုရားတည်သည့်အခါ အဆောင်ကျဉ်းကျဉ်းလေးတွင် ဘုရားရုပ်ပွားတော်အကြီးကြီးများကို တည်ထားခဲ့သည်။
သူ၏ စိတ် မည်မျှကျဉ်းကြပ်လှကြောင်းကို ဥပမာပြု၍ တည်ထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ထိုအကြောင်းကို ပုဂံမြင်းကပါ အရပ်က မနူဟာဘုရား ကို ရောက်ဖူးသူတိုင်း သိရှိပေလိမ့်မည် ဖြစ်သည်။
💥💥(အထက်ပါ အကြောင်းအရာများတွင် အမှန်များပါသ
လို အချို့အချက်များမှာ ပါးစပ်ရာဇဝင်လို အချက်များ
ပါဝင်နေတာကြောင့် အမှန်နှင့်ကွဲလွဲမှုများရှိနိုင် ပါသည်)💥💥
Ref. ; Ayesay

အပျက်ကိုပြင်ပေးသောအပ်ချုပ်သည်။

Kaung kwar
Komyo Thant
အပျက်ကိုပြင်ပေးသောအပ်ချုပ်သည်။■♤■♡■♢
ကျနော် အသက် ၄၀အရွယ်လောက်က
ဂေါက်ရိုက်တော့ ၀တ်ခဲ့တဲ့ ဘောင်းဘီက ခါး
၃၂ လက္မ ရှိတယ်ဗျ။ ခု အသက် ၅၀ကျော်
လာတော့ ခန္ဒာကိုယ...်ကစစ်သွားတော့ခါးဆိုဒ်
က၃၀ လက္မကျော်ဘဲ ရှိတော့တယ်။ ကျနော်
ဝတ်ခဲ့တဲ့ ဘောင်းဘီတွေက အသားကောင်း
တာရယ် ပုံလှတာရယ်ကြောင့် ပစ်မထား
ရက်ဘဲ စွဲလန်းနေတော့ ၀တ်ချင်တာပေါ့နော်
ဝတ်မယ်ဆိုပြန်တော့ ခါးကချောင်နေ
လေတော့ ဘယ်ကြည့်ကောင်းပါ့မလဲ၊ ဒီတော့ ခါးဆိုဒ်ပြင်ဘို့ စက်ချုပ်ဆိုင်ပြေးရ
တာပေါ့။ စက်ချုပ်ဆိုင်က စက်ဆရာက ကျ
နော်က အဟောင်းမပြင်ဘူးတဲ့။ အသစ်ဘဲ
ချုပ်ပါတယ်တဲ့ဗျာ။
နောက်တဆိုင်သွား၊နောက်တဆိုင်ကူးနဲ့
အဟောင်းပြင်ဘို့ စိတ်မ၀င်စားကြဘဲ အ
သစ်ချုပ်ဘို့ဘဲ စိတ်ဝင်စားတာတွေ့ခဲရပါ
တယ်။ ကဲကောင်းချင်တော့ အသက် ၇၀
အရွယ် အဒေါ်ကြီရဲ့ စက်ချုပ်ဆိုင်ရောက်
တော့မှ ကျနော့်ဘောင်းဘီပြင်ဘို့လက်ခဲပေး
တယ်ဗျ။
အဒေါ်ကြီးက ဘောင်းဘီအဟောင်းပြင်
ဘို့လက်ခံရင်း ပြောလိုက်တဲ့စကားကြားရ
တော့ ခုခေတ်နဲ့ ကိုက်ညီတဲ့ အတွေးတွေ
ကျနော့်နှလုံးသားထဲစိမ့်ဝင်လာပါတယ်။
အဒေါ်ကြီးက " ငါ့တူ အဟောင်းပြင်တယ်
ဆိုတာ အသစ်ချုပ်ပေးရတာထက် ခက်သ
လို အချိန်လဲ ပေးရပါတယ်။ အသစ်ချုပ်
တာက လူသက်သာသလို လက်ခကိုတောင်း
ချင်သလို တောင်းနှိုင်တယ်လေ။ ဖြတ်စညှပ်
စလဲ ရတယ်လေ။ အဟောင်းပြင်တဲ့သူက
အစပို မစားရတဲ့ အပြင်၊ ကိုယ့်ထဲက အစ ကိုတောင် စိုက်ချုပ် ပေးရတယ်" တဲ့ဗျာ။
သူဆက်ပြောတာက "အန်တီကတော့
အဟောင်းပြင်ရတာကိုအပင်ပမ်းခံပီးပြင်
ပါ့မယ်။ အန်တီအတွက် အကျိုးအမြတ် နဲ
ပေမဲ့ အများအတွက် လိုအပ်ချက်ကိုဖြည့်
ဆည်းပေးရတာက ပီတိဖြစ်မိတယ်လေ၊
မင်းကို တခုဘဲမှာလိုက်မယ် အဟောင်းအ
ပျက်ပြင်တာ အသစ်လောက်မလွယ်ဘူးဆို
တော့ အချိန်ပေးရမယ်။ မပီးသေးဘူးလား
လို့ တဂျီဂျီလုပ်မနေနဲ့ အန်တီက ကိုယ်ကျိုး
ရှာတဲ့သူ မဟုတ်ဘူး။ အနစ်နာခဲတဲ့သူကွဲ့"
တဲ့ဗျာ။
အဒေါ်ကြီးပြောစကားကြားတော့၊
ကျနော်တို့နိုင်ငံကြီး စုတ်ပြတ်သတ်နေတာ
ကို အမေစုတို့ အစိုးရက အဟောင်းအပျက်
ကိုပြင်ဆင်နေချိန်မှာတောင် မတိုးတက်ဘူး
မပြောင်းလဲဘူးလို့ အော်နေသံတွေကြားနေ
ရတယ်ဗျ။ အကျိုးအမြတ်မမျှော်လင့်ဘဲ
အဟောင်းပြင်အသစ်တည်ဆောက်နေတာကို စိတ်ရှည်စွာနဲ့ စောင့်ကြရမှာပေါ့လို့ တွေး
မိကြောင်းပါခင်ဗျာ။
ဓါတ်ပုံယူသုံးမိတာကို နားလည်ပေးစေချင်
ပါတယ်ခင်ဗျာ။ဒီပုံကြောင့် ဒီစာရေးဖြစ်ခဲ့
တာပါ။

" ပြာယာမခတ်ကြနဲ့"

