လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, July 24, 2015

မျက်စိသည် ရုပ်တရား၊ မြင်စရာ အာရုံသည်လည်း ရုပ်တရား၊


မျက်စိသည် ရုပ်တရား၊
မြင်စရာ အာရုံသည်လည်း ရုပ်တရား၊
ဒီရုပ်နှစ်ခု ပေါင်းဆုံလိုက်ခြင်းက မျိုးတူ ရုပ်တရားကို မဖြစ်လာစေပဲ မတူကွဲပြား ခြားနားသော မြင်စိတ်နာမ်တရားကိုသာ ဖြစ်လာစေသည်။ ထိုအချက်ကို သဗ္ဗညုတဥာဏ်ဖြင့်သာ မြင်နိုင်ပေသည်။ လောကသားတို့ကား တစ်ခါတစ်ရံ အကြောင်းပြချက်များစွာဖြင့် ပရမတ်တရားတို့ကို ဇဝေဇဝါဖြစ်အောင်လည်း ပြုလုပ်နိုင်စွမ်းရှိကြပေသည်။ ဥပမာ လူ နှင့် လူ ပေါင်းပါက လူသာဖြစ်သကဲ့သို့လည်းကောင်း၊ တိရစ္ဆာန်အချင်းချင်း ပေါင်းပါကလည်း တိရစ္ဆာန်သာ ဖြစ်သကဲ့သို့လည်းကောင်း ထိုနည်းတူစွာ ပရမတ်နယ်ပယ်၌လည်း မျက်စိရုပ် နှင့် မြင်စရာရူပါရုံရုပ် ပေါင်းပါက ရုပ်သာ ဖြစ်သင့်ပြီး အဘယ့်ကြောင့် နာမ်ဟုခေါ်သော မြင်စိတ်လာဖြစ်ရသနည်းဟု စောကြောဖွယ် ရှိပေသည်။
သူ့ဥပမာအတိုင်း ပြန်ပြောရမည်ဆိုပါက ပညတ်နယ်ပယ်၌လည်း မတူသည်များကို တွေ့ရှိနိုင်ပါသည်။ ဆိုပါစို့ မီးခြစ်ဆံနှင့် သံဘီးပွတ်တိုက်မှုက မီးခြစ်ဆံလည်းဖြစ်မလာ ဘီးလည်းဖြစ်မလာပဲ ဘာမှမဆိုင်သည့် မီးသာဖြစ်လာပေသည်။ လက်နှင့် ဂစ်တာကြိုးတို့ ထိတွေ့မှုက အသံသာဖြစ်လာပေသည်။ ထိုနည်းတူစွာ ပရမတ်တရား၌လည်း ရုပ်နှစ်ခု ပေါင်းဆုံတိုင်း ရုပ်ဖြစ်သင့်သည်ဟု တရားသေ မမှတ်သင့်ပေ။ ရုပ်ဖြစ်ကြောင်းတရားလေးပါးဟူရာ၌ ရုပ် ရုပ်ချင်းဟူသော ထိုအချက်တို့ ပေါင်းဆုံခြင်းကြောင့် ဖြစ်သည် ဟုတ် မဟုတ် စဉ်းစားသင့်ပေသည်။

No comments:

Post a Comment