လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, July 16, 2015

သင်- သေတတ်ပြီလား?

သင်- သေတတ်ပြီလား?
သေဖို့ပြင်ဆင်ထားပြီလား?
===================
ရုပ်သဘော နာမ်သဘောတွေ ခန္ဓာရဲ့သဘောတွေမသိတော့
ငါသေရတောမ့ယ် သားတွေ သမီးတွေနဲ့ ခွဲရတော့မယ်...
လုပ်ကိုင်ထားတဲ့ အလုပ်အကိုင်တွေနဲ့ အကုန်လုံးခွဲရတော့မယ်
ငါဝယ်ထားတဲ့ ပစ္စည်းတွေ အကုန်လုံး ထားခဲ့ရတော့မယ်ဆိုတော့…
အဲဒီလို ဒုက္ခရောက်တာက တစ်မျိုး။

ခန္ဓာကိုယ်က ရောဂါဝေဒနာတွေ နှိပ်စက်လို့ 
ဒုက္ခရောက်တာကတစ်မျိုး
ကိုယ်လဲနာ စိတ်လည်းနာ
အကြီးအကျယ်နာတယ်။
(၉၆) ပါးရောဂါနှိပ်စက်လို့ နာတာက ကိုယ်နာတာပေါ့။
ဒီရုပ်ခန္ဓာကြီးနာတာပေါ့။
စိတ်ကနေပြီး ဘာမှ တရားတွေနာမထား
လုပ်မထားတဲ့အခါကျတော့ စိတ်မချ
လက်မချတွေ အကြီးအကျယ်မဖြစ်ဘူးလား?
စိတ်မချ လက်မချတွေ အကြီးအကျယ်ဖြစ်တာက စိတ်နာတာ။
သေခါနီးတဲ့အခါမှာ နာတာ ကျဉ်တာ ကိုက်တာ ခဲတာက တစ်မျိုး။
ဒီစိတ်မချဖြစ်ရတာတွေက တစ်မျိုး၊ပူဆွေး ၀မ်းနည်းပြီးတော့ မချိမဆံ့တွေဖြစ်။
ကိုယ်လည်းနာ စိတ်လည်းနာဆိုတော့ မသေခင် မချိမဆံ့ ဒုက္ခတွေမရောက်ဘူးလား။
အဲ့ဒီလို ဒေါသကြီးနဲ့ ခံစားရပြီး သေသွားရင်
သေသွားတဲ့သူ ကောင်းရာမွန်ရာ ရောက်ပါ့မလား?
( မြစိမ်းတောင် ဆရာတော်ဘုရားကြီး အသျှင်ဇာနေယျ)

No comments:

Post a Comment