လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, April 25, 2015

မွတ်ဆလင်ဒကာကြီးမေးသမျှ ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာ

မွတ်ဆလင်ဒကာကြီးမေးသမျှ ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာ
############################
အစ္စလာမ်ဘာသာဝင်မူဆလင်ဒကာကြီးစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်ကဗုဒ္ဓဘာသာနှင့်သက်ဆိုင်တဲ့ မေးခွန်းများကို အင်တာနက်လူမှုစာမျက်နှာမှတဆင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းေ ရးပါတီဥက္ကဋ္ဌ ဒကာ ကြီးဦးနေမျိုးဝေအား ဖြေရှင်းချက်တောင်း မေးမြန်းထားသည်ကို ဖတ်ရှုရပါ တယ်၊ ဦးနေမျိုးဝေက ၄င်းတို့၏ အစ္စလာမ်ဘာသာ၏ ကုရ်အာန် ကျမ်းအား ယုတ္တိကျကျ ထောက် ပြဝေဘန်မှုအပေါ် သူတို့မူဆလင်များဘက်မှ ကျနသေခြာလက်ခံနိုင်လောက်သည့်အထိ ဖြေရှင်း နိုင်ခြင်းမရှိပါပဲ၊ မိုးကြိုးကို ထန်လျှက်နှင့်ကာသည့်ပမာ ဗုဒ္ဓဘာသာကိုပင် ပြန်လည်၍မေးခွန်း ထုတ်ထားခြင်းဖြစ်ပါတယ်။
ထို မူဆလင်ဒကာကြီး၏ မေးခွန်းအားလုံးဟာ ဒကာ ဦးနေမျိုးဝေ က ကုရ်အာန်ကျမ်းအား ဝေဘန် သကဲ့သို့ ကျမ်းစာများထဲမှ ထုတ်နှုတ်ကာထောက်ပြထားသလိုမဟုတ်ပဲ ထေရ၀ါဒဗုဒ္ဓ ပိဋ ကတ်တော် များကို အပေါ်ယံလေးမျှပင် လေ့လာခြင်းမရှိပါပဲ ကလေးဆန်ဆန်သဘောမျှ မေး ခွန်း ထုတ်ထားတာကို တွေ့ရှိရပါတယ်၊ ပါတီဥက္ကဋ္ဌ ဒကာဦးနေမျိုကို ဗုဒ္ဓဘာသာဟုထင်မှတ်တဲ့အတွက် လက်စားချေတဲ့သဘောနဲ့ ဗုဒ္ဓဘာသာကိုပြန်လည်၍ မေးခွန်းထုတ်တာဖြစ်နိုင်ပါတယ်၊ တကယ် တော့ ဒကာဦးနေမျိုးဝေဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး မဟုတ်ပဲ မည်သည့်ဘာသာမှမကိုးကွယ်သော ဘာသာမဲ့တစ်ဦးသာဖြစ်ပါတယ်။ မူဆလင်ဒကာရဲ့ ဗုဒ္ဓဘာသာအပေါ် လုပ်ကြံမေးခွန်းများကို ဖြေရှ င်းပေးပါရန် ဓမ္မမိတ်ဆွေစာဖတ်ပရိသတ်များမှ လျှောက်ထားကြသောကြာင့်ဖြေကြားပေးလိုက် ပါတယ်။
ဒကာကြီးစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်မေးထားသောမေးခွန်းတွေထဲကပထမဆုံးမေးခွန်း ကိုဦး စွာဖြေပေးပါမယ်။ဒကာကြီးမေးထားတာက…
