လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, May 19, 2012

ခြောက်ပါးသီလ။


ခြောက်ပါးသီလဆိုတာ ဗြဟ္မပဉ္စမကသီလနှင့် ၀ိကာလဘောဇနသိက္ခပုဒ် ပေါင်းထားသော သီလဖြစ်ပါတယ်။ အပြည့်အစုံအရဆိုရင်။
၁။ ပါဏာတိပါတာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ၊ သတ္တ၀ါ၏ အသက်ကို သတ်ခြင်းမှ ရှောင်ကျဉ်ပါ၏။
၂။ အဒိန္နာဒါနာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ၊ သူတစ်ပါး၏ပစ္စည်းကိုယူခြင်းမှ ရှောင် ကျဉ်ပါ၏။
၃။ အဗြဟ္မစရိယာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ၊  မမြတ်သောမေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကျဉ်ခြင်း။
၎။ မုသာဝါဒါ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ၊ လိမ်ညာပြောဆိုခြင်းမှ ရှောင်ကျဉ်ခြင်း။
၅။ သုရာမေယ မဇ္ဇပမာဒဋ္ဌာနာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ၊  မေ့လျော့စေတတ် သောပစ္စည်းများ သုံးဆွဲခြင်းမှ ရှောင်ကျဉ်ခြင်း။
၆။ ၀ိကာလဘောဇန ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ၊  မွန်တည့်သည့် (နေ့ ၁၂ နာရီ) အချိန်မှစ၍ နောက်နေ့အရုဏ်တက်ချိန်အထိ အဆိုင်အခဲဖြစ်သောအစားအစာများ၊ နို့ကော်ဖီ စသည်ကို စားသောက်ခြင်းမှ ရှောင်ကျဉ်ခြင်း။

နေ့လွဲညစာ စားသုံးခြင်းသည် အင်အား ပြည့်ဖြိုး၍ လောကီအာရုံကာမဂုဏ်ဘက်၌ စိတ်ညွတ် စေ၏။ မေထုန်မှုကိုအားပေး၏။ ထို့ကြောင့်မေထုန်မှုမှရှောင်ကြဉ်သော အဗြဟ္မစရိယသိက္ခာပုဒ် ကို စောင့်ထိန်းသောအခါ နေ့လွဲညစာစားသုံးခြင်းကိုပါရှောင်ကြဉ်သင့်ပါတယ်။

ဆာလျှင် လိမ္မော်ရည်၊ သံပုရာရည်၊ ပန်းသီးရည် စသည့် အဖတ်မပါသော သစ်သီးရည် တစ် မျိုးမျိုးကိုသောက်နိုင်သည်။ ထန်ညက်၊ ကြံသကာ၊ သကြားလုံး စသည်ကို အခဲအတိုင်း မစားရ၊ အရည်ဖျော်၍သောက်ရမည်။ မကျန်းမာလျှင် စတုမဓု စားနိုင်သည်။

အပြင်ထွက်အလုပ်လုပ်ရသော အိမ်ထောင်ရှင်အမျိုးသမီးများအနေနဲ့ ပါးသီလ မစောင့်နိုင် တဲ့အခါများမှာ စောင့်လို့ရတဲ့ သီလဖြစ်ပါတယ်။

ဒီတစ်ဘ၀အတွက်ပင် သုံးရဖို့ မသေချာသော ပိုက်ဆံကို မူးစု ပဲစု၊ နည်းနည်းချင်း စုရသဖြင့်၊ သံသရာတစ်လျောက်လုံး သုံးရမည့် သီလကို နည်းနည်း ချင်းတတ်နိုင်သမျှ စောင့်ထိန်း သင့် တယ်ထင်ပါတယ်။ ခြောက်ပါးသီလ စောင့်သူများအနေဖြင့် ပါးသီလ၊ ပါးသီလ၊ ၁၀ ပါး သီလ တို့ကို နောင်တွင် အလွယ်တကူစောင့်ထိန်းနိုင်သွားပါတယ်။

မူးနုတ်၊ပဲနုတ်၊စု၍လုပ်၊တရုတ်ကြီး တိုက်ကြီးတည်။
တစ်ပြား၊နှစ်ပြား၊စုပါများ၊ကုလားကြီး တိုက်ကြီးတည်။