သီ တာFollow
" ပြာယာမခတ်ကြနဲ့"
""""""""""""""""""""'""'"'"
နွားကလေး…သေတော့…"အမဲသား"တဲ့။
ကြိုက်တဲ့"လူ"များ…မြိန်ရည်ရှက်ရည် စားလိုက်ကြတာ။
...
ကြက်ကလေး…သေတော့…"ကြက်သား"
ပါးစပ်ထဲထည့်…ပြုံးပျော်လျှက်။
ဝက်ကလေး…သေတော့…"ဝက်သား"
ပါးစပ်ထဲထည့်…ကြည်နှူးလျှက်။
လူကလေး…သေတော့…"မသာ"
အခေါင်းထဲထည့်…ငိုယိုလျှက်
ထားလို့မကောင်းဘူး…ဟဲ့။
အလုပ်ပိုတယ်…အိမ်ရှုပ်တယ်။
သင်္ချီုင်း…အမြန်ပို့ ကွယ့်…။
"အသုဘ"ရှိက…အိမ်ပူတယ်။
"မသာ"အိမ်ပေါ်က…မဆင်းခင်
ဖိတ်စာရိုက်…အသိမိတ်ဆွေ
လက်လှမ်းမှီသလောက်ပေးလိုက်။
မြန်မြန်ပြီး…မြန်မြန်နားအေးတယ်။
ပုတ်ပွလာမှ…"လူ"တွေ မလာပဲ…နေအုံးမယ်။
အဲဒါမှ…ဒုက္ခပိုများမယ်တဲ့။
ကဲ့…ဘယ်မှာလဲ…
တန်းဖိုးရှိတယ်ဆိုတဲ့…"လူသား"
ပညာတွေ…ငါ ဘယ်လောက်တက်တယ်။
ပိုက်ဆံတွေ…ငါ ဘယ်လောက်ချမ်းသာတယ်။
အာဏာတွေ…ငါ့မှာ ဘယ်လောက်ရှိတယ်။
မာန်တက်နေကြတာတွေ…အာဏာပြနေတာတွေ
နောက်ဆုံးတော့………
ဘာအသုံးဝင်တော့ သေးလဲ……?
ငါ့…အိမ်။ ငါ့…ခြံ။ ငါ့…တိုက်။ ငါ့…လုပ်ငန်း။
ငါ့ဟာ…သခင်။ ငါ့ဟာ…ဘုရင်ဘဲ ဆိုတဲ့
"လူသား"………အခုတော့
ယူသွားဖို့…နေနေ သာသာ
အိမ်ပူ…အလုပ်ရှုပ်
ကျက်သရေ…မရှိတော့တဲ့
အသုဘ(မသာ)ဆိုပြီး
သမုတ်ခံရတာအလွဲလို့…ဘာတွေများ
တန်ဖိုးရှိသေးလို့လဲ…?
နောက်ဆုံးတော့လဲ…
အုပ်ဂူလေးတောင်…ထားလို့မရတဲ့ခေတ်မှာ
ခဏတာ မြင်တွေ့ရတဲ့…
ခေါင်းတိုင်းအပေါ်က…မီးခိုးပျောက်ကွယ်တာနဲ့
ဘာမှသုံးစားလို့မရတဲ့"ပြာပုံ"ဖြစ်သွားရော့…
တန်းဖိုးရှိပါတယ်ဆိုတဲ့…"လူသား"
ဘဝနိဂုံးချုပ်ရတာက"ပြာပုံ"လေးဘဲ
မဟုတ်လား…?
ကဲ့……အနောက်ဆုံး"ပြာ"ဖြစ်မဲ့အတူတူ
ဘာလို့…"ပြာယာခတ်"နေကြ အုံးမှာလဲ…။
‪#‎အသောကမင်းကြီး‬@@@ credit
""'""""""""""""""""""""""""""""""""

ကျောင်းဝန်းထဲက ရှေးဟောင်းဘုရားကြီးကို ပြန်လည်ပြုပြင်ဖို့

Ashin Khema Nanda
15 hrs
ကျောင်းဝန်းထဲက ရှေးဟောင်းဘုရားကြီးကို ပြန်လည်ပြုပြင်ဖို့ ရပ်ကွက်က လူငယ်တွေစုပီး တစ်ပတ်တစ်ခါ အလှူခံထွက်ကြတယ်။ အလှူခံမထွက်ခင် လာကန်တော့ကြလို့ သြဝါဒပေးလိုက်တယ်။
မင...်းတို့ ရပ်ကွက်ထဲထွက်ရင် အဲဒီလို အချစ်သီချင်းတွေ မဖွင့်ရဘူး။ အလှူခံတာနဲ့ အချစ်သီချင်းနဲ့ ဘာမှမဆိုင်ဘူး။ ဘုရားဆင်းတုလှည်းပေါ်တင်ထားပြီး ဖွင့်ထားတဲ့သီချင်းက အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိတဲ့နောက်ဆိုရင် မဟုတ်သေးဘူး။
မိချောရေ ဟေ့ မိချော ၊ စံပယ်ပန်းလေး၊ ဒါတွေလည်း မဖွင့်ရဘူး။ လူတွေက အဲဒီသီချင်းသံကြားရင်ကို ရိုက်ချင်နေကြတော့တာ။ ဟိုတလောက ရန်ကုန်မှာ ဓမ္မာရုံက သီချင်းဖွင့်လွန်းလို့ ရပ်ကွက်ထဲက ဓားနဲ့လာထိုးတဲ့သတင်းကို မင်းတို့ ကြားလိုက်မှာပါ။
