အလှူဒါနဆိုတာ ပေးခြင်းဖြစ်ပါတယ်။ အလှူခံပုဂ္ဂိုလ်ပေါ်မူတည်ပြီး ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း၊ လှူဒါန်းခြင်း၊ ချီးမြှောက်ခြင်းဟုပြောဆိုကြသည်။ ဒါနပြုရာတွင် အလှူခံပုဂ္ဂိုလ်အား ဘေးကင်း စေလိုခြင်း၊ ရန်ကင်းစေလိုခြင်း၊ စိတ်ဆင်းရဲကင်းစေလိုခြင်း သဘောများ ပါရှိတတ် သဖြင့် သီလ သဘော လည်းပါ၏
ဒါနဖြစ်မြောက်ရန် လှူလိုသောစေတနာ၊ လှူဖွယ်ဝတ္ထု၊အလှူခံပုဂ္ဂိုလ်တို့လိုအပ်သည်။
လှူဖွယ်ဝတ္ထုကို ၀တ္ထုဒါန၊လှူလိုသောစေတနာကို စေတနာဒါန ဟုခေါ်သည်။ ထိုစေတနာဒါန ကအကျိုးပေးခြင်းဖြစ်သည်။ အဘိဓမ္မာအရ ပရမတ်တရားဖြစ်ပြီး ကမ္မပစ္စည်းအဖြစ်ဖြင့် အကျိုး ပေးခြင်းဖြစ်၏။
လှူဖွယ်ဝတ္ထုနှင့်အလှူခံပုဂ္ဂိုလ်တို့သည် ပညတ်များဖြစ်ပြီး၊ အလှူဖြစ်ရန် မှီရာများဖြစ်၍
ပကတူပနိဿရပစ္စည်းများဖြစ်သည်။
အလှူဒါနပေးရာတွင် လှူလိုသောစေတနာကသာ ပစ္စုပ္ပန်နှင့် တမလွန် အကျိုး များ ကိုဖြစ်စေသဖြင့် ထိုစေတနာကို ကံ ဟုလည်းခေါ်သည်။ စေတနာကံသည် အလှူခံပုဂ္ဂိုလ်၏ အကျိုးစီးပွါးကို ရှေးရှုလျှင် အပြစ်ကင်းသောကြောင့် ကုသိုလ်ကံဖြစ်ပြီးကောင်းကျိုးပေးသည်။ ဒါနစေတနာသည် အလှူခံပုဂ္ဂိုလ်အား နစ်နာထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြစ်လျှင် အပြစ်ရှိ သဖြင့် အကုသိုလ်ကံဖြစ်ပြီး မကောင်းကျိုး ပေးသည်။ ထိုကြောင့် ဒါနပြုတိုင်း ကုသိုလ်ဟုမမှတ်ရာ။
အပါယ်ချမည့် အဒါန (၁၀) ပါး။
၁။ မဇ္ဇဒါန = သေရည်၊ အရက်လှူခြင်း။
၁။ သမဇ္ဇဒါန = ပွဲသဘင်ဖြင့်လှူဒါန်းပူဇော်ခြင်း။
၃။ ဣတ္ထိဒါန = မိန်းမကိုပေးလှူခြင်း။
၎။ ဥဿဘဒါန = နွားမအပေါင်း၏အလယ်၌နွားလားဥဿဘကိုလွှတ်ပေးခြင်း။
၅။ စိတ္တကမ္မဒါန = ယောက်ျား၊မိန်းမမေထုန်မှီဝဲပုံစသည့် ကိလေသာတိုးပွါးစေသော
ရုပ်ပုံ၊ ပန်းချီး၊ Video စသည်ပေးခြင်း။ ရဟန်းများအား အမျိုးသမီး
ပုံပါသော ပြက္ခဒိန်များ၊ အသုံးအဆောင်များ မပေးလှူရ။
၆။ သတ္ထဒါန = လက်နက်ပေးခြင်း။
၇။ ၀ီသဒါန = အဆိပ်ပေးခြင်း။
၈။ သင်္ခါလိကဒါန = သတ္တ၀ါတို့အားနှောင်းဖွဲ့ရန် လက်ထိပ်၊ ခြေချင်း စသည်ပေးခြင်း။
၉။ ကုက္ကုဋသုကရဒါန = အသားအတွက်သတ်စားရန် ကြက်၊၀က် စသည်ပေးခြင်း။
၁၀။ တုလာကုဋမာနကုဋဒါန= ရောင်းဝယ်ရာ၌အလေးခိုးရန် ချိန်ဆင်းလဲ၊ တောင်းဆင်းလဲ စသည်ပေးခြင်း။
မေတ္တာရှင်ဆရာတော်အရှင်ဇ၀န။
ရှိလို့လှူတာ မဟုတ်ပါဘူး။ သိလို့လှူပါတယ်။
ငါ့အတွက်လှူတာမဟုတ်ပါဘူး။သူ့အတွက်လှူပါတယ်။
ရဘို့လှူတာမဟုတ်ပါဘူး။ သိလို့လှူပါတယ်။
အောက်ပါအလှူများသည်တစ်ဆင့်ပြီးတစ်ဆင့်အကျိုးကြီးသွားသည်။
၁။လေးတောင်မျှသာရှိသော သံဃာအားရည်စူးလှူသောသံဃိကကျောင်းအလှူ။
၂။ရဟန်းတစ်ပါးအားရည်စူးသောကျောင်းအလှူ။
၃။ သံဃာအားရည်စူးသောဆွမ်းအလှူ။
၎။ ဘုရားရှင်အားဆွမ်းလှူဒါန်းခြင်း
၅။ ပစ္စေကဗုဒ္ဓါအားဆွမ်းလှူဒါန်းခြင်း
၆။ ရဟန္တာပုဂ္ဂိုလ်အားဆွမ်းလှူဒါန်းခြင်း
၇။ အနာဂါမ်ပုဂ္ဂိုလ်အားဆွမ်းလှူဒါန်းခြင်း
၈။ သကဒါဂါမ်ပုဂ္ဂိုလ်အားဆွမ်း လှူဒါန်းခြင်း
၉။ သောတာပန်ပုဂ္ဂိုလ်အားဆွမ်းလှူဒါန်းခြင်း
၁၀။ သာသနာပ အခါ ဈာန်အဘိညာဉ်ရသော ရသေ့အား ဆွမ်းလှူဒါန်းခြင်း
၁၁။ သီလရှိသော လူ ပုထုဇဉ်အား ကျွေးမွေးခြင်း
၁၂။ သီလမဲ့သော လူ ပုထုဇဉ်အား ကျွေးမွေးခြင်း
၁၃။ တိရစ္ဆာန်အား ကျွေးမွေးခြင်း
တိပိဋကဓရပြည်ဆရာတော်။
အထုပ်ကလေးတပြင်ပြင်၊အထုပ်ရှင်သေလို့သွား၊
ကျန်တဲ့သူတွေဝေကာစား၊အထုပ်ရှင်မှာအလကား၊
ဘာမှလည်းပါမသွား၊သေရွာကျတော့အပါယ်လား။
နိဗ္ဗာန်ရောက်ဖို့အခက်သား။
No comments:
Post a Comment