+7
Minthu Nya added 11 new photos.
အားလုံးပဲမင်္ဂလာပါ
သူငယ်ချင်းဖြစ်သူ အရှင်သောပါကရဲ့မိခင် ဒကာမကြီးဒေါ်တင်အိဖြစ်ပါတယ်။
ဦးဇင်း မန်းရွှေမြို့တော်ကြီးမှာစာသင်စဉ်က လိုအပ်သည်များကိုထောက်ပံ့လှူဒါန်းပေးခဲ့တ...ဲ့
ဒကာမကြီးဖြစ်ပါတယ်။
ဦးဇင်းတို့စာကြည့်တိုက်မှ စာအုပ်တွေအမြဲငှားဖတ်ပါတယ်။
တရားတွေလည်းအမြဲနာပါတယ်။
တနေ့ဦးဇင်းက တရားတွေဟောပြရင်း ၃၇ မင်းနတ်တွေအကြောင်းရောက်သွားပါတယ်။
တကယ်တော့ ဒီနတ်တွေဟာ အပါယ်လေးဘုံထဲမှာ ပြိတ်တာဘုံထဲကဖြစ်လို့
မိမိတို့ထက် အဆင့်အတန်းနိမ့်လို့ သူတို့ကိုမကိုးကွယ်သင့်ကြောင်းဟောပါတယ်။
အဲဒီလိုဟောတော့ ဒကာမကြီးမေးပါတယ်။
သူတို့ကိုမကိုးကွယ်သူတွေကို ခိုက်အောင်လုပ်တယ်
ဘေးတွေတွေ့စေတယ် နတ်ကိုင်တယ်ဆိုတာကကော ဘယ်လိုလဲလို့မေးပါတယ်။
အဲဒီမှာဦးဇင်းက ဥပမာတစ်ခုပေးပြီးရှင်းပြခဲ့ပါတယ်။ဒကာကြီးတို့အိမ်ရှေ့မှာ သူတောင်းစားတစ်ယောက်ကပိုက်ဆံလာတောင်းတယ်၊ပိုက်ဆံသွားပေးတုန်း အဲဒီသူတောင်းစားက
ဒကာမကြီးကို ဆဲမယ် ရိုက်မယ်ဆိုရင် ခေါင်းငုံခံမလားမေးတော့ ဘယ်ခံမလဲလို့ပြောပါတယ်။
အဲဒီလာတောင်းတဲ့သူကကော မိမိကို ရိုက်ရဲပါ့မလားမေးတော့ ရိုက်ရဲဖို့မပြောနဲ့
စကားတောင်သူများသနားအောင်အသံနိမ့်ပြောရတာလို့ဖြေပါတယ်။
အဲဒီလာတောင်းသူကို ဒကာမကြီးက အိမ်ပေါ်ကိုပင့်ပြီး
ခေါင်းရင်းမှာဖျာခင်းပေးကာ ထိုင်ပါဆရာကြီးဆိုပြီး
ထိုင်ကန်တော့ကာ တပည့်တော်မတို့ဟာ အမိုက်မဲမလေးတွေဖြစ်ပါတယ် ဆိုဆုံးမပါဆိုပြီး
ဆရာတင်ပြီးသွားတဲ့အချိန်မိမိကိုရိုက်ရင်ရော ဘာပြန်လုပ်မလဲမေးတော့
လုပ်မရတော့ပါဘုရားတဲ့။ဒါကြောင့် မိမိခေါ်တင်ထားလို့ အိမ်ပေါ်ရောက်နေတာ
ပြန်မောင်းချလိုက်တော့
လို့ပြောပြီးရော ဒကာမကြီးက သူ့အိမ်မှာဆွဲထားတဲ့ နတ်အုန်းသီးကြီးကိုတခါထဲ အမိုက်တောင်းထဲလွတ်ပစ်လိုက်ပါတော့တယ်။
ဒကာမကြီးကတော့ စိတ်ဓာတ်ပြတ်သားတယ် ရဲရင့်တယ်။
ယနေ့ထိအောင် ရတနာသုံးပါးကလွဲရင်ဘာမှမကိုးကွယ်တော့ပါဘူး။
ဒီစာကိုဖတ်အပြီးမှာ ဘယ်နှစ်ယောက်လောက်များဒကာမကြီးလို
အမှိုက်တောင်းထဲစွန့်ပစ်ကြမလဲမသိဘူး??????
မှားယွင်းသောအယူမှားယွင်းသောလမ်းစဉ်များကို စွန့်ပယ်နိုင်ကြပါစေ။
ဆရာတော်မင်းသုည

No comments:
Post a Comment