နောက် ရှိပါသေးတယ်။ ဘာတဲ့ ပရဟိတ အကျိုးတော်ဆောင်ကြီးတွေဆိုတာ ဟုတ်လား။ မင်းတို့ အဲဒါဖွင့်ထားလည်း မင်းတို့ကို ဘယ်သူကမှ အထင်ကြီးလေးစားမှာ မဟုတ်ဘူး။ သောက်မြင်ပဲ ကတ်ကြမှာ။ မဖွင့်နဲ့ အဲဒီသီချင်းလဲ။
ငါတို့အရိုး စည်းရိုး၍ ကာသင့်ရင်လည်း ကာရမည်အဲဒီလိုသီချင်းတွေလည်း မဖွင့်နဲ့။ မင်းတို့က ဘုရားပြုပြင်ဖို့ ငွေအလှူခံနေကြတာ။ ဒါကြောင့် အများမကြိုက်တဲ့သီချင်းမဖွင့်နဲ့။ မကောင်းတတ်လို့ ဘာမှမပြောတောင် မင်းတို့ကို အလှူငွေထည့်ကြတော့မှာ မဟုတ်ဘူး။
ဒါကြောင့် အများကြိုက်မယ့် ဒေါ်မာမာအေး ဒေါ်တင်တင်မြ မန္တလေးသိန်းဇော်တို့ရဲ့ ဘုရားတရားဂုဏ်တော်ဖွင့် သီချင်းတွေပဲ ဖွင့်ကြ။
ဖွင့်ရင်လည်း အလှူခံလာတယ်ဆိုတာ သိရုံလောက်ပဲဖွင့်။ မင်းတို့လှည်းဝန်းကျင် ခုနှစ်အိမ်လောက်ကြားရင် တော်ပြီပေါ့ကွာ။ တရပ်ကွက်လုံးကြားအောင် မဖွင့်နဲ့။
ရပ်ကွက်ထဲမှာ ကျန်းမာရေးမကောင်းတဲ့သူတွေရှိမယ်။ သူတို့ကိစ္စနဲ့သူတို့ စိတ်ရှုပ်ပြီး ခေါင်းကိုက်နေတဲ့သူတွေရှိမယ်။ ကိုယ့်ကြောင့် ထပ်ဆိုးမသွားစေနဲ့။
ဒါက လူမှုရေးအရပြောတာ။ အဘိဓမ္မာလို ပြောဦးမယ်။
တိဟိတ်ကုသိုလ်က တိဟိတ်သြမကကုသိုလ်၊ တိဟိတ်ဥက္ကဌ်ကုသိုလ်ဆိုပြီး နှစ်မျိုးရှိတယ်။
မင်းတို့အချိန်တွေကို ဘုရားအတွက်စွန့်လွှတ်ပြီး အလှူခံထွက်တာက၊ မင်းတို့ကိုယ်ကျိုးစီးပွားအတွက် မငဲ့ကွက်ပဲ လုပ်အားခမယူပဲ အလှူခံထွက်ပေးတာက အလောဘဟိတ်ကုသိုလ်။ စေတီတော်ကြီး ပြန်လည်ကောင်းမွန်သွားစေချင်တာက အဒေါသဟိတ်မေတ္တာကုသိုလ်။ စေတီတော်ကြီးပြုပြင်ဖို့ ဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုပြီး တိုင်ပင်ဆုံးဖြတ်လုပ်ကိုင်ကြတာ၊ တို့လုပ်သင့်တဲ့ အလုပ်ပါလားလို့ သိမြင်နားလည်ပြီး ပြုလုပ်တာက အမောဟိတ်ပညာကုသိုလ်။
မင်းတို့က အလှူခံထွက်တဲ့အခါ အချစ်သီချင်းတွေ ဖွင့်ထွက်တော့ တိဟိတ်ကုသိုလ်ကို အကုသိုလ်ခြံရံပြီးတော့ ပြုပြီးသားဖြစ်သွားတယ်။ အလှူခံထွက်တဲ့အခါ အချစ်သီချင်းမဖွင့်ကောင်းပါလားလို့ မင်းတို့ မသိဘူး။ နားမလည်ဘူး။ အဲဒီတော့ မင်းတို့ရဲ့ အမောဟဟိတ်က ဒင်မပြည့် ကျပ်မပြည့် ကွာလတီမပြည့်တဲ့ အမောဟဟိတ်ပညာကုသိုလ်ဖြစ်သွားတယ်။
တိဟိတ်သြမကကုသိုလ်ပြုတော့ နောက်ဘဝမှာ တိဟိတ်ဥက္ကဌ်ပုဂ္ဂိုလ်မဖြစ်တော့ဘူး။ ဒွိဟိတ်ပုဂ္ဂိုလ်ပဲ ဖြစ်သွားတယ်။ နောက်ဘဝမှာ အမောဟပညာဓာတ်ခံ မပါတော့ဘူးဖြစ်သွားတယ်။
ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်ရင်တော့ မင်းတို့ ဘုရားနဲ့တွေ့ပြီး ဘုရားဟောတဲ့တရားကို နာရရင်တောင် မင်းတို့ကောင်တွေ ဘာမဂ်ဖိုလ်မှ ရမှာမဟုတ်ဘူး။ အေး ဒါကြောင့် ကုသိုလ်ကို အကုသိုလ်ခြံရံပြီး မပြုကြနဲ့။
သြမကဆိုတာ ယုတ်ညံ့တယ်လို့ ပြောတာ။ မင်းတို့ကုသိုလ်က မမြင့်မြတ်ဘူး။ ယုတ်ညံ့တယ်ပေါ့ကွာ။ ဥက္ကဌ်ဆိုတာက မြင့်မြတ်တယ်လို့ ပြောတာ။
ကဲ သွားကြတော့။ ( မိုးသု - မန္တလေး )