ရှင်ကြီး ဂေါတမရဲ့ ပိဋကတ်သုံးပုံတောင် သီရိလင်္ကာမှာ သက္ကတနဲ့ ရှိနေပြီး ကျနော်တို့နိုင် ငံမှာပါဠိနဲ့ ရှိနေပါတယ်။သက္ကတလို ရှိနေတဲ့ ပိဋကတ်သုံးပုံကို သုံးကြိမ်သုံးခါပဲပြင်ပြီး (သံဃယနာ တင်ပြီး) ပေမယ့်၊ ပါဠိလိုဖြစ်တဲ့ ပြည်တွင်းက ပိဋကတ်သုံးပုံက ဘာဖြစ်လို့ ခြောက်ကြိမ်ထိ ပြင်ထား ရပါသလဲ?၊ လူကြီးမင်း သတိလက်လွတ်ဖြစ်နေတာလေးတစ်ခုကို ထောက်ပြချင်ပါတယ်။
ကျနော် တို့ရဲ့ ကျမ်တော်မြတ်ကုရ်အာန် ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၁၄၀၀)ကျော်က မဟာတမန်တော်မြတ် (PBUH)ထံ ကောင်းကင်တမန်တော်ကြီးမှ တဆင့် အလ္လဟ်အသျှင်မြတ်မှ သူ့အချိန်နဲ့သူ လိုအပ်သ လို(၂၃)နှစ်တာကာလအတွင်းမှာ ချမှတ်ထုတ်ပြန် ခဲ့တဲ့ ကောင်းကင်ကျကျမ်းတစ်ဆောင်ဖြစ်ပါတ ယ် လို့ဗုဒ္ဓဘာသာရဲ့ သင်္ဂါယနာကိုမေခွန်းထုတ်ပြီး တစ်ဆက် တည်းမှာ သူတို့ရဲ့အုရ်အာန်ကျမ်းကို ကောင်းကင်ကျကျမ်ဖြစ်ကြောင်း အမွန်းတင်ထားပါတယ်။
ဒကာကြီးတော်စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်ရေ ယခုဦးဇင်းကိုယ်တိုင် သီရိလင်္ကာမှာ ရောက်ရှိ ပညာတော်သင်ယူနေပါတယ်၊ဒကာပြောသလို သီရိလင်္ကာမှာ ပိဋကတ်သုံးပုံကို သက္ကတ ဘာသာဖြင့် ရေး သားထားခြင်း၊မှတ်တမ်းတင်ထားခြင်း၊လုံးဝ(လုံးဝ)မရှိပါဘူးဒကာ၊ သီရိလင်္ကာမှ မဟုတ် ပါဘူး၊ထိုင်း၊ကမ္ဗောဒီးယား၊လာအို၊မြန်မာ စသောမည့်သည့်ထေရ၀ါဒ နိုင်ငံမှာမှ ပိဋကတ် တော်များကို သက္ကတဘာသာခြင်း ရေးသားထားခြင်း၊မှတ်တမ်းတင်ထားခြင်းမရိပါဘူးဒကာ။ ပါဠိ ဘာသာဖြင့်သာ စနစ်ကျကျ တည်ရှိပါတယ်။
နောက်တစ်ခုက သင်္ဂါယနာကိစ္စပဲဖြစ်ပါတယ်၊ သင်္ဂါယနာ တင်ခြင်း၏မူလရည်ရွယ်ချက် ကိုကဗုဒ္ဓ မြတ်စွာ၏ ဒေသနာတော်မြတ်တို့ကို ၊”တစုံတရာပြင်ဆင်ခြင်း၊ ပယ်နှုတ်ခြင်း၊ဖြည့်စွက်ခြင်း ” လုံးဝမပြုရ လေအောင် ဗုဒ္ဓမြတ်စွာ၏ လက်ထက်တော်ကာလကအတိုင်း မူရင်းကျကျ ဖြစ်ရအောင် ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ဒေသနာတော်တို့ကိုမူရင်းအတိုင်းပြန်လည်အတည်ပြုခြင်းကိုပဲ သင်္ဂါယ နာတင်ခြင်းလို့ခေါ်ဆိုတာ ဖြစ်ပါတယ်။
