လောကုတ္တရာ ရတနာ သုံးပါးဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ တို့၏ဂုဏ်တို့ကို ကိုးကွယ်ရာ အဖြစ် နှလုံးသားမှာ ဆောင်ထားခြင်းကို သရဏဂုံတည်သည် (၀ါ) နှလုံးမှာ ဘုရားတည် သည် ဟုခေါ်ဆိုပါသည်။
(သရဏ = ကိုးကွယ်အားထားရာ။ ဂုံ = (ဂမန) ယုံကြည်သိမှတ်သောစိတ်)။
ထိုကြောင့် ရတနာသုံးပါး အပေါ် ယုံကြည်မှုပျက်လျှင်သရဏဂုံပျက်သည်။ သေဆုံး သွားလျှင် လည်း ယုံကြည်နိုင်သောစိတ်မရှိတော့သဖြင့် သရဏဂုံပျက်သည်။ အသုဘတွင် သံဃာတော် များ သရဏဂုံ တင်ခြင်းမှာ အသက်မရှိတော့သည့် အသုဘအားသရဏဂုံတင်ခြင်းမဟုတ်ပါ။ အသုဘလာသော လူရှင် များအား သရဏဂုံတင်ခြင်းဖြစ်ပါသည်။ သရဏဂုံအခြေခံရှိသော ကုသိုလ်ကောင်းမှုသည် သရဏဂုံ အခြေမခံသောကုသိုလ်ကောင်းမှုထက် အကျိုးပေးရာမှာ အကြောင်းဆယ်မျိုးနဲ့ လွှမ်းမိုးပါတယ်။ ထိုကုသိုလ်ရှင်တို့ပြန်လည်ပေးဝေသော ကုသိုလ်အမျှ သည်လည်းအကြောင်းဆယ်မျိုးနဲ့လွှမ်းမိုး မှာဖြစ်ပါ တယ်။ ၎င်းအပြင် သရဏဂုံတည်သူများ အပါယ်ငရဲသို့ မလားရောက်တော့ပါ။ ဤအချက်သည် အရိယာများနှင့် ပုထုဇဉ်တို့၏ ကွာခြား သောအချက်ဖြစ်ပါတယ်။ အရိယာများ၏သရဏဂုံသည် သေဆုံးသော်လည်း မပျက်ဆီးပါ။
သရဏဂုံအခြေခံသောကုသိုလ်တို့၏အကျိုးများ-
၁။ အသက်ရှည်ခြင်း။
၂။ အဆင်းလှခြင်း။
၃။ ချမ်းသာကြီးခြင်း။
၎။ အခြံအရံများခြင်း။
၅။ အစိုးရခြင်း။
၆။ ကာမဂုဏ် ငါးပါး (အဆင်း၊ အသံ၊အနံ့၊ အရသာ၊ အထိအတွေ့) ခံစားရခြင်းတို့တွင်သာလွန်ခြင်း။
လင်္ကာ
သရဏဂုံ၊ တကယ်မြဲရင် အပါယ်ငရဲ၊ကြောက်ဖို့မလို၊ နတ်ဖြစ်သော်လည်း၊တူနိုင်ရိုးလား၊ဆယ်မျိုးဂုဏ်စုသု့ထက်ပို၊
ငါးဖြာအာရုံ လာမတုနဲ့၊ အာယု၊၀ဏ္ဏ၊သုခဆို၊
အာဏာပိုင်စိုး၊ခြွေရံတိုး၊ဆယ်မျိုးဂုဏ်ကဲပို၊အဲဒါကြောင့်၊
သရဏဂုံပန်း၊အစဉ်လန်း၊ဆင်မြန်းပန်စေလို။
အပါယ်မကြောက် (၇) ယောက်။(မဟာစည်ဆရာတော်ဘုရား။
တိသရဏ၊ ငါးသီလ၊မဲချစာရေးတန်၊ ဆယ့်ငါးရက်ဆွမ်း၊ ၀ါသင်္ကန်း၊