တကယ်လို့ ကျွန်မသေပြီ ဆိုပါစို့

Same here.
Khin Hnin Kyi Thar
တကယ်လို့ ကျွန်မသေပြီ ဆိုပါစို့ အင်္ကျီလဲပြောင်းပြန်မ၀တ်ပေးပါနဲ့  ကန့်လန့်ကြီး မကြိုက်လို့ပါ
ခြေထောက်တွေလဲ မစည်းပါနဲ့ ကျွန်မ လမ်း ကျွန်မ လွတ်လပ်စွာလျှောက်ပါရစေ
ရေလဲ... မချိုးပေးပါနဲ့ တသက်လုံး ဖုံးသမျှ သေခါမှပေါ်ဆိုသလို ဟိုလူကိုင်ဒီလူထိနဲ့ ခံစားလို့မရဘူး
သနပ်ခါးတွေလဲ မလူးပါနဲ့ မသာပါဆိုမှတော့ မလှချင်တော့ဘူး
ရေအိုးလဲ မခွဲပါနဲ့ ရေအိုးတလုံးရဖို့မလွယ်ဘူးလေ
သရဏဂုံလဲ မတင်ပါနဲ့ နေ့တိုင်းတော့ ဘုရားစစ်တရားစစ်သံဃာစစ်
ကို နှလုံးသားနဲ့ယုံကြည်ကိုးကွယ်လို့ပါ
မျက်နှာကို အုန်းရည်တွေမလောင်းပါနဲ့ ကျွန်မအပူကန်လိမ့်မယ်
ပန်းထည့်ပေးမယ်ဆို နှင်းဆီပန်းကလွဲရင် တခြားပန်းလာမထည့်ပါနဲ့
စားမြိန်ထုတ်လဲ ထည့်မပေးပါနဲ့ လူတစုစုနဲ့ဆို အလိုလို အစားအသောက်ပျက်လို့ စားမ၀င်ဘူးမို့လို့
ပါးစပ်ထဲလဲ အကြွေစေ့တွေ ဘာတွေလာမထည့်ပါနဲ့ ရွံတက်လို့ပါ
မြေကြီးတော့မမြှုပ်ပါနဲ့
အသက်ရှူကျပ်တက်လို့ပါ
တီကောင်တွေ ပိုးလောက်တွေလဲ ကြောက်တယ်
ဟန်ဆောင်ပီးလည်းမငိုပါနဲ့ စောစောသွားတော့ စောစောနေရာရာ ရတာပေါ့
ဘယ်သူ့မှ မစောင့်ပါနဲ့
အစကတည်းက ကျွန်မဘေးမှာမရှိတဲ့ သူတွေကို ကျွန်မစောင့်ဖို့မှ မလိုတာ
အကြာကြီးလဲ မထားပါနဲ့ ကျွန်မကို လူတကာလာလာကြည့်ရင် စကားလဲ ထထပြောလို့မရတော့အားလည်းနာ သူတို့ကထိုင် ကိုယ်က ပက်လက်ကြီးဆိုတော့အနေအထိုင်လဲ ကျဉ်းကျပ်တယ်လေ
ဟိုပုတ် ဒီပုတ် နဲ့ သစ်ရွက် သစ်ကိုင်းနဲ့ ကျွန်မကို ပြန်မခေါ်ပါနဲ့
ထွက်သွားပြီးကတည်းက ပြန်မလာဖို့ ဆုံးဖြတ်ပြီးသားမို့ ရက်လည်လည်းမလုပ်ပါနဲ့ ဖဲဝိုင်းလဲ မထောင်ပါနဲ့
လူစုစုကိုလုံးဝ လုံးဝ သဘောမကျလို့ပါ
မီးသဂြိုလ်မယ်ဆို မီးပြင်းပြင်းနဲ့ ခပ်မြန်မြန်သာ ရှို့ပေးပါ
ကျွန်မ အပူကြောက်တယ်
အရိုးမချန်ပါနဲ့ ပြာဖြစ်တဲ့ထိ ရှို့ပေးပါ
ကျွန်မကို ပြက္ခရွေတောင်ပေါ်ကနေ မြူတွေ တိမ်တွေကြား ကျဲချပေးပါ
ကျွန်မ မိုးစက်တွေနဲ့အတူ မြေကြီးပေါ် ပြန်ဆင်းချင်လို့ပါ
အထူးမှာချင်တာကတော့ ဓာတ်ပုံရိုက်ပီး Fbပေါ်မတင်ပါနဲ့
ရုပ်သေကြီးနဲ့ ပိုစ့်ပေးမရ ဘာမရနဲ့ ဂွကျလို့

‪#‎credit‬ San Mya Mya Aye

Saturday, July 23, 2016

အာဇာနည်ဆိုတာ

Ashin Vayama
အာဇာနည်ဆိုတာ
------------------
ဖြစ်စဉ်လေးကစပြီး နိဒါန်းချီပါရစေ..
"ဇူလိုင်(၁၉)အာဇာနည်နေ့မှာတော့ ရွှေတောင်ကုန်းဆရာတော်ကြီးလဲ မရှိတော့တဲ့အတွက် ဆရာတော်...ကြွပြီး
သီလပေး,ရေစက်ချ,သြဝါဒစကားမြွက်ကြားပေးပါ"လို့
ကြိုတင်လျှောက်ထားတဲ့အတွက် အမေရိကခရီးစဉ်ကို
နောက်ရွှေ့ပြီး ဒီတာဝန်ကို လက်ခံလိုက်ပါတယ်။

