လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, April 10, 2015

စိတ်မချရဘူး

စိတ်မချရဘူး
----------
သားသမီးတွေကို ခေတ်ပညာတခုတည်း
သင်ပေးတဲ့မိဘတွေဟာ အဲဒီသားသမီးတွေ
ခောတ်ပညာတက်သွားကောင်းသွားလိမ့်မယ်
ပိုက်ဆံချမ်းသာကောင်းချမ်းသာလိမ့်မယ်
သူတို့ ချမ်းသာသွားလည်း မိဘကိုကျေးဇူးဆပ်ဖို့ 
အာမမခံနိုင်ဘူး ကံမကောင်းလို့ ဆင်းရဲရင်တောင်
မိဘကို ရန်ရှာနိုင်တယ် ကျေးဇူးကန်းနိုင်တယ်
မိဘတွေအတွက် အာမခံချက်မရှိဘူ်း
သားသမီးတွေကို ခေတ်ပညာလည်းသင်ပေးမယ်
ဗုဒ္ဓရဲ့တရားတော်တွေကိုလည်း ငယ်ငယ်ကတည်းက
ပုံသွင်းပေးမယ်ဆိုရင် အဲဒီမိဘတွေဟာ
သားသမီးချမ်းသာလည်း သားသမီးအကျိုးကို
ခံစားရမယ် ကံမကောင်းလို့ သားသမီးဆင်းရဲလည်း
နည်းနည်းလေးဖြစ်ဖြစ်တော့ သားသမီးအကျိုးကို
ခံစားနိုင်ရမယ် ကျေးဇူးကန်းဖို့ တော့ လုံးဝ
မဖြစ်နိုင်ဘူး
ဒါ့ကြောင့် သားသမီးတွေကို ငယ်ငယ်ကတည်းက
ဗုဒ္ဓရဲ့တရားတော်တွေကို နားလည်အောင်
သင်ပြသင့်တယ်
အခြားဘာသာတွေလည်းသူတို့ သားသမီးတွေကို
သူတို့ ဘာသာသင်ပေးရင် ဘယ်လိုဖြစ်မလဲ
ဆိုတာ မသတ်မှတ်ချင်ပေမဲ့ ဗုဒ္ဓဘာသာကတော့
ခုပြောတဲ့အတိုင်းဖြစ်လိမ့်မယ်ဆိုတာ
ရဲရဲကြီးအာမခံဝံ့တယ်

No comments:

Post a Comment