လှူဒါန်းသောက်ရေကန်၊ကျောင်းလှူတ၀၊နိဓုဒ္ဓ ၊ ပညာရှိသူမှန်၊
သောတာလိုပဲ၊ဂတိမြဲ၊သူလည်းပါယ်မပြန်။
တိသရဏ = သရဏဂုံတည်သူ။
ငါးသီလ = ငါးပါးသီလမြဲသူ။
မဲချစာရေးတန် = မဲချပြီး မဲပေါက်သောသံဃာကိုလှူသောဆွမ်း (စာရေးတန်ဆွမ်းလှူသူ)။
ဆယ့်ငါးရက်ဆွမ်း = ဆယ့်ငါးရက်တစ်ခါ (၀ါ) တစ်ပတ်တစ်ခါ(၀ါ) နေ့စဉ်ဆွမ်းလှူသူ။
ဝါသင်္ကန်း = ၀ါဆိုသင်္ကန်း၊ ကထိန်သင်္ကန်းလှူသူ။
လှူဒါန်းသောက်ရေကန်= ရေတွင်း၊ရေကန်၊ရေအိုးစဉ်၊ရေစစ် စသည်လှူသူ။
ကျောင်းလှူတ၀ = သံဃိကကျောင်း၊သိမ်၊ဇရပ်၊ကမ္မဋ္ဌာန်းကျောင်းလှူသူ။
အထက်ပါပုဂ္ဂိုလ်များသည် မိမိပြုမည့် လစဉ်၊ အပတ်စဉ်၊နှစ်စဉ် ကုသိုလ်များအတွက် အမြဲ သတိရပြီး၊လုံ့လစိုက်နေကြသဖြင့် ထာဝရကုသိုလ် (အာစိဏ္ဏကံ) ရနေတတ် သောကြောင့် အပါယ်မရောက်ရခြင်းဖြစ်ပါတယ်။
အပြစ်မရှိသောသရဏဂုံပျက်ခြင်း။
၁။ သေဆုံးသွားခြင်း။
အပြစ်ရှိသောသရဏဂုံပျက်ခြင်း။
၁။ ရတနာသုံးပါးရဲ့ဂုဏ်ကျေးဇူကိုမယုံကြည်ခြင်း။
၂။ အခြားသောဆရာတို့ကိုကိုးကွယ်ခြင်း။
သရဏဂုံညှိုးနွမ်းခြင်း။
၁။ အခြားသောကိုးကွယ်ရာတို့ကို ဥပမာ နတ်များကို(လာဘ) လောကီ အကျိုးမျှော်၍ ကိုးကွယ်ခြင်း။
၂။ (ဘယ) ကြောက်၍ကိုးကွယ်ခြင်း။
၃။ (ကုလ)မျိုးရိုးစဉ်ဆက်အရကိုးကွယ်ခြင်း။
၎။ (အာစရိယ) ဆရာဖြစ်ဖူး၍ကိုးကွယ်ခြင်း။ များပြုလုပ်ပါက ရတနာသုံးပါးအပေါ်ထားသော
သရဏဂုံညှိုးနွမ်းသည်။ ထိုနည်းအတူ ရတနာသုံးပါး အား အထက်ပါအကြောင်းများ ကြောင့် ကိုးကွယ်လျှင်လည်း မှန်ကန်သောကိုးကွယ်ခြင်းမဟုတ်ပါ။
အပ်ဝင်၊ပေါက်စိန်ထွက်။
အလုပ်မှန်ဖို့၊ အရွတ်နှင့်အသား (ဒေါ်ခင်အေးကြူ)
ဘယ်အရာက ထူးခြားကောင်းမွန်ဘိသနည်း။
စီးပွါးတိုးရန်ရွတ်ဆိုပြန်၊ အမှန်မဟုတ်ပြီ။ သောက်ဆေးနှင့်ပျောက်မှာ၊
ထိုရောဂါ၊လိမ်းဆေးမသက်သာနိုင်ပြီ။ အနှစ်ဆိုတာအကိုင်ထက်သာ၊
ဉာဏ်မှာစဉ်းစားယူရမည်။
No comments:
Post a Comment