ဒီနေ့(၁၉.၇.၂၀၁၆)မှာတော့ သတ်မှတ်ထားတဲ့
(၉.၄၅)မတိုင်မီ (၁၅)မိနစ်လောက် စောပြီးရောက်သွားပါတယ်၊
နာယကကြီးဦးတင်ဦးနဲ့ ဒကာမကြီးတို့က လှေခါးတက်မှာ
အသင့်ကြိုနေပြီး ဒကာမကြီးကပဲ-
"ဒါက ဓမ္မဘေရီဆရာတော် လေ"လို့ နောက်မှာရှိသူများနဲ့မိတ်ဆက်ပေးပါတယ်။
ပထမဆုံးတော့-
ဓမ္မဂင်္ဂါက လက်ဆောင်ပါးလိုက်တဲ့..
"ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်)
ဗုဒ္ဓဘာသာသူရဲကောင်း"ဆိုတဲ့စာအုပ်ကို
"စာရေးတဲ့ဆရာတော်က ဒကာမကြီးလက်ထဲအရောက်
ပေးလိုက်ပါဆိုလို့"လိုပြောပြီး ပေးလိုက်တော့..
"ကျေးဇူးတင် ဝမ်းမြောက်ပါတယ်ဘုရား.."ဆိုပြီး
တကယ်ပဲ ဝမ်းမြောက်ဝမ်းသာ ယူလိုက်ပါတယ်။
အစီအစဉ်စတဲ့အခါ-ဥက္ကဋ္ဌကြီးဦးတင်ဦးက..
"သြဝါဒလေးလဲ လိုရင်းတိုရှင်းလေးပေါ့ဘုရား"လို့
အနီးကပ်လျှောက်ထားတဲ့အတွက် ပြောခဲ့ရပါတယ်။
ရှေ့မှာ ဥက္ကဋ္ဌကြီးရယ်,ဒကာမကြီးရယ်,
ဒုသမ္မတနှစ်ဦးရယ်,လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌကြီးနှစ်ဦးနဲ့ကာချုပ်ကြီးတို့ရယ်..
ဒကာမကြီးဒေါ်ခင်လှတင်တို့,ဒေါ်သိန်းမြင့်ကြည်(တုံတုံ)
တို့ရယ် ဧည့်ခန်းအပြည့်ပါပဲ။
🔆👑🔆
စပြောခဲ့တာကတော့..
လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေ တိုင်းပြည်အတွက်
အသက်စွန့်သွားခဲ့ရတဲ့နေ့ကို အထိမ်းအမှတ်ပြုပြီး
"အာဇာနည်နေ့"လို့ သတ်မှတ်ထားတော့-
လူငယ်တော်တော်များက
"အာဇာနည်ဆိုတာ တိုင်းပြည်အကျိုးဆောင်ရင်း
အသက်သေသွားသူများသာ ဖြစ်နိုင်တယ်"လို့
ထင်မှတ်နေကြတယ်။
အသက်စွန့်တာနဲ့ အသက်သေဆုံးတာကို အဓိပ္ပါယ်
တယ်မကွဲပြားချင်ဘူး၊
"အများအတွက် သက်စွန့်ကြိုးပန်းဆောင်ရွက်တယ်"ဆိုတာ
သေခြင်း,မသေခြင်းနဲ့ မဆိုင်ပါဘူး၊ အသက်ကိုပဓာနမထားခြင်း(မငဲ့မကွက် စွန့်နိုင်ခြင်း)နဲ့သာ ဆိုင်ပါတယ်။
မုချအားဖြင့်တော့"အာဇာနေယျ=အာဇာနည်"ဆိုတာ
ဘုရားအလောင်းကိုကြည့်ပြီး အများကသတ်မှတ်ပြောဆိုရာက
စခဲ့တဲ့စကားပါ။
ဒီပင်္ကရာဘုရားရှင်လက်ထက်တော်တုန်းက-
ရမ္မဝတီမြိ့တော်ကို ဘုရားရှင်နဲ့ နောက်ပါသံဃာတော်လေးသိန်းတို့ ကြွလာမည့်လမ်းကြီးပြုပြင်နေတဲ့အချိန်မှာ..
ဈာန်ရဖြစ်တဲ့ သုမေဓာရသေ့က သူလဲကုသိုလ်ပါဝင်ချင်တယ်ဆိုလို့
ဘယ်သူမှ ပြင်ဖို့မစွမ်းနိုင်တဲ့ ဗွက်အထူဆုံးနေရာကြီးကို
တာဝန်ပေးအပ်လိုက်တယ်။
တကယ်တော့ ပြည်သူတွေက သုမေဓာရသေ့ကို
မုန်းလို့ဂျောက်(ချောက်)တွန်းလိုက်ထာတော့ မဟုတ်ပါဘူး။
ဘယ်သူမှ မစွမ်းနိုင်တဲ့နေရာကြီးကို-
"ဒီရသေ့ကတော့ အဘိဉာဉ်တန်ခိုးနဲ့ စွမ်းနိုင်လောက်တယ်"ဆိုပြီး အားကိုးစိတ်နဲ့ ပေးကြတာပါ။
သုမေဓာရှင်ရသေ့က မြင့်မြတ်တဲ့ ဘုရားရှင်အတွက်ရည်မှန်းတာဖြစ်လို့
တန်ခိုးဣဒ္ဓိပါဒ်ကိုမသုံးဘဲ ပကတိစွမ်းအားနဲ့ပဲဆောင်ရွက်တော့ အချိန်မီ မပြီးဘူး၊ ခန္ဓာကိုယ် တစ်လျှားစာလောက် ကျန်နေတယ်။
ဘုရားရှင်နဲ့ နောက်ပါသံဃာလေးသိန်းတို့ ကြွလာချိန်မှာတော့
"ငါတာဝန်ယူထားတဲ့အပိုင်း မပြီးစီးတဲ့အတွက်တော့
ဘုရားရှင်ခရီးစဉ် လစ်ဟင်းမှုမရှိစေရဘူး"ဆိုပြီး
ကျန်နေတဲ့တစ်လျှားစာပေါ်မှာ မိမိရဲ့ခန္ဓာကိုယ်ကို
အလျားစဉ်းပြီး တံတားခင်းပေးလိုက်ထာပါ။
ဒါကိုကြည့်ပြီး တွေ့မြင်ရသူအပေါင်းက..
"အာဇာနေယျော=အံ့အောလောက်အောင်
တွေ့ရမြင်ရခဲသူပါတကား.."ဆိုပြီး ဝိုင်းအသိအမှတ်ပြုကြတာ။
"အာဇာနေယျ"ဆိုတာ -
နေရာတိုင်းမှာ တွေ့ရဖို့ အလွန်ခဲရင်းတဲ့ပုဂ္ဂိုလ်-လို့
အဓိပ္ပါယ်ရပါတယ်။
("ဒုလ္လဘော ပုရိသာဇညော၊န သော သဗ္ဗတ္ထ ဇာယတိ=အာဇာနည်ဆိုတာ တွေ့ကြုံရခဲတယ်၊
နေရာဒေသတိုင်းမှာ
ဖြစ်နိုင်,ရှိနိုင်,တွေ့ရနိုင်တဲ့ ပုဂ္ဂိုလ်မျိုးမဟုတ်"ဆိုတဲ့အတိုင်းပေါ့။)
အာဇာနည်လို့ အများကသတ်မှတ်နိုင်ဖို့အတွက်
ကျင့်သုံးမှုသုံးမျိုးရှိပါတယ်၊"တိေဿာ စရိယာယော=စရိယသုံးပါး"လို့ခေါ်ပါတယ်။
(၁)လောကတ္ထစရိယ=လောကအတွက် နောင်လာနောင်သား မျိုးဆက်များအထိ ကြီးပွားချမ်းသာဖို့ရည်မှန်းတဲညအကျင့်။
ဒါကတော့-ရေရှည်စီမံကိန်းအကျင့်ပေါ့။
(၂)ဉာတတ္ထစရိယ=
'ဉာတိ'ဆိုတာ ဆွေမျိုးသားချင်းလို့သာဆိုလိုတာမဟုတ်ပါဘူး၊"သိအပ်မြင်အပ်သူများ"ဆိုတဲ့အဓိပ္ပါယ်ပါပါတယ်၊
လက်ရှတွေ့မြင်နေရတဲ့ ကိုယ့်ပတ်ဝန်းကျင်က ပြည်သူတွေ
ကြီးပွားချမ်းသာရေးပေါ့။
ဒါကတော့ လတ်တလောအခြေအနေအရ ဆောင်ရွက်ရမယ့် စီမံကိန်းမျိုးပေါ့။
(၃)ဗုဒ္ဓတ္ထစရိယ=
ဘုရားအလောင်းတို့ကတော့ သဗ္ဗညုတဉာဏ်အဆင့်အထိရောက်ရေးပေါ့၊
