လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, May 31, 2012

ယပ်နှင့်ရဟန်း။

ဝိသာခါဒါယကာမကြီး၏ လျှောက်ထားချက်အရ မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န် ကျောင်းတွင် သီးတင်းသုံးတော်မူစဉ် ခွင့်ပြုတော်မူသည်။ (၀ိနည်းစူဠ၀ဂ် ပါဠိတော် ခုဒ္ဒက ၀တ္ထုက္ခန္ဓက)။ ၀ိသာခါ ဒါယကာ မကြီးသည် လေးထောင့်ယပ်တောင်ကိုလည်းကောင်း၊ ထန်းရွက်ယပ်ကိုလည်းကောင်း၊ မြတ်စွာ ဘုရားအားဆပ်ကပ်သည်။ မြတ်စွာဘုရားသည် ယပ်တောင်နှစ်မျိုးလုံးကိုလက်ခံတော်မူပြီး၊ ရဟန်းတို့အား လည်းခွင့်ပြုတော်မူသည်။

သံဃာအား ခြင်နှင်ယပ်သည် ဖြစ်ပေါ်၏။ မြတ်စွာဘုရားအားလျှောက်ထားကြသောအခါ ခြင်နှင်ယပ်ကို ခွင့်ပြုတော်မူသည်။ လျှော်ဖြင့်ပြီးသောယပ်၊ပန်းရင်းမြက်ဖြင့်ပြီးသောယပ်၊ဥဒေါင်းမြီးဖြင့်ပြီး သောယပ်၊ ဟူ၍ ယပ်သုံးမျိုးကိုထပ်ခွင့်ပြုတော်မူသည်။ သို့သော် စာမရီသားမြီးယပ်ကိုမူ မဆောင်အပ်၊ ဆောင်သော ရဟန်း အား ဒုက္ကဋ်သင့်၏ဟုပညတ်တော်မူသည်။

ပထမ သင်္ဂါယနာတင်စဉ်က ၀ိနယပိဋက ကိုဖြေဆိုတော်မူသော အရှင်ဥပါလိသည် ဆင်ဆွယ်တို့ဖြင့် စီ အပ်သော လေးထောင့်ယပ်ကိုကိုင်ခဲ့တယ်လို့ဖွင့်ပြထားပါတယ် (ပါရာဇိကဏ်၊ဋ္ဌ၊ပ၊၁၁)။

          ရဟန်းများအတွက် ယပ်၏အသုံးဝင်မှုများမှာ - အပူကိုဟန့်တားနိုင်၏။ မှက်၊ခြင်ရန်ကို ဟန့်တား နိုင်၏။ ယပ်ကိုကိုင်ထားရခြင်းကြောင့် ဓမ္မကထိကများ တရားဟောတဲ့အခါ လက်ဆော့ခြင်း၊ မျက်နှာ ဖောက်ပြန်ခြင်းမရှိ၊ ငြိမ်သက်သောနြေ္ဒရှိစေတယ်။ အရှင်ပိလိန္ဒ၀စ္ဆမထေရ်ဟောတော်မူသော ယပ်လှူခြင်းအကျိုး (၈) ပါး။ (ထေရာပဒါနပ်ဠိ၊ပ၊၃၆၈)

၁။ အအေးအပူကိုမသိရဘူး။
၂။ ကိုယ် မပူဘူး။
၃။ စိတ် မပူဘူး။
၎။ ရာဂ အပူ။
၅။ ဒေါသ အပူ။
၆။ မောဟ အပူ။
၇။ မာန အပူ။
၈။ ဒိဋ္ဌိ အပူ။
အပူမှန်သမျှမှငြိမ်းအေးတယ်။

ကျမ်းကိုး။
ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာအမေးအဖြေများ။အမှတ်စဉ်၎၊ဒုတိယအကြေိမ်၊တည်တောဆရာတော်။ ၁၉၉၉။

No comments:

Post a Comment