ဒါကိုဒကာကြီးက လေ့လာမှုမရှိပဲ ပြောင်းပြန်ပြောနေ ခြင်းဖြစ်ပါတယ်။ ထေရ၀ါဒကိုလက်ခံ ကျင့်သုံးတဲ့ နိုင်ငံအားလုံးမှာ သင်္ဂါယနာကို ခြောက်ကြိမ်ဟု အသိအမှတ်ပြုမှတ်တမ်းတင်ထားပါတယ် သေခြာလေ့လာပါလေ၊ သင်္ဂါယနာတင်တယ်ဆိုတာ ဘုရားဟောမူရင်းတွေကို ပြုပြင်ဖို့ဖြစ်တယ်လို့ ဒကာတော်စွတ်စွဲသလို ထေရ၀ါဒဗုဒ္ဓသာသနာဟာ သင်္ဂါယနာတင်ပြီး ဗုဒ္ဓမြတ်စွာ၏ ဒေသနာတော်တို့ကို ပြင်ဆင်ထားတယ်လို့ ခိုင်လုံးသော အထော က်အထားပြနိုင်ပါက၊ ဒကာကြီးတို့ အစ္စလာမ်ဘာသာ ကောင်းတာ မကောင်းတာမစဉ်းစားပဲ အစ္စ လာမ်ဘာသာထဲကို ဦးဇင်းကိုယ်တိုင်ဝင်ရောက်ပါမည်လို့ ရဲရဲကြီးကတိပေး လိုက်ပါရဲ့ဒကာကြီး။
ဒကာကြီးပြောသလို ကုရ်အာန်စာအုပ်ဟာ ကောင်းကင်ပေါ်က ကျလာတယ်ဆိုတဲ့ တိကျခို င်လုံပြီး၊အာဂမယုတ္တိ၊သဘာဝယုတ္တိရှိရှိနဲ့ ကမ္ဘာကြီးကိုချပြနိုင်မည်ဆိုပါက အခြားဘာသာဝင်တွေ အားလုံဟာ သူတို့ရဲ့မူရင်းဘာသာကိုစွန့်ပယ်ပြီး ဒကာကြီးတို့ အစ္စလာမ်ဘာသာထဲ ၀င်ရောက် လာနိုင်ပါ တယ်၊ ဒါကြောင့် မူဆလင်အနွယ် အစ္စလာမ်ဘာသာဝင်များတိုးပွားများပြားလာနိုင်အော င် ကောင်းကင် ပေါ်ကနေ ကုရ်အာန် စာအုပ်ကျလာပုံကို ယုတ္တိရှိရှိ သက်သေပြသင့်ပါကြောင်း စေ တနာကောင်းဖြင့် အကြံပေးလိုပါတယ်။
ဦးဇင်းတို့ဗုဒ္ဓဘာသာမှာတော့ဝါဒတခု၊အယူအဆတခုကို ရှေးအစဉ်အဆက်ပုဂ္ဂိုလ် တွေယုံကြည်လက်ခံလာလို့၊မိဘတွေ၊ဆရာသမားတွေ၊ဘာသာရေးခေါင်း ဆောင်စသူတွေလက်ခံထားလို့ဆိုပြီး မယုံကြည်ခိုင်းပဲ ကိုယ်ပိုင်အသိ ဉာဏ်နဲ့ ဖြစ်နိုင်မဖြစ်နိုင် ဝေဘန်ဆန်းစစ်ပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းထားပါတယ်။ ဘာသာရေလွတ်လပ် ခွင့်ကိုတောင် မက အတွေးအခေါ်လွတ်လပ်ခွင့်ကိုတောင် ပြည့်ပြည့်၀၀ကြီးပေးထားတာပါ။
ဒကာကြီးရဲ့ ဒုတိယမေးခွန်းဖြစ်တဲ့ မဟာယာန ဗုဒ္ဓဘာသာနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာတို့ တက်တက် စင်အောင် ကွဲနေတာတွေ ဘာကြောင့်ရှိနေတာလဲ? ဟူသောမေးခွန်းကို ဆက်ပြီးဖြေ ကြားပေးပါမယ်။
ထေရ၀ါဒ နှင့်မဟာယာနဟာအပေါ်ယံအသွင်သဏ္ဍာန်အနည်းငယ်ကွဲလွဲနေတာမှန်ပေမဲ့ ‘အနှစ်သာရ’ နှင့် ရယ်မှန်းချက် ကတော့ လုံးဝအတူချည်းသာဖြစ်ပါတယ်။
ဥပမာ။ ။
ထေရ၀ါဒ နှင့် မဟာယာန နှစ်ခုလုံးသည်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။
Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between
Theravada and Mahayana with regard to the fundamental teachings.
1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.
