လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, April 10, 2015

နတ်ပြည်လမ်းကြောင်း

ဘယ်လိုလုပ်ပြီး သွားရောက်နိုင်သလဲဆိုရင် ရှင်းရှင်း
လေးပါ။
(၁) ပါဏော န ဟန္တဗ္ဗော -
- သူများအသက် မသတ်နဲ့။
(၂) အဒိန္နံ နာဒါတဗ္ဗံ -
- သူတစ်ပါးဥစ္စာ မတရားမယူနဲ့။
(၃) ကာမေသုမိစ္ဆာ န စရိတဗ္ဗာ -
- ကာမဂုဏ်အာရုံနဲ့ ပတ်သက်ပြီး
မှားယွင်းတဲ့အကျင့်တွေ မကျင့်ကြနဲ့၊
(၄) မုသာ န ဘဏိတဗ္ဗာ -
- လိမ်မပြောကြနဲ့။
(၅) မဇ္ဇပါနံ န ပါတဗ္ဗံ -
- မူးယစ်ဆေးဝါး သေရည်သေရက် မသောက်ကြနဲ့ ... ဒီ ၅-ခုပဲ လုံရမှာပါ။
အဲဒီ ၅-ခု လုံလို့ရှိရင် လူတွေအဖို့ နတ်ပြည်လမ်းကြောင်းကြီး ပွင့်နေမှာပါ။ အများကြီး
လုပ်စရာ မလိုပါ။ စကြ၀တေးမင်း လက်ထက်မှာ ဒီလမ်းကြောင်းကို ဖော်ထုတ်ပေးပါတယ်။
တိုင်းသူပြည်သား အားလုံးဟာ အဲဒီလမ်းကြောင်းပေါ် လျှောက်လှမ်းပြီးတော့ နတ်ပြည်ဆီသို့
ရောက်ကုန်ကြပါတယ်။
{ ၁၃၇၁-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၉)ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြို့ကုန်းအရှေ့
တရားပွဲ ဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့၏ ဒုတိယအကြိမ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့်
ဓမ္မပူဇာအခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားသော ဖြစ်နိုင်တာ နှင့်
မဖြစ်နိုင်တာ တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment