အပြစ်ကြီး မကြီးဆိုတာ စေတနာပေါ်မူတည်ပါတယ်။ ဆာလောင်နေတာသနားလို့ ကျွေးတာ၊ ရောဂါပျောက်စေချင် ကျန်းမာစေချင်လို့ ကျွေးတာမျိုးက ၀ိနည်းေးသနာဘက်ကကြည့်ရင် ဘုရားရှင်ရဲ့ အာဏာဒေသနာသိက္ခပုဒ်တော်ကို ကျူးလွန်စေရာ ရောက်တဲ့ အတွက် အပြစ်ရှိ တယ်လို့ပြောရပါမယ်။ ဒါပေမဲ့ သုတ္တန်နည်းနဲ့ကြည့်ရင်တော့ အရင်ခံစေတနာက ကုသိုလ် စေတနာတွေ ဖြစ်နေတဲ့အတွက် အပြစ်ကြီးကြီးတော့ ဖြစ်စရာမရှိဘူးထင်ပါတယ်။
သူတစ်ပါးသီလကိုဖျက်စီးလိုသော စေတနာဆိုးမျိုးနဲ့ ကျွေးတာမျိုးကတော့ ယုတ်ညံ့တဲ့ စေတနာနဲ့ သာသနာတော်ကို ဖျက်စီးရာရောက်တဲ့အတွက် အတော်အပြစ်ကြီးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ စားတဲ့သူထက်ပင်အပြစ်ကြီးတယ်လို့ဆိုရပါမယ်။
စားသုံးသူဟာ ရှင်ဖြစ်လျှင် ဆရာကပေးတဲ့အပြစ်ဒါဏ် (ထွေးခံဆေးခြင်း၊ တံမြက် လှဲခြင်း၊စသည်) ကို ပြုလုပ်လိုက်ရင်၊ ရဟန်းဖြစ်ပါက ဒေသနာကြားလိုက်ရင် အပြစ်မှ ကင်းလွတ်သွားပါတယ်။ ကျွေးသူကတော့ ဒီမျှနဲ့ အပြစ်ကမလွှတ်နိုင်ပါဘူး။ သူ့စေတနာ အားလျော်စွာ ဒုဂ္ဂတိဘုံဘ၀ သို့ပင် ရောက်နိုင် ပါတယ်။
ကျမ်းကိုး။
ဗုဒ္ဓဆိုင်ရာအမေးအဖြေများ။ဒုတိယတွဲ။ဟံသာသီရိ။ ၂၀၀၃။
No comments:
Post a Comment