ထိုကဲ့သို့ အနှစ်သာရပိုင်းမှာ ထေရ၀ါဒ နှင့် မဟာယာနဟာအားလုံးလက်ခံကျင့်သုံးခြင်းဟာအတူ တူပင် ဖြစ်ပါတယ်။
ဦးဇင်းတို့၏ ၀ါဒနှစ်ခုလုံးဟာ ဒကာကြီးတို့မူဆလင် ဂိုဏ်း ကွဲများဖြစ်တဲ့ ဆွန်နီမူဆလင် နှင့်ဆီးရို က်မူဆလင်တွေလို အချင်းချင်း သတ်ဖြတ်ခြင်း၊ အကြမ်း ဖက်ခြင်း၊စသည်များပြုလုပ် ခြင်းနဲနဲမှမရှိပါဘူးဒကာ၊ ဒကာတို့အစ္စလာမ်တွေဟာ ဘာသာမတူလူမျိုးခြားကိုအသာထားလို့ ဆွန် နီနဲ့ ဆီးရိုက်လို ဘာသာတူသူ အချင်းချင်းတောင် ကွဲလွဲမှုအည်ငယ်ကြောင့် တိုက်ခိုက်ရန်မူနေ ကြခြင်းဟာ ဒကာတော်တို့လက်ခံကျင့်သုံးနေတဲံ ဘာသာတရားရဲ့ အဆုံးအမတရားတော်များနှင့် အများကြီးသက် ဆိုင်ပါတယ်ဒကာ။လောကမှာ ‘ကိုးကွယ်စရာ များစွာရှိနိုင်ပေမဲ့လည်း စစ်မှန် သော၊အေးချမ်းငြိမ်းအေးသော၊ လွတ်မြောက်ကြောင်း အမှန်တရားကတော့ တစ်ခုတည်း ပဲရှိနိုင်ပါတယ်’ ဒကာကြီး။
ဒကာကြီးတို့မူဆလင်များကိုယ်တိုင်အစ္စလာမ်ဘာသာကိုငါတို့ဘာ့ကြောင့်ကိုးကွယ်ဆည်း ကပ်နေကြသသလဲ …? ဆိုတဲ့ မေးခွန်းကိုပြန်လည်မေးခွန်းထုတ်ကြည့်ပါ၊ မှန်ကန်တဲ့ အဖြေရရှိနိုင် ဖို့အတွက် ဘာသာစွဲကင်းကင်းနဲ့ ပညာဉာဏ်ရှေ့ထားပြီးအဖြေထုတ်ကြည့်ကြပါ။ ဆင်းရဲဒုက္ခတွေကလွတ်မြောက်ချင်လို့၊ကိုယ်စိတ် နှစ်ပါး အေးချမ်းသာယာချင်လို့၊လောကီလောကုတ္တရာ(ယခု နှင့်နောင်)အကျိုးရရှိချင်လို့စတဲ့ကောင်းမြတ်တဲ့ ရည်ရွယ်ချက်ကြောင့်အစ္စလာမ်ဘာသာကိုကိုးကွယ်နေခြင်းဖြစ်သည်ဆိုရင်၊အစ္စလာမ်ဘာသာက ငါတို့ လိုလားတောင်းတသလို အေးချမ်းမှုနှ င့် အမှန်တရားကို အမှန်တကယ်ပေးနိုင်စွမ်းရှိ၊မရှိ ဆိုတာကို တွေးတောဆင်ခြင် လေ့လာသင့်ပါ တယ်ဒကာကြီး။
ဘာသာတရားတခုကိုကိုးကွယ်တဲ့အခါမှာမိမိရဲ့ဘ၀နဲ့သံသရာတခုလုံးကိုပေဆပ်ပြီး ကိုး ကွယ်ရတာဖြစ်လို့ မိမိတို့ကိုးကွယ်နေတဲ့ ဘာသာတရားဟာ တကယ်အစစ်အမှန်ဟုတ်ရဲ့ လား၊ တကယ်ကော ငါတို့မျှော်လင့်သလို အေးချမ်းမှု၊လွတ်မြောက်မှုကို ပေးစွမ်းနိုင်သလားဆိုတာကို ဘာသာစွဲကင်းကင်းနဲ့ ကိုးကွယ်စရာဘာသာတရားကို ပညာဉာဏ်နဲ့အသိဉာဏ်ဆိုတဲ့ မှတ်ကျော က်ပေါ်မှာ တင်ပြီးစစ်ဆေးကြည့်ပါ၊ ဒီလိုမှတ်ကျောက်တင်စစ်ဆေးတဲ့အခါ ငါဟာဘယ်ဘာသာ ၀င်၊ဘယ်လူမျိုးစတဲ့ ငါစွဲတွေကိုပယ်ဖျောက်ပြီး ဘာသာမဲ့တယောက်လို စည်းဘေးထွက်ပြီးဘာ သာတွေကိုလေ့လာဆန်း စစ်ပါ၊ကိုယ်မျှော်လင့်တဲ့အတိုင်း ပေးစွမ်းနိုင်တယ်လို့ ယုံကြည်တဲ့ဘာ သာ၊ကိုးကွယ်ထိုက်တဲ့ ဘာသာကိုပဲကိုးကွယ် ပါဒကာတော်၊
“ကုန်ရှုံးရင်တစ်ခေါက်၊ လင်ရှုံးရင် တစ်သက်၊ ကိုယ်ကွယ်မှု(ဆရာ) ရှုံးရင် တစ်သံသရာလုံးမှောက်” ဆိုပြီး ဦးဇင်းတို့မြန်မာ စကားပုံတစ်ခုရှိပါတယ် ၊ဒီစကားပုံဟာ ကိုးကွယ်မှုဘာသာတရားမှန်ကန်ဖို့ အရေး ကြီးပုံကို သတိ ပေးထားခြင်းဖြစ်ပါတယ်၊ လောကမှာတခဏသာအသုံးပြုမဲ့ ပစ္စည်းလေးတွေကိုတောင်ဝယ်ယူတဲ့အခါမှာ ကောင်း၊မကောင်း၊အပြစ်အနာဆာရှိ၊မရှိစစ်ဆေးကြည့်ကြသေရင် မိမိတို့ရဲ့ ဘ၀တခုလုံ၊ သံတရာတစ်လျှောက်လုံးတဲ့ သက်ဆိုင်တဲ့ ဘာသာတရားကိုရွေးချယ်တဲ့အခါ ပို၍စစ်ဆေးလေ့လာ မသင့်ပေဘူးလားဒကာတော်၊
“ထေရ၀ါဒချင်း အတူတူလို့ ပြောနေတဲ့ မိုးပြာဂိုဏ်းကိုရော လူကြီးမင်း ဘယ်လိုမြင်ပါ သလဲ?”ဆိုတဲ့ ဒကာစိုက်ယဒ်ဟာဂျီဘေလားလ်နူးရ် ရဲ့မေးခွန်းကိုဖြေရရင် ပထမအနေနဲ့ထေရ၀ါဒ ဆိုတဲ့ အဓိပ္ပါယ်ကို နာလည် သိမြင်အောင် ရှင်းပြပါမယ်။ ထေရ၀ါဒဆိုတာ “ထေရာနံ ၀ါဒေါတိ ထေရ၀ါဒေါ၊ ဆိုတဲ့ ဒေသနာတော်နဲ့အညီ ဗုဒ္ဓမြတ်စွာဟောကြားတော်မူထားတဲ့ တရားဒေသနာ တော်တို့ကို ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိတော်မူစဉ်ကာလကအတိုင်း၊ “ပြုပြင်ခြင်း၊ဖြည့်စွ က်ခြင်း၊ပယ်နှုတ်ခြင်းအလျဉ်းမရှိပဲ ဗုဒ္ဓမြတ်စွာ၏ တရားတော်မြတ်အတိုင်း သင်ယူခြင်း၊လိုက်နာခြင်း၊ဟောပြောပို့ချခြင်း၊ကျင့်သုံးခြင်းအားဖြင့် နေတော်မူကြတဲ့သံဃာတော်မြတ်တို့၏ ၀ါဒကို ထေရ၀ါဒဟု ခေါ်ဆိုတာဖြစ်ပါတယ်”
