လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, April 1, 2015

မြွေ

မြွေ
-----------
မြေတွင်းထဲအောင်းချင်အောင်း
သစ်ခေါင်းထဲခွေချင်ခွေ
မြွေဆိုတာ မြွေပါပဲ။
အရေခွံလဲချင်လဲ
မလဲဘဲနေချင်နေ
မြွေဆိုတာမြွေပါပဲ။
ခေါင်းပိုင်းကိုဖွက်ချင်ဖွက်
ရွှံ့စက်တွေပေချင်ပေ
မြွေဆိုတာမြွေပါပဲ။
မြွေဆိုတာ
မှီရာကစ၊တပတ်တပတ်
အထပ်ထပ်ရစ်၊ဖြစ်ညှစ်နှောင်ချုပ်
ခြေကုပ်တက်ယူ၊
လူကိုဝါးမြိုပစ်နိုင်တယ်။
မြွေဆိုတာ
ကြင်နာသယောင်
ပြူးကြောင်ဝိုင်းစက်၊မျက်လုံးအားကိုး
ဖမ်းစားညှို့ ယူ
လူကိုဝါးမြိုပစ်နိုင်တယ်။
မြွေဆိုရင်
အင်္ကျီမှာကပ်ချင်ကပ်
ဖိနပ်မှာခိုချင်ခို
မြွေဆိုရင် မြွေလိုပဲမြင်။
မြွေဆိုရင်
ပိတ်ကားပေါ် တက်ချင်တက်
စီဒီထဲခွေချင်ခွေ
မြွေဆိုရင် မြွေလိုပဲမြင်။
မောင်ပြည့်မင်း
၁၉၇၅/၇၆ နှစ်လယ်မဂ္ဂဇင်း
စာမျက်နှာ ၈၈

No comments:

Post a Comment