မြတ်ဘုရားက ကုသိုလ်၊အကုသိုလ်ကို နည်းနည်းလေးဆိုပြီးဂရုမစိုက်ပဲမနေဖို့ ဥပမာ အားဖြင့် အနည်းငယ်မျှသော မစင်နှင့် ကျင်ငယ် တို့သည် အနံ့အာဟာရနှင့်ပြည့်စုံသော စားကောင်း သောက်ဖွယ်တို့ကိုပျက်စီးစေသည်ဟု ဟောတော်မူပါတယ်။

ဦးက၀ိန္ဒခေါ်ဘုန်းတော်ကြီးဦးသာရွှန်း။
ကုသိုလ်၊အကုသိုလ်ဆိုတာနည်းနည်းလေးပဲလို့အထင်မသေးနဲ့နော်။
လက်ယက်တွင်းလိုပဲ။ လက်ယက်တွင်းတူးတဲ့အခါသူနဲ့တစ်ကြောတည်းဆက်နေတဲ့
နေရာအားလုံးကရေတွေဟာ သဘောတူရာအကုန်လှိမ့်ဆင်းပြီးစိမ့်ဝင်လာတာပဲ။

ဘုရားရှင်က   ရဟန်းတို့၊ နေ့လွဲညစာ မစားကြပါနဲ့၊ နေ့လွဲညစာမစားပဲ နေတာက ကျန်းမာ ရေးပိုကောင်းပါ တယ်။ ဖျားမှု နာမှု ကင်းဝေးမယ်၊ စိတ်လန်းဆန်းမှုလည်းရရှိလာမယ်။ စွမ်းအင်တွေတိုးပွါး လာပြီး နေရထိုင်ရတာ သက်တောင့် သက်သာ ဖြစ်လာပါလိမ့်မယ်  လို့ပြောဘူးပါတယ်။ (ကီဋာဂိရိသုတ်၊ မဇ္ဈိမနိကာယ်)



ဝိကာလဘောဇန၏အကျိုးကျေးဇူးများ။
၁။ ချက်ပြုပ်စီမံရသောကိစ္စများလျော့နည်းခြင်း။
၂။ ကုသိုလ် ဘာဝနာပြုလုပ်ရန်အချိန်ပိုရခြင်း။
၃။ အစားအစာကိုမက်မော်သောတဏှာလျော့နည်းခြင်း။
၎။ ပျင်းရိငိုက်မျဉ်းမှုနည်းခြင်း။
၅။ ဗိုလ်ဆာသော ဝေဒနာကိုသီးခံနိုင်ခြင်း။
၆။ လောကီအာရုံ၊ကာမဂုဏ်များ၌စိတ်ဝင်စားမှုနည်းခြင်း။
၇။ လောဘ၊ဒေါသ၊မောဟ စသောကိလေသာများ မတိုးပွါးအောင် ထိန်းချုပ်နိုင်ခြင်း။
၈။ နေ့စဉ်နှင့်အမျှ မနက်စာ၊ညစာ စားစရာ စဉ်းစားရသည့် ဒုက္ခမှကင်းဝေးစေသည်။                        
၉။ ယခုခေတ်လိုကုန်ဈေးနှုန်းကြီးသည့်အချိန်တွင် ပိုက်ဆံအကုန်အကျသက်သာစေသည်။
၁၀။ ကိုယ်အလေးချိန်လျော့လိုသူများအတွက် အန္တရာယ်ကင်း၊ ပိုက်ဆံမကုန်၊ ကျန်းမာရေးနဲ့ ညီသောအကောင်းဆုံးသောနည်းဖြစ်ပါတယ်။ ခြောက်ပါးသီလစောင့်သူများတစ်လအတွင်း
၎-၅ ကီလို လျော့ပါတယ်။

ကဿပဘုရားရှင်လက်ထက်တော်က ဂဝေသီဆရာကြီးနှင့်သီးတင်းသည်ငါးရာ၊နှင့် ကျမတို့၏ ဂေါတမမြတ်ဘုရားလက်ထက်တော်တွင်ဓမ္မိကဥပသကာနှင့် နန္ဒမာတာစသောသူတော်စင်တို့
ခြောက်ပါးသီလကို အသက်ထက်ဆုံးစောင့်ထိန်းခဲ့ကြတယ်လို့ကျမ်းဂန်များ၌လာရှိပါတယ်။

