လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, July 21, 2015

ပညာရှိကိုပညာရှိမှသိတယ်၊မြင်တယ်

ပညာရှိကိုပညာရှိမှသိတယ်၊မြင်တယ်



















မင်းကွန်းဆရာတော်ကြီးမှ မိုးကုတ်ဆရာတော်ကြီးအပေါ် သဘောထားမှတ်ချက်
=========================================
ကောဇာသက္ကရာဇ် ၁၃၃၉-ခု၊ နယုန်လပြည့်ကျော် ၁၃-ရက် (၁၃-၆-၁၉၇...၇)၊
တနင်္လာနေ့၊ ည ၇-နာရီတွင်

ကြို့ပင်ကောက်မြို့၊ မဟာလောကသီရိဘုရားကြီး သံတန်ဆောင်းအတွင်း၌
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်၊
ကျေးဇူးတော်ရှင် တိပိဋကဓရ ဓမ္မာဘဏ္ဍာဂါရိက မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ
ဟောကြောတော်မူခဲ့သော တရားတော်မှ ဖြစ်ပါတယ်။
တရားနာပရိတ်သတ်က အကြိုက် ၅-မျိုး ရှိကြတယ်။
ဘယ်သူတွေလည်း ဆိုတော့ -
၁။ သဒ္ဒပသန္န - ဆိုတာ အသံကောင်းတာကိုမှ ကြည်ညိုတာ၊
အသံအနေထား ကြည်ညိုတဲ့ပရိသတ်ပေါ့။
နိဗ္ဗာန် မဂ်ဖိုလ်တော့ မရနိုင်ပါဘူး။
၂။ ရူပသန္န - ဆိုတာ ရုပ်ရည်အဆင်းကိုကြည်ညိုတာ၊
ဓမ္မကထိကကိုယ်တော်ရဲ့ ရုပ်ဆင်းအင်္ဂါ၊ ဓမ္မကထိကကိုယ်တော်ရဲ့ ရုပ်ဆင်းအင်္ဂါ၊
ဥပဓိရှိတာကို ကြည်ညိုတဲ့ ပရိသတ်၊
သူလည်း မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး။
၃။ ဂုဏပသန္န - ဆိုတာ ဂုဏ်ရှိတဲ့ ဓမ္မကထိကကိုမှ ကြည်ညိုတာ၊
ဘုန်းကြီးကိုပဲ ဆိုကြပါစို့။
ဒီဘုန်းကြီးက တိပိဋကဓရတဲ့။ အင်မတန်ဂုဏ်ရှိတယ်ဆိုပြီး ကြည်ညိုတဲ့ ပရိသတ်၊
ဒီပရိသတ်မျိုးလည်း မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး။
၎။ လူခပသန္န- ဆိုတာ ခြိုးခြိုးခြံခြံ အကျင့်ရှိသူကိုမှ ရွေးပြီးကြည်ညိုတာ၊
ဒီပရိသတ်မျိုးလည်း မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး။
၅။ ဓမ္မသန္န - ဆိုတာ တရားဓမ္မသက်သက်ကို ကြည်ညိုတာ။
အဲဒါမျိုးကျတော့ အသံကိုလည်း ပဓာန မထား၊
ရုပ်အဆင်းကိုလည်း မကြည့်၊
ဂုဏ်ကိုလည်း မငဲ့၊
ခေါင်းခေါင်းပါးပါး အကျင့်ကိုလည်း ဂရုမစိုက်
ဓမ္မသက်သက်ကိုသာ ကြည်ညိုတဲ့ပရိတ်မျိုး။
အဲဒီ ပရိသတ်မျိုးသာလျှင် ဒီဘဝမှာ တရားထူး ရနိုင်တယ်တဲ့။
အဲဒီ ဓမ္မပသန္န ပရိသတ်ဆိုတာကတော့ ဦးရေနည်းပါးလှပါတယ်။
အခုခေတ် ဥပမာ ပြရမယ်ဆိုရင် မိုးကုတ်တရားနာပရိသတ်တို့ကိုပဲ ပြရမှာပဲ။
အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ၊
အဲဒီဆရာတော်ကြီး ဟောပြတဲ့ ဓမ္မတို့ကတော့ အလွန်အင်မတန်မှ ပီသလှပါပေတယ်။
တစ်ထိုင်တည်းနဲ့ နိဗ္ဗာန်အရောက် ဦးတည်ပို့ပေးနိုင်တဲ့ တရားတော်များလည်း ဖြစ်ပါတယ်။
အဲဒီတရားတော်များကို ကြည်ညိုတဲ့ ပရိသတ်မျိုးမှပဲ ဓမ္မပသန္န - ပရိသတ်မျိုးလို့ ချီးကျူးကြရမှာပဲ။
ပြီးတော့ မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ ဟောတဲ့တရားတော်များကလည်း
ဘုန်းကြီးတို့ရဲ့ ခေါင်းပေါ်နှစ်တောင်လောက်ကျော်ပြီး သွားတဲ့တရားများ။
ဘာကြောင့်လဲဆိုတော့
ဘုန်းကြီးတို့ အခု ပိဋကတ်သုံးပုံကို ဆောင်နိုင်နေတယ်။ သိနေတယ် ဆိုတာက
ဘယ်စာမျက်နှာမှာ ဘယ်အကြောင်းအရာတွေပါတယ်ဆိုတာ မှတ်ထားတာ
သညာနဲ့ မှတ်တာပေါ့။
မိုးကုတ်ဆရာတော်ကြီးကတော့
ခန္ဓာကိုယ်ထဲမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာကို ပညာဉာဏ်နဲ့ ထိုးဖောက်ပြီးသိတာ
ပညာသိ,သိတာ။
**ကောက်နုတ်ချက်**
မင်းကွန်းဆရာတော်ကြီးမှ မိုးကုတ်ဆရာတော်ကြီးအပေါ် သဘောထားမှတ်ချက်
(နှာ- ၁၀-၁၄) မှ
ကောက်နုတ်ပူဇော်ပါသည်။

No comments:

Post a Comment