လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, May 16, 2012

အပျို၊လူပျို၊စောင့်သောသီလ။

မြန်မာ အပျို၊ လူပျို၊ အိမ်ထောင်မရှိသူ၊ အိမ်ထောင်ရှိသော်လည်း အခိုက်အတန့် ခွဲခွါ နေသူများ သည် ငါးပါးသီလထက် ပိုမြင့်မြတ်သော ဗြဟ္မပဉ္စမကသီလကို စောင့်ထိန်း သင့်ကြ ပေသည်။ ဗြဟ္မပဉ္စမကသီလ ဆိုသည်မှာ ရိုးရိုးငါးပါးသီလတွင်ပါဝင်သော ကာမေသုမိစ္ဆာရ သိက္ခပုဒ်အစား အဗြဟ္မစရိယ သိက္ခပုဒ်ကိုစောင့်ထိန်းခြင်းဖြစ်သည်။

ကာမေသုမိစ္ဆာရသိက္ခပုဒ်ကို စောင့်ထိန်းလျှင် ဇနီးမောင်နှံ ပေါင်းသင်းဆက်ဆံခွင့် ရှိ သည်။ အဗြဟ္မစရိယသိက္ခပုဒ် ဆိုသည်မှာ မမြတ်သောမေထုန်အကျင့်ကို မပြုပါဟု ဆိုသဖြင့် ဗြဟ္မစရိယပဉ္စမကသီလကို စောင့်ထိန်းလျှင် ဇနီးမောင်နှံ ပေါင်းသင်းဆက်ဆံခွင့် မရှိပေ။

ခေမာထေရီ၊ ဥပ္ပလ၀ဏ်ထေရီ၊ ပဋာစာရီထေရီ၊ ဓမ္မဒိန္နထေရီ၊ ကုဏ္ဍလထေရီ၊ ကိသာဂေါတမီထေရီ နှင့် ၀ိသာခါကျောင်းအမကြီးအလောင်းတို့သည် ကဿပဘုရားရှင် လက်ထက်က ကိကီမင်း၏သမီးတော် () ဦးအဖြစ်ဖြင့် ဗြဟ္မစရိယပဉ္စမကသီလကို အပျိုစင် ဘ၀ဖြင့် အနှစ် နှစ်သောင်းစောင့်ခဲ့ကြသည်။

အလောင်းတော် ဥဒယဘဒ္ဒမင်းနှင့်မင်းသမီး၊ အလောင်းတော်သုဝဏ္ဏသာမ၏ မိဘများ ဖြစ်သော ဒုကူလနှင့် ပါရိကာ၊ ရှင်မဟာကဿပအလောင်းသူဌေးသားဝိပ္ပလိလုလင်နှင့် ဥပ္ပလ၀ဏ် အလောင်း သူဌေး သမီးဘဒ္ဒါတို့ သည်လည်း မေထုန်မှု မပြုပဲဖြူစင်သော မေတ္တာ စိတ် ဖြင့်နေထိုင်ခဲ့ကြသည်။

2 comments:

  1. Aunty Soe,
    I would like to ask you some questions about Paris's Hop in, Hop out tour for a day for my layover time on June. Please contact me kimnyainechan@gmail.com
    when you are available.
    Thank you,
    Khin

    ReplyDelete
  2. You can consult www.parislopentour.com for the Paris Hop in -Hop out visit. June is normally the best season to visit. Sun rise early about 4 am and set late about 9 pm. The weather is also nice like our Yangon winter. I will write about visit Paris for those who would like to visit Paris.

    ReplyDelete