သီလတစ်ပါးစောင့်ထိန်းလျှင်ပင် အကျိုးကျေးဇူးအလွန်ကြီးမားသည်ဖြစ်ရာ သီလသိက္ခာပုဒ် များများစောင့်ထိန်းနိုင်လျှင် ပိုမိုအကျိုးများမည်မှာ ယုံမှားဖွယ်မရှိပေ။


သီလ၏အကျိုး () ပါး။
၁။ စီးပွါးဥစ္စာပြည့်စုံခြင်း။
၂။ ကောင်းသတင်းကျော်စောခြင်း။
၃။ ပရိသတ်လေးပါးထဲရဲရဲရင့်ရင့်ဝင်ထွက်သွားလာနိုင်ခြင်း။
၎။ မတွေမဝေသေရခြင်း။
၅။ သေလွန်ပြီးနောက်ကောင်းရာသုဂတိလားရောက်ရခြင်း။


မာဃဒေ၀အလင်္ကာ
သီလရတနာ၊မြတ်တန်ဆာလည်း၊သတ္တ၀ါခပင်း။
မင်းဆင်းရဲသား၊မပိုင်ခြားဘူး၊လေးပါးမျိုးနွယ်၊
ကြီးငယ်မဆို၊ရွယ်ပျို ရွယ်ရင့်၊ဆင်တိုင်းတင့်၏။

သီလခေါ်ဆိုကိုယ်ကျင့်ကောင်းမှတောင်းတိုင်းတတိုင်းရနိုင်တယ်။ ပဒေသာပင်အိမ်မှာပေါက်သလိုကောက်ယူသုံးလို့မကုန်တိုင်တယ်။
ဥစ္စာစုပုံ၊ကုန်မယွင်းဂုဏ်သတင်းလည်းသင့်ပျံ့မယ်။
ရောက်လေရာရာပွဲလယ်တင့်လို့ရဲရင့်ရွှင်ပြ၊ခင်ကြမယ်။
သေရသော်လည်းသတိကောင်းလို့ဂတိပြောင်းတော့နတ်ပြည်ဝယ်။
သီလကောင်းကျိုး၊ချက်ချင်းတိုး၊ အားကိုးလောက်ပေတယ်။
အဲဒါကြောင့်ကိုယ်ကျင့်သီလ ဒီဘ၀တည်ကြ မြဲကြမယ်။

မဟာစည်ဆရာတော်ဘုရားကြီး။  
သီလရနံ့၊မွှေးပျံ့ကြိုင်စွာ၊သီလဆင်သိုင်း၊ရှုတိုင်းလှပါ။
သီလစောင့်ငြား၊မလားပါယ်ရွာ၊မြတ်သီလ၊နိစ္စကိုးကွယ်ရာ။


မေတ္တာရှင်ဆရာတော်အရှင်ဇ၀န။
သူတစ်ပါးကိုမကြည်ညိုရင်၊ကုသိုလ်မရရုံဘဲရှိတယ်။
မိမိကိုယ်ကိုမကြည်ညိုရင်၊အပါယ်ကျတတ်တယ်။

သီလပျက်ခြင်းအကြောင်း (၀ါ) အဂတိတရား (၀ါ) မကောင်းမှုပြုခြင်းအကြောင်း () ပါး။           
၁။ ဆန္ဒဂတိ = ချစ်၍ပြုခြင်း။
၂။ ဒေါသဂတိ = မုန်း၍ပြုလုပ်ခြင်း။
၃။ ဘယာဂတိ = ကြောက်၍ပြုခြင်း။
၎။ မောဟဂတိ = အမှားအမှန်မသိ၍ပြုလုပ်ခြင်း။


ကျမ်းကိုး။
ဒေါက်တာမင်းတင်မွန်၏ မြတ်သီလ။ ဒုတိယအကြိမ်။ ၂၀၀၃။

No comments:

Post a Comment