သို့ဆိုလျှင်ဗုဒ္ဓမြတ်စွာ၏ ဒေသနာတရားတော်အတိုင်းသင်ကြားခြင်း၊လိုက်နာခြင်း၊ ဟောေ ပြာပို့ချ ခြင်း၊ကျင့်သုံးခြင်းမရှိတဲ့ အဓမ္မ၀ါဒီ မိုးပြာဂိုဏ်းဟာ ထေရ၀ါဒဟုတ်၊မဟုတ်ဆိုတာကို ဒကာ ကြီးတို့တွင် မူကြိုအဆင့်မျှ အသိပညာရှိမည်ဆိုက နားလည်သဘောပေါက်ပါလိပ်မယ်လို့်ထင် ပါတယ်။မိုးပြာဂိုဏ်းရဲ့ နောက်ကွယ်မှနေပြီး ဘယ်သူတွေကအားပေးအားမြှောက် ထောက် ပန့်ပေး နေ တယ် ဆိုတာကို ဒကာကြီး တို့ မူဆလင်ထိပ်ပိုင်းကို လေ့လာကြည့်ရင် သိရှိနိုင်ပါလိပ်မယ်ဒကာ ကြီး။
နောက်ဆုံးမေးခွန်းဖြစ်သော အရိမ္မတေယ(အရိမေတ္တယျ ဟုရေးမှသာမှန်၏) မြတ်စွာ ဘုရားပွင့်မယ့် ကိစ္စကို ဘယ်လိုယုံကြည်ထားပါသလဲ? မေးခွန်းကိုလည်း ဥပမာလေးတခု ပြောပြ လိုက်လျှင် ဒကာကြီးအ နေဖြင့် ရှင်းလင်းသဘောပေါက်သွားပါလိပ်မယ်။
လောကမှာ အမြတ်ဆုံးဖြစ်တဲ့ဘုရားအဖြစ်ကိုရှိဖို့ဆိုတာကိုအသာထား B.A,B.Sc,ကဲ့သို့ဘွဲ့လေးတစ်ဘွဲ့ရရှိရန်အတွက်ကိုပင်ငယ်စဉ်အစကလေးဘ၀မှစပြီးမူကြိုတန်း၊မူလတန်း၊ အလယ် တန်း၊ အထက်တန်းအပြင် တက္ကသိုလ်အထိ နှစ်ပေါင်းများစွာ အချိန်တွေ၊ငွေတွေ ပေးဆပ်ဖြည့် ဆည်း ခဲ့ကြရတာမ ဟုတ်ပါလား၊ မူကြို၊မူလတန်းမှ အထက်တက္ကသိုလ်အထိ တက်ရောက်သင် ယူခဲ့ခြင်းမရှိပဲ ဘယ်ဘုရားကမှ ရော့အင့် B.A,M.A,ဘွဲ့တွေရစေဆိုပြီးလုပ်ပေးလို့မရနိုင်ပါဘူး၊ အကယ်၍ လုပ်ပေးမယ်လို့ပြောရင်လဲ ဒါဟာအမှန်တရားနဲ့ကင်းကွာသွားပါလိပ်မယ်၊ ဘုရားကိုအား ကိုးပြီး စာမကျက်ပဲနေမည်ဆိုက ဘယ်လိုနည်းနှင့်မှ မှန်ကန်တဲ့စာမေးပွဲအောင်နိုင်မှာမဟုတ်သလို စာမေးပွဲကိုလည်း ဘယ်ဘုရာသခင်ကမှ ကိုယ်စားလာပြီး စာမေးပွဲဖြေဆိုပေးမှာမဟုတ်ပါဘူး။
ဒီလိုလောကီဘွဲ့တစ်ခုအတွက်အတွက်အချိန်တွေ၊ငွေတွေ၊ကြိုးစားမှုတွေနဲ့ ဖြည့်ကျင့်အားထုတ်ရသေးရင်ဘုရားဖြစ်ဖို့ရန်အတွက်ဘယ်လောက်ထိအားထုတ်ဖြည့်ဆည်းရမယ်ဆိုတာ ကိုယ် တိုင်သာဆုံးဖြတ်ပါ၊ဘာအားထုတ်ဖြည့်ကျင့် ၊ကြိုးစားမှုမှမရှိပဲဘုရားသခင်ဖြစ်ပေါ်လာသည်ဆိုတာ ဖြစ်နိုင်၏၊မဖြစ်နိုင်၏ဆိုတာကို ဒကာကြီးကိုယ်တိုင်သာ အဖြေရှာပါဒကာ။