အားလုံးအတွက်ကတော့ "အတွေ့အကြုံများကို
စနစ်တကျ သုံးသပ်ဆင်ခြင်ပြီး ကိုယ့်အသိဉာဏ်ကိုယ်
မြှင့်တင်နေရေးပေါ့။
ဒါကို ကိုယ်ကျိုးအတွက်ကျင့်ခြင်းလို့ ဆိုနိုင်ပါတယ်။
(အာဇာနည်တို့ရဲ့ ကိုယ်ကျိုးဆိုတာ အများအကျိုး
ပိုမိုဆောင်ရွက်နိုင်ဖို့ အတွေ့အကြုံနဲ့ အသိဉာဏ်
မြင့်မားလာရေးသာဖြစ်တယ်လို့ ဆိုလိုတာပါ)။
🌷🌹💐
အာဇာနည်(၅)မျိုး
----------------------
အာဇာနည်လို့သတ်မှတ်ရာမှာ သူရဲ့ စွန့်လွှတ်နိုင်စွမ်းအရ
အဆင့်အတန်း(၅)မျိုးလောက် သတ်မှတ်နိုင်ပါတယ်။
"ပဉ္စမဟာ ပရိစ္စာဂေ=စွန့်ခြင်းကြီးငါးပါး"ဆိုတာနဲ့ပေါ့။
(၁)ဓနပရိစ္စာဂ=
တိုင်းကျိုး,ပြည်ကျိုး,အများအကျိုးအတွက်
စည်းစိမ်ဥစ္စာ,ရာထူးအာဏာတို့ကို မငဲ့မကွက် စွန့်လွှတ်နိုင်သူ။
ဒါလဲ"စည်းစိမ်ဥစ္စာစွန့် အာဇာနည်လေးပါပဲ။
(၂)ပုတ္တပရိစ္စာဂ=
သားသမီးအတွယ်အတာတို့ကို အလားတူစွန့်လွှတ်နိုင်တဲ့
အာဇာနည်ပေါ့။
(၃) ဘရိယပရိစ္စာဂ= ဇနီး,ခင်ပွန်း အတွယ်အတာအထိ စွန့်လွှတ်နိုင်တဲ့ "ဘရိယပရိစ္စာဂအာဇာနည်"ပဲပေါ့။
(ဒါက အပြင်က စွန့်ခြင်းကြီးသုံးပါးပါ၊
တစ်ဆင့်ထက်တစ်ဆင့် စွန့်နိုင်ခဲတဲ့အရာတွေကို
စွန့်လွှတ်တာဖြစ်လို့"မဟာပရိစ္စာဂ"လို့ခေါ်တာပါ၊
အာဇာနည်စာရင်းဝင်နိုင်ကါတယ်၊သူ့အဆင့်နဲ့သူပေါ့)
(၄)အင်္ဂပရိစ္စာဂ=
မျက်စေ့,နား,နှာ,အင်္ဂါခြေ,လက်တို့အထိ စွန့်နိုင်တော့
"အင်္ဂပရိစ္စာဂအာဇာနည်"ပေါ့။
(၅)ဇီဝိတပရိစ္စာဂ=
ကိုယ်နဲ့အသက်ကိုပင် မငဲ့မကွက် ရက်ရင်စက်စက်
စွန့်နိုင်တဲ့အာဇာနည်ပေါ့။
ဒါကတော့ အဆင့်အမြင့်ဆုံး အာဇာနည်ပါပဲ။
သေတာမသေတာနဲ့ မဆိုင်ပါဘူး၊
ပဓာနမထားတာပါပဲ။
သုမေဓာရှင်ရသေ့ရဲ့လုပ်ရပ်ကိုကြည့်မယ်ဆိုရင်..
တကယ်လို့သာ ဘုရားရှင်နဲ့ နောက်ပါရဟန်းလေးသိန်း
နင်းပြီး ကြွမယ်ဆိုရင်..
ခန္ဓာကိုယ်ဟာ စိစိညက်ညက်ကို ကျေသွားနိုင်လောက်ပါတယ်။
ဒါကို ထည့်တွက်,ငဲ့ကွက်ခြင်းမပြုဘဲ
ယူထားတဲ့တာဝန်,ပေးထားတဲကတိ ကျေပွန်ရေးကိုသာ
ပဓာနထားပြီးဆောင်ရွက်လို့"အာဇာနည်"ခေါ်ရတာပါ။
အသက်တော့ မသေခဲ့ပါဘူး။
ဒီအာဇာနည်ရဲ့ ဆုံးဖြတ်လုပ်ကိုင်ပုံကိုကြည့်ပြီး-
ဒီပင်္ကရာဘုရားရှင်က နင်းကြွတော်မမူပါဘူး။
သူ့အားအစွမ်းဟာ "ကြိုးစားရင် ဘုရားဖြစ်နိုင်သူ
စင်စစ်"လို့ သူ့အရည်အသွေးမှန်ကို သိမြင်တော်မူပါတယ်။
ဒါကြောင့်..
သင့်မှာ ရွေးချယ်နိုင်တဲ့ အခွင့်ထူးနှစ်ခုရှိတယ်..
(၁)တစ်ကိုယ်တော် ဒုက္ခလွတ်မြောက်မှုကို လိုချင်သပဆိုရင်..
ဂါထာဝက်(အက္ခရာ၁၆-လုံး)လောက် ငါဘုရားဟောညွှန်ပေးရုံနဲ့
သင်ဟာ အာသဝေါကုန်ခမ်းတဲ့ ရဟန္တာအဖြစ်နဲ့
နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မယ်။
(၂)ငါဘုရားတို့ လာရာလမ်းကြောင်းအတိုင်း
စွမ်းစွမ်းတမံအားထုတ်မယ်ဆိုရင်..
ငါဘုရားလိုပင် သတ္တဝါအများကို ဒုက္ခနယ်မှ ကယ်တင်နိုင်စွမ်းတဲ့"သဗ္ဗညု"ဘုရားတစ်ဆူဖြစ်မယ်လို့ မိန့်ပါတယ်။
ဒီအခါမှာလဲ-
သုမေဓာရှင်ရသေ့က..
"သတ္တဝါအများအကျိုးကို အမြင့်ဆုံးအထိ ကယ်တင်နိုင်စွမ်းရှိတဲ့ ယောက်ျားကောင်းဖြစ်လျက် တစ်ကိုယ်တည်းနိဗ္ဗာန်သွားလို့ ဘာအကျိုးထူးမှာလဲ"ဆိုပြီး ဒုတိယလမ်းကို ရွေးခဲ့ပါတယ်။
အသိဉာဏ်အကြီးစားတွေကတောင် လိုလားတောင့်တနေတဲ့ အတုမရှိချမ်းသာကြီး(နှိဗ္ဗာန်)ကိုတောင် ငြင်းပယ်ခဲ့တာလဲ
တကယ့်ကို"အာဇာနည်"ပါပဲ။
ဒါကတော့ တကယ်ရပြီးမှ စွန့်တာမဟုတ်ဘဲ
ရနိုင်ခွင့်ကိုသာ ငြင်းပယ်ခဲ့တာဖြစ်လို့
"စွန့်ခြင်းကြီး"စာရင်းတော့ အသွင်းမခံရဘူးပေါ့။
ဒီဖြစ်စဉ်အားလုံးကို ခြုံကြည့်လိုက်ရင်...
*အာဇာနည်"ဆိုတာ အသက်သေခြင်း,မသေခြင်း၊
အရွယ်ကြီးခြင်း,မကြီးခြင်းနဲ့ မဆိုင်ပါဘူး။
အများအကျိုးအတွက် (လောကီ)ကိုယ်ကျိုးမဘက်ဘဲ
စွန့်လွှတ်စွန့်စား ကြိုးစားဆောင်ရွက်သူမှန်သမျှ
ဘယ်သူမဆို,ဘယ်အချိန်,ဘယ်အရွယ်မဆို
အာဇာနည်ဖြစ်နိုင်ခွင့် ရှိပါတယ်။း
(အာဇာနည်လို့ သိသာစေတဲ့ အမှတ်သင်္ကေတကတော့-
"ယတ္ထ သော ဇာယတီ ဓီရော,တံ ကုလံ သုခမေဓေတိ"
ဆိုတဲ့အတိုင်း..
သူဖွားမြင်ရာ အမျိုးအနွယ်,သူနဲ့ဆက်စပ်သမျှတို့ကို
ကိုယ်ရောစိတ်ပါ ချမ်းသာ,ကြီးပွား,တိုးတက်စေတယ်.."
ဆိုတဲ့အကျိုးတရားများပါပဲ။)
ဒါကို ဒီနေ့လူငယ်တွေ အထူးသိစေချင်ပါတယ်။
အားလုံး အာဇာနည်တွေ ဖြစ်နိုင်ကြပါစေ...လို့
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
အပ္ပမာဒေန သမ္ပာဒေထ..
(၁၉.၇.၁၆-နံက် ၁၀-နာရီမှာဟောပြောချက်)

