လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, April 2, 2015

ပင့်ဖိတ်သူရှိပါက တရားဆက်လက်ဟောမည်ဟု ရွှေညဝါဆရာတော်မိန်


ရွှေည၀ါဆရာတော် ဦးပညာသီဟ မိန့်ကြားနေစဉ်(ဓာတ်ပုံ−မိုးမင်း)
တရားဟောကြားခွင့် ပိတ်ပင်လိုက်သည်ဆိုသော်လည်း ပင့်ဖိတ်သူရှိပါက   ဆက်လက် ဟောကြားမည်ဟု ရွှေညဝါဆရာတော်ဦးပညာသီဟက မိန့်ကြား လိုက်သည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားဟောကြားခွင့် ပိတ်ပင်ခြင်းမှာ တစ်ဖက်သတ်စွပ်စွဲလုပ်ဆောင်ခြင်းသာဖြစ်၍ လက်သင့်မခံနိုင်ဘဲ ဦးဆောင်ပင့်ဖိတ်သူရှိပါက တွန့်ဆုတ်နေမည်မဟုတ်ဟု ရွှေညဝါဆရာတော် ဦးပညာသီဟက တရားဟောအပိတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ မှော်ဘီမြို့နယ်ရှိ ၎င်းကျောင်းတိုက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မိန့်ကြားခဲ့ခြင်းဖြစ်သည်။
‘‘ပင့်ဖိတ်သူရှိလို့ကတော့ ဘုန်းကြီးအလုပ် တရားဟောမှာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံသားအခွင့်အရေးပေးထားပြီး ဖွဲ့စည်းပုံထက်ကျော်လွန်အမိန့်ပေးတာ လက်မခံဘူး။ ဒကာတွေအနေနဲ့လည်း ကိုယ့်အခွင့်အရေးဘာရှိလဲဆိုတာ သိရမယ်။ အဲဒီလိုသိအောင်၊ မကြောက်တတ်အောင် ငါကလိုက်ဟောနေတာ’’ဟု ၎င်းက မိန့်သည်။
ထိုသို့ တရားဟောမပိတ်ပင်မီကလည်း ၎င်းအား ဖမ်းဆီးထောင်ချမည်ဟု သတင်းများ ကြိုတင် ကြားသိထားရသဖြင့် ယခုကဲ့သို့ တရားဟောခွင့်ပိတ်လိုက်ခြင်းအပေါ် အံ့ဩတုန်လှုပ်မှုမရှိဟု ရွှေညဝါဆရာတော်က တုံ့ပြန်မိန့် ကြားသည်။
‘‘ငါ့ကို  ထောင်နှစ် ၂၀ လောက်တောင် ချနိုင်မယ့် ပုဒ်မတွေနဲ့ အရေးယူဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေရထားပြီးသား။ ဒီနှစ်ဆန်းတစ်လျှောက်လုံးလည်း ကျောင်းသားအရေးကိစ္စတွေမှာ ဝင်အားပေးခဲ့တာ ဗိုလ်ချုပ်ရာပြည့်တရားတွေချည်းပဲ ဟောနေရတော့ တော်တော်မျက်မုန်းကျိုးနေပုံရတယ်။ နောက်တော့ ဖမ်းဆီးထောင်ချတဲ့အဆင့် မရောက်လိုက်ဘဲ တရားဟောပိတ်တယ်ဆိုပြီးဖြစ်သွားတယ်’’ ဟု ဆရာတော်က မိန့်သည်။
ဖေဖော်ဝါရီအတွင်းပြုလုပ်သည့် သတ္တမအကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးတွင် ရွှေညဝါဆရာတော်မှာ ဗုဒ္ဓတရားတော်နှင့် သက်ဆိုင်ခြင်းမရှိသော အကြောင်းအရာများ  ဟောပြောနေခြင်းနှင့် ပတ်သက်၍ လိုအပ်သလိုဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က အစီရင်ခံတင်ပြလျှောက်ထားခဲ့သည်။
ထို့နောက် အဆိုပါအစည်းအဝေးတွင် ဆရာတော်ဦးပညာသီဟအား ဒုဗ္ဗစပုဂ္ဂိုလ် (ဆိုဆုံးမ၍မရသော ရဟန်း/ပုဂ္ဂိုလ်) အဖြစ် သတ်မှတ်ရန်၊ ဓမ္မကထိကဂုဏ်အင်္ဂါနှင့် မညီသောကြောင့် တရားဟောခြင်းကို လုံးဝ(လုံးဝ) ခွင့်မပြုရန်၊ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များက တိုင်းဒေသကြီးပြည်နယ်သံဃနာယကအဖွဲ့၏ ညွှန်ကြားချက်ရယူ၍ လိုအပ်သလို အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ရွှေညဝါဆရာတော်က ၎င်းအား စွပ်စွဲထားသည့် အချက်သုံးချက်စလုံးမှာ အခြေအမြစ်မရှိသောအကြောင်းပြချက်များသာဖြစ်သည်ဟု မိန့်ကြားသည်။

No comments:

Post a Comment