မိဘဂုဏ်ရည် ဆရာတော် added 3 new photos.
ရေနဲ့ကြာ
=========
မုဒုံဆရာတော်
--------------------------
သာသနာဆိုတာ ဘုရားရှင်တို့၏ အဆိုအမိန့် အဆုံးအမကို ခေါ်တာပါ။ သာသနာဆိုတာ ကျောင်းကန် ဘုရားစေတီ ဘုန်းတေ...ာ်ကြီး သံဃာတွေ မဟုတ်ပါဘူး။ ကျောင်းကန်တွေက သာသနိကပစ္စည်း၊ သာသနာ့တော်အတွက် အထောက်အပံ့တခုသာပါ။ ဘုရားစေတီ ဆင်းတုတော်တွေက ကြည်ညို ပူဇော်ရာ တစ်ခုသာဖြစ်ပါတယ်။ ရဟန်းသံဃာတော်တွေက ဘုရားရှင်တို့၏ အဆုံးအမ ဓမ္မတရားတွေ မပြောက် မကွယ်ရလေအောင် ထိန်းသိမ်း စောင့်ရှောက် ပေးကြရတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ တစ်နည်းပြောရရင်တော့ သာသနာတော်ကို ယိမ်းမသွားရအောင် ယိုင်မသွားရအောင် ထိမ်းကြောင်း တည့်မတ် ဦးဆောင်ပေးတဲ့ အဖွဲ့အစည်း တစ်ခုပါပဲ။

သာသနာဆိုတာ ကြည်ညိုသူရှိမှ တည်တန့်တယ်၊ ပြန့်ပွားတယ်၊ တိုးတက်တယ်၊ ကြည်ညိုသူကင်းတာနဲ့ မရှိတော့တာနဲ့ သာသနာ အလိုလို ဆုတ်ယုတ်သွားတာပဲ၊ သာသနာကွယ်ဘို့ လမ်းစရောက်တော့တာပါပဲ၊ သာသနာ ကြည်ညိုသူ များများရှိဖို့ရာမှာ သာသနာ ကြည်ညိုတတ်အောင် ဆည်းကပ်တတ်အောင် ကိုးကွယ်တတ်အောင် ဟောပြောပြသ သွန်သင်ပေးနှိုင်တဲ့ နည်းကောင်း လမ်းမှန် ညွှန်ကြားပေးနှိုင်တဲ့ စွမ်းရည်ရှိတဲ့ ရဟန်းသံဃာ များများရှိဖို့ လိုအပ်တယ်၊ များများမွေးထုတ်ကြဖို့ လိုအပ်လှပါတယ်။
ဗုဒ္ဓသာသနာဆိုတာ လူသားကမ္ဘာ ဗုဒ္ဓဘာသာ မျက်နှာစာမှာ မရှိမဖြစ် တကယ်လိုအပ်တဲ့ နှစ်လုံးသားရဲ့ အဟာရတစ်ခုပါ။ ကမ္ဘာပေါ်မှာ စပါးစိုက်သူမရှိရင် ဆံစပါးမရှိနှိုင်တော့ဘူး။ စပါးမရှိတော့တာနဲ့ ထမင်းကိုသာ စားလိုသူတွေ ထမင်းစားရမှာ မဟုတ်တော့ပါဘူး။ ဒါဟာ သဘာဝနိယာမတစ်ခုပါ။ သာသနာ အားပေးနှိုင်သူ ထောက်ပံ့မည့်သူ မရှိတော့ရင်ကော ဘယ်လိုနေမလဲ စဉ်းစားကြည့်ပါ၊ ဘုရားသာသနာ တိုးတက်ဖို့ရာကို မဆိုထားနဲ့ တည်တန့်ဖို့ကိုပင် မလွယ်တော့ပါဘူး။ သာသနာကို တကယ်လေးစား ကြည်ညိုသူမှန်သမျှ သတိပြုရမည့် အရေးကြီးတဲ့ အချက်တစ်ခုပါပ။ဲ
ဗုဒ္ဓသာသနာဆိုတာ လူသားလောကကြီး တစ်ခုလုံးကို ကောင်းကျိုးပေးနှိုင်တဲ့ တရားဖြစ်သလို ဆိုးကျိုးများစွာကို ဖယ်ရှားပေးနှိုင်တဲ့ အစွမ်းထက်တဲ့ လက်နှက်တစ်ခုပါပဲ။ လုပ်ငန်းခွင် တစ်ခုမှာ လက်တစ်ချောင်းနဲ့ အလုပ်ဖြစ်သော်လည်း လက်နှစ်ချောင်းလောက် မပြီးမြောက်နှိုင်ပါဘူး။ ထို့အတူ သာသနာမှာ သံဃာရှိနေရုံနဲ့တော့ အရှည်မတည်နှိုင်ပါဘူး၊ ဒါယကာရှိမှ ဖြစ်မှာပါ။ ကျိုးနေသူဟာ လမ်းမလျှောက်နှိုင်သလို ကန်းနေသူဟာလဲ လိုရာခရီး မပေါက်နှိုင်ပါဘူး။ အကျိုးနဲ့ အကန်း ပေါင်းကြမှ ခရီးပေါက် လိုရာရောက်သလို သံဃာနဲ့ ဒါယကာ အတူလက်တွဲမှ သာသနာ ရှည်ကြာ တိုးတက်နှိုင်ပါတယ်။
ဗုဒ္ဓသာသနာဆိုတာ ထီးကို ယူဆောင်သွားသူနဲ့ သိပ်ကိုတူပါတယ်၊ ထီးပါသွားသူဟာ နေပူလဲဆောင်းရတယ် မိုးရွာလဲဆောင်းရတာပဲ နေပူပူ မိုးရွာရွာ အပူအအေး ကာကွယ်ပေးသလို လောကဓာန် အပူအအေးမှန်သမျှ ကာပေးနှိုင်ပါတယ်၊ သိပ်ကို အားရကျေနပ်စရာ ကောင်းတဲ့ တရားတစ်ခုပါပဲ။
သာသနာတော် စတင်ပေါ်ပေါက်ရာ မစ္ဇျိမဒေသကို လှမ်းမျှော်ကြည့်ပါ ယခင်နဲ့ ယခု ဘယ်လိုနေသလဲဆိုတာ၊ စာဖတ်သူတို့ နားလည်လောက်ပါတယ်။ သာသနာ အနောက်ကနေ အရှေ့ကို ပြောင်းလာခဲ့ပြီ၊ ရွှေ့လာခဲ့ပြီ၊ ဒါဟာ ဓမ္မနိယာမတစ်ခုပါပဲ။
အဆုံးအမ ဓမ္မတရားဟာ ဆောင်သူထံမှာပဲ ရှိတယ်. တည်တယ်၊ မဆောင်သူထံ ဘယ်လိုမှ ရှိမနေပါဘူး။ ဒါယကာနဲ့ သာသနာဟာ ရေနဲ့ကြာလိုပါပဲ၊ ကြာပွင့်စေခြင်ရင် ရေရှိမှဖြစ်မှာပါ၊ ရေမရှိလျှင် ကြာမပွင့်နှိုင်တော့ပါဘူး။ ကြာမပွင့်ရင် ကြာဖူးကြာပန်းတွေ ဝေးပြီပေါ့။ ကမ္ဘာမှာ ကြာပန်းမရှိနှိုင်ခြင်းရဲ့ အကြောင်းရင်းက ရေဖြစ်သလို၊ သာသနာတော် ကွယ်ပြောက်ရခြင်း၏ အကြောင်းရင်းက ကိုးကွယ် ကြည်ညိုတတ်သူ မရှိခြင်းသာ ဖြစ်ပါကြောင်းကို တင်ပြပေးလိုက်ပါတယ်။

No comments:
Post a Comment