Thursday, July 21, 2016

ဒေါပုံမြစ်ဝမှာမြုပ်တဲ့ခေါင်းလောင်းကိုချင်းတါင်းမြစ်မှာသွားဖေါ်တယ်ဆိုတော့

Yae Tay Za with Kyaw Zann Htet and 4 others.
(၁)

မှောင်မိုက်သော ညတည၊
ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်ပြီး ပုရစ်အော်သံများ ဟိုမှသည်မှ ထွက်လျက်ရှိချေ၏။
တခါတရံ ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံများကလည်း ညကိုပိုပြီး ချောက်ချားစရာဖြစ်နေသေးတော့သည်။
ဧရာဝတီကတော့ မအိပ်နိုင်သေး၊
မေခ၊ မလိခ၊ ချင်းတွင်းမြစ်များမှ ရေများကို ပင်လယ်အတွင်းသို့ သယ်ယူပို့ဆောင်လျက်ရှိလေသည်။
မှိတ်တုတ်မှိတ်တုတ် ကြယ်အလင်းရောင်အောက်တွင်ကား လှိုင်းဂယက်နှင့်အတူ အရာတခုသည် ဧရာဝတီကို အံတုလျက် ဆန်တက်လျက်ရှိလေသည်။
ခေါင်းလောင်းကြီး...
ဒေါပုံမြစ်ဝတွင် ငဇင်ကာတို့ဖောင်ပျက်ပြီးကျန်ခဲ့သော ဓမ္မစေတီခေါင်းလောင်းကြီးပင် ဖြစ်သည်။
ခေါင်းလောင်းကြီးမှာ နောက်မှ ကျားလိုက်သည့်ပမာ အသဲအသန်တရိပ်ရိပ် ဆန်တက်လျက်ရှိချေ၏။
မှန်ပါသည်။
အနောက်မှ အသဲအသန်လိုက်နေကြသော သူများမှာ ဦးစံလင်းနှင့် အပေါင်းပါများပင် ဖြစ်တော့သည်။
" ဟေ့... မပြေးနဲ့"
" ရပ်လိုက်စမ်း"
"မလွတ်စေနဲ့ဟေ့"
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်သည် ဦးစံလင်းတို့လူတစုအသံကြောင့် အကျည်းတန်သွားလေပြီ။
ခေါင်းလောင်းကြီးမှာလည်း တစထက်တစမြန်ဆန်စွာ ဆန်တက်လျက်ရှိချေရာ ဦးစံလင်းတို့အား တဖြည်းဖြည်းပြတ်ကျန်ရစ်ခဲ့စေတော့သည်။
(၂)
အင်မတန်ပူပြင်းလှသော နွေရာသီ အခါသမယ...
အထက်မြန်မာပြည်၏ ချင်းတွင်းမြစ်တနေရာ...
ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်လျက်ရှိသော ကုက္ကားချောင်းငယ်အဝတွင်ဖြစ်သည်။
ရေကျချိန်ဖြစ်၍ ရေအနက် ငါးပေခန့်သာရှိသော ချောင်းဝတွင် ကလေးများ ရေကူးလျက်ရှိကြသည်။
"ဒုတ်"
" အား"
ရေကူးနေသော ကလေးငယ်တဦးထံမှ စူးစူးဝါးဝါး အော်သံတခုကြားလိုက်ရလေသည်။ ခြေထောက်နှင့် ရေအောက်မှ တခုခုနှင့် တိုက်မိခြင်းဖြစ်ဟန်တူသည်။ ထို့ကြောင့် အဖော်ကလေးတဦးမှ အောက်ကို ငုံ့၍ စမ်းကြည့်လိုက်သည်။
သံကွင်း တကွင်း...
သို့နှင့် ရွာလူကြီးကို ပြောကာ ထိုနေရာကို နောက်တကြိမ်ပြန်စမ်းကြည့်ကြပြန်သည်။ ခေါင်းလောင်းတလုံး၏ အပေါ်ပိုင်းမှ ချိတ်သောကွင်းဟု ကောက်ချက်ချကြသည်။
ထိုသတင်းမှာ တမုဟုတ်ချင်းပျံ့နှံ့သွားသဖြင့် ဦးစံလင်းနားသို့ရောက်လာသည်။
ဦးစံလင်း သဘောပေါက်လိုက်သည်။ 
သို့နှင့် အချိန်မဆွဲတော့ပဲ လိုအပ်သော ကိရိယာတန်ဆာပလာများကို ဘေးလွယ်အိတ်အတွင်း ကောက်ထည့်ကာ မုံရွာသို့ ခရီးနှင်လေတော့သည်။
ထိုသတင်းကို အမျိုးသားနိုင်ငံရေးလုပ်မည့် ဗိုလ်ချုပ်ဟောင်းတယောက်လည်း ကြားပြီးသကာလ ရေငုပ်မျက်မှန်တလက်ကိုင်ပြီး ရောက်ချလာသည်။
ထိုနေရာသို့ ရောက်သော် ဦးစံလင်းက အရင်ရောက်နှင့်ပြီး ဒေသခံများကို စည်းရုံးထားနှင့်သည်။
ထိုအရာမှာ ဓမ္မစေတီခေါင်းလောင်းကြီးပင်ဖြစ်ကြောင်း၊ 
ဒေါပုံမြစ်ဝတွင် ငဇင်ကာတို့ကျကျန်ရစ်ခဲ့ကြောင်း၊ 
ပထမအကြိမ်ဆယ်ယူရာတွင် နဂါးများက ခေါင်းလောင်းကို မပေးသဖြင့် အလှူငွေများသာ အဖတ်တင်လိုက်ကြောင်း၊ 
ဒုတိယအကြိမ် ဆယ်ယူမည်အပြုတွင် ရန်ကုန်တိုင်းအစိုးရမှ ကမ်းပြိုမည်စိုး၍ ဆယ်ခွင့်မပေးတော့ကြောင်း၊
ထို့ကြောင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ခေါင်းလောင်းကိုဆင်းကြည့်ရာ ခေါင်းလောင်းကြီးနေရာတွင် တိုက်တန်းနစ်သဘောင်္ပျက်ကြီးသာ ရောက်ရှိနေကြောင်း၊ 
ဆက်လက်စုံစမ်းရာတွင် ခေါင်းလောင်းကြီးမှာ ဧရာဝတီမြစ်ကို ဆန်တက်လျက် ဤနေရာတွင် လာရောက်ပုန်းခိုနေကြောင်း စသဖြင့် ရွှီးရွှမ်းပြီး အလှူခံလေတော့သည်။
ဗိုလ်ချုပ်ပြုတ်မှလည်း ဦးစံလင်းပြောသည်မှာ မှန်ကန်ကြောင်း၊ သူသည်ပင် ရေကူးမျက်မှန်တလက်ကို အမေရိကန်မှ မှာယူ၍ လာရောက်ပူးပေါင်းကြောင်း၊ ခေါင်းလောင်းကြီးကို ရေထဲမှ ဆွဲတင်ရန်အတွက် ငါးမျှားချိတ်များလည်း ဆယ်ခုတိတိပါလာကြောင်း၊ ထိုခေါင်းလောင်းကြီးအား ဖော်ပြီးလျင် ရွှေတိဂုံဘုရားကြီး၌ ထားရန်စီစဉ်ထားကြောင်း၊ ဖော်ပြီးလျင် ရန်ကုန်သို့ ဆိုက်ကား ငါးစီးဖြင့် သယ်ဆောင်သွားမည်ဖြစ်ကြောင်း ခပ်တည်တည်ဖြင့် ရောယောင်ရွှီးကြပြန်သည်။
ဤသို့ တယောက်တလှည့်ဲ ရွှီးပြီးသည့်အချိန်တွင် ဦးစံလင်းသည် ဗိုလ်ချုပ်ပြုတ်ဆီမှ ရေကူးမျက်မှန်ကို ဆွဲယူကာ ငါးပေခန့်ရှိသော ရေအတွင်းသို့ ခုန်ဆင်းသွားလေတော့သည်။
(၃)
တွေ့ပါပြီ
သံကွင်းတကွင်း
ခေါင်းလောင်းကြီး ချိတ်သည့်နေရာဖြစ်မည်ဟု တွေးလျက် ဦးစံလင်းပျော်သွားသည်။ ထို့နောက် ရေပေါ်သို့ လက်မတချောင်း ထောင်ပြလိုက်ရာ ဗိုလ်ချုပ်ပြုတ်မှ အဘပြောပါတယ်၊ တကယ်ပါဆိုဟု ကိုယ်ရည်သွေးလိုက်ပြန်သည်။
ထို့နောက် ငါးမျှားချိတ်ဆယ်ချောင်း တပြိုင်နက်ချကာ ထိုကွင်းကို အခိုင်အမာ ချည်လိုက်သည်။ 
ကမ်းပေါ်တွင်လည်း အရက်ဦးရေ တိုက်ထားသော လေးငါးယောက်ခန့် ဝမ်းပူသောကြောင့် လူးလှိမ့်နေသည်ကို နဂါးပူးသည်ဟုဆိုကာ ရေတွေဖျန်းလျက်ရှိလေသည်။
ထိုအချိန်တွင် ဒေသခံများနှင့် လာရောက်ကြည့်ရှုသူများမှ ငွေကြေးများ၊ လက်ဝတ်ရတနာများ ပေးလှူကြတော့သည်။
"၁ ၂ ၃"
" ဆွဲ"
ရေထဲမှ ငါးမျှားချိတ်များဖြင့် ပြိုင်တူဆွဲမလိုက်ကြရာ
ထိုသံကွင်းမှာ ဗိုလ်ချုပ်ပြုတ်၏ ရှေ့သို့ အရှိန်ဖြင့်ပြုတ်ကျလာသည်။
"ဝုန်း"
"ဒုန်း... ဂလုန်း... ဂွမ်း"
"ဟင်"
"ဟာ"
"အို"
" ဆိုင်ကယ်ဘီးဂွေကြီး"
ဤသို့ဖြင့် မူလဒေါပုံမြစ်ဝမှ ဓမ္မစေတီခေါင်းလောင်းကြီးသည် ချင်းတွင်းမြစ်မှတဆင့် မည်သည့်နေရာသို့ ထပ်မံပြောင်းရွှေ့သွားသည် မသိရပဲ ဆိုင်ကယ်ဘီးဂွေကြီးသာ ချန်ထားရစ်ခဲ့ပြန်သည်။
တနေ့တလံ ခေါင်းလောင်းဘယ်ပြေးမလဲ ?
ထို့ကြောင့် ဦးစံလင်းတို့ လူသိုက်လည်း အလှူငွေများ စုစည်းသိမ်းဆည်းကာ ခေါင်းလောင်းဆယ်ယူရေးစရိတ်ဘဏ်အကောင့်ထဲသို့ ထည့်ကာ ခေါင်းလောင်သတင်းကို ဘဏ်အတိုးထိုင်စားရင်းဖြင့် စောင့်ဆိုင်းနေလေတော့သည်။