ဦးဇင်းတို့ဗုဒ္ဓဘာသာအရ နောင်ပွင့်တော်မူမဲ့ အရိမေတ္တယျအလောင်းတော်ဟာ ဘုရားဖြစ်ရန်အတွက်ဘုရားဖြစ်ကြောင်း ဒါန၊ သီလစတဲ့ပါရမီတော်တွေကို ဖြည့်ဆည့်နေခြင်းပဲဖြစ်ပါတယ်၊ ကျောင်းမှန်မှန်တက်၊စာမှန်မှန် ကျက်သူဟာ နောင်တချိန်မှာသေခြာပေါက် ဘွဲ့ရရှိမှာဖြစ်ပါတယ်၊ ရန်ကုန်ကိုရောက်ချင်တဲ့သူဟာ ရန်ကုန်ကိုရောက်မယ့်လမ်း ကိုတော့ သေခြာပေါက်လျှောက်ရပါလိပ်မယ်ဒကာ၊ ထမင်းစားချင် ရင်တော့ ထမင်းကိုချက်ရပါမယ် ဘယ်ဘုရားသခင်ကမှ ထမင်းရောက်အောင်လုပ်ပေး မှာမဟုတ်ပါဘူး။ ဘွဲ့ရချင်သူကျောင်းတက်တာ၊ ရန်ကုန်ရောက် ချင်သူ ရန်ကုန်ရောက်မယ့်လမ်း ကိုသွားတာ ၊ ထမင်းစားလိုသူ ထမင်းချက်တာဟာ တကယ်မှန်တဲ့ လမ်းစဉ်ပါ၊ဘာမှသံသယ၀င် စရာမရှိပါဘူး၊ ဘာအ ကျင့်မှမကျင့်ဆောင်ပဲ ဗုန်းကနဲ့ဘုရားပေါ်လာခြင်းသည်သာ သံသယပွားစ ရာမဟုတ်ပါလားဒကာတော်။
ဒကာတော်စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်ရေ ဒကာတော်တို့ အစ္စလာမ်ဘာသာကိုဒကာ ကြီးဦးနေ မျိုးဝေက ကုရ်အာန်စာအုပ်မှ ထုတ်နှုတ်ကာမေးခွန်ထုတ်သလို ဒကာကြီးလဲ နောင်အ ချိန်မှာ ဗုဒ္ဓဒေသနာတော်ထဲမှထုတ်နှုတ်ပြီးအဆင့်မြင့်မြင့် မေးခွန်းများစွာကိုထုတ်နှုတ်မေး နိုင်လိပ်မယ်လို့မျှော်လင့်မိပါတယ်ဒကာ။
နောက်ဆုံးအနေနဲ့ဒကာကြီးကို မေးလိုသည်မှာ ဗုဒ္ဓမြ တ်စွာရဲ့ အကြောင်းဘ၀ဖြစ်စဉ်ဗုဒ္ဓ၀င်လို ဒကာကြီးတို့အလ္လာမှာ တိကျခိုင်လုံတဲ့အထ္ထုပ္ပါဒ်ဘ၀ဖြစ်စဉ် နှင့် ဗုဒ္ဓဘာသာတွင်ရှိသော သီလ၊သမာဓိ၊ပညာ၊ သောတာပတ္တိ၊ သကဒါဂါမိ၊အနာဂါမိ၊အရဟတ္တ စတဲံ ကျင့်စဉ်လမ်းစဉ်များကဲ့သို့မှန်ကန်တိကျ အေးချမ်းသော ကျင့်စဉ်မျိုးကိုရှိပါသလား လို့အမြည်းသဘောမေးခွန်းထုတ်လိုပါတယ်၊ ဒကာတော်ဟာဂျီနှင့်မိတ်ဆွေများ အမှန်တရား ကိုရှာဖွေတွေ့ရှိပြီး “အမြင်မှန်ရကာ အမှားပြင်နိုင်၍ လမ်းမှားပယ်ဖျောက် လမ်းမှန်ရောက်ပါစေဟု ပတ္ထနာပြုဆုတောင်းလိုက်ပါတယ်ဒကာတော်.။
(ဘာသာတရားအဆီအနှစ်၊ ကိုယ်စီသုံးဆောင်နိုင်ကြပါစေ)
ဓမ္မ၀ီရ အရှင်တေဇနိယ
Ph,D(Thesis)

No comments:

Post a Comment