Monday, July 18, 2016

ဝန်ချတောင်းပန်တာဟာ အပြစ်ကြေသွားတာ ဒီလိုပြောတာမဟုတ်ဘူးနော်၊

Ko Lin to Dhamma friends
💥 ‪#‎ပြင်ရခက်တဲ့အမှား‬ 💥

⃣ ဝန်ချတောင်းပန်တာဟာ အပြစ်ကြေသွားတာ ဒီလိုပြောတာမဟုတ်ဘူးနော်၊ဒါ Confession လုပ်တာလို့ခေါ်တယ်၊ Confession-လုပ်တာဟာ အပြစ်တွေ ပြေသွားတာ ဒီလိုပြောတာမဟုတ်ဘူး၊ မှားခဲ့တဲ့အမှားက အမှားပဲ၊လုပ်မိပြီးသားက လုပ်မိပြီးသားပဲ။
ဒါကိုပြင်တာမဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့လိုတယ်။
⃣ ကိုယ်လုပ်ခဲ့အမှားဟာ ပြင်မရတဲ့အမှားပဲ၊
What's done, cannot be undone ဆိုသလိုပေါ့၊ What's done-လုပ်ခဲ့တဲ့အရာတစ်ခုဟာ Cannot be undone- မလုပ်ဘူးလို့ ဖြစ်အောင် လုပ်လို့မှ မရတာ။
လုပ်ပြီးသားဟာ လုပ်ပြီးသားလေ ပြင်လို့မရဘူး။ပြင်လို့မရတဲ့အမှား၊ဘယ်အရာပဲ ဖြစ်ဖြစ် လုပ်ပြီးသားဟာ လုပ်ပြီးသားပဲ။
■ သို့သော် သြကာသ ကန်တော့ကျိုးနဲ့ ကန်တော့ပြီးတော့ တောင်းပန်ရင် တစ်ချို့ကပြေတယ်လို့ထင်တယ်၊ဒီအပြစ်တွေ ပျောက်သွားတယ်လို့ထင်တာ။အပြစ်ပျောက်ခြင်းရဲ့ အကြောင်းတရားတော့ဖြစ်တယ်။
အရေးကြီးတာဘာလဲဆိုတော့ ဘာကို ကုစားတာလဲဆိုတာသဘောပေါက်ဖို့ လိုတယ်။
အဲ့လိုမဟုတ်ရင် ‪#‎ထိပ်_ခေါက်ပြီးမှ‬ တောင်းပန်နေကြမှာပဲလေ။
‪#‎ထိပ်ခေါက်တာခေါက်ပြီးနေပြီလေ‬
‪#‎ထိပ်_ခေါက်ပြီးတောင်းပန်လိုက်ကျေတယ်လို့‬ ဒီလိုထင်နေကြတာမဟုတ်ဘူး၊ 
အပြစ်က ဖြစ်သွားပြီ။ဖြစ်သွားတဲ့ အပြစ်ကို ပြင်တာလားဆိုတော့ မဟုတ်ဘူး။
💥 အကုသိုလ်က နှစ်ခုရှိတယ်လို့မှတ်၊အာရမ္ဘဇ - လုပ်လို့ဖြစ်တဲ့ အကုသိုလ်ကတစ်ခု၊ အဲဒီ လုပ်ထားတဲ့ အကုသိုလ်ပေါ်မှာ စိတ်ထဲမှာ တပူပူ တနွေးနွေးဖြစ်နေတဲ့စိတ်ဆင်းရဲမှုတွေဖြစ်ပြီး သောကရောက်နေတာဟာ ဝိပ္ပဋိသာရဇ ၊ တောင်းပန်တယ်ဆိုတာက အဲ့ဒီ ဝိပ္ပဋိသာရဇ -
ဆိုတဲ့ အကုသိုလ်ကို ဖယ်တာ၊
စိတ်ထဲမှာ ကြည်သွားပြီ တောင်းပန်လိုက်ပြီဆိုတဲ့ အခါမှာ အကုသိုလ်က ဆက်မပွားတော့ဘူး၊လုပ်ပြီးသားက ပြင်လို့မရဘူး။
နောက်ထပ် ထပ်ဖြစ်နေမယ့်အရာကိုတားတယ်။ ဒီသဘောပဲ။
💥 အကိုသိုလ်နှစ်ခုရှိတယ်လို့မှတ်ထား။
လုပ်လို့ ဖြစ်တဲ့ အကုသိုလ်ကတစ်ခု- အဲ့ဒါကပြင်လို့ မရဘူး၊ဖြစ်ပြီးသားက ဖြစ်ပြီးသားပဲ၊ ပြင်တာကဘာလဲဆိုတော့ အဲ့ဒီအပေါ်မှာ စိတ်ပူနေတာကို မပူရအောင်လို့ တောင်းပန်လိုက်တဲ့အခါမှာ လူတွေဟာ စိတ်ထဲမှာ အေးချမ်းသွားတယ်၊အဲဒီအေးချမ်းသွားမှုကို ဖြစ်စေတာကို ဆိုလိုတာဖြစ်တယ်၊
အဲဒီတော့ တောင်းပန်ခြင်းက အကျိုးမရှိဘူးလားလို့ မေးလို့ရှိရင် တစ်ပိုင်းကအကျိုးရှိတယ်၊
Confession -ဘာတုန်းဆိုတော့ စိတ်မပူတော့ဘူး၊ငါတောင်းပန်ပြီးပြီ၊
စိတ်နှလုံးအေးချမ်းသွားပြီ၊အဲဒီတော့ အဲ့ဒီနောက်မှာ ကိုယ်ဆက်လုပ်ရမယ့် အလုပ်တွေ ရှိသေးတယ်၊ဘာတွေလဲဆိုတော့ တောင်းပန်ပြီးတဲ့နောက်မှာ “အာယတိံ သံဝရံ အာပဇ္ဇတိ“ နောက်ထပ် မလုပ်တော့ပါဘူးဆိုတဲ့ ဝန်ခံကတိ၊Promise -ပေးရတယ်။ဘယ်တော့မှ ဒီအမှားမျိုးကို မကျူးလွန်တော့ပါဘူးဆိုပြီးတော့။
● ကျူးလွန်ခဲ့တဲ့အမှားကို နောင်တရပြီးတော့ ဒီအမှားကို ပြင်တယ်။ကောင်းတာတွေချည်းပဲ ဆက်လုပ်တယ်။ဆက်လုပ်သည့်အတွက်ကြောင့်ရေများရင် ရေနိုင်၊ မီးများရင် မီးနိုင်လုပ်ခဲ့တဲ့အမှားတစ်ခုကို ထပ်မလုပ်တဲ့အတွက်ကြောင့် အမှားကတော့ အမှားအတိုင်းပဲ ရှိတယ်။
သို့သော်ကောင်းတာတွေကို ဆက်လုပ်သည့်အတွက်ကြောင့် အမှားဟာ Isolated ဖြစ်သွားတယ်။သူ့ကို ကောင်းတာတွေနဲ့ ရံပတ်ထားတဲ့အခါ သူ့ကို ဖွင့်မရတော့ဘူးလို့ ဒီလိုပြောတာနော်။ပျောက်သွားတာလို့ ပြောတာမဟုတ်ဘူး။အေး တော်ကြာကြတော့ ဒူးလေးထောက်ပြီးတော့ ခွင့်လွတ်တော်မူပါဆိုတာနဲ့ အကုန်လုံး ခွင့်လွတ်သွားတယ်မထင်နဲ့။ဒီလိုပြောတာ မဟုတ်ဘူး၊လွတ်သွားတာ ဘာလွတ်သွားတာလဲဆိုတော့ ဒီအတွက် စိတ်ပူပြီးတော့ ဖြစ်နေတဲ့ အကုသိုလ်တွေ လွတ်သွားတာ။
★ နောက်ဆုံးမှာ အာယတိံ သံဝရ- နောင်မှာစောင့်စည်းပါမယ် စောင့်စည်းပါမယ်ဆိုတဲ့ Promise အရတကယ်စောင့်စည်းပြီးမှ နေလို့ ရှိရင် အကုသိုလ်တစ်ပိုင်းကို တားပြီးသားဖြစ်သွားတယ်။ တားပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကောင်းတာတွေချည်းလုပ်တဲ့အတွက်ကြောင့် ကောင်းတာတွေပဲ၊Chance ရပြီးတော့ မကောင်းတာတွေ Chanceမရဘူးဆိုတဲ့ အဓိပ္ပာယ်၊
🔺 သူအကျိုးပေးဖို့ အခွင့်သာမှ ကံဆိုတာ အကျိုးပေးလို့ ရတာ။အခွင့်မသာရင် မရတော့ဘူး။ ဒါမျိုးကို ဆိုလိုတယ်လို့၊ တောင်းပန်တယ်ဆိုတာ အဲဒီလို အဓိပ္ပာယ်ရတယ်။……။